ဖမ်းခံထားရတဲ့ ဧရာဝတီတိုင်း ဒုလွှတ်တော်ဥက္ကဋ္ဌရဲ့ အာမခံအတွက် ဆရာဝန်ကိုစစ်ဆေး

ပုသိမ်၊ စက်တင်ဘာ ၁၁-၂၀၁၉

ကိုအောင်(VOM)

 

 

ငွေကြေးအလွဲသုံးစားမှုနဲ့ တရားစွဲဆိုခံနေရတဲ့ ဧရာဝတီလွှတ်တော်ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ဘက်က အချုပ်လွတ် ကျန်းမာရေးအာမခံလျှောက်ထားမူအတွက် တင်သွင်းတဲ့ ဆရာဝန်ကို ဒီနေ့မှာတရားရုံးမှာစတင်စစ်ဆေးခဲ့ပါတယ်။

 

 

ဦးစံမင်းအောင်ကို လက်ရှိကုသပေးနေတဲ့ ပုသိမ်ဆေးရုံမှ ဒေါက်တာဇာရှိန်း က ဦးစံမင်းအောင် ဟာ ဘယ်ဘက်ကျောက်ကပ်မကောင်း ကျောက်တည်နေပီး တီဘီရောဂါ နလုံးသွေးကြောကျဉ်းရောဂါနဲ့ လိပ်ခေါင်းရောဂါတွေခံစားနေရပီး အထူးကုဆရာဝန်တွေနဲ့ပြသင့်တယ်လို့ထွက်ဆိုခဲ့ပါတယ်။

 

“ကျွန်တော့်အမူသည်ဟာ ဖျားနေတာ အပူက ၁၀၆နဲ့၅ရက်ရှိနေပြီ ကျန်းမာရေးတော်တော်မကောင်းတာ ဆရာဝန်ကတော့ အထူးကုနဲ့ပြသင့်တယ်လို့ထွက်ဆိုတဲ့အတွက် အာမခံရမယ်လို့ထင်ပါတယ်” လို့ ဦးစံမင်းအောင်ရဲ့ ရှေ့နေ ဦးခင်မောင်ဦးကပြောပါတယ်။

 

ပုသိမ်မြို့နယ်တရားသူကြီးဒေါ်ခင်မြတ်မြတ်ထွန်းကတော့ ကျန်းမာရေးအာမခံအတွ ကြားဖြတ်အမိန့်ကို လာမည့်အောက်တိုဘာ၁၃ရက်နေ့မှာ ချမှတ်မယ်လို့ပြန်လည်ချိန်းဆိုလိုက်ပါတယ်။

 

ဦးစံမင်းအောင်ဟာ ၂၀၁၈ ခုနှစ် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ ကျပ်သိန်း တစ်ထောင့်ငါးရာရှစ်ဆယ်ကို အသုံးပြုပြီး တိုင်းလွှတ်တော်အတွက် ကားငါးစီးဝယ်ယူခဲ့ရာမှာ ၁၉ သိန်းကျော်ကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့တယ်ဆိုပြီး တိုင်းလွှတ်တော်ရုံးက ဒုညွှန် ဦးဇော်မင်းထွန်းက သြဂုတ်လ၂၂ရက်နေ့က တရားစွဲဆိုခဲ့ပြီး ခုဆိုရင်ရုံးချိန်း ၅ချိန်းမြောက်ရှိနေပြီဖြစ်ပါတယ်။

 

#voiceofmyanmar #ဧရာဝတီတိုင်းလွှတ်တော် #ပုသိမ်

Related posts

Leave a Comment

VOM News

FREE
VIEW