ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေကို အစိုးရက အသိအမှတ်မပြုဖြစ်နေ

မြောက်ဦး၊ ဇွန် ၃၀-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်ပြည်သူ ၅ သောင်းနီးပါး ခိုလှုံနေထိုင်လျက်ရှိတဲ့ ဒုက္ခသည်စခန်းပေါင်း ၁၀၀ နီးပါးရှိနေတာ ဖြစ်ပါတယ်။

 

အဲ့ဒီဒုက္ခသည်တွေကို ထားရှိဖို့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကဦးစီးပြီး ကယ်ဆယ်ရေးခစန်းတွေ ဆောက်လုပ်နေပေမယ့် သူတို့ရဲ့မူလကျေးရွာတွေ၊ အလုပ်အကိုင်တွေနဲ့ ဝေးလွန်းတဲ့အတွက် သွားရေးလာရေးအဆင်မပြေဖြစ်မှာကို စိုးရိမ်ပြီးတော့ နေထိုင်မယ့်သူတွေ နည်းပါးနေပါတယ်။

 

စစ်ဘေးဒုက္ခသည်အများစုတို့ဟာ အစိုးကဆောက်လုပ်နေတဲ့စခန်းတွေမှာ နေထိုင်ဖို့မလိုလားကြတာကြောင့် လက်ရှိနေထိုင်တဲ့စခန်းတွေကိုလည်း အစိုးရက အသိအမှတ်မပြုတဲ့အတွက် ဒုက္ခသည်တွေအနေနဲ့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

 

#voiceofmyanmar  # ရခိုင်ပြည်နယ်အတွင်းကဒုက္ခသည်စခန်းတွေကိုအစိုးရကအသိအမှတ်မပြုဖြစ်နေ #ရခိုင် #တပ်မတော် #AA #ဒုက္ခသည်

Related posts

Leave a Comment

VOM News

FREE
VIEW