တရားသူကြီးကိုကြိုးပြတ်နေတဲ့ချိန်ခွင်ေ​ပးခဲ့သည့်ကိုပေါလု​ထောင်​၃လချမှတ်​ခံရ

မြစ်ကြီးနား၊ စက်တင်ဘာ ၆-၂၀၁၉

ရန်အောင်ထွန်း  (VOM)

 

 

တရားသူကြီးကိုကြိုးပြတ်တဲ့ချိန်ခွင်ပေးခဲ့လို့ တရားရုံးမထီမဲ့မြင်မှုနဲ့တရားစွဲခံရတဲ့ကိုပေါလုကို  စက်တင်ဘာလ၆ရက်၁၀နာရီ​ကျော်ကမြစ်ကြီးနားမြို့နယ်တရားရုံးမှာစစ်​​ဆေးခဲ့ပြီး​ထောင်​ဒဏ်​၃လချမှတ်​ခဲ့ပါတယ်။

 

ကို​ပေါလုဟာ ပထမ​ ငြိမ်းစုစီပုဒ်မ၁၉အရ ငွေဒဏ်​ချမှတ်​မှုကိုလက်​မခံခဲ့လိုမြစ်ကြီးနားအကျဉ်းထောင်မှာ ထောင်ဒဏ်၁၅ရက်အပါအဝင်​  ​ထောင်​ဒဏ်​ ၃လထပ်​မံကျခံရတော့မှာဖြစ်ပါတယ်​။

 

အမှုမစစ်​ခင်​မှာကို​ပေါလုနဲ့သူရဲ့​ရှေ့​နေကို​တွေ့​ခွင့်​မ​ပေးဘဲ​တရားခွင်​ကို​​ခေါ်ထုတ်​ခဲ့လို့ရဲဝန်​ထမ်း တချို့နဲ့ ကို​ပေါလုကိုဝန်းရံသူတို့အနည်းငယ်​အချင်း​များခဲ့ကြပါတယ်​။

 

အဲ့ဒီအမှုမှာတရားလိုကမြစ်ကြီးနားမြို့နယ်တရားသူကြီးဦးသန်းထွန်းဖြစ်​ပြီအမှုကိုတွဲဘက်မြစ်ကြီးနားမြို့နယ်တရားသူကြီးဒေါ်တင်နွယ်ဝင်းကစစ်ဆေးသွားခဲ့ပါတယ်​။

 

ကို​ပေါလုက​တော့” မြန်​မာနိုင်​ငံရဲ့တရားစီရင်​​ရေးယိုယွင်းပျက်​စီး​နေတာကိုပြည်​သူများသိရှိ​အောင်​သက်​ဆိုင်​ရာတာဝန်​ရှိသူများသိရှိ​အောင်​ဒီလုပ်​ရပ်​ကိုကျွန်​​တော်​လုပ်​လိုက်​တာဖြစ်​တယ်​။ဒီက​နေ့မှာအပြစ်​ရျိတယ်​လို့ဝန်​ခံခဲ့တယ်​ဒါ​ပေမဲ့၃လအပြစ်​ဒဏ်​ချခဲ့တယ်​ကျွန်​​တော်​ကမတရားမှုကိုဒူး​ထောက်​​ခေါင်းငုံ့ခံမှာမဟုတ်​ဘူးအပြစ်​ရှိတယ်​လို့ဝန်​ခံတာကနိုင်​ငံ​ရေးသမားမို့လို့တန်​တာကိုလုပ်​တယ်​။ဒါ​ပေမဲ့ဒီအလုပ်​ကမတရားဘူးဆိုတာကမ္ဘာသိ​စေမြန်​မာသိ​စေကချင်​ပြည်​နယ်​သိ​စေပါတယ်​လို့ကျွန်​​တော်​​ပြောချင်​ပါတယ်​.”တရားရုံးအထွက်​တွင်​ ​ပြောခဲ့ပါတယ်​။

 

 

အမှုမစစ်​​ဆေးခင်​မှာကို​ပေါလုနဲ့​တွေ့ခွင့်​မ​ပေးခဲ့​ကြောင်းနဲ့ကို​ပေါလုအ​နေနဲ့စွဲဆိုတဲ့ပြစ်​မှုကိုကျူးလွန်​တယ်​လို့မဆိုနိုင်​​ကြောင်းကို” ဒီပုဒ်​မနဲ့သူကလုံးဝငြိစွန်းမှုမရှိဘူးတစ်​ချက်​ကသူတို့ရဲ့တရားစီရင်​​ရေးကပြီးသွားပြီထပ်​ဝင်​လာပြီးမှသူ့ကိုဒီလိုအပြစ်​ဒဏ်​ချတာကိုတရားမျှတမှုမရှိဘူးဆိုတာကိုသွား​ပြတာအမှတ်​လက္ခဏာပဲပြတာ​တရားရုံးနဲ့တရားသူကြီးကို​စော်​ကားတယ်​ဆိုတာတခြားရိုင်းစိုင်းတာ​တွေလုပ်​မှဆဲဆိုမှ​စော်​ကားတယ်​လို့ဆိုနိုင်​တာအခုဟာကသူ့ရဲ့ပြစ်​ဒဏ်​ဟာတရားမျှတမှုမရှိဘူးဆိုတာကိုအမှတ်​လက္ခဏာနဲ့ပြတာဒီ​လောက်​​တောင်​လုပ်​ခွင့်​မရှိဘူးဆိုရင်​ဒီမိုက​ရေစီကိုသွားစရာအ​ကြောင်းမရှိဘူးရစရာအ​ကြောင်းမရှိဘူးလူ့အခွင့်​အ​ရေးဆိုတာရစရာအ​ကြောင်းမရှိဘူး”ဟုကို​ပေါလုရဲ့​ရှေ့​နေဦးမာခါးက​ပြောပါတယ်​။

တရားလိုဘက်​ကအ​ခြေအ​နေကိုသိဖို့မြို့နယ်​တရားရုံးကပြန်​ကြား​ရေးဌာနကိုမီဒီယာများ​မေးမြန်းရာမှာကြိုတင်​ခွင့်​ပြုချက်​​တောင်းခံပြီးမွန်းလွဲ၂နာရီမှ​ဖြေကြား​ပေးနိုင်မယ်လို့ ဆိုပါတယ်။

 

စစ်ရှောင်ပြည်သူများ၏ဘ၀အကြောင်းလမ်းဘေးသရုပ်ဖော်တင်ဆက်ခဲ့လို့​ကို​ပေါလုနှင့်​မဆိုင်းနူးပန်ကို  ငြိမ်းစုစီပုဒ်မ၁၉နဲ့တရားစွဲခံရပြီးစက်တင်ဘာလ၂ရက်နေ့မှာငွေဒဏ်၃သောင်းချမှတ်​ခဲ့ပြီးမ​ပေး​ဆောင်​ခဲ့ရင်​  ထောင်၁၅ရက်စီကျခံရန်အမိန့်ချမှတ်ခဲ့သည်​။အဆိုပါအမိန့်​ကိုမ​ကျေနပ်​လို့မြစ်ကြီးနားမြို့နယ်တရားသူကြီးဦးသန်းထွန်းထံကိုပေါလုကကြိုးပြတ်နေတဲ့ချိန်ခွင်ကိုပေးခဲ့သည်​။တရားသူကြီးဦးသန်းထွန်းကပြည်သူ့ဝန်ထမ်းတရားစီရင်ရေးဆောင်ရွက်နေစဉ်တမင်နှောင့်ယှက်မထီမဲ့မြင်ပြုလို့ဆိုပြီးပုဒ်မ၂၂၈ဖြင့်အရေးယူပေးဖို့စက်​တင်​ဘာ၃ရက်​​နေ့ကတရားရုံးသို့ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပါတယ်။ကိုပေါလုနဲ့ မဆိုင်းနူးပန်တို့ ကို ထောင်ချတာနဲ့ ပတ်သက်ပြီး မနေ့ကရော ဒီကနေ့ပါမြစ်ကြီးနားမှာ လူရာချီပြီးဆန္ဒပြခဲ့ကြပါတယ်။

#voiceofmyanmar #မြစ်ကြီးနား #ကိုပေါလု #တရားရုံးမထီမဲ့မြင်

Related posts

Leave a Comment

VOM News

FREE
VIEW