KBC ဥက္ကဋ္ဌကို တရားစွဲထားတဲ့အမှု တပ်မတော်ဘက်က  ရုပ်သိမ်း

မြစ်ကြီးနား ၊ စက်တင်ဘာ ၉ -၂၀၁၉

ရန်အောင်ထွန်း (VOM)

 

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဌ ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး သန်းထိုက်မှတရားလိုပြုလုပ်ပြီး မြစ်ကြီးနားမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားသည့်အမှုကို  တရားလိုဘက်မှစက်တင်ဘာ ၉ ရက်နံနက်တွင် ရုပ်သိမ်းကျေအေးလိုက်သည်။

 

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီးသန်းထိုက်က  ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၄၅ /၁  အရ ကြေအေးခွင့်ပြုပြီးတော့ ၃၄၅/၆ အရ စွပ်စွဲခံရသူ ဒေါက်တာခါလမ်ဆွမ်ဆွန်အား အပြီးပြတ်လွှတ်လိုက်ပြီဟုသိရသည်။

 

မြို့နယ်တရားရုံးမှပြန်ကြားရေးအရာရှိ ဦးသန်းထွန်းကတော့ တရားစွဲပေးဖို့ ဦးတိုက်လျှောက်ထာပြီးမျ ကျေအေးခဲ့တာနှင့်ပတ်သက်ပြီ ” အဲ့ဒါက လျှောက်ထားသူရဲ့ ဆန္ဒပဲဖြစ်ပါလိမ့်မယ် ၊ သူတို့အမှုက တရားရုံးက ခွင့်ပြုချက်တောင်မလိုဘူး တကယ်ဆို ပုဒ်မ ၃၄၅/၁ ဆိုတာ အဲ့ဒီတော့ ဒီနေ့ပဲ ရုပ်သိမ်းပေးပါဆိုလို့ စောင့်တာ သူတို့ လျောက်ထာ့တဲ့သူကပဲလုပ်တာ ဘယ်လိုကျေးအေးပါတယ်ဆိုတာကတော့ လျောက်ထာ့တဲ့သူမှာပဲ မူတည်တာပေါ့” ဟု ပြောသည်။

 

ဇူလိုင်လအတွင်းက အမေရိကန်ပြည်ထောင်စုသမ္မတနိုင်ငံ အိမ်ဖြူတော်၌ သမ္မတဒေါ်နယ်ထရမ့် နှင့် နိုင်ငံတကာမှ ဘာသာရေး ခေါင်းဆောင်များ တွေ့ဆုံစဉ် ဒေါက်တာခလမ်ဆမ်ဆွန်က သမ္မတ ဒေါ်နယ်ထရမ့်အား ပြောကြားချက် နှင့် စပ်လျဉ်းပြီး  သြဂုတ်လ ၂၆ ရက်နေ့က မြစ်ကြီးနားမြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပါတယ် ။

 

ပြီးတဲ့အပတ်ကပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဒေါက်တာခလမ်ဆွမ်ဆွန်ကို တရားစွဲတာဟာ စိုးရိမ်ပူပန်မိကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်။

 

#voiceofmyanmar #KBC #ဒေါက်တာခလမ်ဆွမ်ဆွန်

Related posts

Leave a Comment

VOM News

FREE
VIEW