မန္တ​လေးတက္ကသိုလ်​ ပါချုပ်​ကိုစုံစမ်းစစ်​​ဆေး​​မယ့်အဖွဲ့ဟာ စစ်​မှန်​ရိုးသားတဲ့​ဖြေရှင်း​ပေးမှုမရှိရင် ​သပိတ်​အရှိန်​မြှင့်​မယ်

 

 

မန္တ​လေးစက်​တင်​ဘာလ၆-၂၀၁၉

ဖြူဖြူ+ကိုထွန်း (VOM)

 

မန္တ​လေးတက္ကသိုလ်​မှာဖြစ်​​ပေါ်​နေတဲ့သပိတ်​​မှောက်​ဆန္ဒပြပွဲရဲ့​တောင်းဆိုမှုဖြစ်​တဲ့တက္ကသိုလ်​ရဲ့ပါ​မောက္ခချုပ်​ကိုစုံစမ်းစစ်​​ဆေးဖို့ပညာ​ရေးဝန်​ကြီးဌာနကညွှန်​ကြားလိုက်​​ပေမယ့်​စစ်​မှန်​ရိုးသားတဲ့​ဖြေရှင်း​ပေးမှုမဟုတ်​ရင်​ပိုမိုပြင်းထန်​တဲ့သပိတ်​ဖြစ်​လာမယ်​လို့​ကျောင်းသား​တွေက​ပြောဆိုလိုက်​ပါတယ်​။

 

“အခုချိန်​မှာကျ​နော်​တို့အ​နေနဲ့မချပြနိုင်​​သေးပါဘူး။ဒါ​ပေမယ့်​ကျ​နော်​တို့မှာအစီအစဉ်​ရှိပါတယ်​။မှန်​ကန်​တဲ့​ဖြေရှင်းမှုမဟုတ်​ရင်​​တော့သပိတ်​တိုက်​ပွဲကိုအရှိန်​မြှင့်​လုပ်​​ဆောင်​သွားမှာပါ။”လို့သပိတ်​ဦး​ဆောင်​​ကော်​မတီအဖွဲ့ဝင်​ကိုရန်​ပိုင်​စိုးက​ပြောပါတယ်​။

 

 

ပညာ​ရေးဝန်​ကြီးဋ္ဌာနနဲ့အဆင့်​မြင့်​ပညာဦးစီးဌာနရဲ့ခွင့်​ပြုချက်​မရယူသလို‌နိုင်​ငံ​တော်​ သမ္မတညွှန်​ကြားချက်​ကို​ကျော်​လွန်ပြီးတင်​ဒါ​ခေါ်ယူခြင်းမရှိဘဲရင်းနှီးကျွမ်းဝင်​တဲ့လုပ်​ငန်းရှင်​ကိုလုပ်​ကိုင်​ခွင့်​ပြုလိုက်​တဲ့တက္ကသိုလ်​​မြေ၅၅​ပေ၊​ပေ၁၄၀​​ပေါ်မှာ​ဆောက်​လုပ်​ထားတဲ့  စား​သောက်​ဆိုင်​​ကိစ္စနဲ့ပတ်​သက်​ပြီး စုံစမ်းစစ်​​ဆေး​ အ​ရေးယူ​ပေးဖို့မန္တ​လေးတက္ကသိုလ်​ ​ကျောင်းသားသမဂ္ဂ​တွေကစက်​တင်​ဘာ၂ရက်​ကတည်းကသပိတ်​​မှောက်​ဆန္ဒပြ​နေကြတာပါ။

 

 

 

ပညာ​ရေးဝန်​ကြီးဌာနဒုတိယ၀န်​ကြီးဦးဝင်း​မော်​ထွန်းက​တော့စုံစမ်းစစ်​​ဆေးမှုကိုမနက်​ဖြန်​စက်​တင်​ဘာ၇ရက်​မနက်​ကိုးနာရီမှာစတင်​မှာဖြစ်​ပြီးတစ်​လမကြာဘူးလို့​ပြောပါတယ်​။

 

 

“ပါ​မောက္ခချုပ်​ကိုဘယ်​လိုအ​ရေးယူမလဲဆိုရင်​ကျ​နော်​တို့သွားစစ်​ရင်​ကျ​နော်​တို့ကိုင်​စွဲမယ့်​ဥပ​ဒေသည်​၀န်​ထမ်းဥပ​ဒေဖြစ်​ပါတယ်​။ဆောင်​ရွက်​မယ့်​လုပ်​ငန်းအဆင့်​ဆင့်​ကလည်းဝန်​ထမ်းစုံစမ်းစစ်​​ဆေးမှုဆိုင်​ရာနည်းဥပ​ဒေပါအတိုင်း​ဆောင်​ရွက်​မှာဖြစ်​ပါတယ်​။”လို့​ဒီ​နေ့​နေပြည်​​တော်​မှာအခုသပိတ်​​မှောက်​ဆန္ဒပြမှုနဲ့ပတ်​သက်​လို့ရှင်းလင်းပွဲမှာဝန်​ကြီးက​ပြောဆိုခဲ့တာပါ။

 

 

သပိတ်​​မှောက်​ဆန္ဒပြ​ကျောင်းသား​တွေဘက်​ကလည်း ဒီကိစ္စ​တွေနဲ့ပတ်​သက်​ပြီးပညာ​ရေးဝန်​ကြီးဌာနနဲ့သက်​ဆိုင်​ရာတာဝန်​ရှိသူ​တွေကသပိတ်​​မှောက်​ဆန္ဒပြပွဲ​လေးရက်​ ​ကျော်​လာတဲ့တိုင်​ထိ​ရောက်​မှန်​ကန်​တဲ့​ဖြေရှင်း​ပေးမှုမလုပ်​​ဆောင်​​သေးတဲ့အတွက်​ ​ကျောင်းသား​တွေရဲ့သ​ဘောထားသိရ​အောင်​ဆိုပြီးဒီ​နေ့စက်​တင်​ဘာ၆ရက်​မနက်​ပိုင်းကသပိတ်​​မှောက်​​နေတဲ့တက္ကသိုလ်​ပင်​မ​ဆောင်​​ရှေ့မှာပဲသတင်းစာရှင်းပွဲပြုလုပ်​ခဲ့ပါတယ်​။

 

 

 

ရှင်းလင်းပွဲမှာ​သပိတ်​​မှောက်​ဆန္ဒပြတာမဟုတ်​ဘဲတရားစွဲဖို့အစီအစဉ်​ရှိမရှိ​မေးမြန်းရာမှာ​တော့သပိတ်​​မှောက်​ ​ကျောင်းသူမယမင်းသူ​ပြောတာက”တရားစွဲမယ်​ဆိုရင်​ ပရိုစီဂျာအရအရမ်းကြာသွားနိုင်​​တော့ကျမတို့က​နောက်​ဆုံးနှစ်​​ကျောင်းသား​တွေလည်းဖြစ်​​နေ​တော့ခက်​ခဲတယ်​။ဒါ​ကြောင့်​​ကျောင်းမပြီးခင်​ဒီကိစ္စကိုအပြီးအပြတ်​လုပ်​သွားချင်​လို့ခုလိုသပိတ်​​မှောက်​တာပါ။”လို့ဆိုပါတယ်။

 

 

 

ပညာ​ရေးဝန်​ကြီးအ​နေနဲ့စက်​တင်​ဘာ၅ရက်​ည​၁၀နာရီခွဲအချိန်​က​နေ၄၈နာရီအတွင်းစစ်​မှန်​ရိုးသားတဲ့​ဖြေရှင်းနည်းနဲ့လာ​ရောက်​​ဖြေရှင်း​ပေးမှုမရှိရင်​ပြင်းထန်​တဲ့သပိတ်​​မှောက်​ဆန္ဒပြမှု​တွေအရှိန်​မြှင့်​လုပ်​​ဆောင်​သွားမှာဖြစ်​လို့​နောင်​ဖြစ်​လာမယ့်​ပြသနာအကျိုးဆက်​ဟာပညာ​ရေးဝန်​ကြီးဌာနရဲ့တာဝန်​သာဖြစ်​တယ်​လို့​​ကျောင်းသား​တွေက​ပြောပါတယ်​။

 

 

 

 

#voiceofmyanmar #မန္တ​လေးတက္ကသိုလ်​ #သပိတ်မှောက်

Related posts

Leave a Comment

VOM News

FREE
VIEW