ကိုယ်ဝန်ဆောင်စဉ်ကနေ ၂နှစ်ထိ ကလေးတွေကို ငွေကြေးထောက်ပံ့တော့မယ်

ပုသိမ်-စက်တင်ဘာ၁၄-၂၀၁၉ ကိုအောင်(VOM)   ၂၀၂၀မှာ ဧရာဝတီတိုင်းနဲ့ရှမ်းပြည်နယ်မှာရှိတဲ့ ကိုယ်ဝန်ဆောင်စဉ်မှ အသက်၂နစ်ထိ ကလေးငယ်တွေကို ငွေကြေးထောက်ပံပေးဖို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက စီစဉ်နေပါတယ်။   နိင်ငံတော်ရံပုံငွေနဲ့ ကမ္ဘာ့ဘဏ်ချေးငွေပေါင်းစပ်ပီး ကိုယ်ဝန်ဆောင်စဉ်ကာလမှအသက်၂နစ်ထိ ရက်ပေါင်း၁၀၀၀အတွက်ထောကိပံပေးဖို့စီစဉ်နေတာလို့လည်းသိရပါတယ်။   ၂၀၁၈/၂၀၁၉ဘဏ္ဏာရေးနစ်မှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ချင်းပြည်နယ် ရခိုင်ပြည်နယ် ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ထောက်ပံ့ပေးနေပြီး ၂၀၂၀မှာဧရာဝတီတိုင်း နဲ့ရှမ်းပြည်နယ်ကို တိုးချဲ့ထောက်ပံ့ပေးဖို့စီစဉ်လိုက်တာလို့သိရပါတယ်။     ရက်ပေါင်း၁၀၀၀ထောက်ပံ့ပေးမယ့်အစီအစဉ်ကို ၂၀၂၀ခုနှစ်မှာ ဧရာဝတီတိုင်းမှာ၂၄ဒသမ၆ဘီလီယံ ရှမ်းပြည်နယ်မှာ၂၄ဒသမ ၈ဘီလီယံလျာထားသတ်မှတ်ထားပီး တစ်ဦးလျှင် တစ်လတစ်သောင်းခွဲနူန်းအပြင် ကျန်းမာရေးနဲ့အာဟာရဆိုင်ရာမိသားစုစီမံကိန်းနဲ့လူမူရေးဆိုင်ရာ ပံ့ပိုးမူတွေပါဝင်တယ်လို့သိရပါတယ်။   #voiceofmyanmar #လူကယ်ပြန် #ကလေးငယ်ထောက်ပံ့ရေး  

Read More

စစ်ကိုင်းမှာ ဘုန်းကြီး အချင်းချင်း ဓားထိုးမှု ဖြစ်

စစ်ကိုင်း၊စက်တင်ဘာ ၁၄-၂၀၁၉ စောပြည့်ချမ်းသာ(VOM)       စစ်ကိုင်းမြို့ မီးရထားရပ်ကွက်၊ မုံရွာတေဇောတာရုံကျောင်းတိုက်မှာ စက်တင်ဘာ ၁၃ရက် မနက်ပိုင်းက ဘုန်းကြီးအချင်းချင်း ဓားထိုးမှုဖြစ်ပွားခဲ့တယ်လို့  မီးရထား ရပ်ကွက် ကဒေသခံတွေ ထံ က နေသိရပါတယ်။   ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ နံနက် ၆နာရီ ခန့်က  စစ်ကိုင်းမြို့ မီးရထားရပ်ကွက် မုံရွာတေဇောတာရုံ ကျောင်း ဝန်း ထဲ နေထိုင်တဲ့ မဇင်မာလှိုင်က  နေအိမ်အတွင်းအိပ်နေတုန်း  အိမ်နောက်ဖေးမှာ  ဆိုင်ကယ်လဲသံ နဲ့အတူ  အဲ့ဒီကျောင်းဝန်းထဲနေတဲ့ မောင်ဝမ်းကွဲဖြစ်သူဦးဇင်း ဂန္ဓမာ အသက် (၃၂)ဝါတော် (၁၂)ဝါ က ”မင်းကိုငါဘာလုပ်လို့တုန်း” ပြောသံကြားလိုက်ရပြီး  ကျောင်းတိုက်ရှေ့မြေပြင် မှာ မောင်ဖြစ်သူဦးဇင်းမှာလဲကျနေပြီး တစ်ကျောင်းတည်းနေတဲ့ ဦးဇင်း နန္ဒသီဟ အသက် ၃၂နှစ် ဝါတော် (၁၂)ဝါ က ဓားဦးချွန်ဖြင့်ထိုးနေတဲ့အတွက်…

Read More

KIA ထိန်းချုပ်နယ်မြေကလွဲလို့ မြစ်ကြီးနားခရိုင်အတွင်း အခြေခံမဲစာရင်းကောက်ယူပြီးစီး

မြစ်ကြီးနား၊ စက်တင်ဘာ ၁၄-၂၀၁၉ ရန်အောင်ထွန်း (VOM)   ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်း ၂၀၂၀ ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူစာရင်းကောက်ယူမှု ဩဂုတ်လကစ ပြုလုပ်ခဲ့ရာ KIA ထိန်းချုပ်နယ်မြေတွေကလွဲလို့ အားလုံးစာရင်းကောက်ပြီးနေပြီလို့ မြစ်ကြီးနားခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ကပြောသည်။   လူဦးရေစာရင်း အားလုံးကောက်ထားတဲ့အထဲက အသက် ၁၈ နှစ်ပြည့်ပြီးသူတွေကို ကွန်ပျူတာစာရင်းသွင်းနေတာတွေကလည်း စက်တင်ဘာအကုန်တွင် ပြီးမည်သိရသည်။   မြစ်ကြီးနားခရိုင်အတွင်းမြို့နယ် ၆ ခုရှိရာမှာ  KIA ထိန်းချုပ်နယ်မြေတွေကိုသာ ကောက်ယူဖို့ ကျန်ရှိတယ်လို့ ပြောပါတယ်။   ကချင်ပြည်နယ် တစ်ခုလုံးအတွက် မဲစာရင်းကောက်ယူမရတဲ့ နေရာတွေကို အားလုံးတိတိကျကျ မပြောနိုင်ပေမယ့် အတက်နိုင်ဆုံး တိကျပြည့်စုံအောင် ဆောင်ရွက်မယ်လို့ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းကပြောပါတယ်။   လက်ရှိမြစ်ကြီးနားခရိုင်အတွင်း လူဦးရေစာရင်းကောက်ယူရာမှာ ၄၄၄၅၉၄ ဦး ရှိပြီး အဲဒီအထဲက အသက်…

Read More

၇နှစ်​အရွယ်​ ဒုတိယတန်း​ကျောင်းသူ​ကို သားမယားပြုကျင့်​မှု နတ္တလင်းမှာဖြစ်

နတ္တလင်း -စက်​တင်​ဘာ၁၄-၂၀၁၉ မိုးယံ(VOM)     ပဲခူးတိုင်းသာယာဝတီခရိုင်​၊  နတ္တလင်းမြို့နယ်​၊ လယ်​မအင်း​ကျေးရွာအုပ်​စုမန်းကျည်းပင်​​ကျေးရွာမှာမ​နေ့ည​နေ၅နာရီဝန်းကျင်​​လောက်​ကလယ်​စာရင်းငှါးလုပ်​သူကအလုပ်​ရှင်​ရဲ့သမီးအသက်​၇နှစ်​အရွယ်​ရှိဒုတိယတန်း​ကျောင်းသူ​ကိုသားမယားပြုကျင့်​မှုဖြစ်​ပွားခဲ့တယ်​လို့​တောင်​ညိုရဲကင်းက သိရပါတယ်​။   စာရင်းငှားအလုပ်​သမားကအလုပ်​ရှင်​ရဲ့သမီး၇နှစ်​အရွယ်​က​လေးမ​ကိုသားမယားပြုကျင့်​​နေတာ​မျက်မြင်တွေ့ခဲ့တဲ့သူက ရဲကင်းစခန်းမှာ သက်သေထွက်​ဆိုထားပါတယ်​။   “ ကျွန်​​တော်​ ဦး—ကိုဖုန်းအားသွင်းဖို့သွားတာမှာလမ်းမှာဦး—အိမ်​ကလယ်​စာရင်းငှါးလုပ်​တဲ့​အောင်​မင်းနိုင်​က​ပေါက်​ပြားထမ်းပြီး​ရှေ့ကသွားတယ်​ ​နောက်​ကဦး—သမီး​လေးကတီ​ကောင်​​တွေထည့်​ထားတဲ့အိတ်​ကိုကိုင်​ပြီးလမ်းရဲ့ဘယ်​ဖက်​ချုံပုတ်​ထဲဝင်​သွားတယ်​။ ကျ​နော်​လည်းလမ်းဆက်​​လျောက်​လာတာက​လေးမ​လေးရဲ့အော်တဲ့အသံကိုကြားလိုက်​ရတယ်​အဲ့ဒါနဲ့ချုံပုတ်​ထဲသွားကြည့်​​တော့​ကလေးမလေးကို သားမယားကျင့်တာ  မြင်တွေ့ရတာပဲလို့”ကိုခင်​​ဇော်​ထွန်းက​ပြောဆိုပါတယ်​။   ​အောင်​မင်းနိုင်​အားကိုခင်​​ဇော်​ထွန်းမှဖမ်းဆီး​ခေါ်​ဆောင်​လာစဉ်​ရွာအနီးမှာထွက်​​ပြေးသွားတယ်​လို့​ပြောဆိုပါတယ်​။   `​”ငါးမျှားဖို့တီ​ကောင်​တူးမယ်​ဆိုလို့လိုက်​သွားတာပါရွာအပြင်​ချုံပုတ်​နားမှာခဏနားမယ်​ဆိုပြီးသားအယားပြုကျင့်​​ခဲ့တယ်​လို့”က​လေးမ​လေးကသူ့ဖခင်​ဦး—ကို​ပြောပြာတယ်​လို့ဆိုပါတယ်​။   ဖြစ်​စဉ်​နဲ့ပတ်​သက်​လို့(ပ)၄၉/၂၀၁၉ရာဇသတ်​ကြီးပုဒ်​မ၃၇၆နဲ့ဖွင့်​ထားပြီး​ အသက်​၁၇နှစ်​ရှိဦး​အောင်​​အောင်​ရဲ့သား​အောင်​မင်းနိုင်​ကို​တောင်​ညိုဆည်​ရဲကင်းမှူးဒုရဲအုပ်​စိုးပိုင်​နဲ့အဖွဲ့မှည၁၂နာရီက​ကျောက်​ခွက်​​ကျေးရွာအုပ်​စုထန်း​တော​ကျေးရွာလမ်းအနီးမှာဖမ်းဆီးမိခဲ့တယ်​လို့သိရပါတယ်​။   #voiceofmyanmar  #နတ္တလင်း #ပဲခူးတိုင်း #သက်ငယ်မုဒိမ်း

Read More
VOM News

FREE
VIEW