မန္တလေးမှာ AA အဖွဲ့ဝင်​​လေးဦးလို့ ယူဆရတဲ့သူတွေဆီက ဖောက်ခွဲရေးပစ္စည်းတွေဖမ်းမိ

မန္တ​လေး စက်တင်ဘာ ၁၀-၂၀၁၉
ဖြူဖြူ (VOM)

 

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းရှိနေအိမ်တစ်ခုက​နေ ဖာက်​ခွဲ​ရေးပစ္စည်း​တွေနဲ့အတူ ဖမ်းမိထားတဲ့ AA အဖွဲ့ဝင်​​လို့ယူဆရသူလေးဦးကို ​အကြမ်းဖက်​ဥပ​ဒေ​တွေနဲ့ အမှုဖွင့်​ထားတယ်​လို့ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့က သိရပါတယ်​။

 

” လက်​ရှိမှာ အမှုဖွင့်​ထားတယ်​။ အကြမ်းဖက်​ အကြမ်းဖက်​မှု တိုက်​ဖျက်​​ရေး​ဥပ​ဒေ ပုဒ်​မ ၅၀ (ဈ ) ၊ ၅၁ ( ဂ ) တို့နဲ့ အမှုဖွင့်​ထားတာပါ။” လို့ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့ယာယီမြို့နယ်ရဲမှူး ​ဇော်ဝင်းနိုင်က​ပြော ပါတယ်။

 

ဒီ​နေ့ စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းက လမ်း ၇၀၊ ဒဿနလမ်းရှိ နေအိမ်တစ်​ခုကို သတင်းအရ သက်​ဆိုင်​ရာ ရဲတပ်​ဖွဲ့က သွား​ရောက်​စစ်​​ဆေးရာမှာ AA ရခိုင့်​တပ်​မ​တော်​ အဖွဲ့ဝင်​လို့ယူဆရသူ ​လေးဦးကို ဖမ်းဆီး ရမိခဲ့တယ်​လို့ဆိုပါတယ်​။

 

အဲဒီ​နောက်​ ​နေအိမ်​အတွင်း ရှာ​ဖွေစစ်​​ဆေးရာမှာ​တော့ ဖောက်ခွဲ​ရေးသုံးပစ္စည်း​တွေနဲ့ ဆက်သွယ်ရေးသုံးပစ္စည်း​တွေကိုလည်း ရှာ​ဖွေ ​တွေ့ရှိခဲ့တယ်​လို့ သိရပါတယ်​။

 

လက်ရှိမှာ ​AA အဖွဲ့ဝင်​​တွေလို့ ယူဆရတဲ့တဲ့ ​အောင်လင်းထက် ၊ မြတ်ခိုင် ၊ ဖိုး​ကျော်​၊ ချမ်းငြိမ်းတို့ကို
အကြမ်းဖက်မှု တိုက်​ဖျက်​​ရေး​ဥပ​ဒေ ပုဒ်​မ ၅၀ (ဈ ) ၊ ၅၁ ( ဂ ) တို့နဲ့ အမှုဖွင့်​ထားပြီး အမှုကွင်းဆက်​ကို ဆက်လက်​​စုံစမ်း​နေတယ်​လို့ ရဲမှူး ​ဇော်​၀င်းနိုင်​က ​ပြောပါတယ်​။

 

#voiceofmyanmar #မန္တ​လေး #AA #
ဓါတ်ပုံ ရဲတပ်ဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW