ဝါရှင်တန်၊ စက်တင်ဘာ-၆-၂၀၁၉
မျိုးဆက် (VOM)
အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံချိန်မှာ မြန်မာစစ်တပ်ရဲ့ဖိနှိပ်မှုတွေအကြောင်း ပြောဆိုခဲ့တဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဌ ဒေါက်တာ ခါလမ်ဆမ်ဆွန်ကို မြန်မာ့တပ်မတော်က တရားစွဲထားတဲ့အပေါ် အလွန်အမင်းစိုးရိမ်ပူပန်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာက စက်တင်ဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီလိုတရားစွဲတာဟာ ပြည်တွင်းက နေရပ်စွန့်ခွာထွက်ပြေးသူတွေအရေးလုပ်ဆောင်နေတဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို အနှောက်အယှက်ဖြစ်စေသလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုလည်း ကန့်သတ်လိုက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ မော်ဂန်အော်တာဂတ်ကပြောပါတယ်။
ဒါ့အပြင် KBC ဥက္ကဌကိုတရားစွဲတာနဲ့ ဖမ်းဆီးဖို့ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမဆို အမေရိကန်က အလွန်အမင်းစိုးရိမ်ပူပန်နေပြီး ဒီလိုလုပ်ခဲ့မယ်ဆိုရင် အလွန်စိတ်ပျက်စရာလို့ ဆိုပါတယ်။ ဒေါက်တာ ခါလမ်ဆမ်ဆွန်ဟာ ဘာသာရေးဖိနှိပ်ခံရတဲ့ နိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ အမေရိကန်သမ္မတို့ ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ ဇူလိုင်လက တွေ့ဆုံမှုမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။
သမ္မတဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံချိန်မှာတော့ မြန်မာ့တပ်မတော်ဟာ ကချင်ပြည်နယ်မှာ လူ့အခွင့် အရေးချိုးဖောက်မှုတွေရှိနေသလို ခရစ်ယာန်တွေကို ဖိနှိပ်နေကြောင်း ပြောဆိုခဲ့ပါတယ်။ မြန်မာစစ်ဘက် ထိပ်တန်းခေါင်းဆောင်တွေအပေါ် အမေရိကန်က အရေးယူပိတ်ဆို့မှုချမှတ်တာတွေ အတွက်လည်း သမ္မတထရန့်ကို ကျေးဇူးတင်တယ်လို့ သူကပြောခဲ့ပါတယ်။
သူ့အပေါ် တပ်မတော်ကပြီးခဲ့တဲ့ အပတ်မှာ တရားစွဲခဲ့တာဖြစ်ပြီး ဒီလိုတရားစွဲတာဟာ မြန်မာစစ်ဘက်ကို အရေးယူပိတ်ဆို့မှုတွေချမှတဲ့အတွက် ကျေးဇူးတင်ကြောင်း ဒေါ်နယ်ထရန့်ကို ပြောခဲ့တာကြောင့်ဖြစ်မယ်လို့ ထင်ကြောင်း တရားအစွဲခံရတဲ့ (KBC) ဥက္ကဌ ဒေါက်တာ ခါလမ်ဆမ်ဆွန်က ရိုက်တာသတင်းဌာန ကိုပြောပါတယ်။
Ref : Reuters
Photo : ABC News
#voiceofmyanmar #KBC #အမေရိကန်