အင်တာနက်နဲ့ ရုပ်မြင်သံကြားတွေမှာ လိမ်လည်လှည့်ဖျားကြော်ငြာရင် သရုပ်ဆောင်တွေကိုပါ  စားသုံးသူကာကွယ်ရေးဥပဒေနဲ့အရေးယူနိုင်

ရန်ကုန် ဇူလိုင် ၃၁-၂၀၁၉

သိဂီ င်္(VOM)

 

အင်တာနက် ဒါမှမဟုတ် ရုပ်မြင်သံကြားမှာ လိမ်လည်လှည့်ဖျားကြော်ငြာတာတွေဟာ စားသုံးသူအခွင့်အရေးချိုးဖာက်ခံရတာဖြစ်တာကြောင့် တိုင်ကြားနိုင်တယ်လို့  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းက သိရပါတယ်။

 

ဒီလို တိုင်ကြားလာမယ်ဆိုရင် ပဏာမစစ်ဆေးမှုတွေပြုလုပ်ပေးသွားမှာဖြစ်ပြီး တိုင်ကြားတဲ့အတိုင်းအမှန်တကယ် လိမ်လည်ကြော်ငြာခဲ့တာတွေ့ရှိရင် ယခု အသစ်ပြဌာန်းအတည်ပြုထားတဲ့ စားသုံးသူကာကွယ်ရေးဥပဒေနဲ့ အရေးယူတာတွေပြုလုပ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း အတွင်းရေးမှူး ဖြစ်တဲ့ ဒေါ်စိုးကလျာထက်က ပြောပါတယ်။

 

“စားသုံးသူကာကွယ်ရေး ဥပဒေမှာပါပြီးသားဖြစ်တယ်။ ကြော်ငြာတဲ့အတိုင်း တကယ်ဖြစ်မလာခဲ့ရင်ပေါ့။ သူတို့က အွန်လိုင်းမှာလည်းကြော်ငြာတယ်။ တီဗွီမှာလည်းကြော်ငြာတာရှိတယ် ။ဒီအတွက်စားသုံးသူကတကယ်နစ်နာရင် ဒီကြော်ငြာနဲ့ပတ်သက်တဲ့မင်းသား မင်းသမီးကအစအရေးယူလို့ရတယ် ဒါကြောင့် အများပြည်သူနဲ့တိုက်ရိုက်ပတ်သက်တဲ့ ကြော်ငြာတွေကိုရိုက်ကူးတဲ့အခါ တာဝန်ယူစိတ်နဲ့ လုပ်ဆောင်ဖို့လိုအပ်နေပါတယ်။ ” လို့  ပြောပါတယ်။

 

ဒါ့အပြင် စားသောက်ဆိုင်တွေမှာ စားသုံးတဲ့အခါ အစားအစာထဲ အိုးဆေး စတီးခွေအစ ပါတာ အကောင်တွေပါတာ စတဲ့ ကျန်မာရေးအရဖြစ်စေ အစာအစာသန့်ရှင်းမှုအရဖြစ်စေ ဝန်ဆောင်မှုနဲ့ဈေးနှုန်းအဆမတန်ကွာဟတာတွေရှိရင်လည်း  တိုင်ကြားနိုင်တယ်လို့ဆိုပါတယ်။

 

လက်ရှိ ၂၀၁၉ ခုနှစ်ထဲမှာတော့ အစားအစာနဲ့ပတ်သက်ပြီးတိုင်ကြားမှု ၁၀ ခုဝန်းကျင်ရှိခဲ့ပြီး တရားစွဲဆိုတဲ့အထိ ဥပဒေအရ အရေးယူရတဲ့ ဖြစ်စဉ်တော့မရှိခဲ့ဘူးလို့သိရပါတယ်။

 

#voiceofmyanmar #စားသုံးသူကာကွယ်ရေးဥပဒေ #ကြော်ငြာ

 

 

Related posts

Leave a Comment

VOM News

FREE
VIEW