တရားရုံးကဦး​ဆောင်​​စေ့စပ်​​ဆွေး​နွေးတဲ့ကိစ္စ စမ်းသပ်​​နေတာ အောင်​မြင်​ရင်​ ​အခြားတရားရုံး​တွေမှာလည်းတိုးချဲ့မယ်

မန္တ​လေးစက်​တင်​ဘာ၁၂- ၂၀၁၉ ဖြူဖြူ(VOM)   တရားရုံးအချို့မှာ​ရှေ့​ပြေးအဖြစ်​ စမ်းသပ်​​ဆောင်​ရွက်​​နေတဲ့တရားရုံးကဦး​ဆောင်​​စေ့စပ်​​ဆွေး​နွေးခြင်းကိစ္စ​အောင်​မြင်​ရင်​ ​နောက်​ပိုင်းမှာတိုင်းနဲ့ပြည်​နယ်​အသီးသီးရှိတရားရုံး​တွေမှာလည်းတိုးချဲ့လုပ်​ကိုင်​သွားမယ်​လို့ဒီ​နေ့စက်​တင်​ဘာ၁၂ရက်​ကကျင်းပတဲ့ဒုတိယအကြိမ်​မန္တ​လေးတိုင်းလွှတ်​​တော်​၁၅ကြိမ်​​မြောက်ပုံမှန်​အစည်းအ​ဝေးကသိရပါတယ်​။       Court Lead Mediation (တရားရုံးမှဦး​ဆောင်​ ​စေ့စပ်​​ဆွေး​နွေးခြင်း)ကိစ္စကိုလက်​ရှိမှာ​နေပြည်​​တော်​ဒက္ခိဏခရိုင်​တရားရုံး၊တပ်​ကုန်းမြို့နယ်​တရားရုံး၊ပဲခူးတိုင်း​တောင်​ငူခရိုင်​တရားရုံး၊​တောင်​ငူမြို့နယ်​တရားရုံး​တို့မှာစမ်းသပ်​ကာလအဖြစ်​ ​၂၀၁၉ခုနှစ်မတ်​လ၁ရက်​က​စပြီးတစ်​နှစ်​သတ်​မှတ်​ကာစတင်​ကျင့်​သုံး​​နေတာဖြစ်​ပါတယ်​။     “​အောင်​မြင်​မှုအ​ပေါ်မူတည်​ပြီး​တော့ဆက်​လက်​လုပ်​​ဆောင်​ရမယ့်​အစီအစဉ်​​တွေကိုလုပ်​ထုံးလုပ်​နည်းနဲ့အညီနည်းလမ်းတကျချမှတ်​ဖို့အစီအစဉ်​ရှိပါတယ်​။”လို့မန္တ​လေးတိုင်းတရားလွှတ်​​တော်​တရားသူကြီးချုပ်​ဦးစိုးသိန်းက​ပြောပါတယ်​။       တရားရုံးအချို့မှာစမ်းသပ်​ကျင့်​သုံး​နေပြီးဖြစ်​​တဲ့Court Lead Mediation (တရားရုံးမှဦး​ဆောင်​ ​စေ့စပ်​​ဆွေး​နွေးခြင်း)ကိစ္စကိုကျယ်​ကျယ်​ပြန့်​ပြန့်​သိရှိလိုတာနဲ့ပတ်​သက်​ပြီးမန္တ​လေးတိုင်းချမ်းမြသာစည်​မြို့နယ်​မဲဆန္ဒနယ်​အမှတ်​၁တိုင်းလွှတ်​​တော်​ကိုယ်​စားလှယ်​ဦးတင်​​အောင်​က​မေးမြန်းစဉ်​ ​ကောင်းမွန်​တဲ့​ဆောင်​ရွက်​ချက်​ဖြစ်​လို့တိုးချဲ့လုပ်​ကိုင်​ဖို့ရှိမရှိအ​ပေါ်အဲဒီလို​ဖြေကြားခဲ့တာပါ။       “ဒီကိစ္စဟာအင်​မတန်​​ကောင်းတဲ့အရာဖြစ်​ပါတယ်​။  ဒါဟာတရားရုံး​တွေမှာလည်းမလိုအပ်​ဘဲအမှုကြန့်​ကြာခြင်း​တွေမရှိ​တော့ဘူး။အမှု​တွေမြန်​ဆန်​ဖို့လည်းဖြစ်​မယ်​။ဥပ​ဒေကိုနားမလည်​လို့တရားစွဲတဲ့သူ​တွေလည်းမိမိရဲ့အမှုနဲ့ပတ်​သက်​တဲ့တရားမျှတမှု​တွေကိုလွယ်​လင့်​တကူရှာ​ဖွေနိုင်​တာဖြစ်​တဲ့အတွက်​ဒီလုပ်​ငန်းကိုကျ​နော်​တို့အား​ပေးပါတယ်​။”လို့ဦးတင်​​အောင်​က​မေးခွန်းမေးမြန်းစဉ်​မှာ​ထောက်​ခံ​ကြောင်း​ပြောဆိုခဲ့ပါတယ်​။       နိုင်​ငံတကာတရားရုံး​တွေက​​တော့​စေ့စပ်​ညှိနှိုင်း​ပေးတာ​တွေ​ဆောင်​ရွက်​​ပေး​နေသလိုတရားခွင်​ရဲ့ပုံစံသဏ္ဍာန်​လိုမဟုတ်​ဘဲတရားမျှတမှုကိုရှာ​ဖွေကြတဲ့လုပ်​ငန်း​တွေလုပ်​​ဆောင်​​နေကြပြီးဒါကိုကမ္ဘာအနှံ့မှာလည်းထိ​ရောက်​မှုရှိတဲ့အငြင်းပွားမှု​ဖြေရှင်း​ရေးစနစ်​အဖြစ်​သတ်​မှတ်​ထားတာ​ဖြစ်​ပါတယ်​။         ဒါ​ကြောင့်​ပြည်​​ထောင်​စုတရားလွှတ်​​တော်​ချုပ်​က​နေနှစ်​ဖက်​အမှုသည်​များအကြားမှာဖြစ်ပွား​နေတဲ့အငြင်းပွားမှု​တွေကိုဥပ​ဒေနဲ့အညီ​စေ့စပ်​​ဖြေရှင်းခြင်းဖြင့်​သ​ဘောတူညီမှုကိုရရှိ​စေဖို့ဆိုပြီး​တော့တရားရုံးကဦး​ဆောင်​တဲ့​စေ့စပ်​​ဖြေရှင်း​ရေးစနစ်​ကိုအ​ကောင်​အထည်​ ​ဖော်​​ဆောင်​ရွက်​ဖို့ဂျပန်​အပြည်​ပြည်​ဆိုင်​ရာပူး​ပေါင်း​ဆောင်​ရွက်​​ရေး​အေဂျင်​စီနဲ့ပူး​ပေါင်းပြီး​ဆောင်​ရွက်​ခဲ့တယ်​လို့သိရပါတယ်​။     “​စေ့စပ်​ညှိနှိုင်းမှုလုပ်​တဲ့​နေရာမှာတရားရုံးကအမိန့်​ချသလိုဘယ်​သူနိုင်​​စေ၊ဘယ်​သူရှုံး​စေအမိန့်​ချတာမဟုတ်​ဘဲနှစ်​ဖက်​​အမှုသည်​​တွေသ​ဘောဆန္ဒကိုကျ​နော်​တို့ညှိနှိုင်း​ပေးရုံသက်​သက်​ပဲဖြစ်​ပါတယ်​။”လို့ဦးစိုးသိန်းက​ပြောပါတယ်​။     ဒီလို​ဆောင်​ရွက်​ရာမှာ​စေ့စပ်​​ဖြေရှင်း​ရေးအရာရှိဟာအမှုစစ်​တရားသူကြီး၊အဲဒီတရားရုံးကတရားသူကြီး​တွေမဟုတ်​ဘဲတခြားတရား​ရေးကတရားသူကြီး​တွေက​စေ့စပ်​ညှိနှိုင်း​ပေးမှာဖြစ်​ပါတယ်​။   Court Lead Mediation တရားရုံးမှဦး​ဆောင်​ ​စေ့စပ်​​ဆွေး​နွေးခြင်းမှာတရားရုံးကို​ရောက်​လာတဲ့အမှု​တွေထဲက​နေတရားမအမှု​တွေကို​စေ့စပ်​ညှိနှိုင်း​ဆောင်​ရွက်​​ပေး​နေတာဖြစ်​ပြီးအဲဒီထဲကမှ​ငွေ​ရေး​ကြေး​ရေးပြသနာ၊ကူးသန်း​ရောင်းဝယ်​​ရေးပြသနာ၊မိသားစုပြဿနာ​တွေကိုသာ​စေ့စပ်​ညှိနှိုင်း​ပေး​နေတာလို့ ဦးစိုးသိန်းကဆိုပါတယ်။     လက်​ရှိစမ်းသပ်​ကျင့်​သုံး​နေတဲ့​ တရားရုံး​လေးခုရဲ့ရလဒ်အ​နေနဲ့၂၅ရာခိုင်​နှုန်း​အောင်​မြင်​မှုရှိ​နေပြီးအလားအလာ​ကောင်းတယ်​လို့သိရပါတယ်​။ဒီစမ်းသပ်​တရားရုံး​အောင်​မြင်​မှုအ​ခြေအ​နေ​တွေကြည့်​ပြီးCourt Lead…

Read More

အဆုံးသတ်နိုင်ဖွယ်မရှိသေးသည့်အမေရိကန်-အာဖဂန် အကြာရှည်ဆုံးစစ်ပွဲ 

မျိုးဆက်(VOM)     ၂၀၀၁ခုနှစ်စက်တင်ဘာ၁၁ရက်တွင်နယူးယောက်ရှိကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံနှင့်ဝါရှင်တန်ဒီစီရှိပင်တဂွန်စစ်ဌာနချုပ်တို့ကိုအယ်လ်ခိုင်ဒါအဖွဲ့ကတိုက်ခိုက်ခဲ့ပြီးနောက်စတင်ခဲ့သည့်အမေရိကန်၏အာဖဂန်စစ်ပွဲမှာ၁၈နှစ်ကြာကာလအတွင်းချဉ်းနှင်းလာပြီဖြစ်သည်။     လူသုံးထောင်နီးပါးသေဆုံးခဲ့သည့်တိုက်ခိုက်မှုအတွက်ဦးဆောင်ခဲ့သူအယ်လ်ခိုင်ဒါအကြမ်းဖက်ခေါင်းဆောင်အိုစမာဘင်လာဒင်ကိုလွှဲပြောင်းပေးရေးအာဖဂန်နစ္စတန်တွင်အစိုးရဖြစ်နေသည့်တာလီဘန်တို့ကိုတောင်းဆိုသော်လည်းပယ်ချအပြီးတွင်သမ္မတဂျော့ဒဗလျူဘုရှ်ကစစ်ရေးအရလက်တုံ့ပြန်ခဲ့ပြီးအာဖဂန်စစ်ပွဲစခဲ့လေသည်။     လက်ရှိအချိန်ထိအာဖဂန်စစ်ပွဲကြောင့်နေတိုးတပ်ဖွဲ့ဝင်၃၅၀၀နီးပါးကျဆုံးခဲ့ပြီး၎င်းတို့ထဲမှ၂၃၀၀ကျော်မှာအမေရိကန်တပ်ဖွဲ့ဝင်များဖြစ်ကာ၂၀၁၉ခုနှစ်အထိစစ်ရေးအသုံးစရိတ်ဒေါ်လာ၉၇၅ဘီလီယံကျော်ကျခံသုံးစွဲခဲ့ရသဖြင့်အမေရိကန်အနေဖြင့်လည်းအဖက်ဖက်မှအထိနာစေသည်။     ကာလရှည်စစ်ပွဲအဆုံးသတ်ရေးအမေရိကန်၏ကနဦးချဉ်းကပ်မှုမှာတာလီဘန်အဖွဲ့နှင့်လက်ရှိအုပ်ချုပ်နေသည့်အာဖဂန်အစိုးရအကြားစေ့စပ်ညှိနှိုင်းပေးရေးဖြစ်သည်။သို့သော်သမ္မတဂါနီဦးဆောင်သည့်လက်ရှိအာဖဂန်အစိုးရသည်အနောက်အုပ်စုကတင်မြောက်ထားသည့်ရုပ်သေးအစိုးရဟုတာလီဘန်တို့ကသမုတ်ပြီးတွေ့ဆုံဆွေးနွေးရေးကိုအကြိမ်ကြိမ်ပယ်ချခဲ့ခြင်းကြောင့်ရွေးချယ်ခွင့်မရှိတော့သည့်အမေရိကန်အနေဖြင့်တာလီဘန်များနှင့်ဆွေးနွေးခြင်းပြုခဲ့ရသည်။     အဆိုပါကာလရှည်စစ်ပွဲဆင်နွှဲနေခြင်းအတွက်အမေရိကန်ပြည်သူများကအပြည့်အ၀ထောက်ခံခြင်းမရှိတော့သလိုအစိုးရအနေဖြင့်လည်းစစ်ပွဲအဆုံးသတ်ရေးဦးတည်လုပ်ဆောင်နေပြီးလွန်ခဲ့သည့်နှစ်ကတည်းကအချက်လေးချက်အပေါ်အခြေခံကာတာလီဘန်များနှင့်ကြိမ်ဖန်များစွာဆွေးနွေးခဲ့သည်။   အယ်လ်ခိုင်ဒါနှင့်အိုင်အက်စ်ကဲ့သို့သောစစ်သွေးကြွအဖွဲ့များကိုတာလီဘန်တို့ကအာဖဂန်တွင်အခြေချလှုပ်ရှားခွင့်မပြုရေး၊အမေရိကန်နှင့်နေတိုးတပ်ဖွဲ့ဝင်များအာဖဂန်မြေမှအပြီးတိုင်းရုပ်သိမ်းရေး၊အမေရိကန်-တာလီဘန်-အာဖဂန်အစိုးရတို့အကြားသုံးပွင့်ဆိုင်ဆွေးနွေးရေးနှင့်နိုင်ငံအတွင်းအပစ်အခတ်ရပ်ဆဲရေးတို့ဖြစ်သည်။     ဆွေးနွေးပွဲကာလများအတွင်းအမေရိကန်အပါအ၀င်နေတိုးတပ်ဖွဲ့ဝင်များအာဖဂန်မြေမှရုပ်သိမ်းမည့်အချိန်ကာလကိုမကြေညာသေးသရွေ့မည်သည့်ကတိက၀တ်မှပေးမည်မဟုတ်ကြောင်းတာလီဘန်ကိုယ်စားလှယ်များက  အခိုင်အမာပြောဆိုထားသည်။     နှစ်ဘက်အကြားအာဖဂန်စစ်ပွဲအဆုံးသတ်ရေးဆွေးနွေးမှုများတွင်ကာတာနိုင်ငံဒိုဟာမြို့တွင်ပြုလုပ်သောကိုးကြိမ်မြောက်အစည်းအဝေးအပြီးသဘောတူညီချက်မူကြမ်းတစ်ရပ်ကိုစက်တင်ဘာလဆန်းတွင်ပထမဆုံးအကြိမ်ထုတ်ပြန်နိုင်ခဲ့သည်။     မူကြမ်းအရ  တပ်ဖွဲ့ဝင်၅၄၀၀ကိုရုပ်သိမ်းပေးသွားမည်ဟုအမေရိကန်ဘက်ကသဘောတူထားသည်။လက်ရှိတွင်အာဖဂန်၌တပ်ဖွဲ့ဝင်၁၄၀၀၀နီးပါးရှိနေပြီးရုပ်သိမ်းရေးသဘောတူညီချက်အတွက်  ဒေါ်နယ်ထရန့်အတည်ပြုရန်လိုအပ်နေသေးသည်။     ယင်းသို့တပ်ဖွဲ့ဝင်များကို  ရုပ်သိမ်းပေးခြင်းအတွက်အပြန်အလှန်အားဖြင့်  တာလီဘန်တို့သည်အယ်ခိုင်ဒါနှင့်အိုင်အက်စ်ကဲ့သို့သောအကြမ်းဖက်အဖွဲ့များကိုနိုင်ငံအတွင်းအခြေချလှုပ်ရှားခြင်းများကိုခွင့်မပြုရေးအာမခံရတော့မည်ဖြစ်သည်။     တာလီဘန်တို့အစဉ်တစ်စိုက်တောင်းဆိုခဲ့သည့်အတိုင်းတပ်ဖွဲ့ဝင်များရုပ်သိမ်းရေးအမေရိကန်ကကနဦးသဘောတူခဲ့ခြင်းမှာထင်သလောက်အောင်မြင်ခြင်းမရှိသည့်၁၈နှစ်ကြာအာဖဂန်စစ်ပွဲအတွင်းမှသိက္ခာရှိစွာဆုတ်ခွာရေးအတွက်ပြင်ဆင်လာပုံရသည်။     သို့သော်တပ်ဖွဲ့ဝင်များရုပ်သိမ်းလိုက်ပါကစစ်သွေးကြွများပြန်လည်ခေါင်းထောင်လာပြီးအမေရိကန်နှင့်မဟာမိတ်များကိုတိုက်ခိုက်လာနိုင်ခြေနှင့်ပတ်သက်ပြီးအနောက်အုပ်စုကတွက်ဆနေသည့်အပြင်တာလီဘန်တို့၏အကြမ်းဖက်မှုများပိုမိုမြင့်တက်လာမည်ကိုလည်းအာဖဂန်ပြည်သူများကစိုးရိမ်နေကြသည်။     လက်ရှိတွင်အာဖဂန်နစ္စတန်၌၂၂၉ခရိုင်ကိုအစိုးရကထိန်းချုပ်ထားပြီး၅၉ခရိုင်ကိုတာလီဘန်တို့ကထိန်းချုပ်ထားကာကျန်၁၁၉ခရိုင်ကိုမည်သည့်ဘက်ကမျှထိန်းချုပ်ထားနိုင်ခြင်းမရှိကြောင်းအစီရင်ခံစာများတွင်ဖော်ပြသည်။ယင်းမှာအစိုးရအဖြစ်မှ၂၀၀၁ခုနှစ်တွင်ပြုတ်ကျခဲ့သော်လည်းလက်ရှိအချိန်တွင်အာဖဂန်ရှိနယ်မြေများကိုပိုမိုထိန်းချုပ်ထားနိုင်ခဲ့သည့်သဘောဖြစ်သည်။     နိုင်ငံတွင်းပဋိပက္ခဖြစ်ပွားနေသည့်တာလီဘန်နှင့်အာဖဂန်အစိုးရကြားတွင်  ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့မရှိပေ။  လက်တွေ့ဆွေးနွေးမည်ဆိုပါကအာဖဂန်အစိုးရဟောင်းဖြစ်သည့်တာလီဘန်တို့ကလည်းနယ်မြေစိုးမိုးပိုင်ဆိုင်ရေးနှင့်အာဏာခွဲဝေမှုများကိုလက်ရှိအစိုးရအားတောင်းဆိုလာနိုင်သည်။     ထို့ကြောင့်အာဖဂန်စစ်မြေပြင်မှသိက္ခာရှိစွာဆုတ်ခွာရေးအမေရိကန်အတွက်နောက်ထပ်စိန်ခေါ်မှုမှာတာလီဘန်နှင့်အာဖဂန်အစိုးရအကြားတွေ့ဆုံဆွေးနွေးရေးဖြစ်ပြီး  အန္တိမပန်းတိုင်မှာသုံးဦးသုံးဖလှယ်တွေ့ဆုံကာအပစ်အခတ်ရပ်စဲရေးပင်ဖြစ်သည်။     စစ်ပွဲအဆုံးသတ်လိုသည့်အမေရိကန်အနေဖြင့်နှစ်ဘက်အကြားမဖြစ်မနေကြားပွဲစားလုပ်နေရပုံရှိပြီှးတပ်ဖွဲ့ဝင်များရုပ်သိမ်းရေးအပါအ၀င်တာလီဘန်တို့နှင့်သဘောတူညီချက်မူကြမ်းတစ်ရပ်ကိုစက်တင်ဘာလဆန်း၌ထုတ်ပြန်နိုင်ခဲ့ခြင်းက  ထင်သာမြင်သာတိုးတက်မှုတစ်ရပ်ဟုဆိုနိုင်သည်။     သို့သော်ယင်းသဘောတူညီချက်ထုတ်ပြန်အပြီးမကြာမီတာလီဘန်ထိပ်တန်းခေါင်းဆောင်များ၊အာဖဂန်သမ္မတဂါနီတို့နှင့်စက်တင်ဘာ၈ရက်တွင်အမေရိကန်နိုင်ငံမေရိလန်း၌သီးခြားစီပြုလုပ်မည့် …

Read More

တာလီဘန်တွေကို အပြင်းအထန်တိုက်ခိုက်တော့မယ်လို့ ဒေါ်နယ်ထရန့်ကြေညာ

နယူးယောက်၊စက်တင်ဘာ-၁၂-၂၀၁၉ မျိုးဆက်(VOM)     တာလီဘန်တွေကိုအမေရိကန်ကအပြင်းအထန်တိုက်ခိုက်သွားတော့မယ်လို့  အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအာဖဂန်စစ်ပွဲဖြစ်စေဖို့တွန်းပို့ခဲ့သည့်9/11 တိုက်ခိုက်မှု၁၈နှစ်ကြာနှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားကိုစက်တင်ဘာ၁၁ရက်ကပြုလုပ်ခဲ့ရာမှာကတိပြုပြောဆိုလိုက်ပါတယ်။     သမိုင်းဝင်ဖြစ်လာနိုင်တဲ့ အာဖဂန်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုဖျက်သိမ်းခဲ့တဲ့ဒေါ်နယ်ထရန့်ဟာ  အမေရိကန်မြေပေါ်က  အသေအပျောက်အများဆုံးအကြမ်းဖက်တိုက်ခိုက်မှုကြောင့်သေဆုံးသွားသူများအတွက်အောက်မေ့ဖွယ်အခမ်းအနားကိုနယူးယောက်နဲ့ဝါရှင်တန်တို့မှာပြုလုပ်ပြီးနောက်  တာလီဘန်တို့နဲ့ပတ်သက်ပြီးထုတ်ဖော်ပြောကြားလာတာဖြစ်ပါတယ်။     9/11 တိုက်ခိုက်မှုမှာ  သေဆုံးခဲ့တဲ့  လူ၃၀၀၀နီးပါးအတွက်ပင်တဂွန်မှာပြုလုပ်တဲ့ဂုဏ်ပြုအခမ်းအနားမှာဒေါ်နယ်ထရန့်ကမိန့်ခွန်းပြောကြားခဲ့ပြီးတာလီဘန်တို့အပေါ်စစ်ရေးအရတိုက်ခိုက်ခြေမှုန်းရေးတွေကိုမကြုံစဖူးအရှိန်မြှင့်လုပ်ဆောင်မယ်လို့သူကကြေညာခဲ့ပါတယ်။     ဒီလိုထိုးစစ်ဆင်နွှဲဖို့နဲ့ပတ်သက်ပြီးချက်ချင်းရှင်းစွာမရှိရသေးပါဘူ။ဒါပေမယ့်ပြီးခဲ့တဲ့  သီတင်းပတ်ကအမေရိကန်တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့တဲ့ဗုံးခွဲတိုက်ခိုက်မှုအတွက်လက်တုံ့ပြန်မှုအဖြစ်တာလီဘန်တို့နဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုဖျက်သိမ်းလိုက်ပြီးနောက်မှာထိုးစစ်ဆင်ဖို့အမိန့်ထုတ်ခဲ့တယ်လို့ဒေါ်နယ်ထရန့်ကပြောပါတယ်။     ဒါ့အပြင်စစ်သွေးကြွတွေဟာ  အမေရိကန်မှာတိုက်ခိုက်မှုတွေထပ်မံလုပ်ဆောင်နိုင်တယ်လို့လည်းထရန့်ကသတိပေးပြောဆိုပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးပွဲဖျက်သိမ်းလိုက်တာကြောင့်အာဖဂန်မြေမှာအမေရိကန်သာပိုအထိနာမယ်လို့တာလီဘန်အဖွဲ့ကထုတ်ဖော်ပြောဆိုထားပါတယ်။     Ref : CNA Photo : AFP  

Read More

မိုးဆိုရင် ပဲခူးဟာ ရေအမြဲကြီးလို့ နောင်ရေမကြီးဖို့ ကော်မတီဖွဲ့ဆောင်ရွက်နေ

ပဲခူးစက်​တင်​ဘာ၁၂-၂၀၁၉ မိုးယံ(VOM)     ပဲခူးတိုင်းပဲခူးမြို့မှာ  ပဲခူးမြစ်​​ရေဟာစက်​တင်​ဘာ၁၂မနက်​၆နာရီခွဲ တိုင်းတာချက်​အရစိုးရိမ်​​ရေမှတ်​ အထက်​ ၁၉စင်​တီမီတာ​ကျော်​လွန်​​နေပြီးဆက်​လက်​မြင့်​တက်​​နေတာကြောင့် ရပ်ကွက်တချို့ ရေဝင်နေပါတယ်။   ​ရေကြီးနေ​တဲ့ လူ​နေအိမ်​တွေက မိသားစုတွေ စား​ဝတ်​​နေ​ရေးအခက်​အခဲဖြစ်​​နေပြီးစာသင်​​ကျောင်း၂၅​ကျောင်း ပိတ်​ထားရတယ်​လို့ ပဲခူးအ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာနကသိရပါတယ်​။   ပဲခူးမြို့မှာယခုအချိန်​ထိကယ်​ဆယ်​​ရေးစခန်းဖွင့်​ထားခြင်းမရှိ​သေးဘဲနီးစပ်​ရာဘုန်းကြီးကျောင်းတွေမှာ​ရွှေ့​ပြောင်း​နေထိုင်​ကြတယ်​လို့ ကျွန်းသာယာရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးဦးမျိုး​ဇော်​ထွဋ်​က​   “ သူတို့​နေ​ရေးထိုင်​​ရေးအဆင်​​ပြေ​စေဖို့်​ အ​နောက်​​ရွှေနံ့သာ​ကျောင်းတိုက်​မင်္ဂလာ​ဇေယျုံစာသင်​တိုက်​ငြိမ်းချမ်း​ဇေယျာစာသင်​တိုက်​ဒက္ခိဏာသာခါ ဘုန်း​တော်​ကြီးကျောင်း​တွေမှာယာယီ​နေထိုင်​ဖို့စီစဉ်​​ပေးထားပါတယ်​အိမ်​​ထောင်​စု​ပေါင်း၁၆၄စုလူဦး​ရေ၇၂၀နေထိုင်​​နေပါတယ်​” လို့​ပြောပါတယ်​။   ​ရေကြီး​ရေလျှံမှုနဲ့ပတ်​သက်​ပြီး ပြင်ဆင်နေတဲ့အနေအထားကို  ပဲခူးတိုင်းအစိုးရအဖွဲ့လယ်/ဆည်​ဝန်​ကြီးဦး​အောင်​​ဇော်​နိုင်​ကအခုလို​ပြောပါတယ်​။   “ အနိမ့်​ပိုင်းဖြစ်​လို့ မိုး​ဟေ့ဆို​ရေကဝင်​မှာဘဲ  စိုးရိမ်​​ရေမှတ်​ဖြစ်​လို့​နေ​ရေးထိုင်​​ရေးအခက်​အခဲဖြစ်​ရင်​ကယ်​ဆယ်​​ရေးစခန်း​တွေဖွင့်​​ပေးမှာပါ၊ ဒါကလတ်​တ​လော​ဆောင်​ရွက်​ရမယ့်​ပလန်ပါ​ရေရှည်​​ဆောင်​ရွက်​ရမယ့်​ပလန်​က​တော့ဒီ​နေရာ​တွေကို​ရေမကြီးဖို့ပဲခူးတိုင်း​ဒေသကြီးအစိုးရက​ရေကြီးနစ်​မြုပ်​မှု​ ကာကွယ်​​ရေး​ကော်​မတီဖွဲ့ပြီး ​ဆောင်​ရွက်​​နေပါတယ်​လို့” ​ဆိုပါတယ်​။   ပဲခူးတိုင်းအ​နောက်​ခြမ်းလက်​ပံတန်းမြို့နယ်​မှာ စာသင်​​ကျောင်း၁၄​ကျောင်း မင်းလှမြို့နယ်​မှာ ၁၉​ကျောင်း၊ နတ္တလင်းမြို့နယ်​မှာ၃​ကျောင်း၊ စုစု​ပေါင်း၃၆​ကျောင်း၊ ပဲခူးအ​ရှေ့ခြမ်း ပဲခူးခရိုင်​မှာ၂၅​ကျောင်းပိတ်​ထားရတယ်​လို့ ပဲခူးတိုင်း​ပညာ​ရေးမှူးရုံးမှသိရပါတယ်​။   #voiceofmyanmar #ပဲခူးရေကြီး

Read More

ဂျပန်နိုင်ငံမှာမုန်တိုင်းတိုက်ပြီးနှစ်ရက်ကြာချိန်ထိအိမ်ခြေသုံးသိန်းခွဲနီးပါးဓါတ်အားပြတ်တောက်နေ

တိုကျို၊စက်တင်ဘာ-၁၂-၂၀၁၉ မျိုးဆက်(VOM)   ဂျပန်နိုင်ငံအင်အားပြင်းတိုက်ဖွန်းမုန်တိုင်းဖာဇိုင်တိုက်ခတ်ပြီးနှစ်ရက်ကြာချိန်ထိတိုကျိုအနီးချီဘာပြည်နယ်မှာရှိတဲ့အိမ်ထောင်စု၃၄၀၀၀၀ဟာလျှပ်စစ်ဓါတ်အားပြတ်တောက်နေဆဲဖြစ်ပါတယ်။     ပြည်နယ်အတွင်းလျှပ်စစ်ဓါတ်အားအပြည့်အ၀ပြန်လည်ရရှိဖို့တွက်စက်တင်ဘာ၁၃ရက်အထိလုပ်ဆောင်သွားရမယ်လို့တိုကျိုလျှပ်စစ်စွမ်းအားကုမ္ပဏီကပြောပါတယ်။     ဒေသခံတွေဟာလျှပ်စစ်ဓါတ်အားပြတ်တောက်မှုနဲ့ရင်ဆိုင်နေရတဲ့အပြင်တယ်လီဖုန်းဆက်သွယ်ရေးမကောင်းတာမျိုးတွေလည်းဖြစ်ပေါ်နေတယ်လို့ကီမစ်ဆုမြို့တော်ဝန်ကအခြေအနေကိုထုတ်ဖော်ပြောဆိုပါတယ်။     အပျက်အစီးတွေဟာငလျင်လှုပ်ခတ်သွားတဲ့ပုံစံမျိုးဖြစ်နေပြီးဒေသခံတွေအတွက်အမှန်တကယ်အရေးကြီးတဲ့အခြေအနေဖြစ်တယ်လို့ဆိုပါတယ်။ဆက်လက်ပူပြင်းနေတဲ့ရာသီဥတုကြောင့်အခြေအနေဟာပိုမိုဆိုးရွားနေပြီးဒေသခံတွေဟာလေအေးပေးစက်တွေအသုံးမပြုနိုင်တဲ့အပြင်ရေပေးဝေမှုပြတ်တောက်တွေလည်းဖြစ်ပေါ်နေပါတယ်။       ချီဘာစီရင်စုအတွင်းမှာအပူမြှင့်တက်မှုဒါဏ်ခံစားရပြီးလူနှစ်ဦးသေဆုံးသွားပါတယ်။ချီဘာမြို့နဲ့ဝန်းကျင်ဒေသတွေအတွက်စက်တင်ဘာ၁၂ရက်မှာလျှပ်စစ်ဓါတ်အားပြန်လည်ရရှိရဖို့မျှော်လင့်ထားကြောင်း၊ဒါပေမယ့်နာရီတာ၊ကီဆာရာဇူမြို့အပါအ၀င်အခြားဒေသတွေမှာတော့လျှပ်စစ်ဓါတ်အားပြန်လည်ရရှိဖို့နှစ်ရက်ထက်မနည်းအချိန်ယူရဦးမှာဖြစ်တယ်လို့တိုကျိုလျှပ်စစ်စွမ်းအားကုမ္ပဏီတာဝန်ရှိသူတွေကထုတ်ဖော်ပြောဆိုပါတယ်။     Ref & Photo : NHK   #voiceofmyanmar#ဂျပန် #လျှပ်စစ်ပြတ်တောက်  

Read More

ပဲခူးတိုင်းဝန်ကြီးချုပ်ကတိအတိုင်း အကောင်အထည်ဖေါ်မပေးသေးလို့ မိုးညိုမှာ ဆန္ဒပြ

မိုးညိုစက်​တင်​ဘာ၁၂-၂၀၁၉ မိုးယံVOM   ပဲခူးတိုင်းဝန်​ကြီးချုပ်​အနေနဲ့ မြို့မ​ရှောက်​ပင်​ထုံးအင်းပယ်​ဖျက်​​ပေးမည်​ဖြစ်​​ကြောင်း​ပြောထားတဲ့ ကတိစကားကို အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​​ပေးဖို့  ပဲခူးတိုင်းမင်းလှမြို့နယ်​မိုညိုမြို့မှာဒီ​နေ့မနက်၉နာရီကရေလုပ်​သားအင်​အားငါးရာဝန်းကျင်​နဲ့ ဆန္ဒဖော်​ထုတ်​ခဲ့ကြပါတယ်​။   “ ဇွန်​လ၂၃ရက်က ​ပဲခူးတိုင်းဝန်​ကြီးချုပ်​နဲ့​ ဒေသခံ​တွေ ​တွေ့ဆုံပွဲမှာ ​ရေလုပ်​သား​တွေက မိရိုးဖလာဘိုးစဉ်​​ဘောင်​ဆက်​ရှာ​ဖွေစား​သောက်​ခဲ့တဲ့ လှိုင်​မြစ်​လို့​ခေါ်တဲ့မြစ်​မခမြစ်​ကြို မစ်​အဖြစ်​သတ်​မှတ်​ပေးပါလို့​တောင်းဆိုချက်​ကို ဝန်​ကြီးချုပ်​ကယခင်​အစိုးရကဘာ​တွေပဲလုပ်လုပ်​ လက်​ရှိဒီမိုက​ရေစီ​ပြောင်းလဲ​နေတဲ့​ခေတ်​မှာ မြစ်​အဖြစ်​သတ်​မှတ်​ပြီး မြို့မ​ရှောက်​ပင်​ထုံးအင်းကိုအင်းအဖြစ်​စွန့်​လွှတ်​​ပေးမယ်​ဆိုပြီး​ပြောဆိုသွားပါတယ်။ ​ဒါကိုနှုတ်​မိန့်​တင်​မဟုတ်​ဘဲတရားဝင်​စာနဲ့အမိန့်​ထုတ်​​ပေးဖို့ ​ရေလုပ်​သား​တွေအတွက်​ ဘုံငါးဖမ်းကွက်​ပြုလုပ်​​ပေး​စေချင်​လို့ အခုလိုဆန္ဒထုတ်​​ဖော်​ရတာပါလို့”  ဦး​ဆောင်​သူဦး​မျိုးသန့်​က​ပြောပါတယ်​။   ​ဒေသခံပြည်​သူတွေဟာမြစ်​မခမြစ်​ကို အမှီပြုပြီး အသက်​​မွေးဝမ်း​ကျောင်းပြု​နေကြရသူ​တွေဖြစ်​လို့ အင်းအဖြစ်​သတ်​မှတ်​မယ်​ဆိုရင်​ ငွေရှိသူက လေလံဆွဲမှာမို့  လက်လုပ်လက်စားတွေအတွက် စားဝတ်​နေ​ရေး  အခက်​အခဲဖြစ်​ကြရ​ကြောင်းနဲ့ မြို့မ​ရှောက်​ပင်​ထုံးအင်းဟာ ဧကတစ်​ရာပဲရှိပေမယ့်​ တကယ်​တမ်းဧက​လေး​ထောင်​​ကျော်​​လောက်​သတ်​မှတ်​ထားတယ်လို့  ရေလုပ်သားတွေက ဆိုကြပါတယ်။   ​အဲဒီမှာတစ်​ပိုင်​တစ်​နိုင်​ငါးရှာ​ဖွေစား​သောက်​ကြတဲ့​ရေလုပ်​သား၁၂ဦးကို ပုဒ်​ပ၄၄၇နဲ့ တ​ရားစွဲထားတာ လ​ပေါင်း၃၀နီးပါးဖြစ်​​နေပြီ​ဖြစ်​​ကြောင်း အခုချိန်​မှာငါးရစ်​ငါးသန်​ကာလလွန်​​မြောက်​သွားပြီဆို​တော့​ ထိန်​​တောအုပ်​စု၊ ကြို့ပင်​သာအုပ်​စု၊ အင်း​တော်လုပ်​အုပ်​စု​၊ ပေါက်​ကုန်းအုပ်​စု၊ ညောင်​ဝိုင်း​ကျေးရွာအုပ်​စုတွေက​ တရားစွဲခံထားရတဲ့ သူ​တွေလိုဖြစ်​မှာစိုးတယ်​ လို့်​လည်း​ရေလုပ်​သား​တွေက​ပြောဆိုပါတယ်​။   ​ရေလုပ်​သား​တွေနဲ့​ဒေသခံ​တွေဟာမိုးညိုမြို့နယ်​မြို့မရပ်​ကွက်​မြို့ဦး​အောင်​ဆုပန်​ဘုရား​ရှေ့ကစတင်​ပြီးမဟာသုမင်္ဂလာ​ကြေးသွန်းဘုရားကြီးအထိလှိုင်​မြစ်​(ခ)မြစ်​မခမြစ်​အား လက်​လုပ်​လက်​စားဆင်းရဲသား​ရေလုပ်​သားများဘုံငါးဖမ်းကွက်​ရရှိ​ရေး၊ ပဲခူးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်​ကြီးချုပ်​မှမိန့်​ကြား​ပြောဆိုခဲ့​သောမြို့မ​ရှောက်​ပင်​ထုံးအင်းပယ်​ဖျက်​​ပေးမည်​ဖြစ်​​ကြောင်း​ပြောဆိုဂတိစကားအ​ကောင်​အထည်​ ​ဖော်​​ဆောင်​ရွက်​​ပေး​ရေး၊  မိုးညိုမြို့နယ်​…

Read More
VOM News

FREE
VIEW