ရန်ကုန် စက်တင်ဘာ ၅-၂၀၁၉ သိဂီ င်္(VOM) သိန်း ၆၀၀ ကျော် ကုန်ကျခံဖော်ဆောင်နေတဲ့ စက်ဘီးစီးလမ်းပါ ရန်ကုန်မြို့ရဲ့ ပထမဆုံးသော Smart Street ကို ၁ လအတွင်းပြီးစီးအောင် လုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်း တံတား)ကသိရပါတယ်။ အဲဒီ smart လမ်းကို ရန်ကုန် ကျောက်တံတားမြို့နယ်ရှိ ဆိပ်ကမ်းသာလမ်း(အောက်) ကမ်းနားလမ်းနှင့် ကုန်သွယ်လမ်းပိုင်းမှာ ဖော်ဆောင်နေတာဖြစ်ပြီး စက်ဘီးလမ်း လူသွားစင်္ကြန် ပါဝင်သလို အတက်အဆင်းအတွက်လည်း အဆင်ပြေအောင် ဖန်တီးပုံဖော်ထားတယ်လို့သိရပါတယ်။ လမ်းကတော့ တစ်လမ်းမောင်းစနစ်ဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်း တံတား) ဌာနမှူး ဦးလင်းခိုင်ကပြောပါတယ်။ ” ရန်ကုန်မှာပထမဆုံးစတင်တဲ့ pilot project ဖြစ်ပါတယ်။YHT ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကှပညာရှင်တွေနဲ့ ycdc က လမ်းတံတား အဖွဲ့တို့ပူးပေါင်းပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ဘယ်တော့ပြီးမလဲဆိုရင် အမြန်ဆုံးတော့ပြီးအောင်ဆောင်ရွက်နေတယ် ။ဒီ တစ်လလောက်အတွင်းမှာပြီးဖို့…
Read MoreDay: September 5, 2019
ကချင်တက်ကြွလူငယ်နှစ်ဦးထောင်ချလို့ ကန့်ကွက်ဆန္ဒပြပွဲမှာ ခွင့်ပြုချက်မှာ မပါဝင်တဲ့ ဆိုင်းဘုတ် ၇ ခုလောက်ပါလို့ အရေးယူမယူအထက်ကို တင်ပြ
မြစ်ကြီးနား-စက်တင်ဘာ ၅-၂၀၁၉ ရန်အောင်ထွန်း (VOM) စစ်ရှောင်ဒုက္ခသည်တွေရဲ့ခံစားချက်တွေကို သရုပ်ဖော် တင်ဆက်ခဲ့တဲ့ ကချင်လူငယ် နှစ်ဦးကို ထောင် ၁၅ ရက်ချမှတ်လိုက်မှု ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲ စက်တင်ဘာ ၅ ရက် ဒီနေ့ပြုလုပ်တာမှာ ခွင့်ပြုချက်မှာ မပါဝင်တဲ့ ဆိုင်းဘုတ် ၇ မျိုးလောက်ပါနေတယ်လို့ မြစ်ကြီးနား မြို့နယ်ရဲမှူးက ပြောပါတယ်။ ဆန္ဒထုတ်ဖော်မှုခွင့်ပြုရာမှာ လွတ်လပ်သောတရားစီရင်မှုရရှိရေး ၊ စစ်ရှောင်ပြည်သူများ၏ ဘဝမှန် ခံစားချက်ကို အလေးထားပေးရေး ၊ IDP များ၏ဘဝမှန် တေးသရုပ်ဖော်တင်ဆက်ခြင်းအား အပြစ်ဒဏ်ပေးခြင်း အလိုမရှိ နှင့် မတရားသဖြင့် တရားစီရင်သော တရားသူကြီး အလိုမရှိဆိုတဲ့ ဗီနိုင်းစာသားနှင့် ကြွေးကြော်သံတွေကို ခွင့်ပြုခဲ့သည်ဟု သိရသည်။ ဆန္ဒပြသူတွေ ကိုင်ဆောင်ထားတဲ့ စားသားတွေထဲက I Hate War , War is…
Read Moreသတင်းမီဒီယာတွေအနေနဲ့ ပုံနှိပ်ထုတ်ဝေခြင်းစည်းကမ်းတွေကို လိုက်နာဖို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာအားလုံကို အသိပေးစာပို့
စက်တင်ဘာ ၅-၂၀၁၉ နေလင်း (VOM) ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အသိမှတ်ပြု လက်မှတ်ရပြီး လုပ်ငန်းလုပ်ကိုင်ကြသူတွေအနေနဲ့ ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်း စည်းကမ်းချက်များကို သိရှိလိုက်နာဖို့. ပြန်ကြားရေးဝန်ကြီးဌာနက စာပို့အကြောင်းကြားလာပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်လှထွန်းကိုမေးကြည့်တော့ ” ဒါကတော့ တချို့အေဂျင်စီနာမည်ခံတွေက ကျင့်ဝတ်လိုက်နာမှုအားနည်းတာတွေ မကြာခဏတွေ့ရလို့ သတင်းမီဒီယာအမည်ခံရင် ကျင့်ဝတ်နဲ့ စည်းကမ်းတွေလိုက်နာဖို့ သတိပေးတဲ့သဘောပါလို့ ” ဆိုပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်စဉ်က သတင်းမီဒီယာကောင်စီကချမှတ်ထားတဲ့ ကျင့်ဝတ်တွေ ဥပဒေတွေကို သိရှိလိုက်နာပါ့မယ်ဆိုတဲ့ ကတိခံဝန်နဲ့ လက်မှတ်ထိုးပြီး ပြန်ကြားရေးအသိမှတ်ပြု လက်မှတ်ထုတ်ပေးပြီး ခုမှ ထပ်ပြီး သတင်းမီဒီယာတွေကို သတိပေးလာတာဖြစ်ပါတယ်။ ဒီကိစ္စအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် မီဒီယာကျင့်ဝတ်နှင့် ဖွံ့ဖြိုးရေးကော်မတီ အတွင်းရေးမှူး ဦးဇေယျာလှိုင် ကိုမေးကြည့်တော့ “ ကျနော်တို့ အမ်ပီစီက သတင်းမီဒီယာအတုတွေ…
Read Moreလက်သည်မပေါ်တဲ့ ရှမ်းမြောက် ကားသမားတွေရဲ့ ဒုက္ခ
စက်တင်ဘာ ၅၊ ၂၀၁၉ VOM ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်ရာဝန်းကျင်၊ လားရှိုး-မူဆယ် လမ်းမကြီးပေါ်မှာ ဖြစ်ခဲ့တဲ့ ကားမီးရှို့ခံရတာတွေဟာ မြန်မာ့တပ်မတော်နဲ့ဖြစ်တဲ့ တိုက်ပွဲအတွင်း ဖြစ်ခဲ့တာလို့ မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ကြေငြာပါတယ်။ စက်တင်ဘာ ၃ ရက်နေ့က နမ့်ကွတ်ရွာနားမှာ ကုန်တင်ကားတွေနဲ့ အိမ်စီးကား စုစုပေါင်း ၇ စီး မီးရှို့ခံခဲ့ရပြီး ကားဆရာနဲ့ ခရီးသည်တွေကို လူမှုကယ်ဆယ်ရေးအသင်းတွေက ကွတ်ခိုင်မြို့ကို ပို့ဆောင်ပေးခဲ့ရပါတယ်။ ဘယ်အဖွဲ့လည်းဆိုတာ မသိရတဲ့ လက်နက်ကိုင်တွေက ကားတွေကို တားခဲ့ပြီး၊ ကားဆရာနဲ့ ခရီးသည်တွေဆီက လက်ကိုင်ဖုန်းတွေ၊ ယာဉ်မောင်းလိုင်စင်၊ မှတ်ပုံတင်နဲ့ ငွေတချို့ကို တောင်းယူပြီးနောက် ကားတွေကို မီးရှို့ခဲ့တာလို့ ခရီးသွားတွေဆီက သိရပါတယ်။ “ကျနော်တို့ကို ကားပေါ်ကဆင်းခိုင်းပြီး ကားဆရာတွေဆီက လိုင်စင်တွေ၊ မှတ်ပုံတင်တွေ တောင်းတယ်။ ပြီးတော့ ကျနော်တို့ အားလုံးဆီက ဖုန်းတွေကိုလည်း…
Read Moreအီရန် ရေနံတင်သင်္ဘောဖမ်းနိုင်ဖို့ သင်္ဘောကပ္ပတိန်ကို ဒေါ်လာသန်းပေါင်းများစွာ အမေရိကန်ကမ်းလှမ်း
ဝါရှင်တန်၊ စက်တင်ဘာ-၅-၂၀၁၉ မျိုးဆက် (VOM) ဂျီဘရော်လ်တာအာဏာပိုင်တွေက လွှတ်ပေးလိုက်တဲ့ အီရန်ရေနံတင်သဘောင်္ကို ဖမ်းဆီးနိုင်ဖို့ အဲဒီသင်္ဘောရဲ့ ကပ္ပတိန်ကို ဒေါ်လာသန်းပေါင်းများစွာ ကမ်းလှမ်းထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုလိုက်ပါတယ်။ အီရန်ရေနံတင်သင်္ဘော Adrian Darya 1 ကိုအမေရိကန်က ဖမ်းယူသိမ်းဆည်းနိုင်တဲ့ ဘယ်လိုနေရာမျိုးကိုမဆို ခုတ်မောင်းပေးဖို့ သင်္ဘောကပ္ပတိန်ထံ အမေရိကန်ရဲ့ အီရန်အပေါ် အရေးယူရေး အဖွဲ့အကြီးအကဲ ဘရိုင်ယန်ဟုခ်က အီးမေးပေးပို့ခဲ့တာဖြစ်ပါတယ်။ ရေနံတင်သင်္ဘာဟာ ဆီးရီးယားကိုရေနံတင်ပို့ဖို့ သွားရောက်နေတယ်လို့ သံသယဖြစ်ဖွယ်ရှိပြီး ဇူလိုင်လအတွင်း ဂျီဘရော်လ်တာရေလက်ကြားမှာ ဗြိတိန်အာဏာပိုင်တွေရဲ့ ခေတ္တဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပါတယ်။ သင်္ဘောသွားရောက်မယ့်နေရာနဲ့ ပတ်သက်လို့ အီရန်က အာမခံချက်တွေပေးပြီးနောက် ပြီးခဲ့တဲ့လမှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ အဲဒီသင်္ဘောပြန်မလွှတ်ဖို့ အားထုတ်လုပ်ဆောင်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ သင်္ဘောလွတ်မြောက်သွားပြီးနောက် ဖမ်းဆီးဖို့ ၀ရမ်းထုတ်ပြန်ခဲ့ပါတယ်။ အီရန်ရေနံတင်သင်္ဘော…
Read Moreမူဆယ်-မန္တလေးရထားလမ်းအတွက် အသင့်ဖြစ်ကြပြီလား
နေလင်း (VOM) မူဆယ်-မန္တလေးရထားလမ်းစီမံကိန်း ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလူထုတွေ့ဆုံပွဲတွေကို မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာ ခပ်စိပ်စိပ်လုပ်လာနေပါတယ်။ ၂၆ ကြိမ်ပြည့်အောင်ကျင်းပပြီး Ever Green Tech Environmental services and Training Co.,Ltd က ပညာရှင်တွေရဲ့ တွေ့ရှိချက်တွေ အပြင် လူထုတွေရဲ့ သဘောထားတွေကို ကောက်ခံမယ်လို့ လည်းသိရပါတယ်။ (Environmental Impact Assessment-EIA) ဆိုင်ရာလူထုတွေ့ဆုံပွဲတွေကို ဒီရက်ပိုင်း မန္တလေးတိုင်းပုသိမ်ကြီးမြို့ နဲ့ ပြင်ဦးလွင်မှာ ကျင်းပသလို စက်တင်ဘာ ၁ရက်နေ့က နောင်ချိုမှာလည်း လုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီပွဲမှာ အဓိကတော့ Ever Green Tech Environmental services and Training Co.,Ltd က ဦးဆောင်လုပ်ပြီး မြန်မာ့မီးရထားက တာဝန်ရှိသူတွေ နယ်မြေခံ အာဏာရပါတီက လွှတ်တော်ကိုယ်စားလှယ်တွေက ရှင်းပြကြပြီးတော့ လူထုက သူတို့ဆန္ဒတွေသိချင်တာတွေကို ပြောကြဆိုကြပါတယ်။…
Read Moreမန်းတက္ကသိုလ် ကျောင်းသားသပိတ် လေးရက်မြောက်အင်အားပိုတိုး
မန္တလေး၊စက်တင်ဘာ၅-၂၀၁၉ ဟိန်းကို(VOM) စက်တင်ဘာ၂ရက်နေ့မနက်ပိုင်းကတည်းကမန္တလေးတက္ကသိုလ်ပင်မဆောင်ရှေ့မှာကျောင်းဝင်းထဲFood Court ဆောက်လုပ်မှုနဲ့ပတ်သက်ပြီးထိုင်သပိတ်မှောက်နေတဲ့ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေစီကိုညီနောင်သမဂ္ဂအဖွဲ့ဝင်တွေနဲ့မန္တလေးတက္ကသိုလ်ကျောင်းသား/သူများပူးပေါင်းပါဝင်လာပြီးယနေ့လေးရက်မြောက်နေ့မှာကျောင်းသားထုအင်အားပိုမိုများပြားလာတာကိုတွေ့ရပါတယ်။ Food Court ဆောက်လုပ်မှုမှာသမဂ္ဂအဖွဲ့ဝင်များရဲ့လက်မှတ်တွေမန္တလေးတက္ကသိုလ်အာဏာပိုင်အဖွဲ့ကအတုပြုလုပ်ထားတာကို သပိတ်မှောက်ကျောင်းသား/သူတွေကခိုင်လုံတဲ့သက်သေတွေရှိထားတယ်လို့သိရပါတယ်။ “လက်မှတ်ပြုလုပ်တာကိုတရားစွဲဆိုမယ်ဆိုရင်ညီမတို့ခုလုပ်နေတာတွေကအရမ်းကြာသွားမယ်၊ညီမတို့က ကျောင်းလည်းပြီးတော့မယ်၊နောက်ပြီးသူတို့မှာကအာဏာရှိတယ်၊ငွေရှိတယ်၊ အကောင်းဆုံးရှေ့နေတွေငှားကြမှာပဲလေ၊ ဝန်ကြီးဌာနကတောင်ဘက်လိုက်နေပြီဆိုမှတော့သူတို့ရဲ့လက်တံဘယ်လောက်ရှည်လဲဆိုတာသိနိုင်တယ်”လို့သပိတ်မှောက်ကျောင်းသူမယမင်းသူကပြောပါတယ်။ သပိတ်မှောက်ကျောင်းသားတွေဟာသပိတ်မမှောက်ခင်ကာလကကျောင်းတာဝန်ရှိသူတွေနဲ့ဆွေးနွေးခဲ့တဲ့အပြင်သက်ဆိုင်ရာပညာရေးဝန်ကြီးဌာနနဲ့နိုင်ငံတော်သမ္မတရုံးအထိတိုင်ကြားမှုများပြုလုပ်ထားခြင်းဟာထူးခြားမှုရှိမလာတဲ့အတွက်သပိတ်မှောက်ဆန္ဒပြမှုပြုလုပ်နေတာဖြစ်ပါတယ်။ သပိတ်မှောက်ဆန္ဒပြမှုစပြီးပြုလုပ်တဲ့စက်တင်ဘာ၂ရက်နေ့ကကျောင်းသူ/သား၇ဦးနဲ့စတင်ပြုလုပ်ခဲ့ပြီးယနေ့လေးရက်မြောက်နေ့သပိတ်မှောက်ဆန္ဒပြတာမှာကျောင်းသူ/သားအင်အား၁၅၀ခန့်အထိလာရောက်ဝန်းရံတာကိုလည်းတွေ့ရပါတယ်။ #Voiceofmyanmar #မန္တလေးတက္ကသိုလ် #ကျောင်းသားသပိတ် #food court
Read Moreဟန်လင်းပျူမြို့ဟောင်းမှာနန်းတော်ရာနေရာတစ်ခုတွေ့လို့ ပွင့်လင်းရာသီမှာတူးမယ်
မန္တလေး၊စက်တင်ဘာလ၅- ၂၀၁၉ ဖြူဖြူ(VOM) ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပျုမြို့ဟောင်းဒေသတစ်ခုဖြစ်တဲ့စစ်ကိုင်းတိုင်းဝက်လက်မြို့နယ်ထဲကဟန်လင်းမှာ နန်းတော်ရာနေရာတစ်ခုရှာဖွေတွေ့ရှိထားပြီးလာမယ့်ပွင့်လင်းရာသီမှာတူးဖော်သွားမယ်လို့ရှေးဟောင်းသုတေသနနဲ့အမျိုးသားပြတိုက်ဦးစီးဋ္ဌာန၊ကမ္ဘာ့အမွေအနှစ်ဒေသများဋ္ဌာနခွဲ(ဟန်လင်းဋ္ဌာန)ကသိရပါတယ်။ “တောင်သူတွေလယ်ထွန်ရင်းနဲ့အုတ်ခဲကြီးတွေတွေ့ရာကနေနန်းတော်ရာနေရာကိုတွေ့တာပါ။အစကတည်းကတော့မြေပုံထဲကအရနန်းတော်ရာနေရာတွေ့ထားပြီးသားပေါ့။အခုလောလောဆယ်ကတော့ပြင်ကြီးပဲရှိပါသေးတယ်။ဘတ်ဂျက်ကျပြီးရင်တူးဖော်သွားမှာပါ။” လို့ကမ္ဘာ့အမွေအနှစ်ဒေသများဋ္ဌာနခွဲ(ဟန်လင်းဋ္ဌာန)ဒုတိယညွှန်ကြားရေးမှူးဦးကြည်ခင်ကပြောပါတယ်။ တူးဖော်မှုကို၂၀၁၉- ၂၀၂၀ဘဏ္ဍာရေးနှစ်အတွက်ဘတ်ဂျက်နဲ့ဆောင်ရွက်မှာဖြစ်ပြီးပွင့်လင်းရာသီမှာစတင်သွားမယ်လို့ဆိုပါတယ်။ဒီ့အတွက်ကုန်ကျစရိတ်နဲ့ချပေးလာမယ့်ဘတ်ဂျက်ကိုတော့တိတိကျကျမသိရသေးပါဘူး။ လေ့လာတွေ့ရှိချက်အရလွန်ခဲ့တဲ့နှစ်ပေါင်း၃၂၀၀ခန့်ကာလဖြစ်တဲ့ကျောက်ခေတ်၊ကြေးခေတ်၊သံခေတ်စတဲ့သမိုင်းမတင်မီကလာကစလို့ပျူခေတ်၊ပုဂံခေတ်ထိအောင် လူမျိုးစုတွေစဉ်ဆက်မပြတ်နေထိုင်ခဲ့တဲ့အဲ့ဒီ ဟန်လင်းဒေသမှာမြို့တွင်းမြို့ပြင် ရှေးဟောင်းသုတေသနဆိုင်ရာတူးဖော်မှုကုန်း၄၄ကုန်းရှိပြီးမတူးဖော်ရသေးတဲ့အုတ်ကုန်းဟောင်းတွေနဲ့နှောင်းခေတ်လက်ရာစေတီပုထိုးတွေလည်းများစွာတည်ရှိနေသေးတယ်လို့သိရပါတယ်။ လက်ရှိအချိန်အထိတော့ဟန်လင်းဒေသမှာစေတီ၊ကျောင်းသင်္ခန်း၊မြို့ရိုး၊ကျုံး၊နန်းတော်၊ရေကန်၊လူထုခန်းမဆောင်၊သင်္ချိုင်း၊အသုံးပြုခဲ့တဲ့လက်နက်ကိရိယာ၊အိုးခွက်ပန်းကန်နဲ့ရွှေငွေအဆင်တန်ဆာတွေတူးဖော်တွေ့ရှိထားတာဖြစ်ပါတယိ။ ဒါ့အပြင် ဒီရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာဟန်လင်းအင်း၊ဆားမြေ၊ရေပူစမ်းတွေနဲ့ရွှံ့မီးတောင်ငယ်(နဂါးပွက်) တွေလည်းတည်ရှိနေတယ်လို့ ရှေးဟောင်းသုတေသနနဲ့အမျိုးသားပြတိုက် ဦးစီးဋ္ဌာန၊ကမ္ဘာ့အမွေအနှစ်ဒေသများဋ္ဌာနခွဲ(ဟန်လင်းဋ္ဌာန)ကသိရပါတယ်။ ဟန်လင်းပျူမြို့ဟောင်းမှာနှစ်စဉ်နိုင်ငံခြားခရီးသွားနှစ်ရာကျော်၊ပြည်တွင်းခရီးသွားနဲ့သုတေသနပြုကျောင်းသားသုံးသောင်းကျော်လောက်ဝင်ရောက်မှုရှိနေတယ်လို့အဲ့ဒီဋ္ဌာနစာရင်းတွေအရသိရပါတယ်။ ဟန်လင်းအပါအ၀င် ပျူမြို့ဟောင်းတွေဖြစ်တဲ့ ဗိဿနိုစနဲ့သရေခေတ္တရာမြို့တွေဟာ၂၀၁၄ခုနှစ်ဇွန်လ၂၂ရက်ကအမွေအနှစ်စာရင်းဝင်ဒေသတွေအဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar #ဟန်လင်း#ပျူမြို့ဟောင်း#စစ်ကိုင်း#၀က်လက်
Read More