မင်းတုန်းမြို့မှာ H1N1 ပိုး စတွေ့

မင်းတုန်း-သြဂုတ် ၁-၂၀၁၉

ဂျန်ကိုးလ်(VOM)

 

မကွေးတိုင်းဒေသကြီးသရက်ခရိုင်မင်းတုန်းမြို့ကကောင်းမှန်ဘော်ဒါဆောင်မှာနေတဲ့ နဝမတန်းကျောင်းသူ၂ဦးရဲ့ရောဂါကို သြဂုတ် ၁ရက်မနက်၁၁နာရီခန့်ကစစ်ဆေးတာမှာH1N1ရောဂါပိုးတွေ့လို့ မကွေးတိုင်းဆေးရုံကြီးကို ချက်ချင်းလွှဲပေးလိုက်ရတယ်လို့ ဆေးရုံအသိုင်းအဝိုင်းကသိရပါတယ်။

 

“ပထမစတွေ့တဲ့ ကလေးမလေးက ထန်းညှောင့်တင်ရွာကဒီမှာဘော်ဒါနေပြီး ကျောင်းတက်နေတာရောဂါပိုးတွေ့တာ၂ယောက်ဟုတ်တယ်၁၅နှစ်အရွယ်မ—- နောက်တယောက်က ထန်းညှောင့်တင်ရွာက ၉တန်းကျောင်းသူမ —”လို့ပရဟိတအဖွဲ့ကဦးမြင့်အောင်ကပြောပါတယ်။

 

ပို့တွေ့ကျောင်းသူ၂ဦးကိုမင်းတုန်းမြို့ကပရဟိတအဖွဲ့ကမကွေးဆေးရုံကိုနေ့လည်၁၂နာရီခန့်မှာလိုက်လံပို့ဆောင်ပေးနေတယ်လို့သိရပါတယ် ။

 

“ဟုတ်တယ်ပိုးတွေ့တာမှန်ပါတယ်ကိုးတန်းအရွယ်မိန်းကလေး၂ယောက်ပါပိုးတွေ့တာပါအခြေအနေမဆိုးသေးပါဘူးမကွေးကိုလွှဲလိုက်တယ်အခုအလုပ်အရမ်းများနေလို့ပါနော်” လို့မင်းတုန်းဆေးရုံအုပ် ဒေါက်တာထွန်းလင်းအောင်က အတည်ပြုဖြေကြားပေးပါတယ်။

 

မင်းတုန်းမြို့ဟာလူဦးရေ ၅သောင်းခန့်သာရှိပြီး ကျောင်းပညာရေးဟာလမ်းပမ်းအခက်အခဲတွေကြောင့်မြို့ပေါ်ကဘော်ဒါကျူရှင်တွေမှာ ကျောင်းအိပ်ကျောင်းစားနဲ့နေထိုင်ပြီး အထက်တန်းကျောင်းကိုတက်ကြရတာဖြစ်ပါတယ်။

 

လတ်တလော ဖြစ်ပွားနေတဲ့ H1N1 ရောဂါပိုးကြောင့် နိုင်ငံတဝှမ်းမှာ ၈၁ ဦး သေဆုံးပြီးဖြစ်တယ်လို့ ကျမ္မာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

#voiceofmyanmar #မင်းတုန်း #H1N1

 

Related posts

Leave a Comment

VOM News

FREE
VIEW