ဝါရှင်တန်၊ စက်တင်ဘာ-၁၁-၂၀၁၉
မျိုးဆက် (VOM)
အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ သဘောထားတင်းမာတဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်တန်ကို ရာထူးမှထုတ်ပယ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။
၎င်းဟာ မိမိနဲ့ သဘောထား လုံးဝမတိုက်ဆိုင်ဘူးလို့လည်း မစ္စတာထရန့်က ပြောကြားပါတယ်။
ဂျွန်ဘော်တန်ကို ရာထူးမှနှုတ်ထွက်ဖို့ မိမိဘက်က တောင်းဆိုခဲ့ပြီး ယနေ့မနက်ပိုင်းမှာ သူရဲ့နှုတ်ထွက်စာကို မိမိကိုလာပေးခဲ့တယ်လို့ ထရန့်က တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။
လစ်လပ်သွားတဲ့ အမျိုးသားလုံခြုံရေးအကြံပေးနေရာအတွက် လမယ့်သီတင်းပတ်မှာ အစားထိုးခန့်အပ်မှုပြုလုပ်မယ်လို့ သူကဆိုပါတယ်။ မစ္စတာဘော်တန်ကတော့ ရာထူးကနေ နှုတ်ထွက်လိုက်တာကို အတည်ပြုခဲ့ပြီး တစ်ချိန်ချိန်မှာ ဒီလိုဖြစ်လာမယ်ဆိုတာကို မျှော်လင့်ထားတယ်ဆိုပါတယ်။
အာဖဂန်နစ္စတန်အရေးကစပြီး အီရန်မူဝါဒအထိ နိုင်ငံခြားမူဝါဒရေးရာ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ၎င်းနဲ့ သမ္မတတို့အကြား သဘောထားမတိုက်ဆိုင်ဘူးလို့ ဘော်တန်ကဆိုပါတယ်။
မစ္စတာဘော့တန်ဟာ အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် ၂၀၁၈ခုနှစ်ဧပြီလမှာ စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မိုက်ကယ်ဖလင်းနဲ့ အိတ်ခ်ျအာမက်မာစတာ တို့ပြီးရင် မစ္စတာထရန့် လက်ထက်မှာ တတိယမြောက် အမျိုးသားလုံခြုံရေး အကြံပေးဖြစ်ပါတယ်။
Ref :BBC
Photo : Getty Images
#voiceofmyanmar #အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး