ဦးပါမောက္ခက အမေရိကန်သံရုံးကို တရားစွဲမယ်

ရန်ကုန် ဇူလိုင် ၃၁-၂၀၁၉

သိဂီ င်္(VOM)

 

ဗုဒ္ဓမြတ်စွာဘုရားပုံတော်မှာ အသက်ရှုကိရိယာတပ်ဆင်ထားတဲ့ မဖွယ်မရာ ပန်းချီကားဟာ ဗုဒ္ဓဘာသာကိုညှိုးနွမ်းစေတာကြောင့်  ဒီပန်းချီကားဖော့်ပြခဲ့တဲ့အမေရိကန်သံရုံးအပါအဝင် ပန်းချီရေးဆွဲသူ အင်တာနက်ပေါ်ဖြန့်ဝေသူတွေကို ဆရာတော်ဦးပါမောက္ခက မနက်ဖြန် သြဂုတ်လ ၁ ရက်နေ့ ကမာရွတ်မြို့နယ်တရားရုံးမှာ တရားစွဲဆိုသွားမယ်လို့သိရပါတယ်။

 

တရားစွဲဆိုမယ့် တောင်ဒဂုံ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက

 

” ဗုဒ္ဓဘုရားပုံမှာ အသက်ရှုကိရိယာပုံကို ဘယ်သူဆွဲတာလဲ ဒီဟာကို လိုင်းပေါ် ဘယ်သူကတင်ပြီးဖြန့်တာလဲ။ သံရုံးတင်မကဘူး သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေအားလုံးကိုပါ ထည့်ပြီးတရားစွဲမှာဖြစ်တယ်။ အမှန်က ဒါတွေက သာသနာရေးရဲ့တာဝန် ဖြစ်တယ်။ ဝန်ကြီးဌာန ရဲ့ မြို့နယ်အလိုက်သက်ဆိုင်ရာသာသနာရေးကနေ တရားလိုပြုလုပ်ပြီး တရားစွဲရမယ်ကိစ္စမျိုးပါ။ ဒါပေမယ့် သက်ဆိုင်ရာပုဂ္ဂိုလ်တွေ တာဝန်ရှိသူတွေက တာဝန်မဲ့နေလို့ ဘုန်းကြီးတို့ က ဘာသာရေးအသိစိတ်နဲ့တရားစွဲရတာဖြစ်တယ်။ ဝန်ကြီးဌာနအနေနဲ့ခုလိုငြိမ်နေတာဟာ ဗုဒ္ဓဘာသာကိုလျစ်လျူရှုတယ်လို့ထင်ပါတယ်”  လို့ မိန့်ပါတယ်။

 

ဒါ့အပြင် အမေရိကန်သံရုံးအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တခြားသော ဘာသာရေး ပုံတော်တွေထဲကမှ ဗုဒ္ဓဘာသာလူမျိုးတွေရဲ့ ယုံကြည်ကိုးကွယ်ရာ ဗုဒ္ဓဘုရားပုံတော်ကို မဖွယ်မရာ ပြုလုပ်ခဲ့တာဟာ မြန်မာနိုင်မှာ ဗုဒ္ဓဘာသာကိုးကွယ်နေတဲ့ ၈၀ ရာခိုင်းနူန်းသောပြည်သူတွေအပေါ်  မသမာတဲ့နည်းလမ်းနဲ့ တမင်လုပ်ကြံရာရောက်တယ်လို့လည်းမိန့်ပါတယ်။

 

 

ဒီကိစ္စနဲ့ပတ်သက်ပြီး သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကို ဆက်သွယ်စုံစမ်း မေးမြန်းခဲ့ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက

” ကျွန်တော်တို့ဆီကို တင်ပြထားတာမရှိသေးဘူး။ တင်ပြလာမှပဲ ပြောနိုင်မယ် မတင်ပြသေးပဲနဲ့ပြောလို့မရဘူး။ ထင်မြင်ချက်မပေးလိုဘူး” လို့ ဆိုပါတယ်။

 

 

 

ခုလို သာသနာကို မဖွယ်မရာပြုလုပ်တာနဲ့ပတ်သက်ပြီး ပြည်သူတစ်ဦးဖြစ်သူ ကိုသားကြီးက ခုလိုပြောပါတယ်။

 

” ခုလိုမျိုး မလုပ်သင့်ဘူး။ သံရုံးလည်းဖြစ်နေတယ် ။နောက်ပြီး ခုလို ဘာသာရေးက အထိမခံဖြစ်နေချိန်မှာပိုပြီး မလုပ်သင့်ဘူး။ ကျွန်တော်သိသလောက် နိုင်ငံတကာကျင့်ဝတ် ဥပဒေအရဆိုရင် သံအမတ်ကိုတော့ တရားစွဲလို့မရနိုင်ဘူး။ ဒီလိုကိစ္စတွေကို သာသနာရေးအနေနဲ့ သံရုံးဘက်ကိုသတိပေးတာတို့ တခုခု လုပ်သင့်တယ်” ။ လို့ဆိုပါတယ်။

 

စက်ရုံအလုပ်ရုံမတွေရဲ့ မီးခိုးထွက်နေ့တဲ့ပုံတွေနှင့်အတူ ဗုဒ္ဓမြတ်စွာဘုရားပုံသဏ္ဍာန်ကို  ရေးဆွဲကာ ဗုဒ္ဓရဲ့ မျက်နှာတော်မှာ  ဓာတ်ငွေ့ကာ မျက်နှာဖုံးအုပ်ထားတဲ့ ပုံစံ ရေးဆွဲထားတဲ့ ဗုဒ္ဓဘုရားပုံပါပန်းချီကားကို အမေရိကန်သံရုံးက ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က သံရုံး ဖေ့ဘုတ်စ်စာမျက်နှာကနေ ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ ဒီပန်းချီကားရဲ့အမည်က Air Pollution by Factories လို့ဖော်ပြခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ပြည်သူတွေအကြား ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။ ဒါ့ကြောင့် ဇူလိုင်လ ၂၇ ရက်နေ့မှာ သံရုံးဘက်ကနေ ပန်းချီကားပိုစ်ကိုပြန်လည်ဖြုတ်ချခဲ့ပါတယ်။

 

#voiceofmyanmar #အမေရိကန်သံရုံး #မဖွယ်မရာပန်းချီကား #ဦးပါမောက္ခ

 

Related posts

VOM News

FREE
VIEW