တနသာင်္ရီတိုင်း ဝန်ကြီးချုပ်ရဲ့ အမှုတခု ချေဖျက်ပေးဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို လျှောက်ထား

တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်မှာ စစ်ဆေးနေတဲ့ ဝန်ကြီးချုပ်ဒေါက်တာဒေါ်လဲ့လဲ့မော်ပါ(၄)ဦး အမှုအတွက် နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ အမှုချေဖျက်ခွင့်လျှောက်လွှာလာတင်တဲ့  ဦးတင်​​အောင်​ညွန့်​Law Firm ဥက္ကဋ္ဌ ကို  ဗီအိုအမ်သတင်းထောက် ကိုထွန်းက တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး အခြေအနေ အသေးစိတ်ကို မေးမြန်းထားပါတယ်။

 

ထွန်း—- ဆရာတို့ ဒေါ်လဲ့လဲ့မော်နဲ့  ၄ ဦးအမှုအတွက် အမှုချေဖျက်ခွင့်လာတင်တယ်ဆိုလို့  အင်တာဗျူးခွင့် လှမ်းတောင်းတာပါ။

 

UTAN—–အမှု(၄)မှု မဟုတ်ပါဘူး၊ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်မှာ စစ်ဆေးနေတာက (၄) မှုပါ ကျနော်တို့ အမှုချေဖျက်ခွင့်လာတင်တာက ၂၀၁၉ခုနှစ် ရာဇဝတ်ကြီးမှအမှတ်(၄) ဦးသန်းဇော်ဝင်းနှင့်ဒေါက်တာဒေါ်လဲ့လဲ့မော် ပါ (၄) ပါ၊ ကျနော်တို့က ဦးသိန်းထွေး၊ ဦးအောင်မြတ်၊ ဦးသူရအုံပါ။

 

တနင်္သာရီတိုင်းတရားလွှတ်တော်မှာရော ဆရာတို့ လိုက်ပါဆောင်ရွက်နေတာလား

 

 

သည်လိုပါ၊ မူလရုံးမှာ ဦးအောင်မြတ်နှင့်ဦးသူရအုံတို့ အတွက် လိုက်ပါဆောင်ရွက်နေတဲ့တရားလွှတ်တော်ရှေ့နေတွေကတော့ ဦးနေဝင်း၊ ဒေါ်မျိုးဝဏ္ဍစမ်း၊ ဒေါ်ကလျာဦး၊ ဦးဝင်းသိန်းဦးတို့ ပါ၊ ကျနော်က သည်တရားလွှတ်တော်ရှေ့နေတွေပါဝင်ဖွဲ့ စည်းထားတဲ့ Law Firm ဥက္ကဌပါ ဦးအောင်မြတ်က ကျနော်ဇနီးရဲ့ မောင် ဦးသူရအုံက ကျနော်တူအရင်းခေါက်ခေါက်ပါ။

 

ဆရာတို့ ချေဖျက်မယ့်အမှုရဲ့ မူလအမှုအကြောင်းလေး သိပါရစေ

 

တနင်္သာရီတိုင်းတရားလွှတ်တော်မှာ စစ်ဆေးနေတဲ့ ၂၀၁၉ခုနှစ် ရာဇဝတ်မှုအမှတ် (၄) ဦးသန်းဇော်ဝင်း နှင့် ဒေါက်တာဒေါ်လဲ့လဲ့မော် ပါ (၄) ဖြစ်ပါတယ်၊ (၄) ဦးပါ ဒေါက်တာဒေါ်လဲ့လဲ့မော်၊ဦးသိန်းထွေးဦးအောင်မြတ်၊ ဦးသူရအုံ တို့ ပါအမှုကတော့ မူလရုံးမှာ တရားလိုအပါအဝင် တရားလိုပြသက်သေ( ၂၄ ) ရှိပြီး(၈) ဦးစစ်ဆေးပြီးပါပြီ။

 

 

ခုဆရာတို့ ဘယ်လိုအချက်အလက်တွေကို အားကိုပြီးဆောင်ရွက်မှာလဲ

 

ကျနော်တို့ ချေဖျက်ခွင့်လျှောက်ထားလွှာလက်ခံပေးဘို့ တင်ပြထားတဲ့အပိုင်းက အဓိက အပိုင်းကြီး(၂) ပိုင်းပါ။ စွပ်စွဲထားတဲ့အကြောင်းအရာက ၃၂၁.၄ သိန်း တန်တဲ့ မြေနှင့်အိမ်ကို လုပ်ငန်း(၄)ခုလိုချင်လို့ ၊ သိန်း ၂၀၀၀ နဲ့ မတန်တဆဈေးပေးဝယ်ခြင်းဟာ အကျိုးအမြတ်ရရှိမည့် လုပ်ငန်းလုပ်ပိုင်ခွင့်တွေခံစားလိုတဲ့စွပ်စွဲချက်ပါ။ ဒါကြောင့် မြေနှင့်အိမ်တန်ဘိုး(၃၂၁)သိန်းဟာ ထိုက်သင့်တဲ့တန်ဘိုးဟုတ်ခြင်း၊မဟုတ်ခြင်းကတစ်ပိုင်း၊ လုပ်ငန်း(၄)ခုဟာ အကျိုးအမြတ်ရရှိမည့်လုပ်ငန်းဟုတ်ခြင်း မဟုတ်ခြင်းကတစ်ပိုင်းပါ။

 

မြေနှင့်အိမ်အပိုင်းကို ကျနော်အရင်ပြောပါမယ့် အဲသည်တော့ ကျနော်တို့ မူလရုံးမှာစစ်ဆေးခဲ့တဲ့ ခုခံရေးလမ်းကြောင်းမှာ အဓိကလိုပြသက်သေ(၂)ဦးထွက်ချက်၊တစ်ဦးက သရက်ချောင်းမြို့ နယ် ဒုမြေစာရင်းဦးစီးမှူးပါ။ သူက ၁၉၈၇ ခုနှစ်ကတည်းက မြေတိုင်းအကူနှင့်လုပ်ကိုင်လာတာ ခု ဒုမြေစာရင်းဦးစီးပါ၊ သရက်ချောင်းမှာဘဲ အခြေချနေထိုင်ပြီး သူက ခုအခင်းဖြစ်နေတဲ့မြေကွက်ချည်းသက်သက်ဈေးနန်းဟာ အနည်းဆုံးသိန်း(၁၄၀၀) တန်တယ်လို့ ထွက်ဆိုခဲ့သလိုတရားလိုပြသက်သေ သရက်ချောင်းမြို့ နေထိုင်သူ ဆောက်လုပ်ရေးလုပ်ကိုင်တဲ့ဦးမောင်မောင်က သူဟာ အခင်းဖြစ်မြေနှင့်အိမ်ရဲ့ မျက်စောင်းထိုးမှာနေထိုင်တယ်၊ ယခုအခင်းဖြစ်မြေနှင့်တိုက်ရှိ ထိုက်သင့်တန်ဘိုးဟာသိန်း(၃၀၀၀) အထက်ရှိကြောင်းထွက်ဆိုခဲ့ပါတယ်၊ ဒါဆို ကျနော်တို့ ရဲ့ ဓနေတွေပစ်ထားခဲ့တဲ့ မြေနှင့်အိပ်နှင့်ပတ်သက်လို့ မုခ်လမ်းကြောင်းကြောင့်အဆမတန်ဈေးပေးဝယ်တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ (၁၀)ဆမကလျော့နည်းသတ်မှတ်ထားတဲ့ ထိုက်သင့်တန်ဘိုးဖြစ်တယ်ဆိုတာဟာ သတင်းထောက်ကြီးရှင်းသွားပြီပေါ့ အကျိုးအမြတ်ရရှိတဲ့လုပ်ငန်းဟုတ်မဟုတ်နဲ့ ပတ်သက်လို့ ကျနော်တို့ ရဲ့ ခုခံရေးလမ်းကြောင်းကို ပြောပါမယ်။

 

နိုင်ငံပိုင် လုပ်ငန်း(၄)ခုမှာ လျှပ်စစ်လုပ်ငန်းကို အရင်ပြောပါမယ် ။လျှပ်စစ်လုပ်ငန်းက ရှုံးနေလို့ နိုင်ငံတော်ကို ၉ ဘီလံယံနီးပါးကြွေးကျန်မသွင်းနိုင်တဲ့ကိစ္စ ဝန်ကြီးချုပ်ဟောင်းစီမံခန့် ခွဲမှုအပြည့်အဝမသုံးစွဲဘူးဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒနဲ့ တရားစွဲဆိုခံထားရတော့ လျှပ်စစ်လုပ်ငန်းဟာ ကုမ္ပဏီအတွက် အကျိုးအမြတ်ရရှိမည့် လုပ်ငန်းမဟုတ်ပါဘူး။

 

ဒုတိယလုပ်ငန်းက သရက်ချောင်းမြို့ ငါးလေလံဈေးစီမံကိန်းလုပ်ငန်း ၊သည်လုပ်ငန်းရဲ့ အခြားနည်းလုပ်ပိုင်ခွင့်ပေးနိုင်တဲ့သူဟာ တိုင်းအစိုးရမဟုတ်ပါဘူး ဗဟိုလယ်/စီအဖွဲ့ ပါးကုမ္ပဏီကလယ်မြေတွေဝယ်တယ်။လယ်မြေတွေကို အခြားနည်းလုပ်ပိုင်ခွင့်လျှောက်တယ်၊ စီမံကိန်းအကောင်အထည်ဖေါ်တို့ ပြည်ထောင်စုအစိုးရအဖွဲ့ ကို တင်ရတယ် ၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ကို တင်ရတယ်။ ၊ MIC ခွင့်ပြုမိန့် ကျမှ အကောင်အထည်ဖေါ်ရတယ်၊ နိုင်ငံပိုင်ငွေ၊ နိုင်ငံပိုင်ပစ္စည်းသုံးစွဲခြင်းကိစ္စမဟုတ်တော့ လုပ်ပိုင်ခွင့် ခွင့်မပြုနိုင်တဲ့ဝန်ကြီးချုပ်နှင့်ဆက်စပ်ပြီး ကုမ္ပဏီအတွက် အကျိုးအမြတ်ရရှိမည့်လုပ်ငန်းမဟုတ်ကြောင်း ခုခံချေပထားပါတယ်။

 

တတိယလုပ်ငန်းကတော့ နေပြည်တော်ဒက္ခိဏခရိုင်ထဲမှာရှိတဲ့ တနင်္သာရီတိုင်းအစိုးရအဖွဲ့ ဧည့်ဂေဟာတည် ဆောက်ရေးလုပ်ငန်းပါ၊ ကုမ္ဗဏီတွေ က တင်ဒါဝင်ဆွဲတယ် ၊  ကုမ္ဗဏီ လေးခုတင်ဒါဝင်ပြိုင်တယ်၊တင်ဒါအဖွဲ့ က ရွေးချယ်လို့ တင်ဒါအောင်မြင်လာတဲ့အတွက် ဆောက်လုပ်ခြင်းဖြစ်ပါတယ်။ တင်ဒါဝင်ဆွဲတဲ့အဆိုပြုလွှာမှာကတည်းက တင်ဒါမှာမပါတဲ့ သိန်း(၄၀၀)တန် TRANSAFORMER တည်ဆောက်ရေးလုပ်ငန်းကို ကုမ္ဗဏီ စရိတ်နဲ့ ဆောက်လုပ်ပေးမည်ဖြစ်ကြောင်းအဆိုပြုစွဲဆိုတာဖြစ်တယ် ၊အဲသည်အပြင် တနင်္သာရီတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးက တင်ဒါပါ (အလျား၄၀ပေxအနံ ၅ဝ) ဝန်ထမ်းအိမ်ယာနစ်ထပ်တိုက်အစား တင်ဒါပါ (အလျား၅၀ပေxအနံ ၈၀) ဝန်ထမ်းအိမ်ယာနစ်ထပ်တိုက်ဆောက်လုပ်ပေးနိုင်ကပေးပါလို့ နှုတ်ဖြင့်မေတ္တာရပ်ခံတဲ့အတွက် ကုမ္ဗဏီ က ကုမ္ဗဏီစရိတ်နဲ့ ဆောက်လုပ်ပေးခဲ့တယ်ဆိုတော့ ကုမ္ပဏီအတွက် အကျိုးအမြတ်ရရှိမည့်လုပ်ငန်းမဟုတ်ကြောင်း ချေပထားပါတယ်။

 

စတုတ္ထလုပ်ငန်းကတော့ ပုလောမြို့ မြို့ တော်ခန်းမဆောက်လုပ်ရေးလုပ်ငန်းသည်လုပ်ငန်းကတော့ တနင်္သာရီတိုင်းအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်ခွင့်ရတဲ့လုပ်ငန်းပါးဦးအောင်မြတ်က ပုလောမြို့ ဇာတိဖြစ်တော့ သူမြို့ ကို စည်ကားဖွံ့ဖြိုးစေချင်တယ် ။ တည်တံ့တဲ့မြို့ တော်ခန်းမတခုကို သီးခြားရှိစေချင်တယ်၊ဒါကြောင့် သူပိုင်တဲ့ ပေ၅၀၀ ပတ်လည်ခန့် ရှိတဲ့မြေကိုလှူတယ်၊ အဲဒီမြေပေါ်မှာဆောက်လုပ်တယ်၊ စာချုပ်မှာမပါတဲ့လုပ်ငန်းတွေဖြစ်တဲ့ အုတ်တံတိုင်းခြံစည်းရိုးခတ်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ အဆောက်အဦး၏ရှေ့ မျက်နှာစာတစ်ပြင်လုံးကွန်ကရစ်ကြမ်းခင်းပေးခြင်းတို့ ကိုဆောင်ရွက်ပေးခဲ့တယ်ဆိုတော့ကုမ္ဗဏီ က သိန်း(၅၀၀)နဲ့ စာချုပ်ချုပ်ဆိုခဲ့သော်လည်း အဲသည်ငွေအပြင် နောက်ထပ် ကုမ္ဗဏီ က မြေအပါအဝင် သိန်း(၆၀၀)ခန့် ထပ်ဆောင်းဆောင်ရွက်ပေးခဲ့တော့ ကုမ္ပဏီအတွက် အကျိုးအမြတ်ရရှိမည့်လုပ်ငန်းမဟုတ်ကြောင်း ခုခံချေပထားပါတယ်။

 

ခုကျနော်ပြောခဲ့တဲ့အချက်တွေကို ထောက်ခံထွက်ဆိုခဲ့တဲ့ တရားလိုပြသက်သေတွရဲ့ ထွက်ဆိုချက် ၊တာဝန်ခံမိတ္တူမှန်တွေကို ပူးတွဲပြီး တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်မှာစစ်ဆေးနေတဲ့ ၂၀၁၉ခုနှစ် ၊အမှုအမှတ်(၄)ရဲ့ ရုံးရှေ့ ထွက်ဆိုချက်များအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြစ်မှုအင်္ဂါရပ်တွေကို ကျူးလွန်ခြင်းမရှိကြောင်း အကြောင်းပြချက်များအား ကိုးအားထားပြပြီး အဖျက်ခွင့်လျှောက်လွှာကို လက်ခံပေးဘို့ အမှတွဲလျှောက်လွှာကို တရားလွှတ်တော်ရှေ့ နေ ဦးနေဝင်းက တင်ခဲ့တာပါ ၊ ဒါက စွပ်စွဲခံရသူတွေအတွက် ဥပဒေကပေးတဲ့အခွင့်အရေးပါဥပဒေကပေးတဲ့အခွင့်အရေးကို ကျနော်တို့ သိချင်ပါတယ်။ ဒါက နိုင်ငံသားတိုင်းအတွက် နိုင်ငံတော်ကအတိအလင်းပကြညာပြဌာန်းပြီးသားပါရာဇဝတ်ကျင့်ထုံးဥပဒေ ၅၆၁ (က)  မှာ သည်ဥပဒေအရချမှတ်သောအမိန့် တစ်ရပ်ရပ်ကို အတည်ပြုရန်အတွက် လိုအပ်သည့်အမိန့်များကို ချမှတ်ရန်ဖြစ်စေ ၊တရားရုံး၏ဥပဒေလုပ်ထုံးလုပ်နည်းကို အလွဲပြုခြင်းမှ တားဆီးကာကွယ်ရန်ဖြစ်ပစအခြားနည်းဖြင့် တရားစဖြောင့်မှန်ရာရောက်အောင် ပြုလုပ်ရန်ဖြစ်စေ၊ တရားလွှတ်တော်၌ ရှိရင်းစွဲဖြစ်သော မူလဘူး ၊တအာကကို သည်ဥပဒေမှာ ပါတဲ့ မည်သည့်ပြဌာန်းချက်က ကန့်သတ်သည် (သို့) ထိခိုက်တယ်လို့ မမှတ် ယူစေရဆိုပြီး ပြဌာန်းထားပါတယ်၊တရားဖြောင့်မှန်ရာရောက်အောင် ပြုလုပ်ရန်ရယ် ဥပဒေလုပ်ထုံးလုပ်နည်းကိုအလျှံခြင်းမှ တားဆီးကာကွယ်ရန် နိုင်ငံတော်တရားရုံးချုပ်က မိမိ၏မူလဘူတအာဏာကို အသုံးပြုနိုင်တယ်လို့ အတိအလင်းပြဌာန်းထားတာပါ ပြီးတော့ ဦးမင်းဟန် ပါ ၃ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါ ၂ ၁၉၉၈ ၊ မ တ ၀ ၊ ၉၀ စီရင်ထုံးက ဘာထုံးဖွဲ့ ထားလိုဆိုတော့ပြစ်မှမမြောက်နိုင်ကြောင်းတွေ့ရှိလျင် စွဲချက် တင်သင့်မတင်သင့်အထိ စောင့်ဆိုင်းခြင်းမပြုဘဲ ရာဇဝတ် ကျင့်ထုံးပုဒ်မ ၅၆၁ က ပါ မူလဘူတအာဏာကို ကျင့်သုံး၍ အမှပယ်ဖျက်သင့်က ပယ်ဖျက်ရမည်ဖြစ်သည်။၊ မလိုအပ်ဘဲ စစ်ဆေးနေခြင်းသည် တရားရုံး၏ယန္တရားကို အလွဲ အသုံးချရာရောက်သည်၊ ဆိုပြီး ထုံးပြုထားတဲ့အတွက် ခုလို စွပ်စွဲခံရသူတွေအတွက် လျှောက်ထားလွှာကို လက်ခံပေးဘို့ လက်ခံခဲ့ရင် အမှချေဖျက်ပေးဘို့ ကုစားတောင်းဆိုပေးတာပါ။

 

နောက်ဆုံးမေးခွန်းပါ တချို့ က ကုမ္ဗဏီက ထားဝယ်(၄)မြို့ ၊ နယ်ပြည်သူတွေစီက လျှပ်စစ်သုံးစွဲယူနစ်ဖိုးတွေ ကောက်ထားပြီး မသွင်းဘူးလို့ ပြောနေကြတယ် ။ အဲဒါနဲ့ ပတ်သက်လို့ ဆရာအမြင်လေးပြောပေးပါ။

 

ကျနော်အမြင်ပြောလို့ မရဘူး၊ဒါက တရားရုံးမှာ စစ်ဆေးနေတဲ့အမှလ ၊တရားရုံးမှာ စစ်ဆေးပေါ်ပေါက်ချက်ရယ်၊ ကျနော်တို့ လက်ထဲမှာရှိတဲ့ တာဝန်ခံမိတ္တူမှန်ဖြစ်တဲ့တရားရုံးရှေ့ သက်သေများရဲ့ ထွက်ချက်ဘဲပြာလို့ ရတယ်။ ၊တာဝန်ခံမိတ္တူမှန်ထွက်ဆိုချက်တွေထဲမှာပါတဲ့အရဆိုရင် ဦးအောင်မြတ်က ဒေါက်တာဒေါ်လဲ့လဲ့မော်မရောက်ခင်ကတည်းက တနင်္သာရီတိုင်းမှာ CB ဘဏ်ဆောက်လုပ်ဖွင့်လှစ်ဘို့ အတွက် CB ဘဏ်၏ကိုယ်စားလှယ်ပါ။

 

ဒေါက်တာဒေါ်လဲ့လဲ့မော်ဝန်ကြီးချုပ်တာဝန်မယူခင်ကတည်းက ဘဏ်အဆောက်အဦးတွေဦးအောင်မြတ်က ပုလောဇာတိဖြစ်တော့ မြို့ ဖွံ့ဖြိုးရေးအတွက် အဝေးပြေးကားဝင်းစီမံကိန်းတွေ အကောင်အထည်ဖေါ်နေသူပါ၊ ဝန်ကြီးချုပ်တနှစ်လောက်တာဝန်ယူပြီးသည့်အချိန်မှာ မူလလျှပ်စစ်ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီတွေကထုတ်လုပ်ရေးကို တစ်ယူနစ် ၂၀၀-၂၄ဝ ကျပ်၊ ဖြန့် ဖြူးရေးကို ၆ဝ ကျပ် စုစုပေါင်တစ်ယူနစ်ကို ၃ဝဝ ကျပ်သဘာဝဓါတ်ငွေကို 1 MMBTU ၇.၅ ဒေါ်လာနှုန်းနဲ့ ဝယ်ယူခဲ့ရတယ်၊ အဲသည်အချိန်မှာ ဝန်ကြီးချုပ်ကတနင်္သာရီတိုင်းပြည်သူတွေကို လျှပ်စစ်ယူနစ် ဈေးနှုန်းသက်သာစွာသုံးစွဲနိုင်ဘို့ သဘာဝဓါတ်ငွေ့ ဘိုးကို ယခုဝယ်နေရတဲ့ ဈေးနှုန်းထက် သက်သာတဲ့ဈေးနှုန်းနဲ့ ပြည်ထောင်စုအစိုးရက ရောင်းချပေးဘို့ ဆောင်ရွက်ပေးမယ်။ဖြန့် ဖြူးမှာပါတစ်ယူနစ်ကို ၂၀၀ နှုန်းဖြစ်စေရန် ဆောင်ရွက်ပေးပါလို့ မှတ်နဲ့ ပြောဆိုတဲ့အတွက် ထုတ်လုပ်ရေးကို တစ်ယူနစ် ၁၃၀ ကျပ်နှုန်းနဲ့ တင်ဒါ အောင်မြင်ခဲ့တာဒါကြောင့်လည်းစာချုပ်မှာ သဘာဝဓါတ်ငွေ့ ဈေးနန်းဖေါ်ပြထားခြင်းမရှိပါဘူး။

ဝန်ကြီးချုပ်ကလည်း သဘာဝဓါတ်ငွေ့ ဈေးနှုန်းကို သက်သာသောဈေးနှုန်းနဲ့ ရရန်ကြိုးစားနေတော့ ရမယ်လို့ အတိအကျ ယူဆပြီး သက်သာသောဈေးနှုန်းနဲ့ ပေးချေဘို့ စာအရောက်ကို စောင့်နေတာပါ၊ (၆) လလောက်ကြာတော့ တိုင်းအစိုးရအဖွဲ့ က ဘာမှမထူးတော့ ဦးအောင်မြတ်ကိုယ်တိုင် သဘာဝဓါတ်ငွေ့ ဈေးနန်းလျော့ပေးဘို့ အကြိမ်ကြိမ် တင်တယ် ၊ ပြန်စာတစ်စောင်မှရောက်မလာခဲ့ပါဘူး၊ ဦးအောင်မြတ်မတိုင်ခင် ယခင်ကုမ္ဗဏီ ကဝယ်ရတာက 1 mmb tu ကို ၇.၅ ဒေါ်လာ ၊ ဝန်ကြီးချုပ်နှုတ်ကတိက သည်ထက်ပိုမိုသက်သာတဲ့ ဈေးနန်းပြောခဲ့တော့ သက်သာတဲ့ ဈေးနှုန်းနဲ့ စာရောက်လာရင် တစ်ကျပ်မကျန်ပေးချေမယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးရုံးအစည်းအဝေးတိုင်းမှာ တောင်းဆိုခဲ့တာပါ၊။

 

အဲသည်အချိန်မှာ သဘာဝဓါတ်ငွေ့ ဘိုးတွေဟာ ယခင်ကုမ္ဗဏီ ဝယ်ယူခဲ့ရတဲ့ ဈေးနှုန်းအတိုင်းမဟုတ်ဘဲ ဈေးမြင့်ခဲ့သည့်အပြင် တစ်လထက်တစ်လ ဈေးနှုန်းမြင့်တက်လာ သလို မြန်မာငွေလဲလှယ်မှုနုန်းကလည်း မြင့်တက်နေတော့ ကုမ္ဗဏီအဖို့ အဖက်ဖက်က အရှုံးကြီးရှုံးပြီး မူလကတည်းကမသွင်းခဲ့တော့ တစ်ပြိုင်တည်းအကြွေးအကျသွင်းဘို့ အခက် အခဲဖြစ်သွားတယ် ၊ အဂတိကစစ်ဆေးဆဲကာလမှာ သိန်း ၃၀ဝ၀ဝ ထိ သွင်းခဲ့ပါတယ်။

 

ဒါဆိုရင်သွင်းခြင်းမသွင်းခြင်းဆိုတဲ့ကိစ္စကို တရားရုံးထွက်ချက်များအရ ကျနော်ပြောလိုက်တော့ ရှင်းသွားပြီပေါ့။

 

နာက်​ဆုံး​မေးခွန်းပါဆရာ..အခုတင်​ခဲ့တဲ့​ချေလွှာကိုပြည်​​ထောင်​စုတရားလွှတ်​​တော်​ချုပ် ​ရုံးကလက်​ခံလိုက်​ပါသလား?

 

ပြည်​​ထောင်​စုတရားလွှတ်​​တော်​ချူပ်​ရုံးကို​အမှုတင်​ဖို့ကိစ္စ​တွေမှာ အခုကျွန်​​တော်​တို့ရဲ့အမှု​ချေဖျက်​ခွင့်​​လျှောက်​ထားလွှာဆိုရင်​  အမှုလက်​ခံတဲ့ဌာနမှာသွားတင်​ပါတယ်​၊ အမှုလက်​ခံတဲ့ဌာနက စစ်​​ဆေးကြည့့် ရှုပြီးရင်​ အမှုအမှတ်​နံပါတ်​​ပေးပါတယ်​၊ ကျွန်​​တော်​တို့အမှုအမှတ်​.၈/၂၀၁၉.ပါ၊ ပြီးရင်​ပြည်​​ထောင်​စုတရားလွှတ်​​တော်​ချူပ်​ရဲ့ဝက်​ဆိုဒ်​မှာ​ကြေညာမယ့် အချိန်​ကို​စောင့်​ကြည့်​ရပါမယ်​။

 

Warnant aList၊​​ ဖော်​ပြရင်​​ဖော်​ပြထားတဲ့​နေ့ကို ကျွန်​​တော်​တို့အဖွဲ့​ နေပြည်​​တော်​လာပြီး​တော့ ရာဇဝတ်​အ​ထွေ​ထွေ​လျှောက်​လွှာကို လက်​ခံ​ပေးဖို့​လျှောက်​လဲချက်​​ပေးရပါမယ်​၊​ လျှောက်​လွှဲချက်​​ပေးပြီးရင်​ ကျွန်​​တော်​တို့အခုတင်​တဲ့​ လျှောက်​လွှာကိုလက်​ခံတယ်​ဆိုပြီး​တော့ အမိန့်​ချလိမ့်​မယ်​အဲဒီအမိန့်​ကို ကျွန်​​တော်​တို့ကဝက်​ဆိုဒ်​မှာ​တွေ့ပြီးတာနဲ့လက်​ခံခဲ့ရင်​  ​လျှောက်​ထားခံရသူ​တွေကို အ​ကြောင်းကြားစာပို့မယ်​၊ မူလရုံးကအမှုတွဲကို​တောင်းမယ်​၊ စာပို့မယ်​​ပေါ့၊ ပို့ပြီးရင်​နှစ်​ဖက်​ လက်​ခံသင့်​​ကြောင်း၊မသင့်​​ကြောင်းနှစ်​ဖက်​​လျှောက်​လွဲချက်​ကိုကြားနာပြီးရင်​ တရားသူကြီးက ချေဖျက်​ခွင့် ပြု မပြုအမိန်​ကို ကျွန်​​တော်​တို့က Warnant List မှာပြန်​ကြည့်​ရမယ်​။

မေး…ခန့်​မှန်း​ခြေကာလဘယ်​​လောက်​ကြာမယ်ထင်လဲ

 

လျှောက်​လွှာကိုလက်​ခံသင့်​ မသင့်​ကြားနာဖို့ဆိုရင်​​တော့ ကျွန်​​တော်​အမြင်​ အနည်းဆုံးတစ်​​လ​လောက်​ကြာမယ်​၊ တစ်​လကြာတာနဲ့ လက်​ခံပြီဆိုရင်​ အမှုတွဲ​တောင်းမယ်​၊​ လျှောက်​ထားခံရသူ​တွေကိုအ​ကြောင်းကြားမယ်​၊ နှစ်​ဘက်​လက်​ခံသင့်​မသင့်​ ကြားနာမယ့် ရုံးချိန်​က​တော့ လက်​ခံပြီးတဲ့အချိန်​ကစပြီး​နောက်​ထနှစ်​လ​လောက်​​တောကြာမယ်​ထင်​ပါတယ်​၊ အမိန့်​ချဖို့အတွက်​တစ်​လကြာမယ်​ဆို​တော့ အမြန်​ဆုံး သုံးလ​လောက်​ကြာလိမ့်​မယ်​ထင်​ပါ​တယ်

 

ကျေးဇူးပါ ဆရာဦးတင်​​အောင်​ညွန့်​ခင်မျာ့

 

ကိုထွန်း

Related posts

Leave a Comment

VOM News

FREE
VIEW