အိန္ဒိယနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် နံရံပြိုကျမှုကြောင့် လူ ၁၅ ဦးသေဆုံး

ဒေလီ၊ ဇွန်-၂၉-၂၀၁၉

မျိုးဆက် (VOM)

 

အိန္ဒိယနိုင်ငံအနောက်ပိုင်း ပူနီမြို့မှာ မိုးသည်းထန်စွာရွာသွန်ပြီးနောက် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုအနီးက အုတ်နံရံဟာ အလုပ်သမားတွေနေတဲ့ ယာယီတဲတွေအပေါ်ကို ပြိုကျခဲ့တာကြောင့် ကလေးငယ်သုံးဦးအပါအ၀င် လူ ၁၅ ဦးထက်မနည်း သေဆုံးသွားတယ်လို့ မီးသတ်ဌာန တာဝန်ရှိတစ်ဦးက ဇွန် ၂၉ ရက်မှာ ပြောပါတယ်။

 

စနေနေ့ မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ နံရံပြိုကျချိန်မှာတော့ အလုပ်သမားတွေဟာ တဲတွေထဲမှာ အိပ်ပျော်နေကြတယ်လို့ အဲဒီ မီးသတ်တာဝန်ရှိသူက ပြောပါတယ်။ အုတ်နံရံအောက်နဲ့ ရွှံ့တွေထဲမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ ကြိုးစားနေပြီး လက်ရှိအချိန်ထိ အလုပ်သမားသုံးဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သူက ပြောဆိုပါတယ်။

 

နည်းပညာကုမ္ပဏီတွေနဲ့ မော်တော်ကားကုမ္ပဏီတွေ အခြေစိုက်ရာ ပူနီမြို့မှာ သောကြာနေ့ နေ့လယ်ကတည်းက မိုးသည်းထန်စွာရွာသွန်းနေခဲ့တာကြောင့် သေချာတည်ဆောက်မထားတဲ့ နံရံတွေဟာ ပြိုကျနိုင်တယ်လို့  တာဝန်ရှိသူတွေက ပြောပါတယ်။

 

အဆောက်အဦးတွေရဲ့ ဖောင်ဒေးရှင်းတွေတည်ဆောက်ရာမှာ အရည်အသွေးညံ့ဖျင်းတာတွေကြောင့် မိုးရွာသွန်းချိန်မှာ ရေတိုက်စားသွားပြီး လူသေဆုံးစေတဲ့ အဆောက်အဦးပြိုကျမှုနဲ့ နံရံပြိုကျတဲ့ဖြစ်စဉ်တွေကို နှစ်စဉ် ဇွန်လမှ စက်တင်ဘာလအထိ မုတ်သုန်ရာသီတိုင်း အိန္ဒိယနိုင်ငံမှာ ဖြစ်ပေါ်လေ့ ရှိပါတယ်။

Ref : CNA

Photo : Reuters

 

#voiceofmyanmar  # အိန္ဒိယနိုင်ငံ #ဆောက်လုပ်ရေးလုပ်ငန်းခွင်နံရံပြိုကျမှုကြောင့်လူ၁၅ဦးသေ # ပူနီမြို့

Related posts

VOM News

FREE
VIEW