ရသေ့တောင်၊သြဂုတ်၁-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊မြောက်ပိုင်းဒေသရသေ့တောင်မြို့နယ်အငူမော်ကျေးရွာနှင့်မောင်တောမြို့သို့ဆက်သွယ်ဖောက်လုပ်ထားတဲ့ကားလမ်းအတွင်းယနေ့နံနက်ပိုင်း၇နာရီဝန်းကျင်လောက်ကတပ်မတော်ကားတန်းတစ်ခုမိုင်းဆွဲတိုက်ခိုက်ခံလိုက်ရပါတယ်။ အဲ့ဒီကားတန်းဟာအငူမော်ဘက်ကနေမောင်တောဘက်သို့သွားနေတဲ့ကားတန်းဖြစ်ပြီးရသေ့တောင်မြို့နယ်အောင်ဗလကျေးရွာနဲ့ဒုံးပိုက်ကျေးရွာအကြားတပ်မတော်ကားတန်းအနီးမှာပေါက်ကွဲခဲ့တာဖြစ်ပြီးထိခိုက်ဒဏ်ရာရရှိတာမရှိဘူးလို့တပ်မတော်ဘက်ကပြောပါတယ်။ “ကားတန်းမိုင်းဆွဲတိုက်ခိုက်ခံရတာဟုတ်ပါတယ်။မနက်ပိုင်း၇နာရီဝန်းကျင်လောက်ကဖြစ်တာပါ။ဘာမှတော့မဖြစ်ဘူး။အေအေဘက်ကနေပြီးတော့တိုက်ခိုက်တာဖြစ်ပါတယ်။”လို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီးပထမတန်းဗိုလ်မှူးကြီးဝင်းဇော်ဦးကအတည်ပြုပြောကြားပါတယ်။ အခုလိုတပ်မတော်ကားတန်းကိုမိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့အတွက်အဲ့ဒီအနီးအနားမှာရှိတဲ့ကျေးရွာသားတွေအနေနဲ့တစ်စုတစ်ခုဖြစ်ပွားလာမှာကိုစိုးရိမ်ကြောက်လန့်နေကြတာဖြစ်ပါတယ်။ “ကျွန်တော်တို့ကတော့မိုင်းဆွဲတိုက်ခိုက်တာလားတော့မသိဘူး။ပေါက်ကွဲသံတော့ကြားလိုက်ရတယ်။ဘယ်လိုအခြေအနေရှိလဲဆိုတာလဲမသိဘူး။ရွာတွေကိုဝင်ပြီးတော့ဖမ်းလားဆီးလားဖြစ်မှာကိုပဲစိုးရိမ်နေကြပါတယ်။ရွာသားတွေကတော့ဘယ်မှလဲမသွားရဲကြဘူးဖြစ်နေတယ်။”လို့ဒေသခံတစ်ဦးကပြောပါတယ်။ ဒါ့အပြင်ဒီရက်ပိုင်းအတွင်းပုဏ္ဏားကျွန်းမြို့နယ်နဲ့ရသေ့တောင်မြို့နယ်တွေအတွင်းမှာမိုင်းပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာတပ်မတော်နဲ့AA တို့အကြားတိုက်ပွဲတွေလည်းဆက်တိုက်ဖြစ်ပွားနေကြတာဖြစ်ပါတယ်။ #voiceofmyanmar #ရသေ့တောင် #တပ်မတော်ယာဉ်တန်းမိုင်းဆွဲတိုက်ခံရ
Read MoreDay: August 1, 2019
မင်းတုန်းမြို့မှာ H1N1 ပိုး စတွေ့
မင်းတုန်း-သြဂုတ် ၁-၂၀၁၉ ဂျန်ကိုးလ်(VOM) မကွေးတိုင်းဒေသကြီးသရက်ခရိုင်မင်းတုန်းမြို့ကကောင်းမှန်ဘော်ဒါဆောင်မှာနေတဲ့ နဝမတန်းကျောင်းသူ၂ဦးရဲ့ရောဂါကို သြဂုတ် ၁ရက်မနက်၁၁နာရီခန့်ကစစ်ဆေးတာမှာH1N1ရောဂါပိုးတွေ့လို့ မကွေးတိုင်းဆေးရုံကြီးကို ချက်ချင်းလွှဲပေးလိုက်ရတယ်လို့ ဆေးရုံအသိုင်းအဝိုင်းကသိရပါတယ်။ “ပထမစတွေ့တဲ့ ကလေးမလေးက ထန်းညှောင့်တင်ရွာကဒီမှာဘော်ဒါနေပြီး ကျောင်းတက်နေတာရောဂါပိုးတွေ့တာ၂ယောက်ဟုတ်တယ်၁၅နှစ်အရွယ်မ—- နောက်တယောက်က ထန်းညှောင့်တင်ရွာက ၉တန်းကျောင်းသူမ —”လို့ပရဟိတအဖွဲ့ကဦးမြင့်အောင်ကပြောပါတယ်။ ပို့တွေ့ကျောင်းသူ၂ဦးကိုမင်းတုန်းမြို့ကပရဟိတအဖွဲ့ကမကွေးဆေးရုံကိုနေ့လည်၁၂နာရီခန့်မှာလိုက်လံပို့ဆောင်ပေးနေတယ်လို့သိရပါတယ် ။ “ဟုတ်တယ်ပိုးတွေ့တာမှန်ပါတယ်ကိုးတန်းအရွယ်မိန်းကလေး၂ယောက်ပါပိုးတွေ့တာပါအခြေအနေမဆိုးသေးပါဘူးမကွေးကိုလွှဲလိုက်တယ်အခုအလုပ်အရမ်းများနေလို့ပါနော်” လို့မင်းတုန်းဆေးရုံအုပ် ဒေါက်တာထွန်းလင်းအောင်က အတည်ပြုဖြေကြားပေးပါတယ်။ မင်းတုန်းမြို့ဟာလူဦးရေ ၅သောင်းခန့်သာရှိပြီး ကျောင်းပညာရေးဟာလမ်းပမ်းအခက်အခဲတွေကြောင့်မြို့ပေါ်ကဘော်ဒါကျူရှင်တွေမှာ ကျောင်းအိပ်ကျောင်းစားနဲ့နေထိုင်ပြီး အထက်တန်းကျောင်းကိုတက်ကြရတာဖြစ်ပါတယ်။ လတ်တလော ဖြစ်ပွားနေတဲ့ H1N1 ရောဂါပိုးကြောင့် နိုင်ငံတဝှမ်းမှာ ၈၁ ဦး သေဆုံးပြီးဖြစ်တယ်လို့ ကျမ္မာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ #voiceofmyanmar #မင်းတုန်း #H1N1
Read Moreဘင်လာဒင်ရဲ့သားဖြစ်သူဟမ်ဇားဘင်လာဒင်သေဆုံးပြီ
ဝါရှင်တန်၊သြဂုတ်-၁-၂၀၁၉ မျိုးဆက်(VOM) အယ်လ်ခိုင်ဒါအဖွဲ့တည်ထောင်သူအိုစမာဘင်လာဒင်ရဲ့ သားဖြစ်သူဟမ်ဇားဘင်လာဒင်ဟာလေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်းမှာသေဆုံးသွားပြီလို့ထောက်လှမ်းရေးတာဝန်ရှိသူတွေကိုကိုးကားပြီးအမေရိကန်သတင်းဌာနတွေကဖော်ပြပါတယ်။ ဟမ်ဇားဘင်လာဒင်သေဆုံးတဲ့နေရာနဲ့အချိန်ကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ဒီကိစ္စနဲ့ပတ်သက်လို့အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်ကတော့မှတ်ချက်ပေးတာမျိုးမရှိပါဘူး။ အသက်၃၀အရွယ်ရှိပြီလို့ယူဆရတဲ့ဟမ်ဇားဘင်လာဒင်ဟာအမေရိကန်နဲ့အခြားနိုင်ငံတွေကိုတိုက်ခိုက်ဖို့အတွက်တိုက်တွန်းတဲ့အသံနဲ့ရုပ်သံမက်ဆေ့ခ်ျတွေကိုထုတ်လွှင့်ခဲ့ပါတယ်။ သူ့ကိုဖမ်းဆီးနိုင်ရေးသတင်းအချက်အလက်ပေးနိုင်မယ်ဆိုရင် ဒေါ်လာတစ်သန်းပေးမယ်လို့အမေရိကန်အစိုးရက ဖေဖော်ဝါရီလအတွင်း ကမ်းလှမ်းခဲ့ပါတယ်။သူသေဆုံးသွားပြီးဆိုတဲ့သတင်းကိုအမည်မဖော်လိုတဲ့အမေရိကန်ထောက်လှမ်းရေးတာဝန်ရှိသူတွေကိုကိုးကားပြီးအင်န်ဘီစီ၊နယူးယောက်တိုင်းမ်၊စီအင်န်အင်န်အပါအ၀င်အမေရိကန်သတင်းဌာနတွေမှာကျယ်ကျယ်ပြန့်ပြန့်ဖော်ပြထားပါတယ်။ ဒါပေမယ့်အယ်လ်ခိုင်ဒါအဖွဲ့ဘက်ကတော့အတည်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး။ပြီးခဲ့တဲ့နှစ်နှစ်ကအမေရိကန်ပါဝင်တဲ့စစ်ဆင်ရေးတစ်ခုအတွင်းမှာသေဆုံးခဲ့တာဖြစ်တယ်လို့သတင်းတွေမှာဖော်ပြထားပြီးတိကျတဲ့အချိန်နေရာကိုတော့ရှင်းရှင်းလင်းလင်းဖော်ပြထားတာမရှိပါဘူး။ Ref : BBC Photo : CIA #voiceofmyanmar #အိုစမာဘင်လာဒင် #ဟမ်ဇားဘင်လာဒင် #ဘင်လာဒင်သားသေဆုံး
Read Moreပဲခူးတိုင်းဝန်ကြီးချုပ်အပါအဝင် (၈)ဦးကို စည်ပင်ဥက္ကဋ္ဌဟောင်းက စွဲဆိုထားတဲ့အမှု မနက်ဖြန် ကနဦးစစ်ဆေးမယ်။
သာယာဝတီ-သြဂုတ် ၁-၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းအပါအဝင်(၈)ဦးကို သာယာဝတီခရိုင် သာယာဝတီမြို့နယ် စည်ပင်သာယာကော်မတီ ဥက္ကဋ္ဌဟောင်း ဦးကျော်ဆန်းအောင်က ပြီးခဲ့တဲ့မေလ၁၇ရက်နေ့က နေပြည်တော်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ တရားစွဲထားတဲ့အမှု သြဂုတ်၂ရက်နေ့မှာကနဦး ကြားနာစစ်ဆေးသွားမှာဖြစ်ပါတယ်။ တိုင်းတန်းထားသူ ဦးကျော်ဆန်းအောင် ပြောပြတာက `ကျနော့်အနေနဲ့အမှုမှန်ပေါ်စေချင်ပါတယ်ဖြစ်စဉ်အမှန်အတိုင်းဖြစ်ဖို့နဲ့တရားရေးက စစ်မှန်စွာဖြေရှင်းဆောင်ရွက်ပေးဖို့် အမှန်တရားပေါ်ထွက်လာဖို့မျှော်လင့်ပါတယ်လို့” ပြောပါတယ်။ “ ပြည်ထောင်စုတရားသူကြီး(၃)ဦးပါအဖွဲ့ကကနဦးကြားနာစစ်ဆေးမှုလုပ်မှာပါ၊ ဒီအမှုမှာဆက်လက်စုံစမ်းအရေးယူဖို့အကြောင်းရှိလားမရှိလားဆိုတာလျှောက်လဲချက်ပေးရမှာပါ၊ ဝန်ထမ်းတစ်ယောက်ရဲ့ နိုင်ငံဝန်ထမ်းဥပဒေပါအခွင့်အရေးတွေ ဆုံးရှုံးနေတာနိုင်ငံသားတစ်ယောက်ရဲ့ ခုခံချေပခွင့်တွေဆုံးရှုံးနေတာတွေကိုအာဏာပေးစာချွန်တော်ထုတ်ဆင့်ပေးဖို့အတွက်ကို လက်ခံပါတယ်ဆိုတဲ့ဟာ အကြောင်းပေါ်ပေါက်တယ်ဆိုရင်တရားရုံးကဒီဟာကိုဖြေရှင်းပေးဖို့အတွက်လျောက်ထားခံရသူများကိုဆင့်ဆိုမှာပါကြားနာစစ်ဆေးဖို့သင့်ရင်လက်ခံမှာပါကြားနာစစ်ဆေးဖိုမသင့်ရင်တော့ပယ်မှာပါလို့´တရားလွှတ်တော်ရှေ့နေဦးမင်းသက်ဇင်ကVOMကိုပြောပါတယ်။ ငွေကြေးအလွဲသုံးစားလုပ်တယ်ဆိုပြီးရာထူးကထုတ်ပယ်ခံရတဲ့အပေါ် မှာ ကာယကံရှင်က ငွေကြေးအလွဲသုံးစားလုပ်တာမရှိတဲ့အကြောင်း သက်သေတွေလည်းရှိပါတယ်၊ တိုင်းအစိုးရကဖွဲ့စည်းပေးတဲ့အဖွဲ့ဝင်ငါးဦးပါရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့ကဥပဒေနဲ့အညီခုခံချေပခွင့်သက်သေတင်ပြခွင့်မပေးဘဲတစ်ဘက်သတ်ဆုံးဖြတ်ခဲ့တယ်ဒါကြောင့်တိုင်းအစိုးရဝန်ကြီးချုပ်လယ်/ဆည်ဝန်ကြီးစည်ပင်ဝန်ကြီးအပါအဝင် ရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့ပါဝန်ထမ်းငါးဦးပေါင်းရှစ်ဦးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့တရားစွဲဆိုခဲ့သူ ဦးကျော်ဆန်းအောင် ကပြောပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအဲဒီအမှုကိုရာဇဝတ်အထွေထွေအမှုအမှတ်၃၆/၂၀၁၉နဲ့ လက်ခံခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့လယ်/ဆည်ဝန်ကြီးကိုဆက်သွယ်မေးမြန်းခဲ့ပေမယ့်အစည်းအဝေးရှိလို့်ဆိုပြီး ဖုန်းဖြေဆိုမပေးတဲ့အတွက် တရားစွဲခံရသူတွေဘက်ကိုတော့ မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။ #voiceofmyanmar #ပဲခူးတိုင်း #ဝန်ကြီးချုပ်ကိုတရားစွဲ #စည်ပင်ဥက္ကဋ္ဌဟောင်း
Read More