စက်ဘီးလမ်းပါတဲ့ ရန်ကုန်မြို့ရဲ့ ပထမဆုံးသော Smart Street ကို ၁ လအတွင်းပြီးစီးအောင် လုပ်ဆောင်နေ

ရန်ကုန် စက်တင်ဘာ ၅-၂၀၁၉

သိဂီ င်္(VOM)

 

သိန်း ၆၀၀ ကျော် ကုန်ကျခံဖော်ဆောင်နေတဲ့ စက်ဘီးစီးလမ်းပါ ရန်ကုန်မြို့ရဲ့ ပထမဆုံးသော Smart Street ကို ၁ လအတွင်းပြီးစီးအောင် လုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်း တံတား)ကသိရပါတယ်။

 

အဲဒီ smart လမ်းကို ရန်ကုန် ကျောက်တံတားမြို့နယ်ရှိ ဆိပ်ကမ်းသာလမ်း(အောက်) ကမ်းနားလမ်းနှင့် ကုန်သွယ်လမ်းပိုင်းမှာ ဖော်ဆောင်နေတာဖြစ်ပြီး စက်ဘီးလမ်း လူသွားစင်္ကြန် ပါဝင်သလို အတက်အဆင်းအတွက်လည်း အဆင်ပြေအောင် ဖန်တီးပုံဖော်ထားတယ်လို့သိရပါတယ်။ လမ်းကတော့ တစ်လမ်းမောင်းစနစ်ဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်း တံတား) ဌာနမှူး ဦးလင်းခိုင်ကပြောပါတယ်။

 

” ရန်ကုန်မှာပထမဆုံးစတင်တဲ့ pilot project ဖြစ်ပါတယ်။YHT ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကှပညာရှင်တွေနဲ့ ycdc က လမ်းတံတား အဖွဲ့တို့ပူးပေါင်းပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ဘယ်တော့ပြီးမလဲဆိုရင် အမြန်ဆုံးတော့ပြီးအောင်ဆောင်ရွက်နေတယ် ။ဒီ တစ်လလောက်အတွင်းမှာပြီးဖို့ ရည်မှန်းလုပ်နေတယ်။ ” လို့ဆိုပါတယ်။

 

အဆိုပါ Smart လမ်းအတွက် ဒီဇိုင်းကိုလည်း  yangon Heritage Trust YHTကနေ ဒီဇိုင်းထုတ်ပေးတာဖြစ်ပါတယ်။smart လမ်းဖော်ဆောင်ဖို့အတွက်မြေပြင်တိုင်းတာခြင်း ရေနုတ်မြောင်းတွေ တူးဖော်ခြင်း မြေပြင်ကွင်းဆင်းလေ့လာတာတွေကို ပြီးခဲ့တဲ့ြ သဂုတ်လကတည်းကစတင်လုပ်ဆောင်နေတာဖြစ်ပါတယ်။

 

ရန်ကုန်မြို့ရဲ့  Smart Street အဖြစ် လူသွားလမ်းအဆင့်မြှင့်တင်တဲ့ လုပ်ငန်း Pilot Project ကို ကျောက်တံတားမြို့နယ်မှာ  စတင်ဆောင်ရွက်နေတာဖြစ်ပြီး အဲ့ဒီလမ်းအဆင်မြှင့်တင်မှုအတွက် YCDC က ဘတ်ဂျက် သိန်း ၆၀၀ ကျော်အကုန်ကျခံ လုပ်ဆောင်နေတာဖြစ်ပါတယ်။

 

ရန်ကုန်မှာ ကားလမ်းပိတ်ဆို့မှုတွေဖြစ်တာများလို့  ခုနောက်ပိုင်းမှာ အရင်ထက် စက်ဘီးစီးသူတွေ တိုးလာနေပါတယ်။

 

Photo YCDC

 

#voiceofmyanmar #ရန်ကုန် #smart street

Related posts

Leave a Comment

VOM News

FREE
VIEW