၇နှစ်​အရွယ်​ ဒုတိယတန်း​ကျောင်းသူ​ကို သားမယားပြုကျင့်​မှု နတ္တလင်းမှာဖြစ်

နတ္တလင်း -စက်​တင်​ဘာ၁၄-၂၀၁၉

မိုးယံ(VOM)

 

 

ပဲခူးတိုင်းသာယာဝတီခရိုင်​၊  နတ္တလင်းမြို့နယ်​၊ လယ်​မအင်း​ကျေးရွာအုပ်​စုမန်းကျည်းပင်​​ကျေးရွာမှာမ​နေ့ည​နေ၅နာရီဝန်းကျင်​​လောက်​ကလယ်​စာရင်းငှါးလုပ်​သူကအလုပ်​ရှင်​ရဲ့သမီးအသက်​၇နှစ်​အရွယ်​ရှိဒုတိယတန်း​ကျောင်းသူ​ကိုသားမယားပြုကျင့်​မှုဖြစ်​ပွားခဲ့တယ်​လို့​တောင်​ညိုရဲကင်းက သိရပါတယ်​။

 

စာရင်းငှားအလုပ်​သမားကအလုပ်​ရှင်​ရဲ့သမီး၇နှစ်​အရွယ်​က​လေးမ​ကိုသားမယားပြုကျင့်​​နေတာ​မျက်မြင်တွေ့ခဲ့တဲ့သူက ရဲကင်းစခန်းမှာ သက်သေထွက်​ဆိုထားပါတယ်​။

 

“ ကျွန်​​တော်​ ဦး—ကိုဖုန်းအားသွင်းဖို့သွားတာမှာလမ်းမှာဦး—အိမ်​ကလယ်​စာရင်းငှါးလုပ်​တဲ့​အောင်​မင်းနိုင်​က​ပေါက်​ပြားထမ်းပြီး​ရှေ့ကသွားတယ်​ ​နောက်​ကဦး—သမီး​လေးကတီ​ကောင်​​တွေထည့်​ထားတဲ့အိတ်​ကိုကိုင်​ပြီးလမ်းရဲ့ဘယ်​ဖက်​ချုံပုတ်​ထဲဝင်​သွားတယ်​။ ကျ​နော်​လည်းလမ်းဆက်​​လျောက်​လာတာက​လေးမ​လေးရဲ့အော်တဲ့အသံကိုကြားလိုက်​ရတယ်​အဲ့ဒါနဲ့ချုံပုတ်​ထဲသွားကြည့်​​တော့​ကလေးမလေးကို သားမယားကျင့်တာ  မြင်တွေ့ရတာပဲလို့”ကိုခင်​​ဇော်​ထွန်းက​ပြောဆိုပါတယ်​။

 

အောင်​မင်းနိုင်​အားကိုခင်​​ဇော်​ထွန်းမှဖမ်းဆီး​ခေါ်​ဆောင်​လာစဉ်​ရွာအနီးမှာထွက်​​ပြေးသွားတယ်​လို့​ပြောဆိုပါတယ်​။

 

`​”ငါးမျှားဖို့တီ​ကောင်​တူးမယ်​ဆိုလို့လိုက်​သွားတာပါရွာအပြင်​ချုံပုတ်​နားမှာခဏနားမယ်​ဆိုပြီးသားအယားပြုကျင့်​​ခဲ့တယ်​လို့”က​လေးမ​လေးကသူ့ဖခင်​ဦး—ကို​ပြောပြာတယ်​လို့ဆိုပါတယ်​။

 

ဖြစ်​စဉ်​နဲ့ပတ်​သက်​လို့(ပ)၄၉/၂၀၁၉ရာဇသတ်​ကြီးပုဒ်​မ၃၇၆နဲ့ဖွင့်​ထားပြီး​ အသက်​၁၇နှစ်​ရှိဦး​အောင်​​အောင်​ရဲ့သား​အောင်​မင်းနိုင်​ကို​တောင်​ညိုဆည်​ရဲကင်းမှူးဒုရဲအုပ်​စိုးပိုင်​နဲ့အဖွဲ့မှည၁၂နာရီက​ကျောက်​ခွက်​​ကျေးရွာအုပ်​စုထန်း​တော​ကျေးရွာလမ်းအနီးမှာဖမ်းဆီးမိခဲ့တယ်​လို့သိရပါတယ်​။

 

#voiceofmyanmar  #နတ္တလင်း #ပဲခူးတိုင်း #သက်ငယ်မုဒိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW