စစ်ကိုင်းမှာ ဘုန်းကြီး အချင်းချင်း ဓားထိုးမှု ဖြစ်

စစ်ကိုင်း၊စက်တင်ဘာ ၁၄-၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

 

 

စစ်ကိုင်းမြို့ မီးရထားရပ်ကွက်၊ မုံရွာတေဇောတာရုံကျောင်းတိုက်မှာ စက်တင်ဘာ ၁၃ရက် မနက်ပိုင်းက ဘုန်းကြီးအချင်းချင်း ဓားထိုးမှုဖြစ်ပွားခဲ့တယ်လို့  မီးရထား ရပ်ကွက် ကဒေသခံတွေ ထံ က နေသိရပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ နံနက် ၆နာရီ ခန့်က  စစ်ကိုင်းမြို့ မီးရထားရပ်ကွက် မုံရွာတေဇောတာရုံ ကျောင်း ဝန်း ထဲ နေထိုင်တဲ့ မဇင်မာလှိုင်က  နေအိမ်အတွင်းအိပ်နေတုန်း  အိမ်နောက်ဖေးမှာ  ဆိုင်ကယ်လဲသံ နဲ့အတူ  အဲ့ဒီကျောင်းဝန်းထဲနေတဲ့ မောင်ဝမ်းကွဲဖြစ်သူဦးဇင်း ဂန္ဓမာ အသက် (၃၂)ဝါတော် (၁၂)ဝါ က ”မင်းကိုငါဘာလုပ်လို့တုန်း” ပြောသံကြားလိုက်ရပြီး  ကျောင်းတိုက်ရှေ့မြေပြင် မှာ မောင်ဖြစ်သူဦးဇင်းမှာလဲကျနေပြီး တစ်ကျောင်းတည်းနေတဲ့ ဦးဇင်း နန္ဒသီဟ အသက် ၃၂နှစ် ဝါတော် (၁၂)ဝါ က ဓားဦးချွန်ဖြင့်ထိုးနေတဲ့အတွက် သူမရဲ့  ခင်ပွန်းဖြစ်သူ ကိုမြတ်ကျော် နဲ့ အတူ သွားရောက်ဖြန်ဖြေခဲ့ကာ  ဓားဒဏ်ရာရှိခဲ့တဲ့  မောင်ဖြစ်သူ ဦးဇင်းကို ဆေးရုံသို့ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

 

ဓားဖြင့်ထိုးခံရတဲ့  ဦးဇင်း ဂန္ဓမာ အသက် (၃၂)ဝါတော် (၁၂)ဝါ မှာ  ခါးဘယ်ဘက်ခြမ်းထိုးသွင်းဒဏ်ရုတစ်ချက်၊ခါးယာဘက်ခြမ်းထိုးသွင်းဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး စစ်ကိုင်းဆေးရုံကနေ  မန္တလေးဆေးရုံသို့ (မစိုးရိမ်ရ)လွှဲပြောင်းကုသနေပြီး  ဓားဦးချွန်နဲ့ထိုးတဲ့   ဦးဇင်း နန္ဒသီဟ အသက် ၃၂နှစ် ဝါတော် (၁၂)ဝါ  ကို သိက္ခာချ၊ လူဝတ်လဲစေပြီး စစ်ကိုင်းမြို့မရဲစခန်း မှာ  (ပ) ၁၂၀၇/၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆ဖြင့် အမှုဖွင့်ဖမ်းဆီးထားတယ်လို့ စစ်ကိုင်းမြို့မ ရဲစခန်းကနေသိရပါတယ်။

 

#voiceofmyanmar #စစ်ကိုင်း #ဘုန်းကြီးချင်းဓါးထိုးမှု

 

Photo ကိုကျော်ထူး

Related posts

Leave a Comment

VOM News

FREE
VIEW