မိုးညိုစက်တင်ဘာ၁၂-၂၀၁၉
မိုးယံVOM
ပဲခူးတိုင်းဝန်ကြီးချုပ်အနေနဲ့ မြို့မရှောက်ပင်ထုံးအင်းပယ်ဖျက်ပေးမည်ဖြစ်ကြောင်းပြောထားတဲ့ ကတိစကားကို အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့ ပဲခူးတိုင်းမင်းလှမြို့နယ်မိုညိုမြို့မှာဒီနေ့မနက်၉နာရီကရေလုပ်သားအင်အားငါးရာဝန်းကျင်နဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
“ ဇွန်လ၂၃ရက်က ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ ဒေသခံတွေ တွေ့ဆုံပွဲမှာ ရေလုပ်သားတွေက မိရိုးဖလာဘိုးစဉ်ဘောင်ဆက်ရှာဖွေစားသောက်ခဲ့တဲ့ လှိုင်မြစ်လို့ခေါ်တဲ့မြစ်မခမြစ်ကြို မစ်အဖြစ်သတ်မှတ်ပေးပါလို့တောင်းဆိုချက်ကို ဝန်ကြီးချုပ်ကယခင်အစိုးရကဘာတွေပဲလုပ်လုပ် လက်ရှိဒီမိုကရေစီပြောင်းလဲနေတဲ့ခေတ်မှာ မြစ်အဖြစ်သတ်မှတ်ပြီး မြို့မရှောက်ပင်ထုံးအင်းကိုအင်းအဖြစ်စွန့်လွှတ်ပေးမယ်ဆိုပြီးပြောဆိုသွားပါတယ်။ ဒါကိုနှုတ်မိန့်တင်မဟုတ်ဘဲတရားဝင်စာနဲ့အမိန့်ထုတ်ပေးဖို့ ရေလုပ်သားတွေအတွက် ဘုံငါးဖမ်းကွက်ပြုလုပ်ပေးစေချင်လို့ အခုလိုဆန္ဒထုတ်ဖော်ရတာပါလို့” ဦးဆောင်သူဦးမျိုးသန့်ကပြောပါတယ်။
ဒေသခံပြည်သူတွေဟာမြစ်မခမြစ်ကို အမှီပြုပြီး အသက်မွေးဝမ်းကျောင်းပြုနေကြရသူတွေဖြစ်လို့ အင်းအဖြစ်သတ်မှတ်မယ်ဆိုရင် ငွေရှိသူက လေလံဆွဲမှာမို့ လက်လုပ်လက်စားတွေအတွက် စားဝတ်နေရေး အခက်အခဲဖြစ်ကြရကြောင်းနဲ့ မြို့မရှောက်ပင်ထုံးအင်းဟာ ဧကတစ်ရာပဲရှိပေမယ့် တကယ်တမ်းဧကလေးထောင်ကျော်လောက်သတ်မှတ်ထားတယ်လို့ ရေလုပ်သားတွေက ဆိုကြပါတယ်။
အဲဒီမှာတစ်ပိုင်တစ်နိုင်ငါးရှာဖွေစားသောက်ကြတဲ့ရေလုပ်သား၁၂ဦးကို ပုဒ်ပ၄၄၇နဲ့ တရားစွဲထားတာ လပေါင်း၃၀နီးပါးဖြစ်နေပြီဖြစ်ကြောင်း အခုချိန်မှာငါးရစ်ငါးသန်ကာလလွန်မြောက်သွားပြီဆိုတော့ ထိန်တောအုပ်စု၊ ကြို့ပင်သာအုပ်စု၊ အင်းတော်လုပ်အုပ်စု၊ ပေါက်ကုန်းအုပ်စု၊ ညောင်ဝိုင်းကျေးရွာအုပ်စုတွေက တရားစွဲခံထားရတဲ့ သူတွေလိုဖြစ်မှာစိုးတယ် လို့်လည်းရေလုပ်သားတွေကပြောဆိုပါတယ်။
ရေလုပ်သားတွေနဲ့ဒေသခံတွေဟာမိုးညိုမြို့နယ်မြို့မရပ်ကွက်မြို့ဦးအောင်ဆုပန်ဘုရားရှေ့ကစတင်ပြီးမဟာသုမင်္ဂလာကြေးသွန်းဘုရားကြီးအထိလှိုင်မြစ်(ခ)မြစ်မခမြစ်အား လက်လုပ်လက်စားဆင်းရဲသားရေလုပ်သားများဘုံငါးဖမ်းကွက်ရရှိရေး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှမိန့်ကြားပြောဆိုခဲ့သောမြို့မရှောက်ပင်ထုံးအင်းပယ်ဖျက်ပေးမည်ဖြစ်ကြောင်းပြောဆိုဂတိစကားအကောင်အထည် ဖော်ဆောင်ရွက်ပေးရေး၊ မိုးညိုမြို့နယ် အတွင်းရှိ အင်းများအား ဧရိယာဧကနယ်နိမိတ်တိကျမှန်ကန်စွာဖော်ဆောင်ပေးရေး၊ ငါးလုပ်ငန်းဦးစီးဌာနမှမရှိဆင်းရဲသားရေလုပ်သားများအားဥပဒေနှင့်မညီသောတရားစွဲဆိုမှုမဖြစ်ပေါ်စေရေး စတဲ့ကြွေးကြော်သံတွေနဲ့လမ်းလျောက်ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။
ဒီနေ့ဆန္ဒဖော်ထုတ်တာနဲ့ပတ်သက်လို့မိုးညိုမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူး ဦးသိန်းထိုက်က
“ ကျနော်တို့ဌာနမှာ လှိုင်မြစ်လည်းမရှိဘူးမြစ်မခမြစ်လည်းမရှိဘူး ၁၉၉၇ခုနှစ်တည်းကအင်းအဖြစ်နှစ်စဉ်ရောင်းထားတာပါပဲခူးတိုင်းဝန်ကြီးချုပ် ထိန်တောလာတုန်းကမြို့မရှောက်ပင်ထုံးအင်းကိုစွန့်ပေးမယ်လို့ပြောဆိုခဲ့ပေမယ့်အဲဒီအင်းကတရားဝင် လေလံရောင်းပြီးတဲ့အင်းဖြစ်ပါတယ်။ အင်းဧရိယာနယ်နိမိတ်တွေကိုလည်းကျနော်တို့ဌာနကမြေပုံတွေအရဖော်ဆောင်ထားတာပါရေလုပ်သားတွေတရားစွဲခံရတယ်ဆိုတာတော့အင်းဂရံတိုင်ခွင့်ပြုချက်မရှိဘဲလုပ်ကိုင်လို့် တရားစွဲခံထားရတယ်ဖြစ်ပါတယ်လို့ “ ပြောပါတယ်။
#voiceofmyanmar #မိုးညို #အင်းလေးလံ #မြစ်မခ #လှိုင်