မောင်တောအငူမော်ကားလမ်းမှာတပ်မတော်ကားတန်းကိုမိုင်းဆွဲတိုက်ခိုက်

ရသေ့တောင်၊သြဂုတ်၁-၂၀၁၉ ခိုင်လင်းစံ(VOM)   ရခိုင်ပြည်နယ်၊မြောက်ပိုင်းဒေသရသေ့တောင်မြို့နယ်အငူမော်ကျေးရွာနှင့်မောင်တောမြို့သို့ဆက်သွယ်ဖောက်လုပ်ထားတဲ့ကားလမ်းအတွင်းယနေ့နံနက်ပိုင်း၇နာရီဝန်းကျင်လောက်ကတပ်မတော်ကားတန်းတစ်ခုမိုင်းဆွဲတိုက်ခိုက်ခံလိုက်ရပါတယ်။   အဲ့ဒီကားတန်းဟာအငူမော်ဘက်ကနေမောင်တောဘက်သို့သွားနေတဲ့ကားတန်းဖြစ်ပြီးရသေ့တောင်မြို့နယ်အောင်ဗလကျေးရွာနဲ့ဒုံးပိုက်ကျေးရွာအကြားတပ်မတော်ကားတန်းအနီးမှာပေါက်ကွဲခဲ့တာဖြစ်ပြီးထိခိုက်ဒဏ်ရာရရှိတာမရှိဘူးလို့တပ်မတော်ဘက်ကပြောပါတယ်။   “ကားတန်းမိုင်းဆွဲတိုက်ခိုက်ခံရတာဟုတ်ပါတယ်။မနက်ပိုင်း၇နာရီဝန်းကျင်လောက်ကဖြစ်တာပါ။ဘာမှတော့မဖြစ်ဘူး။အေအေဘက်ကနေပြီးတော့တိုက်ခိုက်တာဖြစ်ပါတယ်။”လို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီးပထမတန်းဗိုလ်မှူးကြီးဝင်းဇော်ဦးကအတည်ပြုပြောကြားပါတယ်။     အခုလိုတပ်မတော်ကားတန်းကိုမိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့အတွက်အဲ့ဒီအနီးအနားမှာရှိတဲ့ကျေးရွာသားတွေအနေနဲ့တစ်စုတစ်ခုဖြစ်ပွားလာမှာကိုစိုးရိမ်ကြောက်လန့်နေကြတာဖြစ်ပါတယ်။   “ကျွန်တော်တို့ကတော့မိုင်းဆွဲတိုက်ခိုက်တာလားတော့မသိဘူး။ပေါက်ကွဲသံတော့ကြားလိုက်ရတယ်။ဘယ်လိုအခြေအနေရှိလဲဆိုတာလဲမသိဘူး။ရွာတွေကိုဝင်ပြီးတော့ဖမ်းလားဆီးလားဖြစ်မှာကိုပဲစိုးရိမ်နေကြပါတယ်။ရွာသားတွေကတော့ဘယ်မှလဲမသွားရဲကြဘူးဖြစ်နေတယ်။”လို့ဒေသခံတစ်ဦးကပြောပါတယ်။   ဒါ့အပြင်ဒီရက်ပိုင်းအတွင်းပုဏ္ဏားကျွန်းမြို့နယ်နဲ့ရသေ့တောင်မြို့နယ်တွေအတွင်းမှာမိုင်းပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာတပ်မတော်နဲ့AA တို့အကြားတိုက်ပွဲတွေလည်းဆက်တိုက်ဖြစ်ပွားနေကြတာဖြစ်ပါတယ်။   #voiceofmyanmar #ရသေ့တောင် #တပ်မတော်ယာဉ်တန်းမိုင်းဆွဲတိုက်ခံရ

Read More

မင်းတုန်းမြို့မှာ H1N1 ပိုး စတွေ့

မင်းတုန်း-သြဂုတ် ၁-၂၀၁၉ ဂျန်ကိုးလ်(VOM)   မကွေးတိုင်းဒေသကြီးသရက်ခရိုင်မင်းတုန်းမြို့ကကောင်းမှန်ဘော်ဒါဆောင်မှာနေတဲ့ နဝမတန်းကျောင်းသူ၂ဦးရဲ့ရောဂါကို သြဂုတ် ၁ရက်မနက်၁၁နာရီခန့်ကစစ်ဆေးတာမှာH1N1ရောဂါပိုးတွေ့လို့ မကွေးတိုင်းဆေးရုံကြီးကို ချက်ချင်းလွှဲပေးလိုက်ရတယ်လို့ ဆေးရုံအသိုင်းအဝိုင်းကသိရပါတယ်။   “ပထမစတွေ့တဲ့ ကလေးမလေးက ထန်းညှောင့်တင်ရွာကဒီမှာဘော်ဒါနေပြီး ကျောင်းတက်နေတာရောဂါပိုးတွေ့တာ၂ယောက်ဟုတ်တယ်၁၅နှစ်အရွယ်မ—- နောက်တယောက်က ထန်းညှောင့်တင်ရွာက ၉တန်းကျောင်းသူမ —”လို့ပရဟိတအဖွဲ့ကဦးမြင့်အောင်ကပြောပါတယ်။   ပို့တွေ့ကျောင်းသူ၂ဦးကိုမင်းတုန်းမြို့ကပရဟိတအဖွဲ့ကမကွေးဆေးရုံကိုနေ့လည်၁၂နာရီခန့်မှာလိုက်လံပို့ဆောင်ပေးနေတယ်လို့သိရပါတယ် ။   “ဟုတ်တယ်ပိုးတွေ့တာမှန်ပါတယ်ကိုးတန်းအရွယ်မိန်းကလေး၂ယောက်ပါပိုးတွေ့တာပါအခြေအနေမဆိုးသေးပါဘူးမကွေးကိုလွှဲလိုက်တယ်အခုအလုပ်အရမ်းများနေလို့ပါနော်” လို့မင်းတုန်းဆေးရုံအုပ် ဒေါက်တာထွန်းလင်းအောင်က အတည်ပြုဖြေကြားပေးပါတယ်။   မင်းတုန်းမြို့ဟာလူဦးရေ ၅သောင်းခန့်သာရှိပြီး ကျောင်းပညာရေးဟာလမ်းပမ်းအခက်အခဲတွေကြောင့်မြို့ပေါ်ကဘော်ဒါကျူရှင်တွေမှာ ကျောင်းအိပ်ကျောင်းစားနဲ့နေထိုင်ပြီး အထက်တန်းကျောင်းကိုတက်ကြရတာဖြစ်ပါတယ်။   လတ်တလော ဖြစ်ပွားနေတဲ့ H1N1 ရောဂါပိုးကြောင့် နိုင်ငံတဝှမ်းမှာ ၈၁ ဦး သေဆုံးပြီးဖြစ်တယ်လို့ ကျမ္မာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။   #voiceofmyanmar #မင်းတုန်း #H1N1  

Read More

ဘင်လာဒင်ရဲ့သားဖြစ်သူဟမ်ဇားဘင်လာဒင်သေဆုံးပြီ

ဝါရှင်တန်၊သြဂုတ်-၁-၂၀၁၉ မျိုးဆက်(VOM)   အယ်လ်ခိုင်ဒါအဖွဲ့တည်ထောင်သူအိုစမာဘင်လာဒင်ရဲ့ သားဖြစ်သူဟမ်ဇားဘင်လာဒင်ဟာလေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်းမှာသေဆုံးသွားပြီလို့ထောက်လှမ်းရေးတာဝန်ရှိသူတွေကိုကိုးကားပြီးအမေရိကန်သတင်းဌာနတွေကဖော်ပြပါတယ်။   ဟမ်ဇားဘင်လာဒင်သေဆုံးတဲ့နေရာနဲ့အချိန်ကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ဒီကိစ္စနဲ့ပတ်သက်လို့အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်ကတော့မှတ်ချက်ပေးတာမျိုးမရှိပါဘူး။ အသက်၃၀အရွယ်ရှိပြီလို့ယူဆရတဲ့ဟမ်ဇားဘင်လာဒင်ဟာအမေရိကန်နဲ့အခြားနိုင်ငံတွေကိုတိုက်ခိုက်ဖို့အတွက်တိုက်တွန်းတဲ့အသံနဲ့ရုပ်သံမက်ဆေ့ခ်ျတွေကိုထုတ်လွှင့်ခဲ့ပါတယ်။   သူ့ကိုဖမ်းဆီးနိုင်ရေးသတင်းအချက်အလက်ပေးနိုင်မယ်ဆိုရင်  ဒေါ်လာတစ်သန်းပေးမယ်လို့အမေရိကန်အစိုးရက  ဖေဖော်ဝါရီလအတွင်း  ကမ်းလှမ်းခဲ့ပါတယ်။သူသေဆုံးသွားပြီးဆိုတဲ့သတင်းကိုအမည်မဖော်လိုတဲ့အမေရိကန်ထောက်လှမ်းရေးတာဝန်ရှိသူတွေကိုကိုးကားပြီးအင်န်ဘီစီ၊နယူးယောက်တိုင်းမ်၊စီအင်န်အင်န်အပါအ၀င်အမေရိကန်သတင်းဌာနတွေမှာကျယ်ကျယ်ပြန့်ပြန့်ဖော်ပြထားပါတယ်။   ဒါပေမယ့်အယ်လ်ခိုင်ဒါအဖွဲ့ဘက်ကတော့အတည်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး။ပြီးခဲ့တဲ့နှစ်နှစ်ကအမေရိကန်ပါဝင်တဲ့စစ်ဆင်ရေးတစ်ခုအတွင်းမှာသေဆုံးခဲ့တာဖြစ်တယ်လို့သတင်းတွေမှာဖော်ပြထားပြီးတိကျတဲ့အချိန်နေရာကိုတော့ရှင်းရှင်းလင်းလင်းဖော်ပြထားတာမရှိပါဘူး။   Ref : BBC Photo : CIA   #voiceofmyanmar #အိုစမာဘင်လာဒင် #ဟမ်ဇားဘင်လာဒင် #ဘင်လာဒင်သားသေဆုံး

Read More

ပဲခူးတိုင်းဝန်​ကြီးချုပ်​အပါအဝင် (၈)ဦးကို စည်​ပင်ဥက္ကဋ္ဌဟောင်းက စွဲဆိုထားတဲ့အမှု မနက်ဖြန် ကနဦးစစ်​​ဆေးမယ်။

သာယာဝတီ-သြဂုတ် ၁-၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်းဝန်​ကြီးချုပ်​ ဦးဝင်းသိန်းအပါအဝင်(၈)ဦးကို သာယာဝတီခရိုင်​ သာယာဝတီမြို့နယ်​ စည်​ပင်​သာယာ​ကော်​မတီ ဥက္ကဋ္ဌဟောင်း ဦး​ကျော်​ဆန်း​အောင်​က ​ပြီးခဲ့တဲ့​မေလ၁၇ရက်​​နေ့က ​နေပြည်​​တော်​ပြည်​​ထောင်​စုတရားလွှတ်​​တော်​ချုပ်​ရုံးမှာ တရားစွဲထားတဲ့အမှု  သြဂုတ်​၂ရက်​​နေ့မှာကနဦး ကြားနာစစ်​​ဆေးသွားမှာဖြစ်​ပါတယ်။   တိုင်းတန်းထားသူ  ဦး​ကျော်​ဆန်း​အောင် ပြောပြတာ​က​ `ကျ​နော့်​အ​နေနဲ့အမှုမှန်​​ပေါ်​စေချင်​ပါတယ်​ဖြစ်​စဉ်​အမှန်​အတိုင်းဖြစ်​ဖို့နဲ့တရား​ရေးက စစ်​မှန်​စွာ​ဖြေရှင်း​ဆောင်​ရွက်​​ပေးဖို့်​ အမှန်​တရား​ပေါ်ထွက်​လာဖို့​မျှော်​လင့်​ပါတယ်​လို့” ​ပြောပါတယ်​။   “ ပြည်​​ထောင်​စုတရားသူကြီး(၃)ဦးပါအဖွဲ့ကကနဦးကြားနာစစ်​​ဆေးမှုလုပ်​မှာပါ၊ ဒီအမှုမှာဆက်​လက်​စုံစမ်းအ​ရေးယူဖို့အ​ကြောင်းရှိလားမရှိလားဆိုတာ​​လျှောက်​လဲချက်​​ပေးရမှာပါ၊ ဝန်​ထမ်းတစ်​​ယောက်​ရဲ့ နိုင်​ငံဝန်​ထမ်းဥပ​ဒေပါအခွင့်​အ​ရေး​တွေ ဆုံးရှုံး​နေတာနို​င်​ငံသားတစ်​​ယောက်​ရဲ့ ခုခံ​ချေပခွင့်​​တွေဆုံးရှုံး​နေတာတွေကိုအာဏာ​ပေးစာချွန်​​တော်​ထုတ်​ဆင့်​ပေးဖို့အတွက်​ကို လက်​ခံပါတယ်​ဆိုတဲ့ဟာ အကြောင်း​ပေါ်​ပေါက်​တယ်​ဆိုရင်​တရားရုံးကဒီဟာကို​ဖြေရှင်း​ပေးဖို့အတွက်​​လျောက်​ထားခံရသူများကိုဆင့်​ဆိုမှာပါကြားနာစစ်​​ဆေးဖို့သင့်​ရင်​လက်​ခံမှာပါကြားနာစစ်​​ဆေးဖို​မသင့်​ရင်​​တော့ပယ်​မှာပါလို့´တရားလွှတ်​​တော်​​ရှေ့​နေဦးမင်းသက်​ဇင်​ကVOMကို​ပြောပါတယ်​။   ​​ငွေ​ကြေးအလွဲသုံးစားလုပ်​တယ်​ဆိုပြီးရာထူးကထုတ်​ပယ်​ခံရတဲ့အ​ပေါ် မှာ ကာယကံရှင်က ​ငွေ​ကြေးအလွဲသုံးစားလုပ်​တာမရှိတဲ့အ​ကြောင်း သက်​​သေ​တွေလည်းရှိပါတယ်၊ ​တိုင်းအစိုးရကဖွဲ့စည်း​ပေးတဲ့အဖွဲ့ဝင်​ငါးဦးပါ​ရှေးဦးစုံစမ်းစစ်​​ဆေး​ရေးအဖွဲ့ကဥပ​ဒေနဲ့အညီခုခံ​ချေပခွင့်​သက်​​သေတင်​ပြခွင့်​မ​ပေးဘဲတစ်​ဘက်​သတ်​ဆုံးဖြတ်​ခဲ့တယ်​ဒါ​ကြောင့်​တိုင်းအစိုးရဝန်​ကြီးချုပ်​လယ်​/ဆည်​ဝန်​ကြီးစည်​ပင်​ဝန်​ကြီးအပါအဝင် ​ရှေးဦးစုံစမ်းစစ်​​ဆေး​ရေးအဖွဲ့ပါဝန်​ထမ်းငါးဦး​ပေါင်းရှစ်​ဦးကို ပြည်​​ထောင်​စုတရားလွှတ်​​တော်​ချုပ်​မှာ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့တရားစွဲဆိုခဲ့သူ ဦး​ကျော်​ဆန်း​အောင် က​ပြောပါတယ်​။   ပြည်​​ထောင်​စုတရားလွှတ်​​တော်​ချုပ်​ကအဲဒီအမှုကိုရာဇဝတ်​အ​ထွေ​ထွေအမှုအမှတ်​၃၆/၂၀၁၉နဲ့ လက်​ခံခဲ့ပါတယ်။  ဒီအမှုနဲ့ပတ်​သက်​လို့လယ်​/ဆည်​ဝန်​ကြီးကိုဆက်​သွယ်​​မေးမြန်းခဲ့ပေ​မယ့်​အစည်းအ​ဝေးရှိလို့်​ဆိုပြီး ဖုန်းဖြေဆိုမပေးတဲ့အတွက် တရားစွဲခံရသူတွေဘက်ကိုတော့ မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။   #voiceofmyanmar #ပဲခူးတိုင်း #ဝန်ကြီးချုပ်ကိုတရားစွဲ  #စည်ပင်ဥက္ကဋ္ဌဟောင်း  

Read More
VOM News

FREE
VIEW