မွတ်စလင်ဓလေ့အရ Talaq သုံးကြိမ်ပြောပြီးမိန်းမကိုကွာရှင်းရင် ရာဇ၀တ်မှုအဖြစ် အိန္ဒိယပါလီမန်သတ်မှတ်

ဒေလီ၊ ဇူလိုင်-၃၁-၂၀၁၉

မျိုးဆက် (VOM)

 

မွတ်စလင်အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေကို ချက်ချင်းကွာရှင်းခွင့်ရနေတဲ့ ဓလေ့ကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်မယ့် ဥပဒေကြမ်း အိန္ဒိယပါလီမန်က အတည်ပြုလိုက်ပါတယ်။

အီးမေး၊ မက်ဆေ့ခ်ျအပါအ၀င် ဘယ်လိုပုံစံမျိုးနဲ့ဖြစ်စေ Talaq သုံးကြိမ်ပြောဆိုလိုက်တာနဲ့ အမျိုးသားတွေက အမျိုးသမီးတွေကို ကွာရှင်းနိုင်တဲ့ ဓလေ့ဖြစ်ပါတယ်။ ဒီအလေ့အထဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ အိန္ဒိယအထူးတရားရုံးချုပ်က ၂၀၁၇ ခုနှစ်မှာ ကြေညာခဲ့ပါတယ်။

 

ဒီအလေ့အထကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်လိုက်တဲ့ အစီအမံသစ်ဟာ မွတ်ဆလင်အမျိုးသမီးတွေကို ကာကွယ်မှုပေးတယ်လို့ ထောက်ခံသူတွေကို ပြောဆိုပါတယ်။ ကန့်ကွက်သူတွေကတော့ ဒီအစီအမံဟာ ပြင်းထန်ပြီး အလွဲသုံးစားလုပ်ဖို့ လမ်းဖွင့်ပေးသလိုပဲ လို့ဆိုပါတယ်။

 

ပါလီမန်က အတည်ပြုပေးလိုက်တဲ့ ဥပဒေကို ချိုးဖောက်တဲ့ အမျိုးသားတွေကတော့ ထောင်ဒါဏ်သုံးနှစ်နဲ့ အထက် ကျခံရမှာဖြစ်ပါတယ်။ အဲဒီဥပဒေကြမ်းကို ၂၀၁၇ ခုနှစ်မှာ ပထမဆုံးတင်သွင်းခဲ့ပေမယ့် အထက်လွှတ်တော်အမတ်အချို့က ဒါဟာ မမျှတဘူးဆိုပြီး ကန့်ကွက်တာကြောင့် ရပ်ဆိုင်းခဲ့ရပါတယ်။

 

အာဏာရ ဘီဂျေပီပါတီက အဲဒီဥပဒေကြမ်းကို ထောက်ခံပြီး အဓိကအတိုက်အခံ ကွန်ဂရက်ပါတီကတော့ ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမယ့် ဇူလိုင် ၃၀ ရက်မှာတော့ ကြားနေမဲတွေ ပျက်ကွက်မဲတွေရှိနေပေမယ့် ထောက်ခံမဲ ၉၉ မဲ ၊ ကန့်ကွက်မဲ ၈၄ မဲနဲ့ဥပဒေကြမ်းကို အတည်ပြုနိုင်ခဲ့ပါတယ်။

 

Ref : BBC

Photo :Getty Images

 

#voiceofmyanmar #အိန္ဒိယ  #သွာလတ် #Talaq

 

Related posts

Leave a Comment

VOM News

FREE
VIEW