စက်ဘီးလမ်းပါတဲ့ ရန်ကုန်မြို့ရဲ့ ပထမဆုံးသော Smart Street ကို ၁ လအတွင်းပြီးစီးအောင် လုပ်ဆောင်နေ

ရန်ကုန် စက်တင်ဘာ ၅-၂၀၁၉ သိဂီ င်္(VOM)   သိန်း ၆၀၀ ကျော် ကုန်ကျခံဖော်ဆောင်နေတဲ့ စက်ဘီးစီးလမ်းပါ ရန်ကုန်မြို့ရဲ့ ပထမဆုံးသော Smart Street ကို ၁ လအတွင်းပြီးစီးအောင် လုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်း တံတား)ကသိရပါတယ်။   အဲဒီ smart လမ်းကို ရန်ကုန် ကျောက်တံတားမြို့နယ်ရှိ ဆိပ်ကမ်းသာလမ်း(အောက်) ကမ်းနားလမ်းနှင့် ကုန်သွယ်လမ်းပိုင်းမှာ ဖော်ဆောင်နေတာဖြစ်ပြီး စက်ဘီးလမ်း လူသွားစင်္ကြန် ပါဝင်သလို အတက်အဆင်းအတွက်လည်း အဆင်ပြေအောင် ဖန်တီးပုံဖော်ထားတယ်လို့သိရပါတယ်။ လမ်းကတော့ တစ်လမ်းမောင်းစနစ်ဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်း တံတား) ဌာနမှူး ဦးလင်းခိုင်ကပြောပါတယ်။   ” ရန်ကုန်မှာပထမဆုံးစတင်တဲ့ pilot project ဖြစ်ပါတယ်။YHT ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကှပညာရှင်တွေနဲ့ ycdc က လမ်းတံတား အဖွဲ့တို့ပူးပေါင်းပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ဘယ်တော့ပြီးမလဲဆိုရင် အမြန်ဆုံးတော့ပြီးအောင်ဆောင်ရွက်နေတယ် ။ဒီ တစ်လလောက်အတွင်းမှာပြီးဖို့…

Read More

ကချင်​တက်ကြွလူငယ်​နှစ်​ဦး​ထောင်​ချလို့ ကန့်​ကွက်​ဆန္ဒပြပွဲမှာ ခွင့်​ပြုချက်​မှာ မပါဝင်​တဲ့ ဆိုင်းဘုတ်​ ၇ ခု​လောက်​ပါလို့  အရေးယူမယူအထက်ကို တင်ပြ

  မြစ်ကြီးနား-စက်တင်ဘာ ၅-၂၀၁၉ ရန်အောင်ထွန်း (VOM)     စစ်ရှောင်ဒုက္ခသည်တွေရဲ့ခံစားချက်တွေကို သရုပ်ဖော် တင်ဆက်ခဲ့တဲ့ ကချင်လူငယ် နှစ်ဦးကို ထောင် ၁၅ ရက်ချမှတ်လိုက်​မှု ကန့်​ကွက်​ဆန္ဒ​ဖော်​ထုတ်​ပွဲ  စက်တင်ဘာ ၅ ရက် ဒီနေ့ပြုလုပ်​တာမှာ ခွင့်​ပြုချက်​မှာ မပါဝင်​တဲ့ ဆိုင်းဘုတ်​ ၇ မျိုး​လောက်​ပါနေတယ်​လို့ မြစ်​ကြီးနား မြို့နယ်​ရဲမှူးက ​ပြောပါတယ်​။   ဆန္ဒထုတ်​​ဖော်​မှုခွင့်​ပြုရာမှာ လွတ်​လပ်​​သောတရားစီရင်​မှုရရှိ​ရေး ၊ စစ်​​ရှောင်​ပြည်​သူများ၏ ဘဝမှန်​ ခံစားချက်​ကို အ​လေးထား​ပေး​ရေး ၊ IDP များ၏ဘဝမှန်​ ​တေးသရုပ်​​ဖော်​တင်​ဆက်​ခြင်းအား  အပြစ်ဒဏ်​​ပေးခြင်း အလိုမရှိ နှင့်​ မတရားသဖြင့်​ တရားစီရင်​​သော တရားသူကြီး အလိုမရှိဆိုတဲ့ ဗီနိုင်းစာသားနှင့်​ ​ကြွေး​ကြော်​သံ​တွေကို ခွင့်​ပြုခဲ့သည်​ဟု သိရသည်​။ ​ဆန္ဒပြသူ​တွေ ကိုင်​​ဆောင်​ထားတဲ့ စားသား​တွေထဲက  I Hate War , War is…

Read More

သတင်းမီဒီယာတွေအနေနဲ့ ပုံနှိပ်ထုတ်ဝေခြင်းစည်းကမ်းတွေကို လိုက်နာဖို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာအားလုံကို အသိပေးစာပို့

စက်တင်ဘာ ၅-၂၀၁၉ နေလင်း (VOM)     ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အသိမှတ်ပြု လက်မှတ်ရပြီး လုပ်ငန်းလုပ်ကိုင်ကြသူတွေအနေနဲ့  ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်း စည်းကမ်းချက်များကို သိရှိလိုက်နာဖို့. ပြန်ကြားရေးဝန်ကြီးဌာနက စာပို့အကြောင်းကြားလာပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်လှထွန်းကိုမေးကြည့်တော့     ” ဒါကတော့ တချို့အေဂျင်စီနာမည်ခံတွေက ကျင့်ဝတ်လိုက်နာမှုအားနည်းတာတွေ မကြာခဏတွေ့ရလို့ သတင်းမီဒီယာအမည်ခံရင် ကျင့်ဝတ်နဲ့ စည်းကမ်းတွေလိုက်နာဖို့ သတိပေးတဲ့သဘောပါလို့ ” ဆိုပါတယ်။   ပြန်ကြားရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်စဉ်က သတင်းမီဒီယာကောင်စီကချမှတ်ထားတဲ့ ကျင့်ဝတ်တွေ ဥပဒေတွေကို သိရှိလိုက်နာပါ့မယ်ဆိုတဲ့  ကတိခံဝန်နဲ့ လက်မှတ်ထိုးပြီး ပြန်ကြားရေးအသိမှတ်ပြု လက်မှတ်ထုတ်ပေးပြီး ခုမှ ထပ်ပြီး သတင်းမီဒီယာတွေကို သတိပေးလာတာဖြစ်ပါတယ်။ ဒီကိစ္စအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် မီဒီယာကျင့်ဝတ်နှင့် ဖွံ့ဖြိုးရေးကော်မတီ အတွင်းရေးမှူး  ဦးဇေယျာလှိုင် ကိုမေးကြည့်တော့     “ ကျနော်တို့ အမ်ပီစီက သတင်းမီဒီယာအတုတွေ…

Read More

လက်သည်မပေါ်တဲ့  ရှမ်းမြောက် ကားသမားတွေရဲ့ ဒုက္ခ

စက်တင်ဘာ ၅၊ ၂၀၁၉ VOM   ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်ရာဝန်းကျင်၊ လားရှိုး-မူဆယ် လမ်းမကြီးပေါ်မှာ ဖြစ်ခဲ့တဲ့ ကားမီးရှို့ခံရတာတွေဟာ မြန်မာ့တပ်မတော်နဲ့ဖြစ်တဲ့ တိုက်ပွဲအတွင်း ဖြစ်ခဲ့တာလို့ မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ကြေငြာပါတယ်။   စက်တင်ဘာ ၃ ရက်နေ့က နမ့်ကွတ်ရွာနားမှာ ကုန်တင်ကားတွေနဲ့ အိမ်စီးကား စုစုပေါင်း ၇ စီး မီးရှို့ခံခဲ့ရပြီး ကားဆရာနဲ့ ခရီးသည်တွေကို လူမှုကယ်ဆယ်ရေးအသင်းတွေက ကွတ်ခိုင်မြို့ကို ပို့ဆောင်ပေးခဲ့ရပါတယ်။   ဘယ်အဖွဲ့လည်းဆိုတာ မသိရတဲ့ လက်နက်ကိုင်တွေက ကားတွေကို တားခဲ့ပြီး၊ ကားဆရာနဲ့ ခရီးသည်တွေဆီက လက်ကိုင်ဖုန်းတွေ၊ ယာဉ်မောင်းလိုင်စင်၊ မှတ်ပုံတင်နဲ့ ငွေတချို့ကို တောင်းယူပြီးနောက် ကားတွေကို မီးရှို့ခဲ့တာလို့ ခရီးသွားတွေဆီက သိရပါတယ်။   “ကျနော်တို့ကို ကားပေါ်ကဆင်းခိုင်းပြီး ကားဆရာတွေဆီက လိုင်စင်တွေ၊ မှတ်ပုံတင်တွေ တောင်းတယ်။ ပြီးတော့ ကျနော်တို့ အားလုံးဆီက ဖုန်းတွေကိုလည်း…

Read More

အီရန် ရေနံတင်သင်္ဘောဖမ်းနိုင်ဖို့ သင်္ဘောကပ္ပတိန်ကို ဒေါ်လာသန်းပေါင်းများစွာ အမေရိကန်ကမ်းလှမ်း

ဝါရှင်တန်၊ စက်တင်ဘာ-၅-၂၀၁၉ မျိုးဆက်  (VOM)   ဂျီဘရော်လ်တာအာဏာပိုင်တွေက လွှတ်ပေးလိုက်တဲ့ အီရန်ရေနံတင်သဘောင်္ကို ဖမ်းဆီးနိုင်ဖို့ အဲဒီသင်္ဘောရဲ့ ကပ္ပတိန်ကို ဒေါ်လာသန်းပေါင်းများစွာ ကမ်းလှမ်းထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုလိုက်ပါတယ်။     အီရန်ရေနံတင်သင်္ဘော Adrian Darya 1 ကိုအမေရိကန်က ဖမ်းယူသိမ်းဆည်းနိုင်တဲ့ ဘယ်လိုနေရာမျိုးကိုမဆို ခုတ်မောင်းပေးဖို့ သင်္ဘောကပ္ပတိန်ထံ အမေရိကန်ရဲ့ အီရန်အပေါ် အရေးယူရေး အဖွဲ့အကြီးအကဲ ဘရိုင်ယန်ဟုခ်က အီးမေးပေးပို့ခဲ့တာဖြစ်ပါတယ်။     ရေနံတင်သင်္ဘာဟာ  ဆီးရီးယားကိုရေနံတင်ပို့ဖို့ သွားရောက်နေတယ်လို့ သံသယဖြစ်ဖွယ်ရှိပြီး ဇူလိုင်လအတွင်း ဂျီဘရော်လ်တာရေလက်ကြားမှာ  ဗြိတိန်အာဏာပိုင်တွေရဲ့ ခေတ္တဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပါတယ်။     သင်္ဘောသွားရောက်မယ့်နေရာနဲ့ ပတ်သက်လို့ အီရန်က အာမခံချက်တွေပေးပြီးနောက် ပြီးခဲ့တဲ့လမှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ အဲဒီသင်္ဘောပြန်မလွှတ်ဖို့ အားထုတ်လုပ်ဆောင်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ  သင်္ဘောလွတ်မြောက်သွားပြီးနောက် ဖမ်းဆီးဖို့ ၀ရမ်းထုတ်ပြန်ခဲ့ပါတယ်။     အီရန်ရေနံတင်သင်္ဘော…

Read More

မူဆယ်-မန္တလေးရထားလမ်းအတွက် အသင့်ဖြစ်ကြပြီလား

နေလင်း (VOM)   မူဆယ်-မန္တလေးရထားလမ်းစီမံကိန်း ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလူထုတွေ့ဆုံပွဲတွေကို မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာ ခပ်စိပ်စိပ်လုပ်လာနေပါတယ်။ ၂၆ ကြိမ်ပြည့်အောင်ကျင်းပပြီး Ever Green Tech Environmental services and Training Co.,Ltd က ပညာရှင်တွေရဲ့ တွေ့ရှိချက်တွေ အပြင် လူထုတွေရဲ့ သဘောထားတွေကို ကောက်ခံမယ်လို့ လည်းသိရပါတယ်။     (Environmental Impact Assessment-EIA) ဆိုင်ရာလူထုတွေ့ဆုံပွဲတွေကို ဒီရက်ပိုင်း  မန္တလေးတိုင်းပုသိမ်ကြီးမြို့ နဲ့  ပြင်ဦးလွင်မှာ ကျင်းပသလို စက်တင်ဘာ ၁ရက်နေ့က နောင်ချိုမှာလည်း လုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီပွဲမှာ အဓိကတော့ Ever Green Tech Environmental services and Training Co.,Ltd က ဦးဆောင်လုပ်ပြီး မြန်မာ့မီးရထားက တာဝန်ရှိသူတွေ နယ်မြေခံ အာဏာရပါတီက လွှတ်တော်ကိုယ်စားလှယ်တွေက ရှင်းပြကြပြီးတော့ လူထုက သူတို့ဆန္ဒတွေသိချင်တာတွေကို ပြောကြဆိုကြပါတယ်။…

Read More

မန်းတက္ကသိုလ် ကျောင်းသားသပိတ် လေးရက်မြောက်အင်အားပိုတိုး

မန္တလေး၊စက်တင်ဘာ၅-၂၀၁၉ ဟိန်းကို(VOM)   စက်တင်ဘာ၂ရက်နေ့မနက်ပိုင်းကတည်းကမန္တလေးတက္ကသိုလ်ပင်မဆောင်ရှေ့မှာကျောင်းဝင်းထဲFood Court ​ဆောက်​လုပ်​မှုနဲ့ပတ်​သက်​ပြီးထိုင်သပိတ်မှောက်နေတဲ့ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေစီကိုညီနောင်သမဂ္ဂအဖွဲ့ဝင်တွေနဲ့မန္တလေးတက္ကသိုလ်ကျောင်းသား/သူများပူးပေါင်းပါဝင်လာပြီးယနေ့လေးရက်မြောက်နေ့မှာကျောင်းသားထုအင်အားပိုမိုများပြားလာတာကိုတွေ့ရပါတယ်။   Food Court ​ဆောက်​လုပ်​မှုမှာသမဂ္ဂအဖွဲ့ဝင်များရဲ့လက်မှတ်တွေမန္တလေးတက္ကသိုလ်အာဏာပိုင်အဖွဲ့ကအတုပြုလုပ်ထားတာကို သပိတ်မှောက်ကျောင်းသား/သူတွေကခိုင်လုံတဲ့သက်သေတွေရှိထားတယ်လို့သိရပါတယ်။   “လက်မှတ်ပြုလုပ်တာကိုတရားစွဲဆိုမယ်ဆိုရင်ညီမတို့ခုလုပ်နေတာတွေကအရမ်းကြာသွားမယ်၊ညီမတို့က ကျောင်းလည်းပြီးတော့မယ်၊နောက်ပြီးသူတို့မှာကအာဏာရှိတယ်၊ငွေရှိတယ်၊ အကောင်းဆုံးရှေ့နေတွေငှားကြမှာပဲလေ၊ ဝန်ကြီးဌာနကတောင်ဘက်လိုက်နေပြီဆိုမှတော့သူတို့ရဲ့လက်တံဘယ်လောက်ရှည်လဲဆိုတာသိနိုင်တယ်”လို့သပိတ်မှောက်ကျောင်းသူမယမင်းသူကပြောပါတယ်။   သပိတ်မှောက်ကျောင်းသားတွေဟာသပိတ်မမှောက်ခင်ကာလကကျောင်းတာဝန်ရှိသူတွေနဲ့ဆွေးနွေးခဲ့တဲ့အပြင်သက်ဆိုင်ရာပညာရေးဝန်ကြီးဌာနနဲ့နိုင်ငံတော်သမ္မတရုံးအထိတိုင်ကြားမှုများပြုလုပ်ထားခြင်းဟာထူးခြားမှုရှိမလာတဲ့အတွက်သပိတ်မှောက်ဆန္ဒပြမှုပြုလုပ်နေတာဖြစ်ပါတယ်။   သပိတ်မှောက်ဆန္ဒပြမှုစပြီးပြုလုပ်တဲ့စက်တင်ဘာ၂ရက်နေ့ကကျောင်းသူ/သား၇ဦးနဲ့စတင်ပြုလုပ်ခဲ့ပြီးယနေ့လေးရက်မြောက်နေ့သပိတ်မှောက်ဆန္ဒပြတာမှာကျောင်းသူ/သားအင်အား၁၅၀ခန့်အထိလာရောက်ဝန်းရံတာကိုလည်းတွေ့ရပါတယ်။   #Voiceofmyanmar #မန္တလေးတက္ကသိုလ် #ကျောင်းသားသပိတ် #food court

Read More

ဟန်​လင်းပျူမြို့​ဟောင်းမှာနန်း​တော်​ရာ​နေရာတစ်​ခု​တွေ့လို့ ပွင့်​လင်းရာသီမှာတူး​မယ်

မန္တ​လေး၊စက်​တင်​ဘာလ၅- ၂၀၁၉ ​ဖြူဖြူ(VOM)   ကမ္ဘာ့အ​မွေအနှစ်​စာရင်းဝင်​ပျုမြို့​ဟောင်း​ဒေသတစ်​ခုဖြစ်​တဲ့စစ်​ကိုင်းတိုင်းဝက်​လက်​မြို့နယ်​ထဲကဟန်​လင်းမှာ  နန်း​တော်​ရာ​နေရာတစ်​ခုရှာ​ဖွေ​တွေ့ရှိထားပြီးလာမယ့်​ပွင့်​လင်းရာသီမှာတူး​ဖော်​သွားမယ်​လို့​ရှေး​ဟောင်းသု​တေသနနဲ့အမျိုးသားပြတိုက်​ဦးစီးဋ္ဌာန၊ကမ္ဘာ့အ​မွေအနှစ်​​ဒေသများဋ္ဌာနခွဲ(ဟန်​လင်းဋ္ဌာန)ကသိရပါတယ်​။     “​​တောင်​သူ​တွေလယ်​ထွန်​ရင်းနဲ့အုတ်​ခဲကြီး​တွေ​တွေ့ရာက​နေနန်း​တော်​ရာ​နေရာကို​တွေ့တာပါ။အစကတည်းက​တော့​​မြေပုံထဲကအရနန်း​တော်​ရာ​နေရာ​တွေ့ထားပြီးသား​ပေါ့။အခု​လော​လောဆယ်​က​တော့ပြင်​ကြီးပဲရှိပါ​သေးတယ်​။ဘတ်​ဂျက်​ကျပြီးရင်​တူး​ဖော်​သွားမှာပါ။” လို့ကမ္ဘာ့အ​မွေအနှစ်​​ဒေသများဋ္ဌာနခွဲ(ဟန်​လင်းဋ္ဌာန)ဒုတိယညွှန်​ကြား​ရေးမှူးဦးကြည်​ခင်​က​ပြောပါတယ်​။   တူး​ဖော်​မှုကို၂၀၁၉- ၂၀၂၀ဘဏ္ဍာ​ရေးနှစ်​အတွက်​ဘတ်​ဂျက်​နဲ့​ဆောင်​ရွက်​မှာဖြစ်​ပြီးပွင့်​လင်းရာသီမှာစတင်​သွားမယ်​လို့ဆိုပါတယ်။ဒီ့အတွက်​​ကုန်​ကျစရိတ်​နဲ့ချ​ပေးလာမယ့်​ဘတ်​ဂျက်​ကို​တော့တိတိကျကျမသိရ​သေးပါဘူး။   ​လေ့လာ​တွေ့ရှိချက်​အရ​လွန်​ခဲ့တဲ့နှစ်​​ပေါင်း၃၂၀၀ခန့်​ကာလဖြစ်​တဲ့ေ​ကျာက်​​ခေတ်​၊​ကြေး​ခေတ်​၊သံ​ခေတ်​စတဲ့သမိုင်းမတင်​မီကလာကစလို့ပျူ​ခေတ်​၊ပုဂံ​ခေတ်​ထိ​အောင်​  လူမျိုးစု​တွေစဉ်​ဆက်​မပြတ်ေ​နထိုင်​ခဲ့တဲ့အဲ့ဒီ  ဟန်​လင်း​ဒေသမှာမြို့တွင်းမြို့ပြင်​ ​ရှေး​ဟောင်းသု​တေသနဆိုင်​ရာတူး​ဖော်​မှုကုန်း၄၄ကုန်းရှိပြီးမတူး​ဖော်​ရ​သေးတဲ့အုတ်​ကုန်း​ဟောင်း​တွေနဲ့​နှောင်း​ခေတ်​လက်​ရာ​စေတီပုထိုး​တွေလည်းများစွာတည်​ရှိ​နေ​သေးတယ်​လို့သိရပါတယ်​။     လက်​ရှိအချိန်​အထိ​တော့ဟန်​လင်း​ဒေသမှာ​စေတီ၊​ကျောင်းသင်္ခန်း၊မြို့ရိုး၊ကျုံး၊နန်း​တော်​၊​ရေကန်​၊လူထုခန်းမ​ဆောင်​၊သင်္ချိုင်း၊အသုံးပြုခဲ့တဲ့လက်​နက်​ကိရိယာ၊အိုးခွက်​ပန်းကန်​နဲ့​ရွှေ​ငွေအဆင်​တန်​ဆာ​တွေတူး​ဖော်​​တွေ့ရှိထားတာဖြစ်​ပါတယိ။     ဒါ့အပြင်​ ဒီ​ရှေး​ဟောင်းယဉ်​​ကျေးမှုနယ်​​မြေမှာဟန်​လင်းအင်း၊ဆား​မြေ၊​ရေပူစမ်း​တွေနဲ့ရွှံ့မီး​တောင်​ငယ်​(နဂါးပွက်​) ​တွေလည်းတည်​ရှိ​နေတယ်​လို့  ​ရှေး​ဟောင်းသု​တေသနနဲ့အမျိုးသားပြတိုက်​ ဦးစီးဋ္ဌာန၊ကမ္ဘာ့အ​မွေအနှစ်​​ဒေသများဋ္ဌာနခွဲ(ဟန်​လင်းဋ္ဌာန)ကသိရပါတယ်​။   ဟန်​လင်းပျူမြို့​ဟောင်းမှာ​နှစ်​စဉ်​နိုင်​ငံခြားခရီးသွားနှစ်​ရာ​ကျော်​၊ပြည်​တွင်းခရီးသွားနဲ့​သု​တေသနပြု​ကျောင်းသားသုံး​သောင်း​ကျော်​​လောက်​၀င်​​ရောက်​မှုရှိ​နေတယ်​လို့အဲ့ဒီဋ္ဌာနစာရင်း​တွေအရသိရပါတယ်​။   ဟန်​လင်းအပါအ၀င်​ ပျူမြို့​ဟောင်း​တွေဖြစ်​တဲ့ ဗိဿနိုစနဲ့သ​ရေ​ခေတ္တရာမြို့​တွေဟာ၂၀၁၄ခုနှစ်ဇွန်​လ၂၂ရက်​ကအ​မွေအနှစ်​စာရင်းဝင်​​ဒေသ​တွေအဖြစ်​သတ်​မှတ်​ခဲ့တာဖြစ်​ပါတယ်​။     #voiceofmyanmar #ဟန်​လင်း#ပျူမြို့​ဟောင်း#စစ်​ကိုင်း#၀က်​လက်

Read More
VOM News

FREE
VIEW