ကချင်​တက်ကြွလူငယ်​နှစ်​ဦး​ထောင်​ချလို့ ကန့်​ကွက်​ဆန္ဒပြပွဲမှာ ခွင့်​ပြုချက်​မှာ မပါဝင်​တဲ့ ဆိုင်းဘုတ်​ ၇ ခု​လောက်​ပါလို့  အရေးယူမယူအထက်ကို တင်ပြ

 

မြစ်ကြီးနား-စက်တင်ဘာ ၅-၂၀၁၉

ရန်အောင်ထွန်း (VOM)

 

 

စစ်ရှောင်ဒုက္ခသည်တွေရဲ့ခံစားချက်တွေကို သရုပ်ဖော် တင်ဆက်ခဲ့တဲ့ ကချင်လူငယ် နှစ်ဦးကို ထောင် ၁၅ ရက်ချမှတ်လိုက်​မှု ကန့်​ကွက်​ဆန္ဒ​ဖော်​ထုတ်​ပွဲ  စက်တင်ဘာ ၅ ရက် ဒီနေ့ပြုလုပ်​တာမှာ ခွင့်​ပြုချက်​မှာ မပါဝင်​တဲ့ ဆိုင်းဘုတ်​ ၇ မျိုး​လောက်​ပါနေတယ်​လို့ မြစ်​ကြီးနား မြို့နယ်​ရဲမှူးက ​ပြောပါတယ်​။

 

ဆန္ဒထုတ်​​ဖော်​မှုခွင့်​ပြုရာမှာ လွတ်​လပ်​​သောတရားစီရင်​မှုရရှိ​ရေး ၊ စစ်​​ရှောင်​ပြည်​သူများ၏ ဘဝမှန်​ ခံစားချက်​ကို အ​လေးထား​ပေး​ရေး ၊ IDP များ၏ဘဝမှန်​ ​တေးသရုပ်​​ဖော်​တင်​ဆက်​ခြင်းအား  အပြစ်ဒဏ်​​ပေးခြင်း အလိုမရှိ နှင့်​ မတရားသဖြင့်​ တရားစီရင်​​သော တရားသူကြီး အလိုမရှိဆိုတဲ့ ဗီနိုင်းစာသားနှင့်​ ​ကြွေး​ကြော်​သံ​တွေကို ခွင့်​ပြုခဲ့သည်​ဟု သိရသည်​။ ​ဆန္ဒပြသူ​တွေ ကိုင်​​ဆောင်​ထားတဲ့ စားသား​တွေထဲက  I Hate War , War is not answer , No Paece in Myanmar Justic Fail Law စတဲ့ စာသား​တွေ ကိုင်​​ဆောင်မှုကို ခွင့်ပြုမထား​ကြောင်း သိရသည်​။

 

” အခု​တော့ အထက်​ကို တင်​ပြရအုန်းမှာ​ပေါ့ ဘာပြဿနာမှ မရှိဘူးဆို​ပေမယ့်​ လုပ်​ထုံးလုပ်​နည်းနဲ့အညီလုပ်​ရမှာပါ. သူတို့ ဗီနိုင်းအကြီးကြီး​တွေနဲ့က ခွင့်​ပြုချက်​မှာ အကုန်​ပါတယ်​ ၊ သုံးဘီးနဲ့ထပ်​သယ်​လာတဲ့ ​ဆော့ပင်​နဲ့​ရေးထားတဲ့ ဆိုင်းဘုတ်​​လေး​တွေကျမပါဘူး အ​ရေးယူမလားဆိုတာ​တော့ အတိအကျမသိ​သေးပါဘူး ပြည်​နယ်​ရဲတပ်​ဖွဲ့ သတင်းပြန်​ကြား​ရေး​ကော်​မတီရှိတယ်​ အဲ့ဒီကို​မေးနိုင်​ပါတယ်​ ” ဟု မြစ်ကြီးနား ​မြို့နယ်​ရဲမှူးမြင့်​မိုးက​ပြောသည်​။

 

အ​ရေးယူမယူ တိတိကျကျ​ဖြေကြားခွင့်​ကို ပြည်​နယ်​ရဲတပ်​ဖွဲ့သတင်းပြန်​ကြား​ရေး ​ကော်​မတီဖွဲ့စည်းထားတာဖြစ်​လို့ ရဲမှူးကြီးလွင်​​မောင်​သိန်းထံ ​မေးရမည်​ဟု သိရှိရ​တာ​ကြောင့်​ ဆက်​သွယ်​ရာမှာ ဆက်​သွယ်​​၍ မရရှိခဲ့ပါ။

 

ဆန္ဒထုတ်ဖော်ပွဲကိုမြစ်ကြီးနားမြို့ ဗိုလ်ချုပ်ပန်းခြံရှေ့မြစ်ကြီးနားမြို့မဈေး(၁)နဲ့ ဈေး(၂) မင်းရပ် ပြည်သူ့ အားကစားကွင်း မနောကွင်းရှေ့မြို့မရဲစခန်းရှေ့ စတဲ့ နေရာတွေမှာ ဒီကနေ့ စက်တင်ဘာ ၅ ရက်​နေ့မှာ လူဦး​ရေ ရာနှင့်​ချီပါဝင်​ခဲ့ပြီး စက်​တင်​ဘာ ၆ ရက်​နှင့်​ ၉ ရက်နေ့တို့တွင်​ ထပ်​မံ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

 

ဇွန်လ (၉)ရက်နေ့က မြစ်ကြီးနားမြို့ပေါ်မှာ ကချင်ဒေသစစ်ပွဲ ရှစ်နှစ်ပြည့် အထိမ်းအမှတ် လမ်းဘေးသရုပ်ပြတင်ဆက်ကပြမှုကို ဦးဆောင်ပါဝင်ခဲ့လို့ ကချင်လူငယ် ကိုပေါလုနှင့်​ မဆိုင်းနုပန်​တို့ကို ငြိမ်းစုစီပုဒ်(၁၉)နဲ့ တရားစွဲဆိုခံခဲ့ရပြီး မြစ်​ကြီးနားမြို့နယ်​တရားရုံးမှာ စက်​တင်​ဘာ ၂ ရက်​​နေ့က ငွေဒဏ်သုံးသောင်းစီဆောင်ရန်နှင့် ငွေဒဏ် မဆောင်ပါက ထောင်(၁၅)ရက်စီ ကျခံရန် မြို့နယ်တရားသူကြီး ဦးသန်းထွန်းက အမိန့်ချမှတ်ခဲ့ရာ ​ငွေဒဏ်​​ပေး​ဆောင်​မှုကို ငြင်းပယ်​ခဲ့လို့ လက်​ရှိမှာ ​ထောင်​ဒဏ်​ ၁၅ ရက်​ ကျခံ​​နေရပါတယ်​။

#voiceofmyanmar #မြစ်ကြီးနား

Related posts

Leave a Comment

VOM News

FREE
VIEW