ပြည်​ပမှ ကုလားပဲနဲ့ စား​တော်​ပဲကို ယာယီတင်​သွင်းမယ်

ရန်​ကုန်​၊ ဇွန်​ ၃၀ -၂၀၁၉ သူရိန်(VOM)   ပြည်​တွင်းလိုအပ်​ချက်​ကို ပြည့်​မီ​အောင်​မစိုက်​ပျိုးနိုင်​လို့ ပြည်​ပက​နေ စား​တော်​ပဲနဲ့ ကုလားပဲကို ယာယီတင်​သွင်း ဖို့စီစဉ်​​နေတယ်​လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။   “ပြည်တွင်းမှာလိုအပ်တဲ့ စားတော်ပဲတို့၊ ကုလားပဲတို့မှာ ဈေးလျော့တဲ့အတွက်ကြောင့် လယ်သမားတွေကလည်း အကျိုးရှိရာတိုးချဲ့စိုက်တဲ့အတွက် ပြည်တွင်းရဲ့ လိုအပ်ချက်ကို မီအောင်မစိုက်နိုင်ပါဘူး။ မစိုက်နိုင်တဲ့အတွက်ကြောင့် ကုလားပဲ၊ စားတော်ပဲကို နိုင်ငံခြားကနေ ပြည်တွင်းစိုက်ပျိုးတဲ့ တောင်သူတွေ မထိခိုက်အောင် ယာယီတင်သွင်းဖို့ ဆောင်ရွက်နေပါတယ်။” လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်။   အိန္ဒိယနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံ​တွေက ဝယ်လိုအားရှိတဲ့ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း​တွေကိုပဲ တောင်သူ​တွေက ဦးစားပေးရွေးချယ်စိုက်ပျိုးလာတာကြောင့် ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိတဲ့ စားတော်ပဲ၊ ကုလားပဲ​တွေကို ပြည်တွင်း ကုမ္ပဏီတွေအနေနဲ့ ပြည်ပက​နေတင်သွင်းခွင့်ပြုဖို့ လိုင်စင်လျှောက်ထားလာတာကြောင့် စီးပွားရေးနဲ့…

Read More

ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေကို အစိုးရက အသိအမှတ်မပြုဖြစ်နေ

မြောက်ဦး၊ ဇွန် ၃၀-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်ပြည်သူ ၅ သောင်းနီးပါး ခိုလှုံနေထိုင်လျက်ရှိတဲ့ ဒုက္ခသည်စခန်းပေါင်း ၁၀၀ နီးပါးရှိနေတာ ဖြစ်ပါတယ်။   အဲ့ဒီဒုက္ခသည်တွေကို ထားရှိဖို့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကဦးစီးပြီး ကယ်ဆယ်ရေးခစန်းတွေ ဆောက်လုပ်နေပေမယ့် သူတို့ရဲ့မူလကျေးရွာတွေ၊ အလုပ်အကိုင်တွေနဲ့ ဝေးလွန်းတဲ့အတွက် သွားရေးလာရေးအဆင်မပြေဖြစ်မှာကို စိုးရိမ်ပြီးတော့ နေထိုင်မယ့်သူတွေ နည်းပါးနေပါတယ်။   စစ်ဘေးဒုက္ခသည်အများစုတို့ဟာ အစိုးကဆောက်လုပ်နေတဲ့စခန်းတွေမှာ နေထိုင်ဖို့မလိုလားကြတာကြောင့် လက်ရှိနေထိုင်တဲ့စခန်းတွေကိုလည်း အစိုးရက အသိအမှတ်မပြုတဲ့အတွက် ဒုက္ခသည်တွေအနေနဲ့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။   #voiceofmyanmar  # ရခိုင်ပြည်နယ်အတွင်းကဒုက္ခသည်စခန်းတွေကိုအစိုးရကအသိအမှတ်မပြုဖြစ်နေ #ရခိုင် #တပ်မတော် #AA #ဒုက္ခသည်

Read More

တရုတ်ကို ရေထွက်ပစ္စည်း ပိုတင်ပို့နိုင်ဖို့ ယူနန်၊ရှန်ဟိုင်းနဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ ဆွေးနွေးနေ

ရန်ကုန် ၊ ဇွန် ၃၀ – ၂၀၁၉ သူရိန်(VOM)   တရုတ်နိုင်ငံကို ရေထွက်ကုန်ပစ္စည်း တင်ပို့မှု ပိုမိုဖွံ့ဖြိုးစေဖို့အတွက် ယူနန်ပြည်နယ်နဲ့ ရှန်ဟိုင်းပြည်နယ်က အစိုးရအဖွဲ့တွေနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။   “ကျနော်တို့ တရုတ်ပြည်ကို ကုန်စည်ပို့ဆောင်တဲ့နေရာမှာ ငါးလုပ်ငန်းကဏ္ဍ၊ ပင်လယ်ထွက်ပစ္စည်းတွေရဲ့ကဏ္ဍကို ပိုမိုဖွံ့ဖြိုးတိုးတက်စေနိုင်ဖို့အတွက်လည်း ကျနော်တို့ ယူနန်နဲ့ ဆွေးနွေးနေတာ ရှိပါတယ်။ ဒီ့အပြင် ရှန်ဟိုင်းဘက်နဲ့လည်း ကျနော်တို့ တိုင်းဒေသကြီးအစိုးရဘက်က ဆွေးနွေးနေတာ ရှိပါတယ်။”လို့ မနေ့ ဇွန် ၂၉ ရက်က တိုင်းအစိုးရနဲ့ မီဒီယာတွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်ဦး ဖြိုးမင်းသိန်းက ပြောခဲ့တာပါ။   ဒီဆွေးနွေးမှုတွေဟာ နိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) အမြန်ဆုံး တိုးတက်စေဖို့၊ ပင်လယ်ထွက်ကုန်စည်တွေက ပို့ကုန်တိုးမြှင့်နိုင်ဖို့ အထောက်အပံ့တွေ ဖြစ်နိုင်သလို အချိန်တိုအတွင်း တိုင်းပြည်ရဲ့…

Read More

အသေးစား၊ အလတ်စား လုပ်ငန်းတွေအတွက် ချေးငွေစတင်လျှောက်ထားနိုင်ပြီ

ရန်ကုန်၊ ဇွန် ၃၀ – ၂၀၁၉ သိင်္ဂီ(VOM)   တိုင်းနဲ့ပြည်နယ်အားလုံးက အသေးစား၊ အလတ်စား (SMEs) စီးပွားရေးတွေအတွက် ဒိန်းမတ်နိုင်ငံမှ ထောက်ပံ့ပေးမယ့်  Responsible Business Fund (RBF) ငွေကြေးအထောက်အပံ့ကို မနက်ဖြန် (ဇူလိုင် ၁ ရက်) ကစပြီး ချေးငွေလျှောက်ထားနိုင်ပြီလို့ သိရပါတယ်။   မြန်မာနိုင်ငံက SMEsလုပ်ငန်းတွေအတွက်  ဒိန်းမတ်နိုင်ငံကနေ မြန်မာကျပ်ငွေ ၁၈ ဘီလီယံ (ဒိန်းမတ်ငွေငါးသိန်း) ထောက်ပံ့ပေးတာဖြစ်ပြီး ဒီချေးငွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ မြန်မာ့ SMEs လုပ်ငန်းရှင်တွေကို ချေးငွေ ချပေးတာဖြစ်တယ်လို့ သိရပါတယ်။   စွမ်းအင်ချွေတာသုံးစွဲရေး၊ ရေခြိုးခြံချွေတာသုံးစွဲရေး၊ စွန့်ပစ်ပစ္စည်းများပြန်လည်အသုံးချမှု၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ အစားအသောက်များ ဘေးကင်းလုံခြုံရေး၊ စီမံခန့်ခွဲမှုနဲ့ကြီးကြပ်မှုဆိုင်ရာကျွမ်းကျင်မှု၊ လုပ်ငန်းခွင်ဆိုင်ရာနဲ့နည်းပညာဆိုင်ရာကျွမ်းကျင်မှု  ကဏ္ဍတွေအတွက် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။  …

Read More

လှိုင်သာယာမြို့နယ် စီမံခန့်ခွဲမှု အခက်အခဲ ပြည်ထောင်စုလွှတ်တော်ကို တင်ပြမယ်

ရန်ကုန်၊ ဇွန် ၃၀ – ၂၀၁၉ သိင်္ဂီ(VOM)   ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အတွင်း စီမံခန့််ခွဲမှုအပိုင်းမှာ အခက်အခဲတွေရှိနေလို့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြသွားမယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က သိရပါတယ်။   “လှိုင်သာယာမြို့နယ်ဟာ ကယားပြည်နယ် တစ်ပြည်နယ်စာထက်ကို ကြီးနေပါတယ်။ အဲ့ဒီအခြေအနေပေါ်မှာ စီမံခန့်ခွဲရတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက တစ်ယောက်ပဲ ရှိပါတယ်။ လှိုင်သာယာကို ဘယ်လို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်မလဲဆိုတဲ့ အခြေအနေပေါ်မှာ စဉ်းစားနေတာ ရှိပါတယ်။”လို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။   ဒါကြောင့် အခက်အခဲတွေ ရှိနေတဲ့ လှိုင်သာယာမြို့နယ်ရဲ့ စီမံခန့်ခွဲမှုအပိုင်းကို ပိုပြီးကောင်းအောင် ဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စုလွှတ်တော်ထိတင်ပြပြီး လုပ်ဆောင်သွားရမှာ ဖြစ်တယ်လို့ ဆိုတာပါ။   ဒါ့အပြင် လှိုင်သာယာမြို့နယ်ဟာ ဧရိယာကျယ်ဝန်းပေမယ့်လည်း မြို့နယ် တစ်မြို့နယ်အဖြစ်သာ ပေါက်နေတဲ့အတွက် ဘတ်ဂျက်ရရှိမှုကလည်း တစ်မြို့နယ်စာပဲ ရသလို၊ စာသင်ကျောင်းကလည်း…

Read More

ငါးရက်ကြာ အစားမစားရဘဲ ဂိုထောင်မှာ သော့ပိတ်ခံထားရတဲ့ မြန်မာ ၂၀ ဦးကို ထိုင်းရဲတွေကယ်တင်

ဆောင်ခလာ၊ ဇွန်-၃၀-၂၀၁၉ မျိုးဆက် (VOM)   ထိုင်းနိုင်ငံ ဆောင်ခလာပြည်နယ်က နယ်စပ်အနီးမှာရှိတဲ့ ဂိုထောင်တစ်ခုထဲမှာ လူမှောင်ခိုသမားတွေက သော့ပိတ်ထားခဲ့တဲ့ ကြောက်ရွံ့ပြီး ဆာလောင်မွတ်သိပ်နေကြတဲ့ မြန်မာနိုင်ငံသား ၂၀ ဦးကို ဇွန် ၂၉ ရက်မှာ ထိုင်းရဲတွေက ကယ်ဆယ်လိုက်ကြပါတယ်။   အများအားဖြင့် အသုံးပြုလေ့မရှိတဲ့ အဲဒီဂိုထောင်ထဲကနေ ရက်အတန်ကြာကတည်းက ကလေးတွေရဲ့ ငိုသံတွေကို ကြားနေခဲ့ရတယ်လို့ ဒေသခံတွေက ရဲတပ်ဖွဲ့ကို ပြောကြပါတယ်။   ပိတ်မိနေတဲ့ မြန်မာလူမျိုးတွေကို ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲ ရဲမှူးချုပ် ဆူချက်သီရာဆာဝပ် ဦးဆောင်ပြီး ဇွန် ၂၉ ရက် ညပိုင်းက ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။   အပြင်ဘက်ကနေ သော့အကြီးကြီးနဲ့ ခတ်ထားတဲ့ အဆောက်အဦးကို ရှာတွေ့ခဲ့ပြီး အထဲက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ ငိုသံတွေကို အပြင်ကနေ ကြားခဲ့ရတယ်လို့ ရဲမှူးချုပ်က ပြောပါတယ်။…

Read More

မူးယစ်ရမ်းကားလို့ဆိုပြီး ရဲတပ်ဖွဲ့ဝင်က ရိုက်နှက်ရာ ရက်ပိုင်းအကြာမှာ သေဆုံး

ပန်းတောင်း၊ ဇွန် ၃၀ -၂၀၁၉ ဂျန်ကိုးလ်(VOM)   မူးယစ်ရမ်းကားတယ်ဆိုသူကို ရဲက ဖမ်းဆီးရိုက်နှက်ရာကနေ ခြောက်ရက်အကြာမှာတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ သေဆုံးသွားတယ်လို့ သေဆုံးသူရဲ့ မိသားစုထံက သိရပါတယ်။   ဇွန်လ၂၄ ရက်က ပဲခူးတိုင်း ပြည်ခရိုင် ပန်းတောင်းမြို့ အရှေ့စီသာရပ်ကွက်ရှိ အရက်ဆိုင်တစ်ခုမှာ လူငယ်တစ်ဦး မူးပြီးရမ်းကားနေတယ်လို့ သတင်းအရ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး အဲဒီထဲက ရဲတစ်ဦးက နံပါတ်တုတ်နဲ့ ရိုက်နှက်တာလို့ သိရပါတယ်။   ” အဲဒီနေ့က ကောင်လေးက မူးပြီးပြဿနာရှာတာတော့ ဟုတ်တယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှတော့ ဘာမှမလုပ်ပါဘူး။ ရဲလေးယောက် ရောက်လာပြီး တစ်ယောက်က နောက်ပြန်ချုပ်ထားပြီး တစ်ယောက်က နံပါတ်ဒုတ်နဲ့ ခေါင်းတွေကိုရိုက်တာ၊ သွေးတွေအများကြီးထွက်ပြီး သတိလစ်သွားတယ်။”လို့ အရက်ဆိုင်ဘေးမှာ နေထိုင်သူ မမိုးမိုးထက်က သူမြင်ရတာကို ပြောပြပါတယ်။ သေဆုံးသူဟာ အောင်ရဲဇော်လို့သိရပြီး မိသားစုကိစ္စ အဆင်မပြေတာကနေ…

Read More

ပြည်တက္ကသိုလ်မှာ နှစ်ဝက်စာစဉ် အချိန်မီဖြေဆိုဖို့ အဝေးသင် ဥပဒေကျောင်းသားအချို့ အခက်အခဲကြုံ

  ပြည်၊ ဇွန် ၃၀ – ၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း ပြည်မြို့ ပြည်တက္ကသိုလ်မှာ အဝေးသင် ဥပဒေမေဂျာ တက်ရောက်နေတဲ့ ကျောင်းသားတွေဟာ နှစ်ဝက်စာစဉ်အချိန်မီ ဖြေဆိုဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဥပဒေကျောင်းသားတွေထံက သိရပါတယ်။   “ကျောင်းအုပ်ချုပ်ရေးစနစ် ပြောင်းသွားတယ်။ ပြည်တက္ကသိုလ်က ကိုယ်ပိုင်မေးခွန်းထုတ်ရမယ်ပေါ့။ ယခင်နှစ်တွေက(Assignment)နှစ်ဝက်စာစဉ်တွေ ဖြေဆိုတဲ့နေရာမှာ အပြင်က အထောက်အကူပြုစာစဉ်တွေ ထွက်တယ်။ ဌာနကလည်း စာစဉ်တွေရောင်းပေးတော့ ဖြေဆိုတဲ့နေရာမှာ အဆင်ပြေတယ်။ အခုချိန်မှာတော့ အပြင်က စာစဉ်ကလည်း မထွက်တော့ဘူး။ ဌာနကလည်း စာစဉ်မရောင်းတော့ စာစဉ်ဖြေဆိုဖို့နဲ့ သတ်မှတ်ချိန်အမီတင်ဖို့ အခက်အခဲတွေ ဖြစ်နေပါတယ်။”လို့ ဥပဒေ စတုတ္ထနှစ်ကျောင်းသား ကိုငြိမ်းချမ်းက ပြောပါတယ်။   အကယ်၍ အထောက်အကူပြုစာစဉ်တွေ မရရင် သင်ရိုးစာအုပ်တွေ၊ သင်ကြားရေးအထောက်အကူပြု CD ခွေတွေ ရရှိပါက အဆင်ပြေနိုင်ပေမယ့် ဒါတွေလည်း…

Read More
VOM News

FREE
VIEW