ပြိုင်ကားနဲ့ လူငယ်နှစ်ဦးကို ဝင်တိုက်ခဲ့တဲ့အမှု တရားရုံးက စွဲချက်တင် စစ်ဆေးရန် အမိန့်ချ

မန္တလေး၊ဇူလိုင် ၃၁-၂၀၁၉

ဟိန်းကို(VOM)

 

မန္တလေးမြို့တွင် ၂၀၁၈ခုနှစ် နိုဝင်ဘာ ၈ရက်နေ့ညပိုင်းက ၂၆လမ်းနဲ့ ၇၈လမ်းထောင့် မီးပွိုင့်မှာ မီးနီရပ်စောင့်နေတဲ့ ဆိုင်ကယ်နဲ့လူငယ်နှစ်ဦးကို ပြိုင်ကားတစ်စီးက ဝင်ရောက်တိုက်ခဲ့ဖြစ်စဉ်က ယာဉ်မောင်းကို အောင်မြေသာစံမြို့နယ်တရားရုံးက ဒီကနေ့နေ့လည်ပိုင်းမှာ ပုဒ်မ-၃၀၄(က) (လူသတ်မှုမမြောက်သည့် ရာဇဝတ်ပြစ်ဒဏ်ထိုက်သောလူသေမှု)နဲ့ စွဲချက်တင်စစ်ဆေးရန် အမိန့်ချခဲ့ပါတယ်။

 

ဖြစ်စဉ်ဖြစ်တဲ့ နေ့မှာပဲ ဆိုင်ကယ်နဲ့လူငယ်နှစ်ဦးဟာ သေဆုံးသွားခဲ့တဲ့အတွက် ပြိုင်ကားမောင်းနှင်လာတဲ့ ယာဉ်မောင်း သန်းထက်အောင် အသက်(၂၆)နှစ် ကို

အောင်မြေသာစံမြို့နယ် တရားရုံးသို့ တရားလိုဖြစ်သူ ရဲအုပ်သန်းဇော်ဦးက ရာကြီးမှုအမှတ်- ၁၆၉၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၀၄(က)ဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar#ပြိုင်ကားတိုက်မှု #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW