တနသာင်္ရီတိုင်း ဝန်ကြီးချုပ်ရဲ့ အမှုတခု ချေဖျက်ပေးဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို လျှောက်ထား

တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်မှာ စစ်ဆေးနေတဲ့ ဝန်ကြီးချုပ်ဒေါက်တာဒေါ်လဲ့လဲ့မော်ပါ(၄)ဦး အမှုအတွက် နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ အမှုချေဖျက်ခွင့်လျှောက်လွှာလာတင်တဲ့  ဦးတင်​​အောင်​ညွန့်​Law Firm ဥက္ကဋ္ဌ ကို  ဗီအိုအမ်သတင်းထောက် ကိုထွန်းက တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး အခြေအနေ အသေးစိတ်ကို မေးမြန်းထားပါတယ်။   ထွန်း—- ဆရာတို့ ဒေါ်လဲ့လဲ့မော်နဲ့  ၄ ဦးအမှုအတွက် အမှုချေဖျက်ခွင့်လာတင်တယ်ဆိုလို့  အင်တာဗျူးခွင့် လှမ်းတောင်းတာပါ။   UTAN—–အမှု(၄)မှု မဟုတ်ပါဘူး၊ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်မှာ စစ်ဆေးနေတာက (၄) မှုပါ ကျနော်တို့ အမှုချေဖျက်ခွင့်လာတင်တာက ၂၀၁၉ခုနှစ် ရာဇဝတ်ကြီးမှအမှတ်(၄) ဦးသန်းဇော်ဝင်းနှင့်ဒေါက်တာဒေါ်လဲ့လဲ့မော် ပါ (၄) ပါ၊ ကျနော်တို့က ဦးသိန်းထွေး၊ ဦးအောင်မြတ်၊ ဦးသူရအုံပါ။   တနင်္သာရီတိုင်းတရားလွှတ်တော်မှာရော ဆရာတို့ လိုက်ပါဆောင်ရွက်နေတာလား     သည်လိုပါ၊ မူလရုံးမှာ ဦးအောင်မြတ်နှင့်ဦးသူရအုံတို့ အတွက် လိုက်ပါဆောင်ရွက်နေတဲ့တရားလွှတ်တော်ရှေ့နေတွေကတော့ ဦးနေဝင်း၊ ဒေါ်မျိုးဝဏ္ဍစမ်း၊ ဒေါ်ကလျာဦး၊…

Read More

မွတ်စလင်ဓလေ့အရ Talaq သုံးကြိမ်ပြောပြီးမိန်းမကိုကွာရှင်းရင် ရာဇ၀တ်မှုအဖြစ် အိန္ဒိယပါလီမန်သတ်မှတ်

ဒေလီ၊ ဇူလိုင်-၃၁-၂၀၁၉ မျိုးဆက် (VOM)   မွတ်စလင်အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေကို ချက်ချင်းကွာရှင်းခွင့်ရနေတဲ့ ဓလေ့ကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်မယ့် ဥပဒေကြမ်း အိန္ဒိယပါလီမန်က အတည်ပြုလိုက်ပါတယ်။ အီးမေး၊ မက်ဆေ့ခ်ျအပါအ၀င် ဘယ်လိုပုံစံမျိုးနဲ့ဖြစ်စေ Talaq သုံးကြိမ်ပြောဆိုလိုက်တာနဲ့ အမျိုးသားတွေက အမျိုးသမီးတွေကို ကွာရှင်းနိုင်တဲ့ ဓလေ့ဖြစ်ပါတယ်။ ဒီအလေ့အထဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ အိန္ဒိယအထူးတရားရုံးချုပ်က ၂၀၁၇ ခုနှစ်မှာ ကြေညာခဲ့ပါတယ်။   ဒီအလေ့အထကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်လိုက်တဲ့ အစီအမံသစ်ဟာ မွတ်ဆလင်အမျိုးသမီးတွေကို ကာကွယ်မှုပေးတယ်လို့ ထောက်ခံသူတွေကို ပြောဆိုပါတယ်။ ကန့်ကွက်သူတွေကတော့ ဒီအစီအမံဟာ ပြင်းထန်ပြီး အလွဲသုံးစားလုပ်ဖို့ လမ်းဖွင့်ပေးသလိုပဲ လို့ဆိုပါတယ်။   ပါလီမန်က အတည်ပြုပေးလိုက်တဲ့ ဥပဒေကို ချိုးဖောက်တဲ့ အမျိုးသားတွေကတော့ ထောင်ဒါဏ်သုံးနှစ်နဲ့ အထက် ကျခံရမှာဖြစ်ပါတယ်။ အဲဒီဥပဒေကြမ်းကို ၂၀၁၇ ခုနှစ်မှာ ပထမဆုံးတင်သွင်းခဲ့ပေမယ့် အထက်လွှတ်တော်အမတ်အချို့က ဒါဟာ…

Read More

ပြိုင်ကားနဲ့ လူငယ်နှစ်ဦးကို ဝင်တိုက်ခဲ့တဲ့အမှု တရားရုံးက စွဲချက်တင် စစ်ဆေးရန် အမိန့်ချ

မန္တလေး၊ဇူလိုင် ၃၁-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့တွင် ၂၀၁၈ခုနှစ် နိုဝင်ဘာ ၈ရက်နေ့ညပိုင်းက ၂၆လမ်းနဲ့ ၇၈လမ်းထောင့် မီးပွိုင့်မှာ မီးနီရပ်စောင့်နေတဲ့ ဆိုင်ကယ်နဲ့လူငယ်နှစ်ဦးကို ပြိုင်ကားတစ်စီးက ဝင်ရောက်တိုက်ခဲ့ဖြစ်စဉ်က ယာဉ်မောင်းကို အောင်မြေသာစံမြို့နယ်တရားရုံးက ဒီကနေ့နေ့လည်ပိုင်းမှာ ပုဒ်မ-၃၀၄(က) (လူသတ်မှုမမြောက်သည့် ရာဇဝတ်ပြစ်ဒဏ်ထိုက်သောလူသေမှု)နဲ့ စွဲချက်တင်စစ်ဆေးရန် အမိန့်ချခဲ့ပါတယ်။   ဖြစ်စဉ်ဖြစ်တဲ့ နေ့မှာပဲ ဆိုင်ကယ်နဲ့လူငယ်နှစ်ဦးဟာ သေဆုံးသွားခဲ့တဲ့အတွက် ပြိုင်ကားမောင်းနှင်လာတဲ့ ယာဉ်မောင်း သန်းထက်အောင် အသက်(၂၆)နှစ် ကို အောင်မြေသာစံမြို့နယ် တရားရုံးသို့ တရားလိုဖြစ်သူ ရဲအုပ်သန်းဇော်ဦးက ရာကြီးမှုအမှတ်- ၁၆၉၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၀၄(က)ဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar#ပြိုင်ကားတိုက်မှု #မန္တလေး

Read More

ဦးပါမောက္ခက အမေရိကန်သံရုံးကို တရားစွဲမယ်

ရန်ကုန် ဇူလိုင် ၃၁-၂၀၁၉ သိဂီ င်္(VOM)   ဗုဒ္ဓမြတ်စွာဘုရားပုံတော်မှာ အသက်ရှုကိရိယာတပ်ဆင်ထားတဲ့ မဖွယ်မရာ ပန်းချီကားဟာ ဗုဒ္ဓဘာသာကိုညှိုးနွမ်းစေတာကြောင့်  ဒီပန်းချီကားဖော့်ပြခဲ့တဲ့အမေရိကန်သံရုံးအပါအဝင် ပန်းချီရေးဆွဲသူ အင်တာနက်ပေါ်ဖြန့်ဝေသူတွေကို ဆရာတော်ဦးပါမောက္ခက မနက်ဖြန် သြဂုတ်လ ၁ ရက်နေ့ ကမာရွတ်မြို့နယ်တရားရုံးမှာ တရားစွဲဆိုသွားမယ်လို့သိရပါတယ်။   တရားစွဲဆိုမယ့် တောင်ဒဂုံ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက   ” ဗုဒ္ဓဘုရားပုံမှာ အသက်ရှုကိရိယာပုံကို ဘယ်သူဆွဲတာလဲ ဒီဟာကို လိုင်းပေါ် ဘယ်သူကတင်ပြီးဖြန့်တာလဲ။ သံရုံးတင်မကဘူး သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေအားလုံးကိုပါ ထည့်ပြီးတရားစွဲမှာဖြစ်တယ်။ အမှန်က ဒါတွေက သာသနာရေးရဲ့တာဝန် ဖြစ်တယ်။ ဝန်ကြီးဌာန ရဲ့ မြို့နယ်အလိုက်သက်ဆိုင်ရာသာသနာရေးကနေ တရားလိုပြုလုပ်ပြီး တရားစွဲရမယ်ကိစ္စမျိုးပါ။ ဒါပေမယ့် သက်ဆိုင်ရာပုဂ္ဂိုလ်တွေ တာဝန်ရှိသူတွေက တာဝန်မဲ့နေလို့ ဘုန်းကြီးတို့ က ဘာသာရေးအသိစိတ်နဲ့တရားစွဲရတာဖြစ်တယ်။ ဝန်ကြီးဌာနအနေနဲ့ခုလိုငြိမ်နေတာဟာ ဗုဒ္ဓဘာသာကိုလျစ်လျူရှုတယ်လို့ထင်ပါတယ်”  လို့ မိန့်ပါတယ်။   ဒါ့အပြင် အမေရိကန်သံရုံးအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့…

Read More

လက်နက်ကြီးကျည်ပေါက်ကွဲ အမျိုးသမီးတစ်ဦးထိခိုက်

ကျောက်တော်၊ ဇူလိုင် ၃၁-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ ဇူလိုင်လ ၃၀ ရက်နေ့မနက်ပိုင်းက တပ်မတော်စစ်ကြောင်းမှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံး ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။   ဒဏ်ရာရရှိခဲ့တဲ့အမျိုးသမီးဟာ လိပ်မကျေးရွာက မမြတ်မြတ်သွယ် ၂၃ နှစ်ဖြစ်ပြီး ၎င်းရဲ့နေအိမ်မှာ မနက်စာထမင်းချက်ပြုတ်နေစဉ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး သူ့ရဲ့တင်ပါးကို ကျည်စလာရောက်ထိမှန်ခဲ့တာဖြစ်ပါတယ်။   “ကျွန်တော်သမီး ထမင်းချက်နေတာ။ ကျွန်တော်လည်း အိမ်မှမရှိဘူး။ လယ်ထဲမှာအလုပ်လုပ်နေတယ်။  ဖုန်းနဲ့ခေါ်တော့ ပြန်လာလိုက်တဲ့အချိန်မှာ ကျွန်တော့်ယောက္ခမအိမ်မှာ လက်နက်ကြီးကျည်ကျကွဲပြီး သမီးရဲ့တင်ပါးဒဏ်ရာရရှိတယ်ဆိုတာကိုသိရတာပါ။”လို့ မမြတ်မြတ်သွယ်ရဲ့အဖေ ဦးအောင်လှစိုးက ပြောပါတယ်။   ၃၀ ရက်နေ့ မနက်ပိုင်းမှာ လိပ်မကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့တာမရှိကြောင်းနဲ့ အဲ့ဒီအနီးတဝိုက်မှာ သွားလာလှုပ်ရှားနေတဲ့ တပ်မတော်စစ်ကြောင်းကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာဖြစ်နိုင်တယ်လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။   “မနက်ပိုင်း ပေါက်ကွဲမှုမဖြစ်ခင်တော့ ဒေါင်းတောင်ယိုးဘက်ကနေ စိန်ခြုံရွာဘက်ကို စစ်ကြောင်းကသွားတယ်။ အဲ့ဒီမှာ…

Read More

မြောက်ကိုရီးယားက ဂျပန်ပင်လယ်ထဲကို ပဲ့ထိန်းဒုံးပျံတွေ ပစ်ခတ်ပြန်

ဆိုးလ်၊ ဇူလိုင်-၃၁-၂၀၁၉ မျိုးဆက် (VOM)   မြောက်ကိုရီးယားဟာ တာတိုပစ် ပဲ့ထိန်းဒုံးပျံနှစ်စင်းကို နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းမှာ ပစ်ခတ်ခဲ့ပြီး ဒီလို ဒုံးပျံတွေပစ်ခတ်တာဟာ တစ်ပတ်အတွင်း ဒုတိယအကြိမ်လည်းဖြစ်ပါတယ်။   အဲဒီ တာတိုပစ် ပဲ့ထိန်ဒုံးပျံနှစ်စင်းကို ၀န်ဆန်ဒေသကနေ ဇူလိုင် ၃၁ ရက်အစောပိုင်းက ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။ ယခုတစ်ပတ်အစောပိုင်းက ဒုံးပျံပစ်ခတ်မှုဟာ ဇွန်လအတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့တွေ့ဆုံးပြီးနောက် ပထမဆုံးအကြိမ်ဖြစ်ပါတယ်။   ဒုံးပျံတွေပစ်ခတ်မှုတွေဟာ အမေရိကန်နဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ဆောင်ဖို့ စီစဉ်ထားတဲ့ တောင်ကိုရီးယားနိုင်ငံကို သတိပေးတာလို့ မြောက်ကိုရီးယားဘက်က ပြောပါတယ်။   လာမယ့်လမှာ ပြုလုပ်မယ့် အဲဒီပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ လုပ်ရပ်တစ်ခုအဖြစ် ရှုမြင်တယ်လို့ မြောက်ကိုရီးယားက ယခင်ကလည်း ထုတ်ဖော်ပြောဆိုဖူးပါတယ်။ အခုပစ်ခတ်လိုက်တဲ့ ဒုံးပျံတွေဟာ ဂျပန်ပင်လယ်ပြင်ထဲမကျရောက်မီ အမြင့် ၃၀ ကီလိုမီတာကနေ ၁၅၅ မိုင်အထိ…

Read More

အင်တာနက်နဲ့ ရုပ်မြင်သံကြားတွေမှာ လိမ်လည်လှည့်ဖျားကြော်ငြာရင် သရုပ်ဆောင်တွေကိုပါ  စားသုံးသူကာကွယ်ရေးဥပဒေနဲ့အရေးယူနိုင်

ရန်ကုန် ဇူလိုင် ၃၁-၂၀၁၉ သိဂီ င်္(VOM)   အင်တာနက် ဒါမှမဟုတ် ရုပ်မြင်သံကြားမှာ လိမ်လည်လှည့်ဖျားကြော်ငြာတာတွေဟာ စားသုံးသူအခွင့်အရေးချိုးဖာက်ခံရတာဖြစ်တာကြောင့် တိုင်ကြားနိုင်တယ်လို့  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းက သိရပါတယ်။   ဒီလို တိုင်ကြားလာမယ်ဆိုရင် ပဏာမစစ်ဆေးမှုတွေပြုလုပ်ပေးသွားမှာဖြစ်ပြီး တိုင်ကြားတဲ့အတိုင်းအမှန်တကယ် လိမ်လည်ကြော်ငြာခဲ့တာတွေ့ရှိရင် ယခု အသစ်ပြဌာန်းအတည်ပြုထားတဲ့ စားသုံးသူကာကွယ်ရေးဥပဒေနဲ့ အရေးယူတာတွေပြုလုပ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း အတွင်းရေးမှူး ဖြစ်တဲ့ ဒေါ်စိုးကလျာထက်က ပြောပါတယ်။   “စားသုံးသူကာကွယ်ရေး ဥပဒေမှာပါပြီးသားဖြစ်တယ်။ ကြော်ငြာတဲ့အတိုင်း တကယ်ဖြစ်မလာခဲ့ရင်ပေါ့။ သူတို့က အွန်လိုင်းမှာလည်းကြော်ငြာတယ်။ တီဗွီမှာလည်းကြော်ငြာတာရှိတယ် ။ဒီအတွက်စားသုံးသူကတကယ်နစ်နာရင် ဒီကြော်ငြာနဲ့ပတ်သက်တဲ့မင်းသား မင်းသမီးကအစအရေးယူလို့ရတယ် ဒါကြောင့် အများပြည်သူနဲ့တိုက်ရိုက်ပတ်သက်တဲ့ ကြော်ငြာတွေကိုရိုက်ကူးတဲ့အခါ တာဝန်ယူစိတ်နဲ့ လုပ်ဆောင်ဖို့လိုအပ်နေပါတယ်။ ” လို့  ပြောပါတယ်။   ဒါ့အပြင် စားသောက်ဆိုင်တွေမှာ စားသုံးတဲ့အခါ အစားအစာထဲ အိုးဆေး စတီးခွေအစ ပါတာ အကောင်တွေပါတာ စတဲ့ ကျန်မာရေးအရဖြစ်စေ…

Read More

ကချင်နိုင်ငံရေးပါတီ၃ခုပေါင်းပြီးဖွဲ့စည်းထားတဲ့ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)မှာ  ကချင်ပြည်နယ်အခြေစိုက်ပါတီအားလုံးပါဝင်ဖို့(KSPP)ပါတီဖိတ်ခေါ်

မြစ်ကြီးနား ဇူလိုင် ၃၁-၂၀၁၉ ရန်အောင်ထွန်း (VOM)       ကချင်နိုင်ငံရေးပါတီ၃ခုပေါင်းပြီးဖွဲ့စည်းထားတဲ့ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)မှာပြည်နယ်အခြေစိုက်နိုင်ငံရေးပါတီအားလုံးပါဝင်ဖို့ဇူလိုင်၂၉ရက်နေ့ကပြုလုပ်တဲ့ပါတီသစ်မိတ်ဆက်အခမ်းအနားမှာ(KSPP)ဥက္ကဋ္ဌကဖိတ်ခေါ်လိုက်ပါတယ်။(KSPP) ပါတီသစ်မိတ်ဆက်ဆုတောင်းပွဲအခမ်းအနားကိုမြစ်ကြီးနားမြို့၊မနောကွင်ကမဂျွယ်ခန်းမမှာပြုလုပ်ခဲ့တာပါ။     ကချင်အမျိုးသားကွန်ကရက်ပါတီ(KNC)ကပါတီဝင်၈၀ကျော်နုတ်ထွက်ပြီး(KSPP)ပါတီဆီပူးပေါင်းဝင်ရောက်လာတယ်လို့ဆိုပါတယ်။မိုးကောင်းမြိ့နယ်ကတိုင်းလိုင်(ရှမ်းနီ)၊ရှေ့နေများအသင်းအဖွဲ့၊မော်တော်ကျေးရွာ၊ရင်ခေါ်ကျေးရွာ၊ကော်နန်ကျေးရွာတို့ကတက်ရောက်လာသူတွေကကချင်၊ဗမာ၊ရှမ်းတိုင်းရင်းသားများ၊ရခိုင်တိုင်းရင်းသားတွေပါတီဝင်အဆိုပြုလွှာတင်သွင်းလာခဲ့ကြပါတယ်။   မိုးကောင်းမြို့နယ်ကတိုင်းလိုင်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌဦးတင်ညွန့်ကတော့ပည်နယ်းဘာသာမရွေးပူးပေါင်းပါဝင်ခွင့်ကြောင့်စိတ်ဝင်စားမိတယ်လို့ဆိုပါတယ်။   လက်ရှိမှာပါတီဝင်အရေအတွက်အများသေးပေမယ့်ကချင်ပြည်နယ်ကမြို့နယ်တိုင်းမှာကော်မတီတွေဖွဲ့စည်းပြီးအမြန်ဆုံးစည်းရုံးရေးကိစ္စရပ်တွေဆောင်ရွက်သွားမယ်လို့ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) ဒုတိယဥက္ကဌ(၂) ဦးအောင်ခမ်းကပြောပါတယ်။   (KSPP)ပါတီဟာကချင်ဒီမိုကရက်တစ်ပါတီ( KDP )၊ကချင်ပြည်နယ်ဒီမိုကရေစီပါတီ(KSDP) နဲ့စည်းလုံးညီညွှတ်ရေးနှင့်ဒီမိုကရေစီပါတီကချင်ပြည်နယ်(မနောတိုင်ပါတီ)တို့ကိုပေါင်းစည်းဖွဲ့စည်းထားတဲ့ပါတီဖြစ်ပါတယ်။ကချင်အတိုင်ပင်ခံအဖွဲ့ကဦးစီးပြီးကချင်ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ကချင်ဒေသခံပါတီတွေဆွေးနွေးပွဲကို(၂၀၁၈)ဧပြီလ၈ရက်မဂျွယ်ခန်းမှာကျင်းပခဲ့ပါတယ်။အဲ့ဒီဆွေးနွေးပွဲတက်ရောက်သူ၇၀၀ကျော်ရဲ့  သဘောတူညီချက်နဲ့ပါတီ၎ခုကသဘောတူလက်မှတ်ထိုးခဲ့ရာက(KSPP)ပါတီဖွဲ့စည်းရေးစတင်ခဲ့ပြီး(၂၀၁၉) ဇွန်လ၇ရက်နေ့မှာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတရားဝင်ပါတီအဖြစ် အသိအမှတ်ပြုပေးခဲ့တာဖြစ်ပါတယ်။   #voiceofmyanmar   #ကချင်ပြည်နယ်ပြည်သူ့ပါတီ #KSPP #မြစ်ကြီးနား

Read More

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဆိုင်းဘုတ်တွေမဖြုတ်ရင် အရေးယူမယ်ဆိုတဲ့ အပေါ် ဖေါင်ဒေးရှင်းဘက်က အရေးတယူလုပ်ဦးမည်မဟုတ်

ရန်ကုန်ဇူလိုင်၃၁-၂၀၁၉ သိဂီင်္(VOM)   အမျိုးဘာသာသာသနာစောင့်ရှောက်ရေးဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့အစည်းဆိုင်းဘုတ်တွေကို၄၅ရက်အတွင်းမဖြုတ်သိမ်းပါကရဟန်းဖြစ်ရင်သံဃာအဖွဲ့အစည်းဥပဒေလူဖြစ်ပါကသက်ဆိုင်ရာတည်ဆဲဥပဒေနဲ့အရေးယူသွားမှာဖြစ်တယ်လို့သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနကတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။   ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဗဟိုရုံးကို ဗီအိုအမ်က ဆက်သွယ်မေးမြန်းလျှောက်ထားကြည့်တော့ “ဆရာတော်ကြီးကိုယ်တိုင်လည်း ဘာမှမညွန်ကြားသေးတော့ ဦးဇင်းတို့လည်း ဘာမှလုပ်ဖို့ အစီအစဉ်မရှိသေးပါဘူး၊ လတ်တလောတော့ ဒီတိုင်းပါဘဲ ”  လို့ ရုံးတာဝန်ခံ ဆရာတော်တပါးက မိန့်ပါတယ်။     ဒီလိုထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီးသာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနကိုဆက်သွယ်မေးမြန်းရာသတင်းနှင့်ပြန်ကြားရေးညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက   ” ကျွန်တော့အနေနဲ့ထင်မြင်ချက်မပေးလိုဘူး။ကျွန်တော်တို့ရေးထားတဲ့ထုတ်ပြန်ထားတာကိုပဲဖတ်ကြည့်ပေးပါ။ ဒီထဲမှာမဟနဆုံးဖြတ်ချက်ကိုထည့်သွင်းပေးထားတာပါ။ အပိုဒ်၆မှာပါတယ်။ ထုတ်ပြန်ချက်ထဲကအကုန်ပါပဲ” လို့ဆိုပါတယ်။   ဒါ့အပြင်အဲ့ဒီဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းရဲ့ဥက္ကဋ္ဌနဲ့ဒုဥက္ကဋ္ဌဆရာတော်တွေဖြစ်တဲ့အင်းစိန်ရွာမဆရာတော်နဲ့ဆရာတော်ဦးသီလက္ခန္ဓာဘိဝံသတို့ကိုဓမ္မစက်နဲ့ဆောင်ရွက်မယ့်အခန်းပြီးဆုံးကြောင်းနဲ့ဒီဖောင်ဒေးရှင်းသည်တရားမဝင်အဖွဲ့အစည်းဖြစ်တယ်လို့ဇူလိုင်၃၀ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။   ဇွန်လ၁၆ရက်နဲ့၁၇ရက်ကပြုလုပ်ခဲ့တဲ့အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)နှစ်ပတ်လည်စုံညီတွေ့ဆုံသြဝါဒခံယူပွဲနှင့်သဘောထားထုတ်ပြန်ကြေငြာချက်ကိစ္စနဲ့စပ်လျဉ်းပြီး အဲ့ဒီဖောင်ဒေးရှင်းရဲ့ အဓိကတာဝန်ရှိတဲ့ ဥက္ကဋ္ဌဒုဥက္ကဋ္ဌကိုနောက်ဆုံးအကြိမ် သြဝါဒပေးဖို့ဇူလိုင်လ၂၉ရက်နေ့ကပင့်ဖိတ်ခဲ့ပေမယ့်အဓိကတာဝန်ရှိတဲ့အင်းစိန်ရွာမဆရာတော်မလာခဲ့တာကြောင့်သြဝါဒမပေးခဲ့ဘဲဒီကနေ့ ဇူလိုင်၃၀ရက်မှာ ထုတ်ပြန်ချက်ကို ထုတ်ပြန်ကြေငြာလိုက်တာဖြစ်ပါတယ်။   ဒီထုတ်ပြန်ချက်မှာ၂၉ရက်နေ့ကပြုလုပ်ခဲ့တဲ့အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၄၇ပါးစုံညီအစည်းအဝေးဆုံးဖြတ်ချက်ကနေဇူလိုင်လ၂၀ရက်နေ့ကကျင်းပခဲ့တဲ့သတ္တမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၄၇ပါးစုံညီသတ္တရသမအစည်းအဝေးကဆုံဖြတ်ချက်၅ချက်ကိုထပ်မံအတည်ပြုခဲ့တာပါ။   အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ကြီးရဲ့လမ်းညွှန်မှုတောင်းခံခြင်းကိုပယ်ချရန်။အမျိုးဘာသာသနာစောင့်ရှောက်ရေးဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းသည်တရားမဝင်ဖွဲ့စည်းထားသောအဖွဲ့အစည်းသာဖြစ်ကြောင်း။ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ဝင်အားလုံးသည်အဖွဲ့အမည်ကိုသုံးစွဲပြီးမည်သည့်အမှုကိစ္စကိုမျှဆောင်ရွက်ခြင်းမပြုဖို့။ မြန်ပြည်အနှံ့စိုက်ထူထားတဲ့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဆိုင်းဘုတ်တွေကိုဒီဆုံးဖြတ်ချက်ချတဲ့နေ့ကနေ ၄၅ရက်အတွင်းဖြုတ်သိမ်းဖို့  အကယ်၍မလိုက်နာပါကရဟန်းဖြစ်ရင်သံဃာအဖွဲ့အစည်းဥပဒေ၂၀/၉၀နဲ့အရေးယူရန်လူဖြစ်ပါကသက်ဆိုင်ရာတည်ဆဲဥပဒေနဲ့ အရေးယူရန်ဆိုပြီးထုတ်ပြန်ချက်မှာပါရှိပါတယ်။   အန်အယ်လ်ဒီအစိုးရ တက်ပြီးတဲ့နောက် ၂၀၁၇…

Read More
VOM News

FREE
VIEW