ဟားခါးမြို့ တိုးချဲ့မြေဧရိယာ မြေကွက်လိမ်လည်ရောင်းချသူတွေကို ဖမ်းဆီး

ဟားခါး စက်တင်ဘာ ၉-၂၀၁၉ မိုင်ချယ်ရီ (VOM)   ချင်းပြည်နယ် အစိုးရအဖွဲ့ရဲ့ မြို့သစ်တိုးချဲ့ မြေဧရိယာ ဧက ခြောက်ရာကျော်ပေါ်မှာ မိမိပိုင်မြေဆိုပြီး မြေကွက်လိမ်လည်ရောင်းချခဲ့ကြသူတွေလို့ ယူဆရ သူတွေကို ဟားခါးမြို့မရဲစခန်းမှာ မနေ့က ဖမ်းဆီးထားပြီး စစ်ဆေးနေတယ်လို့ ဟားခါးမြို့မရဲစခန်း ကနေ သိရပါတယ်။     မြေကွက် လိမ်လည်ရောင်းချတယ်ဆိုပြီး အဖမ်းခံရတဲ့သူ ၆ ဦး ရှိပြီး သူတို့ကတော့ ပူးချိန်တလိန်း၊ ပီးငွန်ပါရ် ၊ ပူးဇုန်မန်း၊ ဒေါက်တာဟရန်ကီးလ် ၊ ပူးမှက်အာလ် နဲ့ ပူးဘွဲ့အော် တို့ ဖြစ်တယ်လို့ သိရပါတယ်။   သြဂုတ်လ ၂၀ ရက်နေ့က ပြည်နယ်အစိုးရ အစီအစဉ်နဲ့ မြို့သစ်စီမံကိန်းထဲမှာ ကျူးကျော်နေထိုင်တဲ့ လူနေအိမ် အလုံး ၁၂၀ ကျော်ကို ဖျက်ဆီးခဲ့ပါတယ်။ ဖျက်ဆီးခံရတဲ့ လူနေအိမ်တွေ တည်ဆောက်ထားတဲ့…

Read More

မီတာခနှုန်းထားတွေတိုးကောက်တဲ့ ဇူလိုင်လမှာပဲ ရန်ကုန်တိုင်းရဲ့ လျှပ်စစ်ကဏ္ဍဝင်ငွေဟာ မြန်မာကျပ်ငွေ  ၃၆ ဘီလျံပိုရ

ရန်ကုန် စက်တင်ဘာ ၉-၂၀၁၉ သိဂီ င်္(VOM)     မီတာခနှုန်းထားတွေ စတင်တိုးမြှင့်ကောက်ခံလိုက်တဲ့ ပထမလဖြစ်တဲ့ ဇူလိုင်လ မှာပဲ ရန်ကုန်တိုင်းရဲ့ လျှပ်စစ်ကဏ္ဍဝင်ငွေဟာ မြန်မာကျပ်ငွေ ၉၁ ဘီလျံထိရရှိခဲ့တယ်လို့ ဒီကနေ့ စက်တင်ဘာလ ၉ ရက်  ရန်ကုန်လျပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရုံး သတင်းစာရှင်းလင်းပွဲက သိရပါတယ်။   ပြီးခဲ့တဲ့ မီတာခတွေ ပြောင်းလဲမကောက်ခံမှီ ဇွန်လ ရဲ့ လျှပ်စစ်ကဏ္ဍကရရှိငွေနဲ့နှိုင်းယှဉ်ရင် ၃၆ ဘီလျံပိုတိုးပြီး ရရှိခဲ့တာဖြစ်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရဲ့ အထွေထွေမန်နေဂျာ(ဘဏ္ဍာရေး) ဒေါ်စိုးစိုးနွယ် ကပြောပါတယ်။     ” အိမ်သုံးမဟုတ်တဲ့ အမျိုးကစားက လျှပ်စစ်သုံးစွဲမှုပိုများတယ်။ သုံးစွဲကြတဲ့ ယူနစ်တွေရဲ့ ရာခိုင်နှုန်းဆိုရင် အခြေခံလူတန်းစားများသုံးစွဲမှု ယူနစ် ၁ ယူနစ်ကနေ ၇၅ ယူနစ်ထိ သုံးစွဲမှု ၂၅ ရာခိုင်နှုန်းရှိတယ်။ လူလတ်တန်းစားတွေအနေနဲ့ ယူနစ် ၇၅…

Read More

မန္တ​လေးမှာ မြန်​မာကျပ်​​ငွေ ​​ကျောက်​မျက်​ပြပွဲ ကျင်းပမယ်

မန္တ​လေး စက်​တင်​ဘာလ ၉ -၂၀၁၉ ဖြူဖြူ(VOM)   မန္တ​လေးမြို့မှာ ပထမဆုံးအကြိမ်​ မြန်​မာကျပ်​​ငွေနဲ့ပြသမယ့်​ ​ကျောက်​မျက်​ရတနာပြပွဲကို မန္တ​လေးမြို့မှာ ကျင်းပသွားမယ်​လို့ မြန်​မာနိုင်​ငံ ​ကျောက်​မျက်​လုပ်​ငန်းရှင်​အသင်း (မန္တ​လေး) က သိရပါတယ်​။   ” ​ကျောက်​စိမ်း၊ ​ကျောက်​မျက်​ လုပ်​ကိုင်​စား​သောက်​သူ တပြည်​လုံးရဲ့ ကိုးဆယ်​ငါးရာခိုင်​နှုန်းဟာ မန္တ​လေးမှာ အ​ခြေစိုက်​တာ။ နိုင်​ငံခြားက လာ​ရောက်​ ​ရောင်းဝယ်​​နေတဲ့သူ​တွေကလည်း ဒီမှာအ​ခြေစိုက်​ကြတယ်​။ ပြီး​တော့ မန္တ​လေးဟာ လုပ်​ငန်း​ပေါင်းစုံ ရှိသလို အချက်​အခြာကျတဲ့ မြို့လည်းဖြစ်​​တော့ ကျင်းပသွားမှာပါ။ “လို့  မြန်​မာနိုင်​ငံ ​ကျောက်​မျက်​လုပ်​ငန်းရှင်​အသင်း (မန္တ​လေး) ဥက္ကဋ္ဌ ဦးသန်းဝင်းက ​ပြောပါတယ်​။   ​ကျောက်​မျက်​ရတနာ ပြပွဲ​တွေကို ယူရို​ငွေပြပွဲပဲဖြစ်​ဖြစ်​၊ မြန်​မာကျပ်​​ငွေပြပွဲပဲဖြစ်​ဖြစ်​ အရင်​က ​နေပြည်​​တော်​မှာသာ ကျင်းပ​နေခဲ့တာဖြစ်​​ပေမယ့်​ အခု​နောက်​ပိုင်းမှာ​တော့ စစ်​ကိုင်း၊ မြစ်​ကြီးနားနဲ့ အချို့မြို့​တွေမှာ ကျင်းပလာသလို မန္တ​လေးမှာလည်း ကျင်းပ​တော့မှာ ဖြစ်​ပါတယ်​။…

Read More

ဆယ်နှစ်အတွင်း အပြင်းထန်ဆုံးမုန်တိုင်း ဂျပန်မှာတိုက်ခတ်၊ နေအိမ်ကိုးသိန်းကျော် လျှပ်စစ်မီးပြတ်တောက်နေ

တိုကျို၊ စက်တင်ဘာ-၉-၂၀၁၉ မျိုးဆက် (VOM)   တိုက်ဖွန်းမုန်တိုင်းဖက်ဇိုင်ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့အနီး ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်ပြီးနောက် နေအိမ် ကိုးသိန်းကျော် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေဖြစ်ပေါ်နေပါတယ်။   မိုးသည်းထန်စွာရွာသွန်းပြီး လေတိုက်နှုန်းတစ်နာရီလျှင် မိုင်၁၃၀နှုန်းနဲ့ တိုက်ခတ်နေတဲ့ တိုက်ဖွန်းမုန်တိုင်းဟာ ဂျပန်မှာတိုက်ခတ်တဲ့ မုန်တိုင်းတွေထဲမှာတော့ ဆယ်စုနှစ်အတွင်း အားအပြင်းဆုံးဖြစ်ပါတယ်။   ကာနာဂါဝါတစ်မြို့လုံးလည်း လျှပ်စစ်မီးပြတ်တောက်နေပြီး ဒေသခံတွေကို နေအိမ်ပြင်ပမထွက်ကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ မုန်တိုင်းကြောင့် ပို့ဆောင်ဆက်သွယ်ရေးတွေ များစွာထိခိုက်မှုရှိပြီး ကျည်ဆံရထားခရီးစဉ်၁၀၀နဲ့ လေယာဉ်ခရီးစဉ်၁၃၀ကို ဖျက်သိမ်းလိုက်ရပါတယ်။     မိုးရေချိန်နဲ့ လေတိုက်နှုန်းဟာ စံချိန်တင်မြင့်တက်နိုင်တယ်လို့ မိုးလေဝသကြိုတင်ခန့်မှန်း သတိပေးချက် ထုတ်ပြန်ထားပြီး တိုကျိုတစ်ဝိုက်က ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အကြံပြု ထားပါ တယ်။ကန်နာဂါဝါ၊ ရှီဇူအိုကာနဲ့ တိုကျိုစီရင်စုနယ်တွေအတွင်းရှိ လူပေါင်း ၃၉၀၀၀၀ကျော်ကိုလည်း အာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်ထားပါတယ်။    …

Read More

မြန်မာနိုင်ငံကရိုဟင်ဂျာဆိုပြီး အမျိုးသမီးတစ်ဦးရဲ့ပညာသင်ခွင့် ဘင်္ဂလားဒေ့ရှ်တက္ကသိုလ်လက်မခံ

ကော့ဘဇား၊စက်တင်ဘာ-၉-၂၀၁၉ မျိုးဆက်(VOM)   ဘင်္ဂလားဒေ့ရှ်နိုင်ငံကတက္ကသိုလ်တစ်ခုမှာတက်ရောက်နေတဲ့အမျိုးသမီးတစ်ဦးဟာမြန်မာနိုင်ငံရိုဟင်ဂျာအသိုင်းအ၀ိုင်းကလို့သတင်းဌာနတွေကဖော်ပြပြီးနောက်အဲဒီအမျိုးသမီးရဲ့ပညာသင်ကြားခွင့်ကိုတက္ကသိုလ်ဘက်ကဆိုင်းငံ့ထားလိုက်ပါတယ်။     အသက်၂၀အရွယ်ရှိအက်ခ်တာခူရှီရဲ့သင်ကြားခွင့်ကိုအာဏာပိုင်တွေကဆိုင်းငံ့ထားပြီးစုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်သွားမယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းရှိကော့ဘဇားနိုင်ငံတကာတက္ကသိုလ်ရဲ့ဒုတိယပါမောက္ခချုပ်အဗ္ဗူခါရှန်ကစက်တင်ဘာ၈ရက်မှာပြောပါတယ်။   ရိုဟင်ဂျာတွေဟာဒုက္ခသည်တွေဖြစ်တဲ့အတွက်မိမိတို့တက္ကသိုလ်မှာတက်ရောက်ခွင့်မရှိဘူးလို့သူကဆိုပါတယ်။နိုင်ငံခြားသားတွေတက်ရောက်နိုင်ပြီးသူတို့အနေနဲ့လုပ်ထုံးလုပ်နည်းတွေအတိုင်းလိုက်နာရမယ်လို့ဒုတိယပါမောက္ခချုပ်အဗ္ဗူခါရှန်ကပြောပါတယ်။     ပညာသင်ခွင့်ဆိုင်းငံ့ထားခံရတဲ့ရိုဟင်ဂျာအမျိုးသမီးဟာဆိပ်ကမ်းမြို့ဖြစ်တဲ့စစ်တကောင်းမှာအထက်တန်းပြီးမြောက်အောင်မြင်ခဲ့တယ်ဆိုတဲ့စာရွက်စာတမ်းတွေတက္ကသိုလ်ကိုပေးခဲ့တယ်လို့ခါရှန်ကပြောပါတယ်။   အဲဒီတက္ကသိုလ်မှာဥပဒေပညာကိုလေ့လာနေတဲ့ခူရှိကတော့တက္ကသိုလ်ရဲ့ဒီလိုဆုံးဖြတ်မှုဟာသူ့အတွက်စိတ်ပိုင်းဆိုင်ရာထိခိုက်စေတယ်လို့ဆိုပါတယ်။သူ့ရဲ့မိဘတွေဟာရခိုင်ပြည်နယ်ကနေဘင်္ဂလားဒေ့ရှ်နိုင်ငံကို၁၉၉၀ခုနှစ်ကရောက်ရှိလာကြပြီးသူကတော့ကော့ဘဇားဒေသမှာဘဲမွေးဖွားကြီးပြင်းခဲ့တယ်လို့ခူရှိကပြောပါတယ်။     Ref : Press TV Photo : Getty Images   #voiceofmyanmar #ရိုဟင်ဂျာ

Read More

ကျုံပျော်နဲ့ လေးမျက်နှာက အင်းလုပ်သားငယ်တွေ ပုသိမ်မှာဆန္ဒပြ

ပုသိမ်၊ စက်တင်ဘာ ၉ -၂၀၁၉ ကိုအောင် (VOM)     ဒီနေ့ပုသိမ်မြို့မှာ ကျုံပျော်မြို့နယ်နဲ့ လေးမျက်နှာမြို့နယ်မှာရှိတဲ့ အင်း၅အင်းက ဒေသခံရေလုပ်သားငယ်တွေဟာ ဧရာဝတီတိုင်း စိုက်မွေးဝန်ကြီး တိုင်းခရိုင်မြို့နယ် ငါးလုပ်ငန်း ဦးစီးတွေအလိုမရှိ ခေါင်းစဉ်နဲ့စုပေါင်းဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။   လေးမျက်နှာမြို့နယ် ကကင်းမွန်းချောင်းအင်း မြေနုမြစ်ကျိုးအင်း ကျုံတလုပ်အင်းနဲ့ ကျုံပျော်မြို့နယ်က ရှားခဲကြီး အင်း ၊ ရှားခဲလေးအင်းတွေကို ကြေးတိုင်စနစ်ဖျက်သိမ်းထားတာကို အင်းသားကြီးတွေကို ၃နစ်ဆက်တိုက်လုပ်ကိုင်ခွင့်ချပေးလိုက်တဲ့အတွက် အင်းသားငယ်ရေလုပ်သားအစုအဖွဲ့များ လုပ်ကိုင်ခွင့်ရရှိရေးအတွက် ဆန္ဒဖော်ထုတ်ကြတာလို့သိရပါတယ်။     “ဒီအင်းတွေက လူသတ်မူ အမြဲဖြစ်နေလို့၂၀၁၆မှာ ကြေးတိုင်စနစ်ကို ဖျက်သိမ်းထားတယ်လို့ပြောတယ်။ ၃နှစ်ရှိပြီ ကျွန်တော်တို့ရေလုပ်သားငယ်တွေလဲမရဘူး တိုင်စာတင်တာတွေလဲ တပုံကြီးဖြစ်နေပြီ ဘာမှထူးမလာလို့ဆန္ဒဖော်ထုတ်တာ”ဟု လေးမျက်နှာမြို့နယ်က ရေလုပ်သားငယ် ဦးစန်းကျော်ကပြောပါတယ်   ကျုံပျော်မြို့နယ် ကရှားခဲကြီးရှားခဲလေးအင်း၂၀၁၂ခုနစ်က အင်းသားကြီးတွေနဲ့အင်းသားငယ်တွေကြား အဓိကရုဏ်းဖြစ်ပွာခဲဘူးပီး ၃ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ဒေါ်စန္ဒာကြည်က ခုလိုပြောပါတယ်။  …

Read More

KBC ဥက္ကဋ္ဌကို တရားစွဲထားတဲ့အမှု တပ်မတော်ဘက်က  ရုပ်သိမ်း

မြစ်ကြီးနား ၊ စက်တင်ဘာ ၉ -၂၀၁၉ ရန်အောင်ထွန်း (VOM)   ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဌ ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး သန်းထိုက်မှတရားလိုပြုလုပ်ပြီး မြစ်ကြီးနားမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားသည့်အမှုကို  တရားလိုဘက်မှစက်တင်ဘာ ၉ ရက်နံနက်တွင် ရုပ်သိမ်းကျေအေးလိုက်သည်။   မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီးသန်းထိုက်က  ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၄၅ /၁  အရ ကြေအေးခွင့်ပြုပြီးတော့ ၃၄၅/၆ အရ စွပ်စွဲခံရသူ ဒေါက်တာခါလမ်ဆွမ်ဆွန်အား အပြီးပြတ်လွှတ်လိုက်ပြီဟုသိရသည်။   မြို့နယ်တရားရုံးမှပြန်ကြားရေးအရာရှိ ဦးသန်းထွန်းကတော့ တရားစွဲပေးဖို့ ဦးတိုက်လျှောက်ထာပြီးမျ ကျေအေးခဲ့တာနှင့်ပတ်သက်ပြီ ” အဲ့ဒါက လျှောက်ထားသူရဲ့ ဆန္ဒပဲဖြစ်ပါလိမ့်မယ် ၊ သူတို့အမှုက တရားရုံးက ခွင့်ပြုချက်တောင်မလိုဘူး တကယ်ဆို ပုဒ်မ ၃၄၅/၁ ဆိုတာ အဲ့ဒီတော့ ဒီနေ့ပဲ ရုပ်သိမ်းပေးပါဆိုလို့ စောင့်တာ သူတို့ လျောက်ထာ့တဲ့သူကပဲလုပ်တာ ဘယ်လိုကျေးအေးပါတယ်ဆိုတာကတော့ လျောက်ထာ့တဲ့သူမှာပဲ…

Read More

ဟောင်ကောင်ခွဲထွက်ရေးကြိုးစားမှုမှန်သမျှချေမှုန်းခံရမယ်လို့တရုတ်နိုင်ပိုင်သတင်းဌာနဖော်ပြ

ပေကျင်း၊စက်တင်ဘာ-၉-၂၀၁၉ မျိုးဆက်(VOM)   ဟောင်ကောင်ဟာတရုတ်နိုင်ငံရဲ့ခွဲမရတဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီးဘယ်လိုခွဲထွက်ရေးဝါဒမဆို  ချေမှုန်းခံရမှာဖြစ်တယ်လို့တရုတ်နိုင်ငံပိုင်ချိုင်းနားဒေးလီးသတင်းဌာနကစက်တင်ဘာ၉ရက်မှာဖော်ပြထားပါတယ်။     ဟောင်ကောင်ဒီမိုကရေစီရရှိရေးသမ္မတဒေါ်နယ်ထရန့်ကူညီပေးဖို့ အမေရိကန်ကောင်စစ်ဝန်ရုံးအရှေ့မှာဆန္ဒပြတောင်းဆိုမှုများပြုလုပ်ပြီးတစ်ရက်အကြာမှာတရုတ်နိုင်ငံပိုင်သတင်းဌာနကယခုလိုရေးသားဖော်ပြတာဖြစ်ပါတယ်။     စက်တင်ဘာ၈ရက်ကပြုလုပ်ခဲ့တဲ့ဆန္ဒပွဲဟာ  ဆန္ဒပြပွဲတွေနောက်ကွယ်မှာ  တစ်ခြားနိုင်ငံတွေရဲ့တွန်းအားပေးမှုတွေရှိနေတယ်ဆိုတာသက်သေပင်ဖြစ်ပြီးဆန္ဒပြသူတွေအနေဖြင့်ဗဟိုအစိုးရရဲ့စိတ်ရှည်သည်းခံမှုကိုအဆုံးသတ်ဖို့မကြိုးစားသင့်ဘူးလို့ဖော်ပြထားပါတယ်။     သံသယရှိသူတရားခံကိုတရုတ်ကွန်မြူနစ်ပါတီကထိန်းချုပ်ထားတဲ့တရားရုံးတွေမှာစီရင်ခွင့်ပြုထားတဲ့လူထုမထောက်ခံတဲ့တရားခံလွှဲပြောင်းရေးဥပဒေကြမ်းအပေါ်ဟောင်ကောင်မှာမငြိမ်မသက်မှုတွေဖန်တီးဖြစ်ပေါ်စေပြီးတရုတ်နိုင်ငံကိုထိခိုက်စေဖို့တစ်ခြားနိုင်ငံတွေကကြိုးစားနေတယ်လို့တရုတ်တာဝန်ရှိသူတွေကစွပ်စွဲပြောဆိုထားပါတယ်။     ဟောင်ကောင်အုပ်ချုပ်ရေးမှူးကာရီလမ်းဟာဆန္ဒပြပွဲတွေအဆုံးသတ်ရေးရည်ရွယ်ပြီးသူ့လုပ်ပိုင်ခွင့်ရဲ့အစိတ်အပိုင်းတစ်ရပ်အနေဖြင့်အဲဒီဥပဒေကြမ်းကိုပြီးခဲ့တဲ့သီတင်းပတ်ကတရားဝင်ရုပ်သိမ်းခဲ့ပါတယ်။     ဟောင်ကောင်မှာဆန္ဒပြမှုတွေဟာ  အခွင့်အရေးသို့မဟုတ်ဒီမိုကရေစီအတွက်မဟုတ်ဘဲတစ်ခြားနိုင်ငံတွေက၀င်ရောက်စွက်ဖက်မှုရဲ့ရလဒ်ဖြစတယ်လို့ချိုင်းနားဒေးလီးသတင်းဌာနကဖော်ပြပါတယ်။ဒါ့အပြင်ဟောင်ကောင်မှာတရားဥပဒေစိုးမိုးကြောင်းပြသဖို့လိုအပ်ပြီးလက်ရှိအခြေအနေအတိုင်းဆက်လက်လုပ်ဆောင်နေပါကဟောင်ကောင်အနေနဲ့ကြီးမားပြင်းထန်တဲ့အပြစ်ဒါဏ်ကိုရင်ဆိုင်ရမယ်လို့တရုတ်နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနကလည်းသီးခြားဆောင်းပါးတစ်ပုဒ်မှာဖော်ပြထားပါတယ်။     Ref &Photo : Reuters   #voiceofmyanmar #ဟောင်ကောင် #တရုတ်

Read More

KIA ဖမ်းထားတဲ့ လီဆူတိုင်းရင်းသား၉ ဦး ပြန်လွတ်လာ

  မြစ်ကြီးနား စက်တင်ဘာ၉ -၂၀၁၉ ရန်အောင်ထွန်း (VOM)   ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်အတွင်းကလီဆူတိုင်းရင်းသား‌၉ဦးကိုစက်တင်ဘာ၆ရက်နေ့ညနေကတောင်ယာလုပ်ငန်းလုပ်ပြီးအပြန်ဖမ်းဆီးခဲ့ပြီး တစ်ညထိမ်းသိမ်းထားပြီးနောက်ပြန်လွှတ်ပေးခဲ့ပါတယ်။     ”  အခုသက်ဆိုင်ရာနဲ့‌တွေ့နေတယ်၊ဘာကြောင့်ဖမ်းသလည်းတော့မသိရသေးဘူးကျွန်တော်တို့ကတော့သက်ဆိုင်ရာကနေပြောတာတော့ရှိတာပေါ့ဗျာ၊သူတို့ဆိုင်ရာဆိုင်ရာကနေ(မြစ်ကြီးနားမြို့အခြေစိုက်ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့) (PCG)ကိုပြောတာရှိမယ်ဗျ၊ငြိမ်းချမ်းရေးအကျိုးဆောင်အဲ့လိုလေးတွေရှိမယ်၊ တိတိကျကျတော့ကျွန်တော်တို့လည်းမ‌တွေ့ရသေးတော့မသိသေးဘူး လွတ်တာကတော့လွတ်ပြီ” လို့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်းကပြောပါတယ်။     KIA ဖက်ကတပ်သားအဖြစ်ဖမ်းဆီးခြင်းမဟုတ်ဘဲမူးယစ်ဆေးဝါးကိစ္စဆက်နွှယ်မှုရှိမရှိစစ်ဆေးဖို့ထိမ်းသိမ်းထားခြင်းဖြစ်ကြောင်းခါးရှီကျေးရွာမှသင်းအုပ်ဆရာကပြောပါတယ်။   ဝိုင်းမော်မြို့နယ်၊  အမှတ်၃ရပ်ကွက်နေဦးလာမြာလေးအပါအဝင်လီဆူတိုင်းရင်းသား၉ဦးဟာခါးရှီကျေးရွာအရှေ့ဘက်‌ရွှေလီယန်ကွင်းတောင်ယာစိုက်ခင်းအပြန်မှာKIA တပ်ရင်း၃လက်အောက်ခံအဖွဲ့မှဖမ်းဆီးခဲ့တာလို့ လတ်တလောထွက်ပေါ်နေသည့်သတင်များအရသိရပါတယ်။ဖမ်းဆီးခံရတဲ့လီဆူတိုင်းရင်းသား၉ဦးတွင်အမျိုးသား၅ဦးနှင့်အမျိုးသမီး၎  ဦးပါဝင်တယ်လို့လည်း ဦးရွှေမင်းကပြောပါတယ်။   အရင်ကလည်း လီဆူတိုင်းရင်းသားတွေကို ကေအိုင်အေက ဖမ်းဆီးတာတွေရှိခဲ့တာကြောင့် မြစ်ကြီးနားမြို့ပေါ်မှာ လီဆူတိုင်းရင်းသားတွေဆန္ဒပြခဲ့ဘူးပါတယ်။   #voiceofmyanmar #လီဆူ  #ကေအိုင်အေ Photo Xn Ko Si

Read More

မန္တ​လေး​ကျောက်​၀ိုင်း​ဈေးကွက်​ညပိုင်းအထိအချိန်​တိုးမြှင့်​ဖွင့်​လှစ်​မယ်

မန္တ​လေးစက်​တင်​ဘာ၉-၂၀၁၉ ဖြူဖြူ(VOM)   မန္တ​လေးမြို့မဟာ​အောင်​​မြေ​ကျောက်​မျက်ရတနာ​ရောင်းဝယ်​​ရေးစခန်း(​ကျောက်​၀ိုင်း)ကိုညပိုင်းအထိအချိန်​တိုးမြှင့်​ဖွင့်​လှစ်​​ပေးသွားမယ်​လို့​ကျောက်​၀ိုင်းအကျိုး​တော်​​ဆောင်​ရုံးက  သိရပါတယ်​။     “ညပါအ​ရောင်းအ၀ယ်​ဖြစ်​​အောင်​လို့ပါ။ရောင်းချင်​တဲ့သူ​ရော၊၀ယ်​ချင်​တဲ့သူ​ရောအဆင်​​ပြေ​အောင်​လုပ်​​ပေးတာ​ပေါ့။ရက်​က​တော့အတိအကျမသိရ​သေးဘူး။” လို့​ကျောက်​၀ိုင်းအကျိုး​တော်​​ဆောင်​​ကော်​မတီဥက္ကဋ္ဌဦးသန်းဝင်းက​ပြောပါတယ်​။     လုံခြုံ​ရေးကိစ္စနဲ့အ​​သေးစိတ်​​ဆွေး​နွေးမှု​တွေ​ဆောင်​ရွက်​​နေဆဲဖြစ်​လို့ရက်​အတိအကျမ​ပြောဆိုနိုင်​​သေး​ပေမယ့်​ဒီနှစ်​မကုန်​မီဖွင့်​လှစ်​သွားမယ်​လို့သိရပါတယ်​။     လက်​ရှိမှာကမနက်​ ၅နာရီ​လောက်​က​နေည​နေ၆နာရီအထိဖွင့်​​ပေးထားတာပါ။နောက်​ပိုင်းမှာ​တော့ည၁၁နာရီအထိအချိန်​တိုးမြှင့်​ဖွင့်​လှစ်​​ပေးသွားမှာဖြစ်​ပါတယ်​။     အခုလိုအချိန်​တိုးမြှင့်​ဖွင့်​လှစ်​လိုက်​တာဟာ  ​ကျောက်​မျက်​​အ​ရောင်းအ၀ယ်​လုပ်​ကိုင်​​နေသူ​တွေအတွက်​အကျိုးရှိနိုင်​လို့ဖွင့်​လှစ်​သင့်​တယ်​လို့  ​ကျောက်​မျက်​လုပ်​ငန်းရှင်​တစ်​ဦးဖြစ်​သူဦးသိန်းတန်​က​ပြောပါတယ်​။     ညပိုင်းအ​ရောင်းအ၀ယ်​အတွက်​ ကဒ်​စနစ်​နဲ့ဝင်​ထွက်​ခွင့်​ပြုမှာဖြစ်​ပြီးကုန်​သည်​ပွဲစား​တွေအ​နေနဲ့လုံခြုံ​ရေးဂိတ်​မှာမှတ်​ပုံတင်​ ​ပေးအပ်​ကာကဒ်​ကိုလဲလှယ်​ရယူဝင်​ထွက်​ခွင့်​ပြုရမှာဖြစ်​ပါတယ်​။     လက်​ရှိ​နေ့ပိုင်းမှ​တော့ကဒ်​စနစ်​မရှိ​သေးဘဲ​ညပိုင်းလုပ်​​ဆောင်​မယ့်​ကဒ်​စနစ်​ ​အောင်​မြင်​ပါက​နေ့ပိုင်းကိုလည်းကဒ်​စနစ်​နဲ့ကျင့်​သုံးနိုင်​ဖို့လုပ်​​ဆောင်​သွားမယ်​လို့သိရပါတယ်​။     မဟာ​အောင်​​မြေ  ​ကျောက်​၀ိုင်းအတွင်းမှာဆိုင်​ခန်း​ပေါင်း၁၁၀၀​ကျော်​၊  ​ကျေက်​၀ိုင်းပြင်​ပမှာဖွင့်​ထားတဲ့ပျံကျဆိုင်​ခန်း​ပေါင်း၆၀၀​ကျော်​ရှိပြီး​နေ့စဉ်​  ပြည်​ပဧည့်​သည်​ ရာနဲ့ချီ၊ပြည်​တွင်းဧည့်​သည်​ ​သောင်းချီဝင်​​ရောက်​မှုရှိတယ်​လို့  ​ကျောက်​၀ိုင်းအကျိုး​တော်​​ဆောင်​ရုံးကသိရပါတယ်​။     #voiceofmyanmar #မန္တ​လေး#​ကျောက်​၀ိုင်း#မဟာအောင်မြေ

Read More
VOM News

FREE
VIEW