အီရန် ရေနံတင်သင်္ဘောဖမ်းနိုင်ဖို့ သင်္ဘောကပ္ပတိန်ကို ဒေါ်လာသန်းပေါင်းများစွာ အမေရိကန်ကမ်းလှမ်း

ဝါရှင်တန်၊ စက်တင်ဘာ-၅-၂၀၁၉

မျိုးဆက်  (VOM)

 

ဂျီဘရော်လ်တာအာဏာပိုင်တွေက လွှတ်ပေးလိုက်တဲ့ အီရန်ရေနံတင်သဘောင်္ကို ဖမ်းဆီးနိုင်ဖို့ အဲဒီသင်္ဘောရဲ့ ကပ္ပတိန်ကို ဒေါ်လာသန်းပေါင်းများစွာ ကမ်းလှမ်းထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုလိုက်ပါတယ်။

 

 

အီရန်ရေနံတင်သင်္ဘော Adrian Darya 1 ကိုအမေရိကန်က ဖမ်းယူသိမ်းဆည်းနိုင်တဲ့ ဘယ်လိုနေရာမျိုးကိုမဆို ခုတ်မောင်းပေးဖို့ သင်္ဘောကပ္ပတိန်ထံ အမေရိကန်ရဲ့ အီရန်အပေါ် အရေးယူရေး အဖွဲ့အကြီးအကဲ ဘရိုင်ယန်ဟုခ်က အီးမေးပေးပို့ခဲ့တာဖြစ်ပါတယ်။

 

 

ရေနံတင်သင်္ဘာဟာ  ဆီးရီးယားကိုရေနံတင်ပို့ဖို့ သွားရောက်နေတယ်လို့ သံသယဖြစ်ဖွယ်ရှိပြီး ဇူလိုင်လအတွင်း ဂျီဘရော်လ်တာရေလက်ကြားမှာ  ဗြိတိန်အာဏာပိုင်တွေရဲ့ ခေတ္တဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပါတယ်။

 

 

သင်္ဘောသွားရောက်မယ့်နေရာနဲ့ ပတ်သက်လို့ အီရန်က အာမခံချက်တွေပေးပြီးနောက် ပြီးခဲ့တဲ့လမှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ အဲဒီသင်္ဘောပြန်မလွှတ်ဖို့ အားထုတ်လုပ်ဆောင်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ  သင်္ဘောလွတ်မြောက်သွားပြီးနောက် ဖမ်းဆီးဖို့ ၀ရမ်းထုတ်ပြန်ခဲ့ပါတယ်။

 

 

အီရန်ရေနံတင်သင်္ဘော Adrian Darya 1 အပေါ်အရေးယူပိတ်ဆို့မှုတွေမချမှတ်မီ သင်္ဘောရဲ့ အိန္ဒိယလူမျိုး ကပ္ပတိန် အာခီလက်ရှ်ကူးမားထံ မစ္စတာဟုခ်က အီးမေးပေးပို့ခဲ့တာဖြစ်တယ်လို့ Financial Times သတင်းဌာနက ဖော်ပြထားပါတယ်။

 

Ref : BBC

Photo : Reuters

 

#voiceofmyanmar #အီရန်ရေနံတင်သဘောင်္ #

Related posts

Leave a Comment

VOM News

FREE
VIEW