တရားရုံးကဦး​ဆောင်​​စေ့စပ်​​ဆွေး​နွေးတဲ့ကိစ္စ စမ်းသပ်​​နေတာ အောင်​မြင်​ရင်​ ​အခြားတရားရုံး​တွေမှာလည်းတိုးချဲ့မယ်

မန္တ​လေးစက်​တင်​ဘာ၁၂- ၂၀၁၉

ဖြူဖြူ(VOM)

 

တရားရုံးအချို့မှာ​ရှေ့​ပြေးအဖြစ်​ စမ်းသပ်​​ဆောင်​ရွက်​​နေတဲ့တရားရုံးကဦး​ဆောင်​​စေ့စပ်​​ဆွေး​နွေးခြင်းကိစ္စ​အောင်​မြင်​ရင်​ ​နောက်​ပိုင်းမှာတိုင်းနဲ့ပြည်​နယ်​အသီးသီးရှိတရားရုံး​တွေမှာလည်းတိုးချဲ့လုပ်​ကိုင်​သွားမယ်​လို့ဒီ​နေ့စက်​တင်​ဘာ၁၂ရက်​ကကျင်းပတဲ့ဒုတိယအကြိမ်​မန္တ​လေးတိုင်းလွှတ်​​တော်​၁၅ကြိမ်​​မြောက်ပုံမှန်​အစည်းအ​ဝေးကသိရပါတယ်​။

 

 

 

Court Lead Mediation (တရားရုံးမှဦး​ဆောင်​ ​စေ့စပ်​​ဆွေး​နွေးခြင်း)ကိစ္စကိုလက်​ရှိမှာ​နေပြည်​​တော်​ဒက္ခိဏခရိုင်​တရားရုံး၊တပ်​ကုန်းမြို့နယ်​တရားရုံး၊ပဲခူးတိုင်း​တောင်​ငူခရိုင်​တရားရုံး၊​တောင်​ငူမြို့နယ်​တရားရုံး​တို့မှာစမ်းသပ်​ကာလအဖြစ်​ ​၂၀၁၉ခုနှစ်မတ်​လ၁ရက်​က​စပြီးတစ်​နှစ်​သတ်​မှတ်​ကာစတင်​ကျင့်​သုံး​​နေတာဖြစ်​ပါတယ်​။

 

 

“​အောင်​မြင်​မှုအ​ပေါ်မူတည်​ပြီး​တော့ဆက်​လက်​လုပ်​​ဆောင်​ရမယ့်​အစီအစဉ်​​တွေကိုလုပ်​ထုံးလုပ်​နည်းနဲ့အညီနည်းလမ်းတကျချမှတ်​ဖို့အစီအစဉ်​ရှိပါတယ်​။”လို့မန္တ​လေးတိုင်းတရားလွှတ်​​တော်​တရားသူကြီးချုပ်​ဦးစိုးသိန်းက​ပြောပါတယ်​။

 

 

 

တရားရုံးအချို့မှာစမ်းသပ်​ကျင့်​သုံး​နေပြီးဖြစ်​​တဲ့Court Lead Mediation (တရားရုံးမှဦး​ဆောင်​ ​စေ့စပ်​​ဆွေး​နွေးခြင်း)ကိစ္စကိုကျယ်​ကျယ်​ပြန့်​ပြန့်​သိရှိလိုတာနဲ့ပတ်​သက်​ပြီးမန္တ​လေးတိုင်းချမ်းမြသာစည်​မြို့နယ်​မဲဆန္ဒနယ်​အမှတ်​၁တိုင်းလွှတ်​​တော်​ကိုယ်​စားလှယ်​ဦးတင်​​အောင်​က​မေးမြန်းစဉ်​ ​ကောင်းမွန်​တဲ့​ဆောင်​ရွက်​ချက်​ဖြစ်​လို့တိုးချဲ့လုပ်​ကိုင်​ဖို့ရှိမရှိအ​ပေါ်အဲဒီလို​ဖြေကြားခဲ့တာပါ။

 

 

 

“ဒီကိစ္စဟာအင်​မတန်​​ကောင်းတဲ့အရာဖြစ်​ပါတယ်​။  ဒါဟာတရားရုံး​တွေမှာလည်းမလိုအပ်​ဘဲအမှုကြန့်​ကြာခြင်း​တွေမရှိ​တော့ဘူး။အမှု​တွေမြန်​ဆန်​ဖို့လည်းဖြစ်​မယ်​။ဥပ​ဒေကိုနားမလည်​လို့တရားစွဲတဲ့သူ​တွေလည်းမိမိရဲ့အမှုနဲ့ပတ်​သက်​တဲ့တရားမျှတမှု​တွေကိုလွယ်​လင့်​တကူရှာ​ဖွေနိုင်​တာဖြစ်​တဲ့အတွက်​ဒီလုပ်​ငန်းကိုကျ​နော်​တို့အား​ပေးပါတယ်​။”လို့ဦးတင်​​အောင်​က​မေးခွန်းမေးမြန်းစဉ်​မှာ​ထောက်​ခံ​ကြောင်း​ပြောဆိုခဲ့ပါတယ်​။

 

 

 

နိုင်​ငံတကာတရားရုံး​တွေက​​တော့​စေ့စပ်​ညှိနှိုင်း​ပေးတာ​တွေ​ဆောင်​ရွက်​​ပေး​နေသလိုတရားခွင်​ရဲ့ပုံစံသဏ္ဍာန်​လိုမဟုတ်​ဘဲတရားမျှတမှုကိုရှာ​ဖွေကြတဲ့လုပ်​ငန်း​တွေလုပ်​​ဆောင်​​နေကြပြီးဒါကိုကမ္ဘာအနှံ့မှာလည်းထိ​ရောက်​မှုရှိတဲ့အငြင်းပွားမှု​ဖြေရှင်း​ရေးစနစ်​အဖြစ်​သတ်​မှတ်​ထားတာ​ဖြစ်​ပါတယ်​။

 

 

 

 

ဒါ​ကြောင့်​ပြည်​​ထောင်​စုတရားလွှတ်​​တော်​ချုပ်​က​နေနှစ်​ဖက်​အမှုသည်​များအကြားမှာဖြစ်ပွား​နေတဲ့အငြင်းပွားမှု​တွေကိုဥပ​ဒေနဲ့အညီ​စေ့စပ်​​ဖြေရှင်းခြင်းဖြင့်​သ​ဘောတူညီမှုကိုရရှိ​စေဖို့ဆိုပြီး​တော့တရားရုံးကဦး​ဆောင်​တဲ့​စေ့စပ်​​ဖြေရှင်း​ရေးစနစ်​ကိုအ​ကောင်​အထည်​ ​ဖော်​​ဆောင်​ရွက်​ဖို့ဂျပန်​အပြည်​ပြည်​ဆိုင်​ရာပူး​ပေါင်း​ဆောင်​ရွက်​​ရေး​အေဂျင်​စီနဲ့ပူး​ပေါင်းပြီး​ဆောင်​ရွက်​ခဲ့တယ်​လို့သိရပါတယ်​။

 

 

“​စေ့စပ်​ညှိနှိုင်းမှုလုပ်​တဲ့​နေရာမှာတရားရုံးကအမိန့်​ချသလိုဘယ်​သူနိုင်​​စေ၊ဘယ်​သူရှုံး​စေအမိန့်​ချတာမဟုတ်​ဘဲနှစ်​ဖက်​​အမှုသည်​​တွေသ​ဘောဆန္ဒကိုကျ​နော်​တို့ညှိနှိုင်း​ပေးရုံသက်​သက်​ပဲဖြစ်​ပါတယ်​။”လို့ဦးစိုးသိန်းက​ပြောပါတယ်​။

 

 

ဒီလို​ဆောင်​ရွက်​ရာမှာ​စေ့စပ်​​ဖြေရှင်း​ရေးအရာရှိဟာအမှုစစ်​တရားသူကြီး၊အဲဒီတရားရုံးကတရားသူကြီး​တွေမဟုတ်​ဘဲတခြားတရား​ရေးကတရားသူကြီး​တွေက​စေ့စပ်​ညှိနှိုင်း​ပေးမှာဖြစ်​ပါတယ်​။

 

Court Lead Mediation တရားရုံးမှဦး​ဆောင်​ ​စေ့စပ်​​ဆွေး​နွေးခြင်းမှာတရားရုံးကို​ရောက်​လာတဲ့အမှု​တွေထဲက​နေတရားမအမှု​တွေကို​စေ့စပ်​ညှိနှိုင်း​ဆောင်​ရွက်​​ပေး​နေတာဖြစ်​ပြီးအဲဒီထဲကမှ​ငွေ​ရေး​ကြေး​ရေးပြသနာ၊ကူးသန်း​ရောင်းဝယ်​​ရေးပြသနာ၊မိသားစုပြဿနာ​တွေကိုသာ​စေ့စပ်​ညှိနှိုင်း​ပေး​နေတာလို့ ဦးစိုးသိန်းကဆိုပါတယ်။

 

 

လက်​ရှိစမ်းသပ်​ကျင့်​သုံး​နေတဲ့​ တရားရုံး​လေးခုရဲ့ရလဒ်အ​နေနဲ့၂၅ရာခိုင်​နှုန်း​အောင်​မြင်​မှုရှိ​နေပြီးအလားအလာ​ကောင်းတယ်​လို့သိရပါတယ်​။ဒီစမ်းသပ်​တရားရုံး​အောင်​မြင်​မှုအ​ခြေအ​နေ​တွေကြည့်​ပြီးCourt Lead Mediation နဲ့ပတ်​သက်​တဲ့ဥပ​ဒေကြမ်း​တွေ​ရေးဆွဲဖို့လည်းရှိ​နေတာဖြစ်​ပါတယ်​။

 

#voiceofmyanmar #မန္တ​လေး#လွှတ်​​တော်​ # Court Lead Mediation

Related posts

Leave a Comment

VOM News

FREE
VIEW