ပဲခူးတိုင်းဝန်​ကြီးချုပ်​အပါအဝင် (၈)ဦးကို စည်​ပင်ဥက္ကဋ္ဌဟောင်းက စွဲဆိုထားတဲ့အမှု မနက်ဖြန် ကနဦးစစ်​​ဆေးမယ်။

သာယာဝတီ-သြဂုတ် ၁-၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်းဝန်​ကြီးချုပ်​ ဦးဝင်းသိန်းအပါအဝင်(၈)ဦးကို သာယာဝတီခရိုင်​ သာယာဝတီမြို့နယ်​ စည်​ပင်​သာယာ​ကော်​မတီ ဥက္ကဋ္ဌဟောင်း ဦး​ကျော်​ဆန်း​အောင်​က ​ပြီးခဲ့တဲ့​မေလ၁၇ရက်​​နေ့က ​နေပြည်​​တော်​ပြည်​​ထောင်​စုတရားလွှတ်​​တော်​ချုပ်​ရုံးမှာ တရားစွဲထားတဲ့အမှု  သြဂုတ်​၂ရက်​​နေ့မှာကနဦး ကြားနာစစ်​​ဆေးသွားမှာဖြစ်​ပါတယ်။

 

တိုင်းတန်းထားသူ  ဦး​ကျော်​ဆန်း​အောင် ပြောပြတာ​က

`ကျ​နော့်​အ​နေနဲ့အမှုမှန်​​ပေါ်​စေချင်​ပါတယ်​ဖြစ်​စဉ်​အမှန်​အတိုင်းဖြစ်​ဖို့နဲ့တရား​ရေးက စစ်​မှန်​စွာ​ဖြေရှင်း​ဆောင်​ရွက်​​ပေးဖို့်​ အမှန်​တရား​ပေါ်ထွက်​လာဖို့​မျှော်​လင့်​ပါတယ်​လို့” ​ပြောပါတယ်​။

 

“ ပြည်​​ထောင်​စုတရားသူကြီး(၃)ဦးပါအဖွဲ့ကကနဦးကြားနာစစ်​​ဆေးမှုလုပ်​မှာပါ၊ ဒီအမှုမှာဆက်​လက်​စုံစမ်းအ​ရေးယူဖို့အ​ကြောင်းရှိလားမရှိလားဆိုတာ​​လျှောက်​လဲချက်​​ပေးရမှာပါ၊ ဝန်​ထမ်းတစ်​​ယောက်​ရဲ့ နိုင်​ငံဝန်​ထမ်းဥပ​ဒေပါအခွင့်​အ​ရေး​တွေ ဆုံးရှုံး​နေတာနို​င်​ငံသားတစ်​​ယောက်​ရဲ့ ခုခံ​ချေပခွင့်​​တွေဆုံးရှုံး​နေတာတွေကိုအာဏာ​ပေးစာချွန်​​တော်​ထုတ်​ဆင့်​ပေးဖို့အတွက်​ကို လက်​ခံပါတယ်​ဆိုတဲ့ဟာ အကြောင်း​ပေါ်​ပေါက်​တယ်​ဆိုရင်​တရားရုံးကဒီဟာကို​ဖြေရှင်း​ပေးဖို့အတွက်​​လျောက်​ထားခံရသူများကိုဆင့်​ဆိုမှာပါကြားနာစစ်​​ဆေးဖို့သင့်​ရင်​လက်​ခံမှာပါကြားနာစစ်​​ဆေးဖို​မသင့်​ရင်​​တော့ပယ်​မှာပါလို့´တရားလွှတ်​​တော်​​ရှေ့​နေဦးမင်းသက်​ဇင်​ကVOMကို​ပြောပါတယ်​။

 

ငွေ​ကြေးအလွဲသုံးစားလုပ်​တယ်​ဆိုပြီးရာထူးကထုတ်​ပယ်​ခံရတဲ့အ​ပေါ် မှာ ကာယကံရှင်က ​ငွေ​ကြေးအလွဲသုံးစားလုပ်​တာမရှိတဲ့အ​ကြောင်း သက်​​သေ​တွေလည်းရှိပါတယ်၊ ​တိုင်းအစိုးရကဖွဲ့စည်း​ပေးတဲ့အဖွဲ့ဝင်​ငါးဦးပါ​ရှေးဦးစုံစမ်းစစ်​​ဆေး​ရေးအဖွဲ့ကဥပ​ဒေနဲ့အညီခုခံ​ချေပခွင့်​သက်​​သေတင်​ပြခွင့်​မ​ပေးဘဲတစ်​ဘက်​သတ်​ဆုံးဖြတ်​ခဲ့တယ်​ဒါ​ကြောင့်​တိုင်းအစိုးရဝန်​ကြီးချုပ်​လယ်​/ဆည်​ဝန်​ကြီးစည်​ပင်​ဝန်​ကြီးအပါအဝင် ​ရှေးဦးစုံစမ်းစစ်​​ဆေး​ရေးအဖွဲ့ပါဝန်​ထမ်းငါးဦး​ပေါင်းရှစ်​ဦးကို ပြည်​​ထောင်​စုတရားလွှတ်​​တော်​ချုပ်​မှာ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့တရားစွဲဆိုခဲ့သူ ဦး​ကျော်​ဆန်း​အောင် က​ပြောပါတယ်​။

 

ပြည်​​ထောင်​စုတရားလွှတ်​​တော်​ချုပ်​ကအဲဒီအမှုကိုရာဇဝတ်​အ​ထွေ​ထွေအမှုအမှတ်​၃၆/၂၀၁၉နဲ့ လက်​ခံခဲ့ပါတယ်။  ဒီအမှုနဲ့ပတ်​သက်​လို့လယ်​/ဆည်​ဝန်​ကြီးကိုဆက်​သွယ်​​မေးမြန်းခဲ့ပေ​မယ့်​အစည်းအ​ဝေးရှိလို့်​ဆိုပြီး ဖုန်းဖြေဆိုမပေးတဲ့အတွက် တရားစွဲခံရသူတွေဘက်ကိုတော့ မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။

 

#voiceofmyanmar #ပဲခူးတိုင်း #ဝန်ကြီးချုပ်ကိုတရားစွဲ  #စည်ပင်ဥက္ကဋ္ဌဟောင်း

 

Related posts

Leave a Comment

VOM News

FREE
VIEW