ရန်ကုန်တက္ကသိုလ်ထဲက သစ်ပုပ်ပင်ကို သဘာဝအမွေအနှစ်အဖြစ်သတ်မှတ်ပြီး အပြာရောင်ကမ္ဗည်းပြားတပ်ဆင်

ရန်ကုန် စက်တင်ဘာ ၆-၂၀၁၉ သိဂီ င်္(VOM)   ရန်ကုန်တက္ကသိုလ်အတွင်းက သစ်ပုပ်ပင်ကို သဘာဝအမွေအနှစ်အဖြစ် သတ်မှတ်ပြီး ရန်ကုန်မြို့ပြအမွေအနှစ်အထိမ်းအမှတ်အပြာရောင် ကမ္ဗည်းပြားကို ဒီကနေ့ စက်တင်ဘာ ၆ ရက်မှာ တပ်ဆင်ခဲ့ပါတယ်။   ရန်ကုန်မြို့ပြအမွေအနှစ်အထိမ်းအမှတ်အပြာရောင် ကမ္ဗည်းပြားတပ်ဆင်မှုအနေနဲ့ဆိုပါက  ၃၂ ခုမြောက် တပ်ဆင်ခြင်းဖြစ်ပေမယ့် သဘာဝအမွေအနှစ် အဖြစ်သတ်မှတ်တပ်ဆင်မှုက ရန်ကုန်မှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။သစ်ပုပ်ပင်ဟာ နှစ်သက်တမ်းအနေနဲ့ နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီလို့သိရပါတယ်။   ” ရန်ကုန်တက္ကသိုလ်ထဲက မြို့ပြအမွေအနှစ်အဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အစိုးရအဖွဲ့နဲ့ ပညာရေးဝန်ကြီးဌာန ပူးပေါင်းပြီး ကြိုးစားနေပါတယ်။ ခု သစ်ပုပ်ပင်ကို အပြာရောင်ကမ္ဗည်းပြားတပ်ဆင်တာလည်း တစ်ခုပါ။ ဂုဏ်ယူပါတယ်။ နောက်ထပ်လည်း ရန်ကုန်တက္ကသိုလ်ထဲက အထင်ကရအဆောက်အဦးတွေကို အပြာရောင်ကမ္ဗည်းပြားတွေတပ်နိုင်ဖို့ ဆောင်ရွက်သွားပါမယ်”ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါတယ်။   ရန်ကုန်တက္ကသိုလ်ရှိ သစ်ပုပ်ပင်ကြီးဟာ  သက်တမ်းရင့် ရွက်ကြွေပင်ကြီးဖြစ်ပြီး ရန်ကုန်မြို့ရဲ့ အထင်ရှားဆုံးသစ်ပင်ကြီးတွေအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ် ။…

Read More

ကချင် KBC ဥက္ကဌကို တပ်မတော်ကတရားစွဲတဲ့အပေါ် အမေရိကန်ဝေဖန်

ဝါရှင်တန်၊ စက်တင်ဘာ-၆-၂၀၁၉ မျိုးဆက် (VOM)     အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံချိန်မှာ မြန်မာစစ်တပ်ရဲ့ဖိနှိပ်မှုတွေအကြောင်း ပြောဆိုခဲ့တဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဌ ဒေါက်တာ ခါလမ်ဆမ်ဆွန်ကို မြန်မာ့တပ်မတော်က တရားစွဲထားတဲ့အပေါ် အလွန်အမင်းစိုးရိမ်ပူပန်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာက စက်တင်ဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။     ဒီလိုတရားစွဲတာဟာ ပြည်တွင်းက နေရပ်စွန့်ခွာထွက်ပြေးသူတွေအရေးလုပ်ဆောင်နေတဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို အနှောက်အယှက်ဖြစ်စေသလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုလည်း ကန့်သတ်လိုက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ မော်ဂန်အော်တာဂတ်ကပြောပါတယ်။     ဒါ့အပြင် KBC ဥက္ကဌကိုတရားစွဲတာနဲ့ ဖမ်းဆီးဖို့ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမဆို အမေရိကန်က အလွန်အမင်းစိုးရိမ်ပူပန်နေပြီး ဒီလိုလုပ်ခဲ့မယ်ဆိုရင် အလွန်စိတ်ပျက်စရာလို့ ဆိုပါတယ်။ ဒေါက်တာ ခါလမ်ဆမ်ဆွန်ဟာ ဘာသာရေးဖိနှိပ်ခံရတဲ့ နိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ အမေရိကန်သမ္မတို့ ပြီးခဲ့တဲ့ ပြီးခဲ့တဲ့…

Read More

ရိုဟင်ဂျာတွေနေရပ်မပြန်ဖို့သွေးထိုးတဲ့NGO အဖွဲ့တွေကိုဘင်္ဂလားဒေ့ရှ်အစိုးရပိတ်ပင်

ဒါကာ၊စက်တင်ဘာ-၆-၂၀၁၉ မျိုးဆက်(VOM)   ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းမှာရှိတဲ့ဒုက္ခသည်စခန်းတွေကရိုဟင်ဂျာတွေကိုမြန်မာနိုင်ငံပြန်ပို့ရေးအစီအစဉ်ကိုငြင်းဆိုဖို့သွေးထိုးလှုံ့ဆော်ခဲ့တဲ့NGO အဖွဲ့နှစ်ဖွဲ့ကိုဘင်္ဂလားဒေ့ရှ်အစိုးရကတားမြစ်ပိတ်ပင်လိုက်ပါတယ်။   လွန်ခဲ့တဲ့နှစ်နှစ်တာကာလကတည်းကနိုင်ငံအတွင်းရောက်ရှိနေတဲ့ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်ဘက်ကစိတ်မရှည်မှုတွေတိုးပွားလာချိန်မှာဘဲအကူညီပေးတဲ့NGO အဖွဲ့တွေကိုပိတ်ပင်မှုလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။   ပြီးခဲ့တဲ့လအတွင်းမြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြားရိုဟင်ဂျာတွေနေရပ်ပြန်ပို့ရေးဒုတိယအကြိမ်မြောက်ကြိုးစားခဲ့ပေမယ့်ရိုဟင်ဂျာတစ်ဦးတစ်ယောက်မှရခိုင်ပြည်နယ်ကိုပြန်မပို့နိုင်ခဲ့ပါဘူး။     လုပ်ငန်းတွေတားမြစ်ခံလိုက်ရတဲ့NGO အဖွဲ့တွေကတော့အမေရိကန်အခြေစိုက်Adventist Development and Relief Agency (ADRA) အဖွဲ့နဲ့ဒေသခံNGO အဖွဲ့တစ်ခုဖြစ်တဲ့Al Markazul Islami တို့ဖြစ်ပြီးရိုဟင်ဂျာတွေနေရပ်မပြန်ရေးသွေးထိုးလှုံ့ဆော်ခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့NGO ရေးရာဗျူရိုကစွပ်စွဲထားပါတယ်။     လက်ရှိမှာတော့ကော့ဘဇားမှာရှိတဲ့ဒုက္ခသည်စခန်းသုံးဒါဇင်လောက်မှာအကူအညီပေးရေးအဖွဲ့၁၃၀ကျော်ကလုပ်ငန်းတွေလုပ်ဆောင်နေကြပါတယ်။NGO အဖွဲ့တွေအနေနဲ့စည်းမျဉ်းစည်းကမ်းနဲ့လုပ်ပိုင်ခွင့်ကိုကျော်လွန်ပြီးဆောင်ရွက်တဲ့အဖွဲ့တွေကိုအရေးယူသွားမယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးအေကေအဗ္ဗဒူမိုမန်ကပြီးခဲ့တဲ့သီတင်းပတ်ကသတိပေးပြောဆိုပါတယ်။   Ref : Daily Mail Photo : AFP   #voiceofmyanmar #ရိုဟင်ဂျာ #ဘင်္ဂလားဒေရှ်

Read More

မန္တ​လေးတက္ကသိုလ်​ ပါချုပ်​ကိုစုံစမ်းစစ်​​ဆေး​​မယ့်အဖွဲ့ဟာ စစ်​မှန်​ရိုးသားတဲ့​ဖြေရှင်း​ပေးမှုမရှိရင် ​သပိတ်​အရှိန်​မြှင့်​မယ်

    မန္တ​လေးစက်​တင်​ဘာလ၆-၂၀၁၉ ဖြူဖြူ+ကိုထွန်း (VOM)   မန္တ​လေးတက္ကသိုလ်​မှာဖြစ်​​ပေါ်​နေတဲ့သပိတ်​​မှောက်​ဆန္ဒပြပွဲရဲ့​တောင်းဆိုမှုဖြစ်​တဲ့တက္ကသိုလ်​ရဲ့ပါ​မောက္ခချုပ်​ကိုစုံစမ်းစစ်​​ဆေးဖို့ပညာ​ရေးဝန်​ကြီးဌာနကညွှန်​ကြားလိုက်​​ပေမယ့်​စစ်​မှန်​ရိုးသားတဲ့​ဖြေရှင်း​ပေးမှုမဟုတ်​ရင်​ပိုမိုပြင်းထန်​တဲ့သပိတ်​ဖြစ်​လာမယ်​လို့​ကျောင်းသား​တွေက​ပြောဆိုလိုက်​ပါတယ်​။   “အခုချိန်​မှာကျ​နော်​တို့အ​နေနဲ့မချပြနိုင်​​သေးပါဘူး။ဒါ​ပေမယ့်​ကျ​နော်​တို့မှာအစီအစဉ်​ရှိပါတယ်​။မှန်​ကန်​တဲ့​ဖြေရှင်းမှုမဟုတ်​ရင်​​တော့သပိတ်​တိုက်​ပွဲကိုအရှိန်​မြှင့်​လုပ်​​ဆောင်​သွားမှာပါ။”လို့သပိတ်​ဦး​ဆောင်​​ကော်​မတီအဖွဲ့ဝင်​ကိုရန်​ပိုင်​စိုးက​ပြောပါတယ်​။     ပညာ​ရေးဝန်​ကြီးဋ္ဌာနနဲ့အဆင့်​မြင့်​ပညာဦးစီးဌာနရဲ့ခွင့်​ပြုချက်​မရယူသလို‌နိုင်​ငံ​တော်​ သမ္မတညွှန်​ကြားချက်​ကို​ကျော်​လွန်ပြီးတင်​ဒါ​ခေါ်ယူခြင်းမရှိဘဲရင်းနှီးကျွမ်းဝင်​တဲ့လုပ်​ငန်းရှင်​ကိုလုပ်​ကိုင်​ခွင့်​ပြုလိုက်​တဲ့တက္ကသိုလ်​​မြေ၅၅​ပေ၊​ပေ၁၄၀​​ပေါ်မှာ​ဆောက်​လုပ်​ထားတဲ့  စား​သောက်​ဆိုင်​​ကိစ္စနဲ့ပတ်​သက်​ပြီး စုံစမ်းစစ်​​ဆေး​ အ​ရေးယူ​ပေးဖို့မန္တ​လေးတက္ကသိုလ်​ ​ကျောင်းသားသမဂ္ဂ​တွေကစက်​တင်​ဘာ၂ရက်​ကတည်းကသပိတ်​​မှောက်​ဆန္ဒပြ​နေကြတာပါ။       ပညာ​ရေးဝန်​ကြီးဌာနဒုတိယ၀န်​ကြီးဦးဝင်း​မော်​ထွန်းက​တော့စုံစမ်းစစ်​​ဆေးမှုကိုမနက်​ဖြန်​စက်​တင်​ဘာ၇ရက်​မနက်​ကိုးနာရီမှာစတင်​မှာဖြစ်​ပြီးတစ်​လမကြာဘူးလို့​ပြောပါတယ်​။     “ပါ​မောက္ခချုပ်​ကိုဘယ်​လိုအ​ရေးယူမလဲဆိုရင်​ကျ​နော်​တို့သွားစစ်​ရင်​ကျ​နော်​တို့ကိုင်​စွဲမယ့်​ဥပ​ဒေသည်​၀န်​ထမ်းဥပ​ဒေဖြစ်​ပါတယ်​။ဆောင်​ရွက်​မယ့်​လုပ်​ငန်းအဆင့်​ဆင့်​ကလည်းဝန်​ထမ်းစုံစမ်းစစ်​​ဆေးမှုဆိုင်​ရာနည်းဥပ​ဒေပါအတိုင်း​ဆောင်​ရွက်​မှာဖြစ်​ပါတယ်​။”လို့​ဒီ​နေ့​နေပြည်​​တော်​မှာအခုသပိတ်​​မှောက်​ဆန္ဒပြမှုနဲ့ပတ်​သက်​လို့ရှင်းလင်းပွဲမှာဝန်​ကြီးက​ပြောဆိုခဲ့တာပါ။     သပိတ်​​မှောက်​ဆန္ဒပြ​ကျောင်းသား​တွေဘက်​ကလည်း ဒီကိစ္စ​တွေနဲ့ပတ်​သက်​ပြီးပညာ​ရေးဝန်​ကြီးဌာနနဲ့သက်​ဆိုင်​ရာတာဝန်​ရှိသူ​တွေကသပိတ်​​မှောက်​ဆန္ဒပြပွဲ​လေးရက်​ ​ကျော်​လာတဲ့တိုင်​ထိ​ရောက်​မှန်​ကန်​တဲ့​ဖြေရှင်း​ပေးမှုမလုပ်​​ဆောင်​​သေးတဲ့အတွက်​ ​ကျောင်းသား​တွေရဲ့သ​ဘောထားသိရ​အောင်​ဆိုပြီးဒီ​နေ့စက်​တင်​ဘာ၆ရက်​မနက်​ပိုင်းကသပိတ်​​မှောက်​​နေတဲ့တက္ကသိုလ်​ပင်​မ​ဆောင်​​ရှေ့မှာပဲသတင်းစာရှင်းပွဲပြုလုပ်​ခဲ့ပါတယ်​။       ရှင်းလင်းပွဲမှာ​သပိတ်​​မှောက်​ဆန္ဒပြတာမဟုတ်​ဘဲတရားစွဲဖို့အစီအစဉ်​ရှိမရှိ​မေးမြန်းရာမှာ​တော့သပိတ်​​မှောက်​ ​ကျောင်းသူမယမင်းသူ​ပြောတာက”တရားစွဲမယ်​ဆိုရင်​ ပရိုစီဂျာအရအရမ်းကြာသွားနိုင်​​တော့ကျမတို့က​နောက်​ဆုံးနှစ်​​ကျောင်းသား​တွေလည်းဖြစ်​​နေ​တော့ခက်​ခဲတယ်​။ဒါ​ကြောင့်​​ကျောင်းမပြီးခင်​ဒီကိစ္စကိုအပြီးအပြတ်​လုပ်​သွားချင်​လို့ခုလိုသပိတ်​​မှောက်​တာပါ။”လို့ဆိုပါတယ်။       ပညာ​ရေးဝန်​ကြီးအ​နေနဲ့စက်​တင်​ဘာ၅ရက်​ည​၁၀နာရီခွဲအချိန်​က​နေ၄၈နာရီအတွင်းစစ်​မှန်​ရိုးသားတဲ့​ဖြေရှင်းနည်းနဲ့လာ​ရောက်​​ဖြေရှင်း​ပေးမှုမရှိရင်​ပြင်းထန်​တဲ့သပိတ်​​မှောက်​ဆန္ဒပြမှု​တွေအရှိန်​မြှင့်​လုပ်​​ဆောင်​သွားမှာဖြစ်​လို့​နောင်​ဖြစ်​လာမယ့်​ပြသနာအကျိုးဆက်​ဟာပညာ​ရေးဝန်​ကြီးဌာနရဲ့တာဝန်​သာဖြစ်​တယ်​လို့​​ကျောင်းသား​တွေက​ပြောပါတယ်​။         #voiceofmyanmar #မန္တ​လေးတက္ကသိုလ်​ #သပိတ်မှောက်

Read More

တရားသူကြီးကိုကြိုးပြတ်နေတဲ့ချိန်ခွင်ေ​ပးခဲ့သည့်ကိုပေါလု​ထောင်​၃လချမှတ်​ခံရ

မြစ်ကြီးနား၊ စက်တင်ဘာ ၆-၂၀၁၉ ရန်အောင်ထွန်း  (VOM)     တရားသူကြီးကိုကြိုးပြတ်တဲ့ချိန်ခွင်ပေးခဲ့လို့ တရားရုံးမထီမဲ့မြင်မှုနဲ့တရားစွဲခံရတဲ့ကိုပေါလုကို  စက်တင်ဘာလ၆ရက်၁၀နာရီ​ကျော်ကမြစ်ကြီးနားမြို့နယ်တရားရုံးမှာစစ်​​ဆေးခဲ့ပြီး​ထောင်​ဒဏ်​၃လချမှတ်​ခဲ့ပါတယ်။   ကို​ပေါလုဟာ ပထမ​ ငြိမ်းစုစီပုဒ်မ၁၉အရ ငွေဒဏ်​ချမှတ်​မှုကိုလက်​မခံခဲ့လိုမြစ်ကြီးနားအကျဉ်းထောင်မှာ ထောင်ဒဏ်၁၅ရက်အပါအဝင်​  ​ထောင်​ဒဏ်​ ၃လထပ်​မံကျခံရတော့မှာဖြစ်ပါတယ်​။   အမှုမစစ်​ခင်​မှာကို​ပေါလုနဲ့သူရဲ့​ရှေ့​နေကို​တွေ့​ခွင့်​မ​ပေးဘဲ​တရားခွင်​ကို​​ခေါ်ထုတ်​ခဲ့လို့ရဲဝန်​ထမ်း တချို့နဲ့ ကို​ပေါလုကိုဝန်းရံသူတို့အနည်းငယ်​အချင်း​များခဲ့ကြပါတယ်​။   အဲ့ဒီအမှုမှာတရားလိုကမြစ်ကြီးနားမြို့နယ်တရားသူကြီးဦးသန်းထွန်းဖြစ်​ပြီအမှုကိုတွဲဘက်မြစ်ကြီးနားမြို့နယ်တရားသူကြီးဒေါ်တင်နွယ်ဝင်းကစစ်ဆေးသွားခဲ့ပါတယ်​။   ကို​ပေါလုက​တော့” မြန်​မာနိုင်​ငံရဲ့တရားစီရင်​​ရေးယိုယွင်းပျက်​စီး​နေတာကိုပြည်​သူများသိရှိ​အောင်​သက်​ဆိုင်​ရာတာဝန်​ရှိသူများသိရှိ​အောင်​ဒီလုပ်​ရပ်​ကိုကျွန်​​တော်​လုပ်​လိုက်​တာဖြစ်​တယ်​။ဒီက​နေ့မှာအပြစ်​ရျိတယ်​လို့ဝန်​ခံခဲ့တယ်​ဒါ​ပေမဲ့၃လအပြစ်​ဒဏ်​ချခဲ့တယ်​ကျွန်​​တော်​ကမတရားမှုကိုဒူး​ထောက်​​ခေါင်းငုံ့ခံမှာမဟုတ်​ဘူးအပြစ်​ရှိတယ်​လို့ဝန်​ခံတာကနိုင်​ငံ​ရေးသမားမို့လို့တန်​တာကိုလုပ်​တယ်​။ဒါ​ပေမဲ့ဒီအလုပ်​ကမတရားဘူးဆိုတာကမ္ဘာသိ​စေမြန်​မာသိ​စေကချင်​ပြည်​နယ်​သိ​စေပါတယ်​လို့ကျွန်​​တော်​​ပြောချင်​ပါတယ်​.”တရားရုံးအထွက်​တွင်​ ​ပြောခဲ့ပါတယ်​။     အမှုမစစ်​​ဆေးခင်​မှာကို​ပေါလုနဲ့​တွေ့ခွင့်​မ​ပေးခဲ့​ကြောင်းနဲ့ကို​ပေါလုအ​နေနဲ့စွဲဆိုတဲ့ပြစ်​မှုကိုကျူးလွန်​တယ်​လို့မဆိုနိုင်​​ကြောင်းကို” ဒီပုဒ်​မနဲ့သူကလုံးဝငြိစွန်းမှုမရှိဘူးတစ်​ချက်​ကသူတို့ရဲ့တရားစီရင်​​ရေးကပြီးသွားပြီထပ်​ဝင်​လာပြီးမှသူ့ကိုဒီလိုအပြစ်​ဒဏ်​ချတာကိုတရားမျှတမှုမရှိဘူးဆိုတာကိုသွား​ပြတာအမှတ်​လက္ခဏာပဲပြတာ​တရားရုံးနဲ့တရားသူကြီးကို​စော်​ကားတယ်​ဆိုတာတခြားရိုင်းစိုင်းတာ​တွေလုပ်​မှဆဲဆိုမှ​စော်​ကားတယ်​လို့ဆိုနိုင်​တာအခုဟာကသူ့ရဲ့ပြစ်​ဒဏ်​ဟာတရားမျှတမှုမရှိဘူးဆိုတာကိုအမှတ်​လက္ခဏာနဲ့ပြတာဒီ​လောက်​​တောင်​လုပ်​ခွင့်​မရှိဘူးဆိုရင်​ဒီမိုက​ရေစီကိုသွားစရာအ​ကြောင်းမရှိဘူးရစရာအ​ကြောင်းမရှိဘူးလူ့အခွင့်​အ​ရေးဆိုတာရစရာအ​ကြောင်းမရှိဘူး”ဟုကို​ပေါလုရဲ့​ရှေ့​နေဦးမာခါးက​ပြောပါတယ်​။ တရားလိုဘက်​ကအ​ခြေအ​နေကိုသိဖို့မြို့နယ်​တရားရုံးကပြန်​ကြား​ရေးဌာနကိုမီဒီယာများ​မေးမြန်းရာမှာကြိုတင်​ခွင့်​ပြုချက်​​တောင်းခံပြီးမွန်းလွဲ၂နာရီမှ​ဖြေကြား​ပေးနိုင်မယ်လို့ ဆိုပါတယ်။   ​​စစ်ရှောင်ပြည်သူများ၏ဘ၀အကြောင်းလမ်းဘေးသရုပ်ဖော်တင်ဆက်ခဲ့လို့​ကို​ပေါလုနှင့်​မဆိုင်းနူးပန်ကို  ငြိမ်းစုစီပုဒ်မ၁၉နဲ့တရားစွဲခံရပြီးစက်တင်ဘာလ၂ရက်နေ့မှာငွေဒဏ်၃သောင်းချမှတ်​ခဲ့ပြီးမ​ပေး​ဆောင်​ခဲ့ရင်​  ထောင်၁၅ရက်စီကျခံရန်အမိန့်ချမှတ်ခဲ့သည်​။အဆိုပါအမိန့်​ကိုမ​ကျေနပ်​လို့မြစ်ကြီးနားမြို့နယ်တရားသူကြီးဦးသန်းထွန်းထံကိုပေါလုကကြိုးပြတ်နေတဲ့ချိန်ခွင်ကိုပေးခဲ့သည်​။တရားသူကြီးဦးသန်းထွန်းကပြည်သူ့ဝန်ထမ်းတရားစီရင်ရေးဆောင်ရွက်နေစဉ်တမင်နှောင့်ယှက်မထီမဲ့မြင်ပြုလို့ဆိုပြီးပုဒ်မ၂၂၈ဖြင့်အရေးယူပေးဖို့စက်​တင်​ဘာ၃ရက်​​နေ့ကတရားရုံးသို့ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပါတယ်။ကိုပေါလုနဲ့ မဆိုင်းနူးပန်တို့ ကို ထောင်ချတာနဲ့ ပတ်သက်ပြီး မနေ့ကရော ဒီကနေ့ပါမြစ်ကြီးနားမှာ လူရာချီပြီးဆန္ဒပြခဲ့ကြပါတယ်။ #voiceofmyanmar #မြစ်ကြီးနား #ကိုပေါလု #တရားရုံးမထီမဲ့မြင်

Read More
VOM News

FREE
VIEW