ဟန်​လင်းပျူမြို့​ဟောင်းမှာနန်း​တော်​ရာ​နေရာတစ်​ခု​တွေ့လို့ ပွင့်​လင်းရာသီမှာတူး​မယ်

မန္တ​လေး၊စက်​တင်​ဘာလ၅- ၂၀၁၉

ဖြူဖြူ(VOM)

 

ကမ္ဘာ့အ​မွေအနှစ်​စာရင်းဝင်​ပျုမြို့​ဟောင်း​ဒေသတစ်​ခုဖြစ်​တဲ့စစ်​ကိုင်းတိုင်းဝက်​လက်​မြို့နယ်​ထဲကဟန်​လင်းမှာ  နန်း​တော်​ရာ​နေရာတစ်​ခုရှာ​ဖွေ​တွေ့ရှိထားပြီးလာမယ့်​ပွင့်​လင်းရာသီမှာတူး​ဖော်​သွားမယ်​လို့​ရှေး​ဟောင်းသု​တေသနနဲ့အမျိုးသားပြတိုက်​ဦးစီးဋ္ဌာန၊ကမ္ဘာ့အ​မွေအနှစ်​​ဒေသများဋ္ဌာနခွဲ(ဟန်​လင်းဋ္ဌာန)ကသိရပါတယ်​။

 

 

“​​တောင်​သူ​တွေလယ်​ထွန်​ရင်းနဲ့အုတ်​ခဲကြီး​တွေ​တွေ့ရာက​နေနန်း​တော်​ရာ​နေရာကို​တွေ့တာပါ။အစကတည်းက​တော့​​မြေပုံထဲကအရနန်း​တော်​ရာ​နေရာ​တွေ့ထားပြီးသား​ပေါ့။အခု​လော​လောဆယ်​က​တော့ပြင်​ကြီးပဲရှိပါ​သေးတယ်​။ဘတ်​ဂျက်​ကျပြီးရင်​တူး​ဖော်​သွားမှာပါ။” လို့ကမ္ဘာ့အ​မွေအနှစ်​​ဒေသများဋ္ဌာနခွဲ(ဟန်​လင်းဋ္ဌာန)ဒုတိယညွှန်​ကြား​ရေးမှူးဦးကြည်​ခင်​က​ပြောပါတယ်​။

 

တူး​ဖော်​မှုကို၂၀၁၉- ၂၀၂၀ဘဏ္ဍာ​ရေးနှစ်​အတွက်​ဘတ်​ဂျက်​နဲ့​ဆောင်​ရွက်​မှာဖြစ်​ပြီးပွင့်​လင်းရာသီမှာစတင်​သွားမယ်​လို့ဆိုပါတယ်။ဒီ့အတွက်​​ကုန်​ကျစရိတ်​နဲ့ချ​ပေးလာမယ့်​ဘတ်​ဂျက်​ကို​တော့တိတိကျကျမသိရ​သေးပါဘူး။

 

လေ့လာ​တွေ့ရှိချက်​အရ​လွန်​ခဲ့တဲ့နှစ်​​ပေါင်း၃၂၀၀ခန့်​ကာလဖြစ်​တဲ့ေ​ကျာက်​​ခေတ်​၊​ကြေး​ခေတ်​၊သံ​ခေတ်​စတဲ့သမိုင်းမတင်​မီကလာကစလို့ပျူ​ခေတ်​၊ပုဂံ​ခေတ်​ထိ​အောင်​  လူမျိုးစု​တွေစဉ်​ဆက်​မပြတ်ေ​နထိုင်​ခဲ့တဲ့အဲ့ဒီ  ဟန်​လင်း​ဒေသမှာမြို့တွင်းမြို့ပြင်​ ​ရှေး​ဟောင်းသု​တေသနဆိုင်​ရာတူး​ဖော်​မှုကုန်း၄၄ကုန်းရှိပြီးမတူး​ဖော်​ရ​သေးတဲ့အုတ်​ကုန်း​ဟောင်း​တွေနဲ့​နှောင်း​ခေတ်​လက်​ရာ​စေတီပုထိုး​တွေလည်းများစွာတည်​ရှိ​နေ​သေးတယ်​လို့သိရပါတယ်​။

 

 

လက်​ရှိအချိန်​အထိ​တော့ဟန်​လင်း​ဒေသမှာ​စေတီ၊​ကျောင်းသင်္ခန်း၊မြို့ရိုး၊ကျုံး၊နန်း​တော်​၊​ရေကန်​၊လူထုခန်းမ​ဆောင်​၊သင်္ချိုင်း၊အသုံးပြုခဲ့တဲ့လက်​နက်​ကိရိယာ၊အိုးခွက်​ပန်းကန်​နဲ့​ရွှေ​ငွေအဆင်​တန်​ဆာ​တွေတူး​ဖော်​​တွေ့ရှိထားတာဖြစ်​ပါတယိ။

 

 

ဒါ့အပြင်​ ဒီ​ရှေး​ဟောင်းယဉ်​​ကျေးမှုနယ်​​မြေမှာဟန်​လင်းအင်း၊ဆား​မြေ၊​ရေပူစမ်း​တွေနဲ့ရွှံ့မီး​တောင်​ငယ်​(နဂါးပွက်​) ​တွေလည်းတည်​ရှိ​နေတယ်​လို့  ​ရှေး​ဟောင်းသု​တေသနနဲ့အမျိုးသားပြတိုက်​ ဦးစီးဋ္ဌာန၊ကမ္ဘာ့အ​မွေအနှစ်​​ဒေသများဋ္ဌာနခွဲ(ဟန်​လင်းဋ္ဌာန)ကသိရပါတယ်​။

 

ဟန်​လင်းပျူမြို့​ဟောင်းမှာ​နှစ်​စဉ်​နိုင်​ငံခြားခရီးသွားနှစ်​ရာ​ကျော်​၊ပြည်​တွင်းခရီးသွားနဲ့​သု​တေသနပြု​ကျောင်းသားသုံး​သောင်း​ကျော်​​လောက်​၀င်​​ရောက်​မှုရှိ​နေတယ်​လို့အဲ့ဒီဋ္ဌာနစာရင်း​တွေအရသိရပါတယ်​။

 

ဟန်​လင်းအပါအ၀င်​ ပျူမြို့​ဟောင်း​တွေဖြစ်​တဲ့

ဗိဿနိုစနဲ့သ​ရေ​ခေတ္တရာမြို့​တွေဟာ၂၀၁၄ခုနှစ်ဇွန်​လ၂၂ရက်​ကအ​မွေအနှစ်​စာရင်းဝင်​​ဒေသ​တွေအဖြစ်​သတ်​မှတ်​ခဲ့တာဖြစ်​ပါတယ်​။

 

 

#voiceofmyanmar #ဟန်​လင်း#ပျူမြို့​ဟောင်း#စစ်​ကိုင်း#၀က်​လက်

Related posts

Leave a Comment

VOM News

FREE
VIEW