KIA ဖမ်းထားတဲ့ လီဆူတိုင်းရင်းသား၉ ဦး ပြန်လွတ်လာ

 

မြစ်ကြီးနား စက်တင်ဘာ၉ -၂၀၁၉

ရန်အောင်ထွန်း (VOM)

 

ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်အတွင်းကလီဆူတိုင်းရင်းသား‌၉ဦးကိုစက်တင်ဘာ၆ရက်နေ့ညနေကတောင်ယာလုပ်ငန်းလုပ်ပြီးအပြန်ဖမ်းဆီးခဲ့ပြီး တစ်ညထိမ်းသိမ်းထားပြီးနောက်ပြန်လွှတ်ပေးခဲ့ပါတယ်။

 

 

”  အခုသက်ဆိုင်ရာနဲ့‌တွေ့နေတယ်၊ဘာကြောင့်ဖမ်းသလည်းတော့မသိရသေးဘူးကျွန်တော်တို့ကတော့သက်ဆိုင်ရာကနေပြောတာတော့ရှိတာပေါ့ဗျာ၊သူတို့ဆိုင်ရာဆိုင်ရာကနေ(မြစ်ကြီးနားမြို့အခြေစိုက်ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့) (PCG)ကိုပြောတာရှိမယ်ဗျ၊ငြိမ်းချမ်းရေးအကျိုးဆောင်အဲ့လိုလေးတွေရှိမယ်၊ တိတိကျကျတော့ကျွန်တော်တို့လည်းမ‌တွေ့ရသေးတော့မသိသေးဘူး လွတ်တာကတော့လွတ်ပြီ” လို့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်းကပြောပါတယ်။

 

 

KIA ဖက်ကတပ်သားအဖြစ်ဖမ်းဆီးခြင်းမဟုတ်ဘဲမူးယစ်ဆေးဝါးကိစ္စဆက်နွှယ်မှုရှိမရှိစစ်ဆေးဖို့ထိမ်းသိမ်းထားခြင်းဖြစ်ကြောင်းခါးရှီကျေးရွာမှသင်းအုပ်ဆရာကပြောပါတယ်။

 

ဝိုင်းမော်မြို့နယ်၊  အမှတ်၃ရပ်ကွက်နေဦးလာမြာလေးအပါအဝင်လီဆူတိုင်းရင်းသား၉ဦးဟာခါးရှီကျေးရွာအရှေ့ဘက်‌ရွှေလီယန်ကွင်းတောင်ယာစိုက်ခင်းအပြန်မှာKIA တပ်ရင်း၃လက်အောက်ခံအဖွဲ့မှဖမ်းဆီးခဲ့တာလို့ လတ်တလောထွက်ပေါ်နေသည့်သတင်များအရသိရပါတယ်။ဖမ်းဆီးခံရတဲ့လီဆူတိုင်းရင်းသား၉ဦးတွင်အမျိုးသား၅ဦးနှင့်အမျိုးသမီး၎  ဦးပါဝင်တယ်လို့လည်း ဦးရွှေမင်းကပြောပါတယ်။

 

အရင်ကလည်း လီဆူတိုင်းရင်းသားတွေကို ကေအိုင်အေက ဖမ်းဆီးတာတွေရှိခဲ့တာကြောင့် မြစ်ကြီးနားမြို့ပေါ်မှာ လီဆူတိုင်းရင်းသားတွေဆန္ဒပြခဲ့ဘူးပါတယ်။

 

#voiceofmyanmar #လီဆူ  #ကေအိုင်အေ

Photo Xn Ko Si

Related posts

Leave a Comment

VOM News

FREE
VIEW