ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ဥပဒေမူကြမ်း ကန့်ကွက်ပွဲမှာ ပါတီပေါင်း ၂၆ ခု ပါဝင်

မန္တလေး၊ ဇွန် -၂၉ – ၂၀၁၉ ရဲရင့်မင်းခန့် (VOM) မန္တလေးမှာ ဒီနေ့ ပြုလုပ်ခဲ့တဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းအပေါ် ကန့်ကွက်ရှုတ်ချခြင်းနဲ့ လူထုဆန္ဒဖော်ထုတ်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီအပါအဝင် ၂၆ ပါတီလောက် ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။   “ဒီကိစ္စက အမျိုးသားရေးတစ်ခု ဖြစ်တယ်။ အဲဒီအတွက် အမျိုးသားရေးကို မထိခိုက်စေတဲ့ ဘယ်လိုပြင်ဆင်မှုမျိုးအထိ ဆောင်ရွက်ပေးပါမယ်ဆိုတဲ့ဟာမျိုး မရောက်မလာမချင်း တွန်းအားပေးတဲ့ ကန့်ကွက်ရှုတ်ချ ဆန္ဒပြပွဲတွေကို ဆက်တိုက်လုပ်သွားမှာပါ။” လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။   ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုထားတဲ့ ကလေးသူငယ်ဥပဒေကြမ်းနဲ့ပတ်သက်လို့ ကန့်ကွက်နေကြတာဖြစ်ပြီး အဲဒီဆန္ဒထုတ်ဖော်ပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သာယာဝတီမင်းကြီးလမ်းနဲ့ ၆၂ လမ်းဒေါင့်ရှိ ပြည်ခိုင်ဖြိုးရုံးမှာ အင်အား ၁၅၀၀ ကျော်လောက်ပါဝင်ခဲ့ကြပါတယ်။   ” အခုလို ကလေးသူငယ်ဥပဒေနဲ့ပတ်သတ်ပြီး ရန်ကုန်မှာ…

Read More

ရခိုင်ပြည်နယ်မှာ H1N1 ရောဂါဖြစ်ပွားသူ တစ်ဦးတွေ့ရှိ

စစ်တွေ၊ ဇွန် ၂၉-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးမှာ ရာသီးတုပ်ကွေးရောဂါ H1N1 ကူးစက် ဖြစ်ပွားနေသူတစ်ဦး အခုအပါတ်အတွင်း စစ်ဆေးတွေ့ရှိထားပါတယ်။   အဲ့ဒီရောဂါဖြစ်ပွားနေသူဟာ  စစ်တွေမြို့ကို လာရောက် ပညာသင်ကြားနေတဲ့ အသက် ၁၅ နှစ်အရွယ် ကျောင်းသူတစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။   “၂၄ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ စစ်တွေဆေးရုံမှာ သံသယလူနာ ရှစ်ယောက်ရှိပါတယ်။ ဆေးရုံလာတက်တဲ့ လူနာတွေပေါ့။ အဲ့ဒီထဲမှာ တစ်ယောက်ကတော့ Positive ပေါ့။ NHL က အတည်ပြုပေးတာတော့ တစ်ယောက်ပါပဲ။”လို့ ရခိုင်ပြည်နယ် ပြည်နယ်ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးဌာနက ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။   H1N1 ဗိုင်းရပ်စ်တွေ့ရှိသူ လူနာတစ်ဦးအပြင် ကျန် ၇ ဦးတို့ကိုပါ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် စောင့်ကြည့်ကုသမှုတွေ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။…

Read More

ဟုမ္မလင်းမြို့မှာရှိတဲ့ နမ့်ပငချောင်း ရေအားလျှပ်စစ်စီမံကိန်း ၂၄ ဘီလီယံကုန်မယ်

စစ်ကိုင်း ဇွန် ၂၉ – ၂၀၁၉ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် နမ့်ပငချောင်း အသေးစားရေအားလျှပ်စစ် စီမံကိန်းဆောက်လုပ်မှုအတွက် ငွေကျပ် ၂၄ ဘီလီယံ ကုန်ကျမယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က သိရပါတယ်။   “ဒီနှစ်မှာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးက ၆ ဘီလီယံ ဘတ်ဂျတ်ချပေးမယ်။ စုစုပေါင်း ၂၄ ဘီလီယံလောက် ကုန်ကျပါမယ်။ ဟုမ္ပလင်း၊ နမ့်တော စတဲ့ကျေးရွာတွေမှာ ဒီဇယ်နဲ့မောင်းပြီး တစ်ယူနစ် ၁၈၀ နဲ့ပေးနေရတဲ့ လျှပ်စစ်ကို ဝယ်သုံးနေရတယယ်။ ဒါတောင် ၂၄ နာရီ လျှပ်စစ်မီး မရပါဘူး။ အဲဒါကြောင့် ဒါက လာမယ့် တနှစ်ခွဲလောက်ဆို ပြီးပါပြီ။”လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွှန့်ဝင်းက ပြောပါတယ်။   ဇွန် ၂၈ ရက်က စစ်ကိုင်းမြို့တော် ခန်းမမှာ…

Read More

အိန္ဒိယနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် နံရံပြိုကျမှုကြောင့် လူ ၁၅ ဦးသေဆုံး

ဒေလီ၊ ဇွန်-၂၉-၂၀၁၉ မျိုးဆက် (VOM)   အိန္ဒိယနိုင်ငံအနောက်ပိုင်း ပူနီမြို့မှာ မိုးသည်းထန်စွာရွာသွန်ပြီးနောက် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုအနီးက အုတ်နံရံဟာ အလုပ်သမားတွေနေတဲ့ ယာယီတဲတွေအပေါ်ကို ပြိုကျခဲ့တာကြောင့် ကလေးငယ်သုံးဦးအပါအ၀င် လူ ၁၅ ဦးထက်မနည်း သေဆုံးသွားတယ်လို့ မီးသတ်ဌာန တာဝန်ရှိတစ်ဦးက ဇွန် ၂၉ ရက်မှာ ပြောပါတယ်။   စနေနေ့ မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ နံရံပြိုကျချိန်မှာတော့ အလုပ်သမားတွေဟာ တဲတွေထဲမှာ အိပ်ပျော်နေကြတယ်လို့ အဲဒီ မီးသတ်တာဝန်ရှိသူက ပြောပါတယ်။ အုတ်နံရံအောက်နဲ့ ရွှံ့တွေထဲမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ ကြိုးစားနေပြီး လက်ရှိအချိန်ထိ အလုပ်သမားသုံးဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သူက ပြောဆိုပါတယ်။   နည်းပညာကုမ္ပဏီတွေနဲ့ မော်တော်ကားကုမ္ပဏီတွေ အခြေစိုက်ရာ ပူနီမြို့မှာ သောကြာနေ့ နေ့လယ်ကတည်းက မိုးသည်းထန်စွာရွာသွန်းနေခဲ့တာကြောင့် သေချာတည်ဆောက်မထားတဲ့ နံရံတွေဟာ ပြိုကျနိုင်တယ်လို့  တာဝန်ရှိသူတွေက ပြောပါတယ်။  …

Read More

စစ်ကိုင်းတိုင်းအတွက် ဘက်ဂျက်ငွေ အများပြည်သူနဲ့ဆိုင်တဲ့ လုပ်ငန်းအတွက်သာ အသုံးပြုမယ်

စစ်ကိုင်း၊ ဇွန် ၂၉ – ၂၀၁၉ နေသူ(VOM)   လာမယ့် ဘဏ္ဍာရေးနှစ်မှာ စစ်ကိုင်းတိုင်းအတွက် ခွင့်ပြုပေးခဲ့တဲ့ ဘက်ဂျက်ငွေတွေကို အများပြည်သူနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေအတွက်သာ အသုံးပြုသွားမယ်လို့ ဇွန် ၂၈ ရက်က စစ်ကိုင်းမြို့မှာ ကျင်းပခဲ့တဲ့ တိုင်းအစိုးရအဖွဲ့နဲ့ ပြည်သူလူထု တွေ့ဆုံပွဲက သိရပါတယ်။   “ဌာနဆိုင်ရာ အဖွဲ့အစည်းများကို စီမံ၊ဘဏ္ဍာ ဝန်ကြီးတစ်ယောက်အနေနဲ့ ဒီနှစ်(၂၀၁၉-၂၀)ကို အများပြည်သူနဲ့ မသက်ဆိုင်တဲ့ လုပ်ငန်းတွေ မလုပ်ချင်ပါဘူးလို့ ညွှန်ကြားထားပါတယ်။”လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောပါတယ်။   ဒါ့အပြင် အိမ်သာ တည်ဆောက်တာ၊ ယာဉ်ယန္တရား ဝယ်ယူတာတွေ၊ ပြည်သူလူထုနဲ့ တိုက်ရိုက်အကျိုးသက်ရောက်မှု မရှိတဲ့လုပ်ငန်းတွေကို ခွင့်မပြုပါဘူးလို့ မူဝါဒချမှတ်ထားသလို ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ပုံမှန်နှစ်တွေကထက် ထူးကဲပြီး ကျေးလက်လမ်း၊ မြစ်ကူးတံတား၊ ကျေးရွာတွေမှာ…

Read More

ထောင်ကျနေတဲ့ ယောက်ျားကို ထောင်ဝင်လာစာတွေ့တဲ့ ဇနီးသည်ဆီက သိန်းငါးဆယ်ကျော်ဖိုး မူးယစ်တွေ ဖမ်းမိ

မြောင်းမြ၊ဇွန် ၂၉ – ၂၀၁၉ ကိုအောင်(VOM)   ဧရာဝတီတိုင်း မြောင်းမြမြို့အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရသူ မင်းမင်း(ခ)ငနိုင်ကို ထောင်ဝင်စာလာတွေ့တဲ့ အကျဉ်းသားရဲ့ဇနီးဆီက ကျပ်သိန်းငါးဆယ်ကျော်ဖိုး မူးယစ်ဆေးတွေ ဖမ်းမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။   ဖြစ်စဉ်မှာ ဇွန်လ ၂၈ ရက် ညနေပိုင်းက ခိုးမှုနဲ့ ထောင်ရှစ်နှစ်ကျနေတဲ့ အကျဉ်းသား မင်းမင်း(ခ)ငနိုင် (၃၄နှစ်) ကို ထောင်ဝင်စာလာတွေ့တဲ့ ဇနီးဖြစ်သူ မဝေဝေလှိုင်(ခ)မငွေသဇင်(၂၅ နှစ်)ဟာ စားစရာတွေထည့်လာတဲ့ ဗူးတွေထဲမှာ တန်ဖိုးငွေ ၄၀၅၀၀၀၀ ကျပ်ခန့်ရှိ စိတ်ကြွရူးသွပ်ဆေးပြားများ၊ တန်ဖိုးငွေ-၁၀၅၀၀၀၀ ကျပ်ခန့်ရှိ စိတ်ကြွရူးသွပ်ဆေးပြားလို့ ယူဆရတဲ့ ပန်းရောင်ဆေးပြား အကြေအပဲ့တွေနဲ့ တန်ဖိုးငွေ ၃၀၀၀၀၀ ကျပ်ခန့်ရှိ ICE တွေ သယ်ဆောင်လာတာကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး စုစုပေါင်းတန်ဖိုးငွေ ၅၄၀၀၀၀၀ ကျပ်ဖိုးလောက် ဖမ်းမိခဲ့တာလို့ ရဲမှတ်တမ်းမှာ ဖေါ်ပြပါတယ်။   “မြောင်းမြထောင်ကတော့…

Read More

ကိုရီးယား နှစ်နိုင်ငံနယ်စပ်က စစ်မဲ့ဇုန်မှာ ကင်ဂျုံအန်နဲ့ တွေ့ဆုံလိုတယ်လို့ ဒေါ်နယ်ထရန့် ကမ်းလှမ်း

အိုဆာကာ၊ ဇွန်-၂၉-၂၀၁၉ မျိုးဆက် (VOM)   အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံအကြား ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်မှာ တွေ့ဆုံလိုတယ်လို့ ဇွန် ၂၉ ရက်မှာ ကမ်းလှမ်းလိုက်ပါတယ်။   ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ကျင်းပတဲ့ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတက်ရောက်နေတဲ့ သမ္မတထရန့်ဟာ တောင်ကိုရီးယားနိုင်ငံကို ဇွန် ၂၉ ရက်နှောင်းပိုင်းမှာ ရောက်ရှိမှာဖြစ်ပြီး ဇွန် ၃၀ ရက်မှာ ၀ါရှင်တန်ကို ပြန်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။   ထရန့်နဲ့ ကင်ဂျုံအန်တို့ တွေ့ဆုံဖြစ်ကြမယ်ဆိုရင်တော့ သဘောတူညီချက်မရရှိဘဲ ပြီးဆုံးသွားတဲ့ ဗီယက်နမ်မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲအပြီး လေးလအကြာမှာ ဖြစ်မှာဖြစ်သလို တစ်နှစ်အတွင်း သူတို့ရဲ့ သုံးကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပါတယ်။   ဒေါ်နယ်ထရန်ဟာ သူ့ရဲ့ တောင်ကိုရီးယားခရီးစဉ်မှာ ကင်ဂျုံအန်နဲ့တွေ့ဆုံဖို့ ကမ်းလှမ်းချက်ကို တွစ်တာစာမျက်နှာမှာ…

Read More

မီတာဖတ်ရင် ယူနစ်မှန်မမှန် မီးသုံးသူဘက်က စစ်ဆေးပြီး လက်မှတ်ထိုးပေးရမယ်

ဇီးကုန်း၊ ဇွန်​ ၂၈ – ၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း သာယာဝတီခရိုင်​ ဇီးကုန်းမြို့နယ်​မှာ နောက်ပိုင်းမီတာဖတ်ရင် မီတာယူနစ် မှန်မမှန် မီးသုံးသူဘက်က စစ်ဆေးပြီး လက်မှတ်ထိုးပေးဖို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားတယ်လို့ မြို့နယ်လျှပ်စစ်ဌာနက သိရပါတယ်။   “မီတာဖတ်တဲ့နေရာမှာ အငြင်းမပွားစေဖို့ ရည်ရွယ်ပြီး လုပ်ဆောင်မှာဖြစ်တယ်။” လို့ ဇီးကုန်းမြို့နယ် လျှပ်စစ်ဌာန ဦးစီး ဦးရန်နိုင်ဝင်းက ပြောပါတယ်။   ဓာတ်အားခပေးဆောင်မှု မှန်ကန်တိကျစေဖို့၊ ဖတ်ရှုရာမှာလည်း လွဲမှားတဲ့အငြင်းပွားမှုတွေမဖြစ်စေဖို့၊ မီတာဖတ်ဝန်ထမ်းနဲ့အတူ မီးသုံးသူကိုယ်တိုင် (သို့မဟုတ်)ကိုယ်စားလှယ်တစ်ဦးက ဖတ်ပြီး သတ်မှတ်မီတာဖတ်ပုံစံကတ်မှာ အတည်ပြု လက်မှတ်ထိုးပေးရမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်ဆိုတာ မီတာပိုင်ရှင်ကလွဲပြီး အိမ်မှာရှိတဲ့မိသားစုဝင်၊ ဘေးပတ်ဝန်းကျင်ကပြည်သူ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့ကို ဆိုလိုတာ ဖြစ်ပါတယ်။   အရင်က မီတာဖတ်ရင် မီတာဖတ်တဲ့အချိန်က ကျသင့်တဲ့ယူနစ်နဲ့ အမှန်တကယ် မီတာဆောင်တဲ့အချိန်မှာ ကွဲပြားမှုတွေ…

Read More

ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ မဟာဗျူဟာကို တစိုက်မတ်မတ် အကောင်အထည်ဖော်ကြဖို့ တိုက်တွန်း

နေပြည်တော်၊ ဇွန် ၂၉ – ၂၀၁၉ ကိုထွန်း(VOM)   ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာလုပ်ငန်းကို တစိုက်မတ်မတ် အကောင်အထည်ဖော်ကြဖို့ အမျိုးသားအဆင့်မဟာဗျူဟာ ရေးဆွဲရေးကော်မတီ ဥက္ကဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက တိုက်တွန်းလိုက်ပါတယ်။   “အမျိုးသားအဆင့် မဟာဗျူဟာရဲ့”လုံခြုံစိတ်ချရသော စီးပွားရေးရပ်ဝန်းသို့” ဟူသော ဆောင်ပုဒ်နဲ့အညီ ငွေကြေးခဝါချမှု၊ အကြမ်းဖက်ငွေကြေးထောက်ပံ့မှု အန္တရာယ်များက ကင်းဝေးပြီး လုံခြုံစိတ်ချရတဲ့ စီးပွားရေးလုပ်ငန်း ဖော်ဆောင်ရာမှာ သက်ဆိုင်ရာ ကဏ္ဍတွေရဲ့ပူးပေါင်းပါဝင်မှုတွေနဲ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် မြန်မာနိုင်ငံရဲ့စီးပွားရေးကဏ္ဍမှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာမှာဖြစ်လို့ မဟာဗျူဟာလုပ်ငန်းစီမံချက်ကို အပြည့်အဝ တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။”လို့ ဗိုလ်ချုပ်အောင်သူက ပြောခဲ့တာပါ။   ဒါ့အပြင် ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာလုပ်ငန်းကို အကောင်အထည်ဖော်ကြရာမှာ အသေးစိတ်စီစဉ်ဆောင်ရွက်ဖို့၊ တိုးတက်မှုအစီရင်ခံစာကို ပုံမှန်တင်ပြဖို့၊ နိုင်ငံတကာ ငွေကြေးခဝါချမှုနဲ့…

Read More
VOM News

FREE
VIEW