ဖမ်းခံထားရတဲ့ ဧရာဝတီတိုင်း ဒုလွှတ်တော်ဥက္ကဋ္ဌရဲ့ အာမခံအတွက် ဆရာဝန်ကိုစစ်ဆေး

ပုသိမ်၊ စက်တင်ဘာ ၁၁-၂၀၁၉ ကိုအောင်(VOM)     ငွေကြေးအလွဲသုံးစားမှုနဲ့ တရားစွဲဆိုခံနေရတဲ့ ဧရာဝတီလွှတ်တော်ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ဘက်က အချုပ်လွတ် ကျန်းမာရေးအာမခံလျှောက်ထားမူအတွက် တင်သွင်းတဲ့ ဆရာဝန်ကို ဒီနေ့မှာတရားရုံးမှာစတင်စစ်ဆေးခဲ့ပါတယ်။     ဦးစံမင်းအောင်ကို လက်ရှိကုသပေးနေတဲ့ ပုသိမ်ဆေးရုံမှ ဒေါက်တာဇာရှိန်း က ဦးစံမင်းအောင် ဟာ ဘယ်ဘက်ကျောက်ကပ်မကောင်း ကျောက်တည်နေပီး တီဘီရောဂါ နလုံးသွေးကြောကျဉ်းရောဂါနဲ့ လိပ်ခေါင်းရောဂါတွေခံစားနေရပီး အထူးကုဆရာဝန်တွေနဲ့ပြသင့်တယ်လို့ထွက်ဆိုခဲ့ပါတယ်။   “ကျွန်တော့်အမူသည်ဟာ ဖျားနေတာ အပူက ၁၀၆နဲ့၅ရက်ရှိနေပြီ ကျန်းမာရေးတော်တော်မကောင်းတာ ဆရာဝန်ကတော့ အထူးကုနဲ့ပြသင့်တယ်လို့ထွက်ဆိုတဲ့အတွက် အာမခံရမယ်လို့ထင်ပါတယ်” လို့ ဦးစံမင်းအောင်ရဲ့ ရှေ့နေ ဦးခင်မောင်ဦးကပြောပါတယ်။   ပုသိမ်မြို့နယ်တရားသူကြီးဒေါ်ခင်မြတ်မြတ်ထွန်းကတော့ ကျန်းမာရေးအာမခံအတွ ကြားဖြတ်အမိန့်ကို လာမည့်အောက်တိုဘာ၁၃ရက်နေ့မှာ ချမှတ်မယ်လို့ပြန်လည်ချိန်းဆိုလိုက်ပါတယ်။   ဦးစံမင်းအောင်ဟာ ၂၀၁၈ ခုနှစ် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ ကျပ်သိန်း တစ်ထောင့်ငါးရာရှစ်ဆယ်ကို အသုံးပြုပြီး တိုင်းလွှတ်တော်အတွက် ကားငါးစီးဝယ်ယူခဲ့ရာမှာ…

Read More

တပ်​မ​တော်​နဲ့ ပြည်​သူ စည်းလုံးမှုရှိဖို့  ကာ​ချုပ်​တိုက်​တွန်း

မန္တ​လေး စက်​တင်​ဘာ ၁၁ – ၂၀၁၉ ဖြူဖြူ (VOM)     နွားကွဲရင်​ ကျားဆွဲနိုင်​တယ်​ဆိုတဲ့စကားပုံ ရှိ​နေ​ပေမယ့်​ မိမိတို့ စည်းစည်းလုံးလုံး ညီညီညွတ်​ညွတ်​ရှိရင်​ ဘယ်​သူမှ ဘာမှမ​ပြောနိုင်​ဘူးလို့ တပ်​မ​တော်​ ကာကွယ်​​ရေး ဦးစီးချုပ်​ ဗိုလ်​ချုပ်​မှူးကြီး မင်း​အောင်​လှိုင်​က ​ပြောပါတယ်​။   ဒီ​နေ့ စက်​တင်​ဘာ ၁၁ ရက်​က မန္တ​လေးမြို့ရှိ ဂျွန်းဗလီအခြေခံဘာသာရေးကျောင်းက အစ္စလာမ်​ ဘာသာဝင်​​တွေအတွက်​ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုဝင်​တွေနဲ့ စေတနာရှင်ပြည်သူ​တွေက​နေ အလှူငွေနဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ ပေးအပ်လှူဒါန်းတဲ့ပွဲမှာ ပြောကြားခဲ့တာပါ။     “ကျ​နော်​တို့်အားလုံးဟာ မြန်​မာနိုင်​ငံရဲ့ အရိပ်​အာဝါသ၊ မြန်​မာ့​​ရေ​မြေမှာ အတူတကွ ​နေထိုင်​ကြတဲ့သူ​တွေ ဖြစ်​တဲ့အတွက်​​ကြောင့်​ အားလုံးစည်းစည်းလုံးလုံးနဲ့ တရားဥပ​ဒေနဲ့ အညီ​ပေါ့ ​နေထိုင်​ပြီး တိုင်းပြည်​ရဲ့တိုးတက်​ရာ၊ တိုးတက်​​ကြောင်း…

Read More

ကျပ်သိန်း ၇ ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ကလေးမြို့မှာ ဖမ်းမိ

  ကလေး စက်တင်ဘာ ၁၁-၂၀၁၉ နန်းကလျာ (VOM)   ဆိုင်ကယ်နဲ့ သယ်လာတဲ့ ကျပ်သိန်း ၇ ထောင်ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို စက်တင်ဘာ ၁၀ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့ပေါ် မှာ  ဖမ်းဆီးရမိခဲ့ပါတယ်။   ဆေးပြားတွေကို ဆိုင်ကယ်နဲ့ သယ်ဆောင်လာသူ ဟာဆိုရင် ကလေးမြို့ မြို့လှရပ်ကွက်မှာနေထိုင်တဲ့ အသက် (၄၂)နှစ် အရွယ် ဦးရွာလ်ဒုသောင် ဖြစ်ပါတယ်။သူ့ကို စက်တင်ဘာလ ၁၀ ရက်နေ့  ညနေ ၆ နာရီ မိနစ် ၃၀ အချိန်ခန့်က ကလေးမြို့ တောင်ဖီလာရပ်ကွက် အမှတ်(၇)နယ်မြေ အတွင်းမှာ ရှိတဲ့ လိုင်မုန်းလမ်းမပေါ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။   ဆိုင်ကယ်ပေါ်မှာ တင်ဆောင်လာတဲ့ ဆာလာအိတ်နှစ်အိတ်ကို မသင်္ကာလို့ ဖွင့်ဖောက်စစ်ဆေးတဲ့ အခါမှာ ငွေကျပ်သိန်း ခုနှစ်ထောင်သုံးရာကိုးဆယ့်ငါးသိန်း တန်ဖိုးရှိတဲ့ WY…

Read More

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်တန် ရာထူးမှထုတ်ပယ်ခံရ

ဝါရှင်တန်၊ စက်တင်ဘာ-၁၁-၂၀၁၉ မျိုးဆက် (VOM)   အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ သဘောထားတင်းမာတဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်တန်ကို ရာထူးမှထုတ်ပယ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။   ၎င်းဟာ  မိမိနဲ့ သဘောထား လုံးဝမတိုက်ဆိုင်ဘူးလို့လည်း မစ္စတာထရန့်က ပြောကြားပါတယ်။ ဂျွန်ဘော်တန်ကို  ရာထူးမှနှုတ်ထွက်ဖို့ မိမိဘက်က တောင်းဆိုခဲ့ပြီး ယနေ့မနက်ပိုင်းမှာ သူရဲ့နှုတ်ထွက်စာကို  မိမိကိုလာပေးခဲ့တယ်လို့  ထရန့်က တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။     လစ်လပ်သွားတဲ့ အမျိုးသားလုံခြုံရေးအကြံပေးနေရာအတွက် လမယ့်သီတင်းပတ်မှာ  အစားထိုးခန့်အပ်မှုပြုလုပ်မယ်လို့ သူကဆိုပါတယ်။ မစ္စတာဘော်တန်ကတော့ ရာထူးကနေ နှုတ်ထွက်လိုက်တာကို အတည်ပြုခဲ့ပြီး တစ်ချိန်ချိန်မှာ ဒီလိုဖြစ်လာမယ်ဆိုတာကို မျှော်လင့်ထားတယ်ဆိုပါတယ်။     အာဖဂန်နစ္စတန်အရေးကစပြီး အီရန်မူဝါဒအထိ နိုင်ငံခြားမူဝါဒရေးရာ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ၎င်းနဲ့ သမ္မတတို့အကြား သဘောထားမတိုက်ဆိုင်ဘူးလို့ ဘော်တန်ကဆိုပါတယ်။   မစ္စတာဘော့တန်ဟာ အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် ၂၀၁၈ခုနှစ်ဧပြီလမှာ စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မိုက်ကယ်ဖလင်းနဲ့ …

Read More

ဗစ်တိုးရီးယားလို့ အမည်ပေးထားတဲ့ ကလေးငယ်ကို ဒီကနေ့ စစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ ၁၁- ၂၀၁၉ ကိုထွန်းနေပြည်တော် ဒီကနေ့ စက်တင်ဘာ ၁၁ ရက် မနက် ၁၀နာရီက နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ ဗစ်တိုးရီးယားရဲ့အမှု ခြောက်ကြိမ်မြောက်ရုံးချိန်းစစ်ဆေးခဲ့ပါတယ်။ ဒီနေ့ရုံးချိန်းမှာ အဓမ္မပြုကျင့်ခံရတဲ့ ၃နှစ်အရွယ် ကာယကံရှင် ကလေးငယ်ကို တရားသူကြီးက စစ်ဆေးမေးမြန်းခဲ့ပါတယ်။ နောက်ရုံးချိန်းကိုတော့ စက်တင်ဘာ ၂၄ ရက်နေ့ ချိန်းဆိုလိုက်တယ်လို့သိရပါတယ်။ ဒီကနေ့ တရားခွင် အခြေအနေတွေကို ဒက္ခိဏခရိုင်တရားရုံးကနေ သက်ဆိုင်သူတွေနဲ့ မေးမြန်းပြီး ကိုထွန်းက သတင်းပေးပို့ထားပါတယ်။ #voiceofmyanmar #ပျဉ်းမနား#သက်ငယ်မုဒိန်း#Wisdom Hill #ဒက္ခိဏခရိုင်တရားရုံး

Read More

ငပုတောမြို့နယ်မှာ တောရိုင်းဆင်တကောင် အသတ်ခံရ

ပုသိမ်၊ စက်တင်ဘာ ၁၁-၂၀၁၉ ကိုအောင် ( VOM)   ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်တင်ချောင်းအုပ်စုထန်းတပင်ကျေးရွာအနောက်ဘက်မြစ်တစ်ရာ သစ်တောကြိုးဝိုင်းအတွင်းမှာ စက်တင်ဘာ၁၀ရက် မနေ့ကတောဆင်ရိုင်းတစ်ကောင်သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။   စက်တင်ဘာလ၁၀ရက်နေ့မွန်းလွဲပိုင်းကမြစ်တစ်ရာသစ်တောကြိုးဝိုင်းအမှတ်၂၁၂ရှိထန်းတစ်ပင်ကျေးရွာအနောက်ဘက်၅မိုင်ခန့်အကွာမဒေါ့ချောင်းအတွင်းမှာသတ်ဖြတ်ပြီးအရေခွံခွာထားခံရသည့်အသက်၂၃နှစ်ခန့်ရှိတောဆင်ရိုင်းအမတစ်ကောင်ကိုဒေသခံတွေသတင်းပေးပို့လို့ တွေ့ရှိခဲ့တာလို့တင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်မြင့်ထွန်းကပြောပါတယ်။   “ဆင်ဆရာဝန်ရဲ့စစ်ဆေးချက်အရလွန်ခဲ့တဲ့၂ရက်လောက်ကအသတ်ခံရတာပါတရားခံမိဖို့ကတော့စုံစမ်းဆဲပါ”လို့သူကပြောပါတယ်။   သတ်ဖြတ်ခံရသည့်တောဆင်ရိုင်းမှာအမြင့်၇ပေအလျား၆ပေ၇လက်မ၊ နှာမောင်း၃ပေ၇လက်မ၊အမြီး၂ပေ၁လက်မ၊အရောင်အမဲ၊ဖြစ်ပြီးဝဲဘက်လည်ပင်းပြတ်ရှနေသည့်ဒဏ်ရာ၊ ယာနားရွက်ပြတ်၍အရေခွံများခွာထားခံရတယ်လို့သွားရောက်စစ်ဆေးတဲ့ အရေးပေါ် ကွန်ဂျီဆင်များအဖွဲ့ဆရာဝန်မှတ်တမ်းတွေအရသိရပါတယ်။   ‌လက်ရှိမြန်မာနိုင်ငံအတွင်းသဘာဝသစ်တောနယ်မြေများတွင်တောင်ဆင်ရိုင်းခန့်မှန်းကောင်ရေ၁၅၀၀ခန့်နှင့်အစိုးရနှင့်ပုဂ္ဂလိကပိုင်မှတ်ပုံတင်ထားသည့်ဆင်ကောင်ရေ၆၀၀၀ခန့်ထိရြှိပီးဧရာဝတီတိုင်းဒေသကြီးမှာဆင်ကောင်ရေ၄၅၀ကျော်ရှိပြီး ငပုတောမြို့နယ်မှာ အများဆုံးကျက်စားတယ်လို့သိရပါတယ်။         #voiceofmyanmar   #ဧရာဝတီတိုင်း #ငပုတော  #တောရိုင်းဆင်သတ်ခံရ      

Read More

သတင်းမီဒီယာမှာ တပ်မတော်ကိုဝေဖန်တဲ့စကားတွေမိန့်ခဲ့လို့  မန္တလေးက မြ၀တီမင်းကြီးကျောင်းဆရာတော်ကိုစစ်တပ်ကအမှုဖွင့်

မန္တလေး၊ စက်တင်ဘာ ၁၁-၂၀၁၉ နေလင်း(VOM)     မန္တလေး ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့  မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဦးအရိယာဝံသဘိဝံသ ဟာ တပ်မတော်ကို ဝေဖန်တဲ့စကားတွေ ရန်ကုန်ခေတ်သစ်မီဒီယာမှာ ဖြေကြားခဲ့လို့ဆိုပြီး မန္တလေးစစ်မြေပြင်အင်ဂျင်နီယာတပ်ကဒုဗိုလ်မှူးကြီးသော်တာဒွေးကနေ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှာ တရားစွဲဆိုထားပါတယ်။     မနေ့ စက်တင်ဘာ ၁၀ ရက်ညနေပိုင်းက ဆရာတော်ရဲ့ကျောင်းကို ပြည်ကြီးတံခွန်မြို့နယ်ရဲတပ်ဖွဲ့က လာရောက်စစ်ချက်ယူသွားတဲ့အကြောင်း ဆရာတော် ဦးအရိယာဝံသဘိဝံသ ကခုလိုမိန့်ပါတယ်။     “ ဇွန်လ ၁၇ ရက်တုန်းက တပ်မတော်အရာရှိကြီးတဦးကနေ မဘသနာမည်ပြောင်းတဲ့  ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကိုသိန်း၃၀၀လှူတဲ့အပေါ် ခေတ်သစ်မီဒီကမေးလို့ ဘုန်းကြီးသဘောထားကိုဖြေလိုက်တယ် အဲဒါကို ဇွန်လ ၂၁ ရက်က သတင်းဌာနကတင်တယ် ဒီကိစ္စ ဘုန်းကြီးက စစ်တပ်ကို ဂုဏ်သရေညိုနွမ်းအောင် နစ်နာအောင်အကြံနဲ့ လုပ်တယ်ဆိုတဲ့ သဘောနဲ့ တရားစွဲတယ်လို့ ပြောတာပဲ ၊ ဒါတွေဘုန်းကြီးပြောသလားဆိုပြီး ရဲကလာမေးတယ်။ ဘုန်းကြီးပြောတယ်လို့ဖြေလိုက်တယ်၊ တဖက်က သူတို့နစ်နာအောင်လုပ်တယ်လို့ဆိုတာကတော့…

Read More

မန္တလေးမှာ AA အဖွဲ့ဝင်​​လေးဦးလို့ ယူဆရတဲ့သူတွေဆီက ဖောက်ခွဲရေးပစ္စည်းတွေဖမ်းမိ

မန္တ​လေး စက်တင်ဘာ ၁၀-၂၀၁၉ ဖြူဖြူ (VOM)   မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းရှိနေအိမ်တစ်ခုက​နေ ဖာက်​ခွဲ​ရေးပစ္စည်း​တွေနဲ့အတူ ဖမ်းမိထားတဲ့ AA အဖွဲ့ဝင်​​လို့ယူဆရသူလေးဦးကို ​အကြမ်းဖက်​ဥပ​ဒေ​တွေနဲ့ အမှုဖွင့်​ထားတယ်​လို့ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့က သိရပါတယ်​။   ” လက်​ရှိမှာ အမှုဖွင့်​ထားတယ်​။ အကြမ်းဖက်​ အကြမ်းဖက်​မှု တိုက်​ဖျက်​​ရေး​ဥပ​ဒေ ပုဒ်​မ ၅၀ (ဈ ) ၊ ၅၁ ( ဂ ) တို့နဲ့ အမှုဖွင့်​ထားတာပါ။” လို့ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့ယာယီမြို့နယ်ရဲမှူး ​ဇော်ဝင်းနိုင်က​ပြော ပါတယ်။   ဒီ​နေ့ စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းက လမ်း ၇၀၊ ဒဿနလမ်းရှိ နေအိမ်တစ်​ခုကို သတင်းအရ သက်​ဆိုင်​ရာ ရဲတပ်​ဖွဲ့က သွား​ရောက်​စစ်​​ဆေးရာမှာ AA ရခိုင့်​တပ်​မ​တော်​ အဖွဲ့ဝင်​လို့ယူဆရသူ ​လေးဦးကို ဖမ်းဆီး ရမိခဲ့တယ်​လို့ဆိုပါတယ်​။…

Read More

ပန်းတောင်းမြို့နယ် သူရဲတန်းကျေးရွာမှာ ကမ်းပါးပြိုလို့ ကားလမ်းပြတ်တောက်

ပန်းတောင်း ။စက်တင်ဘာ၁၁-၂၀၁၉ ဂျန်ကိုးလ်(VOM)   ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်ပန်းတောင်းမြို့နယ်က သူရဲတန်းကျေးရွာမှာ သူရဲတန်းချောင်းရေတိုက်စားပြီး ကမ်းပါးတွေပြိုကျနေတာကြောင့် ကျေးရွာ၅ရွာကိုဆက်သွယ်တဲ့လမ်းဟာ ၃ပေခန့်ဘဲကျန်တော့တယ်လို့ ဒေသခံတွေကပြောပါတယ်။   အရင်နှစ်တွေပြိုကျစဉ်ကတိုင်းအစိုးရက ရေကာတာရိုက်ပေးခဲ့သော်လည်း ထပ်မံပြိုကျနေဆဲဖြစ်လို့ ကျေးရွာနေပြည်သူတွေကို ဆရာတော်များကဦးဆောင်ပြီး ကိုယ်ထူကိုယ်ထစနစ်နဲ့ သဲအိတ်တွေကာရံနေရပါတယ်။   ”သဲအိတ်တွေနဲ့အရေးပေါ်လုပ်ရတော့ငွေအား၊လုပ်အားအလှူတွေလိုအပ်နေတယ်”လို့သူရဲတန်းကျေးရွာသရက်တောကျောင်းတိုက်ကဆရာတော်ဦးပညာသာမိကမိန့်ပါတယ်။   ကမ်းပါးပြိုကျတာဟာ ကျေးရွာ၅ရွာရဲ့ဆက်သွယ်ရေးလမ်းကို ထိခိုက်နေတာကြောင့် အကူအညီများစွာလိုအပ်နေတယ်လို့လည်းသိရပါတယ်။   “ ကမ်းပါးပြိုကျမှုကြောင့်အခုလမ်းက၃ပေလောက်ဘဲကျန်နေပါတော့တယ်ကျောင်းသားတွေအရေးပေါ်မီးသတ်ကားတွေအရေးပေါ်လူနာတွေအတွက်အရမ်းခက်ခဲနေတယ်ကားကြီးတွေဝင်မရတော့တဲ့အတွက်ရွာကားတွေကလမ်းဆုံမှာရပ်ပြီး၊ဒီဘက်ကိုကယ်ရီနဲ့ကုန်တွေကိုတဆင့်ပြန်သယ်ရတော့၊ရွာထဲမှာဆန်၊ရေသန်ဘူးကအစအကုန်ဈေးတွေမြင့်ကုန်တယ်မီးဘေးအန္တရာယ်ကြုံရင်လဲမီးသတ်ကားဝင်လို့မရတော့တဲ့အခြေအနေဖြစ်နေတယ်”လို့သူရဲတန်းလူငယ်ပရဟိတအဖွဲ့ကမတိုးတိုးလွင်ကပြောပါတယ်   သူရဲတန်းကျေးရွာဟာတိုက်နယ်ကျေးရွာကြီးဖြစ်ပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မြင့်အောင်ရဲ့ရွာလည်းဖြစ်ကာ ပန်းတောင်းမြို့နယ်အတွင်း ပုသိမ်မုံရွာလမ်းမကြီးဘေး  သူရဲတန်းတံအနီးကနေတဆင့် အတွင်းကို ၁မိုင်ခန့်ဝင်ရောက်ရတာဖြစ်ပါတယ်။   #voiceofmyanamr #ပြည် #ပန်းတောင်း #ကမ်းပြို

Read More
VOM News

FREE
VIEW