H1N1 ကြောင့် သေသူ ၈၁ ဦးရှိလာ

  ဇူလိုင် ၃၀၊ ၂၀၁၉ VOM   နိုင်ငံတဝှမ်း၊ ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ စုစုပေါင်း ၈၁ ဦးရှိပြီလို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီလကနေ ဇူလိုင် ၂၉ ရက်နေ့အထိ နိုင်ငံတဝှမ်း၊ ရာသီတုပ်ကွေး H1N1 ကြောင့် သေတဲ့သူ ၈၁ ဦးထဲမှာ အများစုက ရန်ကုန်တိုင်းက ဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ရန်ကုန်တိုင်းဟာ လူဦးရေအထူထပ်ဆုံး ဖြစ်တာကြောင့် ရောဂါကူးစက်ခံရသူ အများဆုံးဖြစ်ပြီး သေဆုံးသူအရေအတွက် ၆၂ ဦးအထိရှိနေပါတယ်။ ပဲခူးတိုင်းမှာ ၅ဦး၊  ဧရာဝတီတိုင်းမှာ ၅ ဦး၊ မွန်ပြည်နယ်မှာ ၃ ဦးနဲ့ စစ်ကိုင်းတိုင်းမှာ ၂ ဦး H1N1 ကြောင့် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်က…

Read More

ဘရာဇီးအကျဉ်းထောင်မှာပြိုင်ဘက်ဂိုဏ်းတွေအကြားတိုက်ခိုက်မှုလူ၅၇ဦးသေဆုံး

ဘရာဆီးလီးယား၊ဇူလိုင်-၃၀-၂၀၁၉ မျိုးဆက်(VOM)   ဘရာဇီးနိုင်ငံကအကျဉ်းထောင်တစ်ခုမှာပြိုင်ဘက်ဂိုဏ်းတွေအကြားငါးနာရီကြာတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့အကျဉ်းထောင်ဆူပူမှုတစ်ခုအတွင်းလူ၅၇ဦးထက်မနည်းသေဆုံးသွားတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။     ပါရာပြည်နယ်ကအော်တာမီရာအကျဉ်းထောင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးအကျဉ်းသားခြောက်ဦးခေါင်းဖြတ်အသတ်ခံခဲ့ရသလိုအကျဉ်းထောင်ကိုမီးရှို့ခဲ့တာကြောင့်မီးခိုးတွေကတော့ဆက်ပြီးထွက်နေဆဲဖြစ်ပါတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။   အကျဉ်းထောင်တာဝန်ရှိသူနှစ်ဦးလည်းဓါးစာခံအဖြစ်ဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်းမှာတော့ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ဒီအကြမ်းဖက်မှုဟာဇူလိုင်၂၉ရက်မနက်၇နာရီလောက်မှာစတင်ဖြစ်ပွားခဲ့ပြီးနေလယ်လောက်မှပြီးဆုံးသွားပါတယ်။အကျဉ်းသားတွေဟာတိုက်ခိုက်မှုတွေမှာလက်လုပ်ဓါးတွေကိုအသုံးပြုခဲ့ကြဖွယ်ရှိပါတယ်။   Comando Classe A ဂိုဏ်းကအဖွဲ့ဝင်တွေဟာ  Comando Vermelho ဂိုဏ်းသားတွေထားရှိတဲ့အကျဉ်းခန်းကိုလည်းမီးရှို့ခဲ့ပြီးမီးဟာအလျင်အမြန်ကူးစက်လောင်ကျွမ်းသွားတာကြောင့်အချို့အကျဉ်းသားတွေအသက်ရှူကြပ်သေဆုံးသွားတယ်လို့ပါရာပြည်နယ်အစိုးရကကြေညာချက်ထုတ်ပြန်ထားပါတယ်။   အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့အော်တာမီရာအကျဉ်းထောင်ဟာအကျဉ်းသား၂၀၀ဆန့်ထောင်ဖြစ်ပေမယ့်ထောင်သား၃၀၉ဦးထိန်းသိမ်းထားပါတယ်။ဒါပေမယ့်အကျဉ်းထောင်တာဝန်ရှိသူတွေကတော့ဒီပမာဏဟာပြည့်ကျပ်နေတဲ့အနေအထားမဟုတ်ဘူးလို့ဆိုပါတယ်။   Ref : BBC Photo : Getty Images   #voiceofmyanmar #ဘရာဇီး #အကျဉ်းထောင်    

Read More

သရေခေတ္တရာရှေးဟောင်းဇုံမှာ မိုးများလို့ မြို့ရိုးဟောင်းအပိုင်းအစတွေ ပြိုကျ

ပြည် ဇူလိုင်၃၀-၂၀၁၉ ဂျန်ကိုးလ်(VOM)   ပဲခူးတိုင်းပြည်မြို့မှာရှိတဲ့ကမ္ကာ့အမွေအနှစ်စာရင်းဝင် သခေတ္တရာပျူမြို့ဟောင်းအတွင်းက မြို့ရိုးအပိုင်းအစတခုဟာ မိုးသည်းစွာရွာလို့ ဇူလိုင်၃၀မနက်ကပြိုကျသွားတယ်လို့သတင်းရရှိပါတယ်။   ဒီမြို့ရိုးဟောင်းဟာ အရှေ့ဘက်နန်းမြို့ရိုး ဖြစ်ပြီးပေသုံးဆယ်ခန့် ပြိုကျမှုဖြစ်ပွားခဲ့ကြောင်းကို ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ကမ္ကာ့အမွေအနှစ် ဌာနခွဲ သရေခေတ္တရာဌာနစုက သိရတာဖြစ်ပါတယ်။   “မနေ့က မိုးတအားရွာတယ် တစ်ညလုံးရွာတယ် ဒီရှေးဟောင်းဇုံထဲမှာလည်းရွာတယ်။ အဲလိုရွာတဲ့အခါမှာ မနက် လေးနာရီနဲ့ ငါးနာရီကြားမှာ အရှေ့ဘက်နန်းမြို့ရိုး ပေသုံးဆယ်လောက် ကွာကျသွားတယ်။ မကွာခင်မှာလည်း ဒါကြီးက ဖောင်းနေတယ် ဒီဟာကိုလည်း ထိန်းသိမ်းဖို့ ဘတ်ဂျက် တင်တောင်းထားတာ ရှိပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက တောင်းထားတာပေါ့နော်။ ဘတ်ဂျက်က မကျသေးဘူး မကျသေးခင်မှာလည်း ဒီလိုဖြစ်သွားတာပါ”လို့ကမ္ကာ့အမွေအနှစ် ဌာနခွဲ သရေခေတ္တရာဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းကပြောပြပါတယ်။     ဒီမြို့ရိုးဟာအရှေ့ဘက်နန်မြို့ရိုးမှာ အမြင့် ၇ ပေခန့်မြင့်မားပြီး အရှည်ပေ ၅၀၀ခန့်ရှိကြောင်းနဲ့ယခုမိုးရာသီတွင် ထပ်မံ၍ မိုးရက်ဆက်ရွာသွန်းရင်…

Read More

ရိုဟင်ဂျာတွေမြန်နိုင်ငံသားဖြစ်ရေးဘင်္ဂလားဒေ့ရှ်ကိုဓါးစာခံမလုပ်ဖို့နိုင်ငံခြားရေးဝန်ကြီးမိုမန်သတိပေး

ဒါကာ၊ဇူလိုင်-၃၀-၂၀၁၉ မျိုးဆက်(VOM)   ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတဲ့ရိုဟင်ဂျာတွေမြန်မာနိုင်ငံသားရရှိရေးကိစ္စဟာမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိစ္စတစ်ရပ်သာဖြစ်ပြီးဒီကိစ္စနဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်ကိုဓါးစာခံလုပ်ဖို့မလိုဘူးလို့ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဒေါက်တာအေကေအဗ္ဗဒူမိုမန်ကသတိပေးပြောဆိုလိုက်ပါတယ်။     မိမိတို့အာရုံစိုက်သည်မှာရိုဟင်ဂျာတွေဂုဏ်သိက္ခာရှိရှိ၊လုံလုံခြုံခြုံနေရပ်ပြန်ရေးဖြစ်ပြီးသူတို့မြန်မာနိုင်ငံသားဖြစ်ရေးမဖြစ်ရေးကမိမိတို့နဲ့မဆိုင်ဘူးလို့မိုမန်ကဆိုပါတယ်။ရိုဟင်ဂျာတွေကိုနိုင်ငံသားအဖြစ်သတ်မှတ်ရေးနဲ့ပတ်သက်တဲ့အစီအစဉ်ကိုမြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ကထုတ်ဖော်ပြောဆိုလိုက်တာဟာအောင်မြင်မှုတစ်ရပ်ဖြစ်တယ်လို့သူကပြောပါတယ်။   ရိုဟင်ဂျာတွေအနေနဲ့သူတို့ရဲ့အခွင့်အရေးတွေကိုနားလည်သဘောပေါက်ဖို့အတွက်မြန်မာနိုင်ငံကိုပြန်သွားသင့်ပြီးရခိုင်ပြည်နယ်ကိုမပြန်ဘဲနဲ့သူတို့အားလုံးတောင်းဆိုနေတဲ့နိုင်ငံသားဖြစ်ရေးကိစ္စမှာမဖြစ်နိုင်ဆိုတာကိုနားလည်သင့်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။     ရခိုင်ပြည်နယ်ကိုပြန်ပို့ရေးအတွက်မြန်မာနိုင်ငံမှာနေထိုင်ခဲ့ကြတဲ့ရိုဟင်ဂျာမိသားစုခြောက်ထောင်မှလူပေါင်းနှစ်သောင်းခွဲ၏စာရင်းများကိုမြန်မာကိုယ်စားလှယ်အဖွဲ့ကိုပေးအပ်ခဲ့ကြောင်း၊ယခင်ကလည်းရိုဟင်ဂျာသုံးသောင်းရဲ့စာရင်းတွေကိုနှစ်ကြိမ်ခွဲပေးပို့ခဲ့ကာပထမအသုတ်အဖြစ်လူရှစ်ထောင်ကိုပြန်လည်လက်ခံဖို့အတည်ပြုခဲ့တယ်လို့မိုမန်ကပြောပါတယ်။   ရိုဟင်ဂျာတွေအတွက်အဓိကအကြောင်းအရာတွေ၊ပြသနာတွေကိုရှင်းပြပြောဆိုပြီဖြစ်တာကြောင့်သူတို့တွေရခိုင်ပြည်နယ်ကိုပြန်မှာလားမပြန်ဘူးလားဆိုတာစဉ်းစားဖို့အချိန်ဖြစ်ကြောင်း၊သူတို့တွေနေရပ်ပြန်ရေးအတွက်မြန်မာနိုင်ငံကကြိုဆိုနေသော်လည်းပြန်ရေးမပြန်ရေးကတော့သူတို့ရဲ့ဆုံးဖြတ်ချက်အတိုင်းသာဖြစ်တယ်လို့အဖွဲ့ဝင်၁၉ဦးပါမြန်မာကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်တဲ့မြန်မာနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနအမြဲတန်းအတွင်းဝန်ဦးမြင့်သူကသတင်းထောက်တွေကိုပြောပါတယ်။   Ref & Photo: Daily Star #voiceofmyanmar #ဘင်္ဂလားဒေရှ် #ရိုဟင်ဂျာ #မြန်မာ

Read More

ပါကစ္စတန်စစ်ဘက်လေယာဉ်လူနေရပ်ကွက်ပေါ်ပျက်ကျလူ၁၇ဦးသေဆုံး

အစ္စလမ္မာဘက်၊ဇူလိုင်-၃၀-၂၀၁၉ မျိုးဆက်(VOM) ပါကစ္စတန်နိုင်ငံ ရာဝယ်ပင်ဒီမြို့အနီးရှိလူနေရပ်ကွက်တစ်ခုအတွင်းကိုစစ်ဘက်သုံးအသေးစားလေယာဉ်တစ်စင်းပျက်ကျသွားတာကြောင့်လူ၁၇ဦးထက်မနည်းသေဆုံးသွားပါတယ်။   လေယာဉ်အမှုထမ်းငါးဦးနဲ့အရပ်သား၁၂ဦးသေဆုံးသွားတယ်လို့ပါကစ္စတန်စစ်ဘက်ရဲ့ထုတ်ပြန်ချက်ကိုကိုးကားပြီးဒေသတွင်းသတင်းတွေမှာဖော်ပြထားပြီးလူ၁၂ဦးလည်းဒါဏ်ရာရရှိသွားတယ်လို့ဆိုပါတယ်။   လေယာဉ်ဟာပုံမှန်ပျံသန်းလေ့ကျင့်မှုတစ်ရပ်ပြုလုပ်နေချိန်မှာပျက်ကျသွားတာဖြစ်ပြီးနေအိမ်အချို့ပေါ်ပျက်ကျသွားတာကြောင့်နေအိမ်အချို့လည်းမီးလောင်ကျွမ်းခဲ့ပါတယ်။ လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကိုနဲ့လေယာဉ်အမျိုးအစားကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။   ရာဝယ်ပင်ဒီမြို့ဟာမြို့တော်အစ္စလမ္မာဘက်ရဲ့အနီးမှာရှိပြီးပါကစ္စတန်စစ်ဘက်ရုံးစိုက်ရာနေရာဖြစ်ပါတယ်။   ဇူလိုင်၃၀ရက်အစောပိုင်းကပျက်ကျသွားတဲ့အဲဒီလေယာဉ်ဟာပါကစ္စတန်လေကြောင်းတပ်ဖွဲ့ကလေယာဉ်တစ်စင်းလည်းဖြစ်ပါတယ်။ပါကစ္စတန်နိုင်ငံသမိုင်းမှာအသေအပျောက်အများဆုံးလေကြောင်းမတော်တဆမှုဖြစ်စဉ်ကတော့၂၀၁၀ခုနှစ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးAirblue ပုဂ္ဂလိကလေကြောင်းလိုက်းကလေယာဉ်တစ်စင်းဟာအစ္စလမ္မာဘက်မြို့အနီးပျက်ကျခဲ့ပြီးလူပေါင်း၁၅၂ဦးသေဆုံးခဲ့ပါတယ်။   Ref : BBC Photo :AFP  

Read More

ကောင်းကင်ယံမှာ ပေါက်ကွဲသံနဲ့ မီးခိုးလုံးတွေဟာ လေယာဉ်ပျက်ကျတာမဟုတ် အသံထက်သုံးဆမြန်တဲ့ တိုက်လေယာဉ် လေ့ကျင့်ပျံသန်းခြင်းဖြစ်

ဟင်္သာတ၊ ဇူလိုင်၂၉-၂၀၁၉ ဂျန်ကိုးလ်(VOM)   ဒီနေ့ ဇူလိုင် ၂၉ ရက် မနက် ၁၀ နာရီလောက်က ဟင်္သာတခရိုင်အတွင်း ကောင်းကင်ယံမှာ ပေါက်ကွဲသံနဲ့ မီးခိုးလုံးတွေကြောင့် ဒေသခံတွေရုတ်ရုတ်သဲသဲ ဖြစ်ပေါ်ခဲ့ပါတယ်။   ဒေသခံ ကိုဖိုးထွန်းက “အသံအကျယ်ကြီး ကြားလိုက်ရတာ၊ အိမ်တွေတောင်တုန်သွားတယ်။ ပထမပိုင်း လေယာဉ်ပျံ ပျက်ကြားတယ်ဆိုပြီး ဟိုနေရာက အသံထွက်၊ ဒီနေရာက အသံထွက်နဲ့။ လေယာဉ်ကွင်းကောက်နားမှာပဲ လေယာဉ်ပျံ ပျက်ကျလို့ဆိုပြီး လူတွေရုတ်ရုတ်သဲသဲ ဖြစ်သွားကြတယ်ဗျ။  ကြားရတာကတော့ ဟသာင်္တ တစ်ခရိုင်လုံးနီးပါးပါပဲ။”လို့ ပြောပါတယ်။   ဒါဟာလေယာဉ်ပျက်ကျတာ မဟုတ်ဘဲ မှော်ဘီလေတပ်စခန်းကနေ အသံထက် ၃ ဆမြန်တဲ့ တပ်မတော် တိုက်လေယာဉ် ပျံသန်းမောင်းနှင် လေ့ကျင့်တာဖြစ်တယ်လို့ နယ်လုံဝန်ကြီးက တိုင်းအစိုးရကို ဖြေရှင်းချက်ပေးတဲ့အကြောင်း တိုင်းအစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။   ကွင်းကောက်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး…

Read More

တောင်အဆင်းလမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲ မန္တလေးမြို့မှာ ကျင်းပမယ်

မန္တလေး၊ ဇူလိုင် ၂၉-၂၀၁၉ ဟိန်းကို(VOM)   ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ စက်ဘီးစီးအဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပမယ့် Triple Hill Bike Challenge-2 ဒုတိယအကြိမ်မြောက် တောင်အဆင်း လမ်းကြမ်းစက်ဘီးစီးပြိုင်ပွဲကို မန္တလေးမြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ ဒီနေ့ ဇူလိုင် ၂၉ ရက် နေ့လည်ပိုင်းက မန္တလေးမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။   Mountain Bike စက်ဘီးစီးပြိုင်ပွဲနဲ့ Downhill တောင်အဆင်းလမ်းကြမ်းပြိုင်ပွဲကို ၂၀၁၉ ဩဂုတ်လ ၃ ရက် မနက် ၆ နာရီမှာ ၂၆ လမ်း၊ မြို့တော်ခန်းမရှေ့ကနေ စတင်တာလွှတ်မှာဖြစ်ပြီး ရေတံခွန်တောင် ထူးမဘုန်းကြီးကျောင်းမှာ ပန်းဝင်ရမှာ ဖြစ်ပါတယ်။   ” စက်ဘီးစီးပြိုင်တဲ့ ကစားသမားဦးရေကလည်း အရမ်းများနေပါပြီ။ တစ်နိုင်ငံလုံးမှာရှိတဲ့ ကစားသမားတွေ စိတ်ဝင်စားပြီး အခက်အခဲဆုံးပြိုင်ပွဲကို ယှဉ်ပြိုင်နိုင်ဖို့ရာအတွက် ပုံမှန်ကျင်းပနေကျ တောင်တစ်လုံးတည်းကို…

Read More

အစစ်ဆေးခံဖို့ တားတာကို မရပ်ဘဲ ဆိုင်ကယ်နဲ့မောင်းပြေးလို့ဆိုပြီး တပ်မတော်က INGO ဝန်ထမ်းတစ်ဦးကို ပစ်ခတ်

မြောက်ဦး၊ ဇူလိုင် ၂၉-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်မှာ ဇူလိုင် ၂၈ ရက် ညနေ ၇ နာရီခွဲခန့်က ဆိုင်ကယ်နဲ့သွားလာနေတဲ့ INGO ဝန်ထမ်းတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံလိုက်ရတာ ဖြစ်ပါတယ်။   ပစ်ခတ်ခံရသူဟာ ရခိုင်ပြည်နယ်အတွင်းမှာ လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့ Plan International အဖွဲ့က ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုရဲလင်းနိုင် (၂၅ နှစ်)ဖြစ်ပြီး စစ်တွေရုံးကနေ မြောက်ဦးရုံးကို ပြန်လာတဲ့အချိန်မှာ ပစ်ခတ်ခံလိုက်ရတာလို့ သိရပါတယ်။   ဒါနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို မေးမြန်းရာမှာ“အဲ့ဒီလူကို NGO ကပါလို့ ချင်ဗျားတို့ကို ဘယ်သူက ပြောတာလဲ။ အဲ့ဒီလက်မှတ်က အတုကြီးဆိုရင် ဘယ်လိုလုပ်မလဲ။ ကျနော်တို့က သတင်းအရ ဘုန်းကြီးကျောင်းမှာ စစ်ဆေးနေတဲ့အချိန်မှာ အဲ့ဒီလူက ဘုန်းကြီးကျောင်းကိုလာတာ။ ကျနော်တို့ မေးမြန်းတော့…

Read More

ပုသိမ်မှာ အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒဖေါ်ထုတ်

ပုသိမ်၊ ဇူလိုင် ၂၉ – ၂၀၁၉ ကိုအောင် (VOM)   ရာဝတီတိုင်း ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက် စက်မှုဇုန်ရှိ Amava Apprel အထည်ချုပ်စက်ရုံက အလုပ်သမား တစ်ထောင်ဝန်းကျင်ဟာ အလုပ်သမား အခွင့်အရေး ရပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဒီနေ့ ဇူလိုင် ၂၉ ရက် မနက်ပိုင်းမှာ ဆန္ဒဖေါ်ထုတ်နေကြပါတယ်။   အလုပ်ခွင် အခွင့်အရေးနဲ့ လုပ်အားခမဖြတ်ရေး၊ လိင်ပိုင်းဆိုင်ရာ မထိခိုက်ရေးတို့ အပါအဝင် တောင်းဆိုချက် ၁၉ ချက် ရရှိရေးအတွက် ဆန္ဒဖေါ်ထုတ်တောင်းဆိုနေကြခြင်း ဖြစ်ပါတယ်။   “တချို့စက်ချုပ်တဲ့နေရာမှာ နစ်ယောက်လုပ်ရမယ့်နေရာမှာ တစ်ယောက်တည်းခိုင်းတာတွေ၊ အလုပ်သမား ခေါင်းဆောင်အစ်မကြီးကို အကြောင်းမဲ့အလုပ်ထုတ်တာတွေ၊ နိုင်ငံခြားသားအလုပ်သမားခေါင်းဆောင်တွေက အလုပ်သမတွေအပေါ် မဖွယ်မရာပြုလုပ်တာတွေ မခံနိုင်လို့ အခုလို ဆန္ဒဖေါ်ထုတ်တာ။”လို့ အလုပ်သမားခေါင်းဆောင် မလှလှအေးက ပြောပါတယ်။   လောလောဆယ်မှာတော့…

Read More

မန္တလေးတက္ကသိုလ်နဲ့ ကပ်လျက်က တက္ကသိုလ်လေ့ကျင့်ရေးတပ်တွင်း မီးလောင်မှုအတွက် တပ်တွင်းအရေးယူမှုနဲ့ ဆောင်ရွက်မယ်

မန္တလေး၊ ဇူလိုင် ၂၉ – ၂၀၁၉ ဟိန်းကို (VOM) မန္တလေးတက္ကသိုလ်မြောက်ဘက်မှာကပ်လျက်ရှိတဲ့ အမှတ် ၂  တက္ကသိုလ်လေ့ကျင့်ရေးတပ်မှာ မနေ့ ဇူလိုင် ၂၈ ရက်ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အဲဒီမီးလောင်ကျွမ်းမှုအတွက် ရဲတပ်ဖွဲ့ကအရေးယူမှာ မဟုတ်ဘဲ တပ်တွင်းအရေးယူမှုနဲ့သာ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။   “အဲဒါက တပ်တွင်းဖြစ်တဲ့အတွက် တပ်မတော်စစ်ခုံရုံးမှာ အရေးယူမှုပြုလုပ်မှာပါ။ ရဲအရေးမပိုင်တဲ့အတွက် အရပ်ဖက်တရားရုံးမှာ အရေးယူမှု မရှိပါဘူး။” မန္တလေးခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင်က ပြောပါတယ်။   မနေ့ည ၈ နာရီခွဲဝန်းကျင်က လောင်ကျွမ်းခဲ့တဲ့ အဲဒီမီးလောင်ကျွမ်းမှုကြောင့် ပျဉ်ထောင် ၈ ခန်းတွဲ လူနေလိုင်းခန်းနဲ့ အတွင်းပစ္စည်းတွေ ဆုံးရှုံးခဲ့ပြီး စုစုပေါင်းတန်ဖိုး ၇၄ သိန်းလောက် ရှိတယ်လို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာနက သိရပါတယ်။   လိုင်းခန်းအပေါ်ထပ်အိပ်ခန်းအတွင်း သွယ်တန်းထားတဲ့ လျှပ်စစ်မီးသီးခေါင်းအပူလွန်ကဲပြီး အောက်ခြေရှိ စစ်ဝတ်တန်ဆာပစ္စည်းထည့်ထားတဲ့ ပလပ်စတစ်အိပ်ပေါ်ပြုတ်ကျရာကနေ…

Read More
VOM News

FREE
VIEW