တိုင်းပြည် သယံဇာတ ထုတ်မရောင်းလို့   အခွန်ကောက်နေရခြင်းသာဖြစ်

ခင်ဦး စက်တင်ဘာ ၁၇၊၂၀၁၉ မောင်တာရာ(VOM)     တိုင်းပြည့်ရဲ့ သယံဇာတတွေကို ထုတ်မရောင်းချင်တဲ့အတွက်  အခွန်တွေကောက်နေရခြင်းဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦးက ရွှေဘိုခရိုင်​၊ ခင်​ဦးမြို့၊ သိန်းကမ္ဘာ မင်္ဂလာခန်းမမှာ ဒီနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ နဲ့ လူထုတွေ့ဆုံပွဲ အခမ်းအနားမှာ ပြောသွားပါတယ်။     ”တနိုင်ငံလုံး ပြန်လည်တည်ဆောက်နေရတဲ့ ကိစ္စတွေ လိုအပ်ချက်တွေက နေရာတကာမှာ ဖြစ်နေပါတယ်။အခွန်အခတွေ ခေါင်းကောက်တယ်ဆိုတာက တိုင်းပြည်ရဲ့ သယံဇာတတွေကို ထုတ်မရောင်းချင်လို့ပါ၊ ဒီသယံဇာတတွေဆိုတာ အမျိုးသားအမွေအနှစ်ဖြစ်တယ် ဒီအမွေအနှစ်တွေက ဘယ်အချိန်ထုတ်ထုတ်ရတယ်။ဒါတွေဟာ နောင်လာနောင်သားတွေရဲ့ ပိုင်ဆိုင်ခွင့်ပါ ။ဒါတွေကို မထုတ်ပဲနဲ့ တိုင်ပြည်ကို တည်ဆောက်ဖို့ အတွက် အခွန်အကောက်တွေကို ကောက်ခံခြင်းဖြစ်ပါတယ်။” လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦးက ပြောပါတယ်။     တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ပြန်လည်တည်ဆောက်အခါမှာ လိုအပ်ချက်တွေ များစွာရှိနေတဲ့အတွက်  ထိုလိုအပ်ချက်တွေကို ဖြည့်ဆည်းရန်…

Read More

မလေးရှားသွားမယ့် ကော့ဘဇားဒုက္ခသည်စခန်းက ရိုဟင်ဂျာ ၁၆ ဦးဖမ်းဆီးခံရ

ကော့ဘဇား၊ စက်တင်ဘာ-၁၇-၂၀၁၉ မျိုးဆက် (VOM)   ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသ တက်ခ်နက်ကနေ ရေလမ်းကြောင်းအတိုင်း မလေးရှားနိုင်ငံကို သွားရောက်ဖို့ကြိုးစားတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအ၀င် ရိုဟင်ဂျာ ၁၆ ဥိီးကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ဒုက္ခသည်စခန်းက ရိုဟင်ဂျာအချို့ဟာ မလေးရှားနိုင်ငံကို ရေလမ်းကတစ်ဆင့်သွား ရောက်ဖို့ပြင်ဆင်နေ တယ်ဆိုတဲ့ သတင်းအရ ကမ်းခြေစောင့်တပ်ဖွဲ့ အဖွဲ့တစ်ဖွဲ့ဟာ ရိုဟင်ဂျာတွေကို ဟာဘာချာရာကမ်းခြေမှာ စက်တင်ဘာ ၁၆ ရက်ညပိုင်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။   အဖမ်းခံထားရတဲ့ ရိုဟင်ဂျာတွေဟာ ကော့ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်းမှာ နှစ်နှစ်ကြာနေထိုင်ခဲ့သူတွေဖြစ်တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဖမ်းခံရသူတွေထဲမှာ အမျိုးသမီး ဆယ်ဦးနဲ့ ကလေးငယ်နှစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။ ကနဦးစစ်ဆေးမှုများအရ ရိုဟင်ဂျာတွေဟာ ပွဲစားတစ်ဦးရဲ့အကူအညီနဲ့ မလေးရှားကိုသွားဖို့ ပြင်ဆင်နေတာလို့ ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဆိုဟီရာနာက ပြောပါတယ်။ လက်ရှိမှာတော့ သူတို့ကို…

Read More

ကျိုက်​ထီးရိုး​​တောင်​​ခြေ ယာဉ်ရပ်နားကွင်းမှာ ကျေးရွာအခွင့်အရေးအတွက်ဆိုပြီး တားမြစ်တဲ့ကြားက အဆောက်အဦးတွေဆောက်

ကျိုက်​ထို၊စက်​တင်​ဘာ ၁၇-၂၀၁၉ သူရိန်(VOM)     မွန်​ပြည်​နယ်​၊ကျိုက်​ထိုမြို၊ ဆံ​တော်​ရှင်​ ကျိုက်ထီးရိုး​စေတီ​တော်​မြတ်ကြီးရဲ့တောင်​​ခြေ ယာဉ်ရပ်​နားကွင်းအတွင်းမှာ ကျူးကျော်​အဆောက်ဦးများဆောက်​လုပ်​နေတယ်​လို့သိရပါတယ်​။   ဒီကျူး​ကျော်​အ​ဆောက်​အဦး​တွေ ​ဆောက်​လုပ်​​နေတာက​ဆယ်​အိမ်​မှူး၊ရာအိမ်​မှူး​တွေအတွက်​ရံပုံ​ငွေရရှိ​အောင်​ဆောက်​လုပ်​နေတာဖြစ်​တယ်​လို့သိရပါတယ်​။   အခု ​ဆောက်​လုပ်နေမှု့ကိုဒေသဆိုင်ရာတာဝန်ရှိသူတွေက တားမြစ်​ခဲ့ပေမယ့်​ ဒီနေရာကကျေးရွာပိုင်​​မြေဖြစ်ပြီး​​ အခုအချိန်​မှာ ​ဂေါပကပိုင်​​မြေဖြစ်​​နေ​တဲ့အတွက်​​​ကျေးရွာသူ​ကျေးရွာသား​တွေရဲ့ရပိုင်​ခွင့်​​တွေဆုံးရှုံး​နေရ​တယ်​လို့ ရောင်​ခြည်​ဦးရပ်​ကွက်​(၆)လမ်း​နေ ဆယ်​အိမ်​စုမှူး ဦးရခိုင်​​(ခေါ် )ဦးလှ​ကျော်​စိန်​က​ပြောပါတယ်​။   အုပ်ချုပ်​​ရေးမှူး၊ ကျိုက်​ထီးရိုး​စေတီ​တော်​​ ဂေါပကအဖွဲက ဆောက်​လုပ်​(ခွင့်​ပြုချက်​)မရှိပါဘဲ​ မိမိကိုယ်​တိုင်​ဆောက်​လုပ်​​နေတာဖြစ်​တဲ့အတွက်​ ဒီဖြစ်​စဉ်နဲ့ပတ်​သက်​ပြီး အ​ရေးယူရင်​ကြည်​ဖြူစွာခံယူမှာပါ။ ဒေသပိုင်​တာဝန်​ရှိသူ​တွေအကြိမ်​ကြိမ်​တားမြစ်​ထား​ပေမယ့်​ဆိုင်​ခန်း​တွေ ဆက်​​ဆောက်​မှာပါလို့ သူကဆက်​​ပြောပါတယ်​။   ဒီကားဝင်းအတွင်းမှာအရင်​က ဘုရာဖူးလာ​ရောက်​ကြတဲ့​ နယ်​စုံကမော်​​တော်​ယာဉ်​​တွေညအိပ်​ရပ်​နားကြတဲ့မော်​​တော်​ယာဉ်​ကွင်း​နေရာဖြစ်​ပြီး အခုချိန်​မှာစက်​တင်​ဘာ ၁၅ ရက်​ည ၁၀ နာရီဝန်းကျင်​က ကျူး​ကျော်​တဲ​တွေ​ဆောက်​လုပ်​​နေတာ ၁၀ လုံးနီးပါးရှိ​နေပြီးဖြစ်​ပါတယ်​။     ဂေါပကဥက္ကဌ ဦး​ကျော်​ဝင်းလှိုင်က​ အထက်​ကစီမံခန့်​ခွဲ မှုအဖွဲ့က​နေ​ဆောက်​​နေတာ​တော့သိတယ်​။ တရားစွဲတာ တော့ ညွန်​ကြားလာရင်​စွဲမယ်​။ အခု​လော​လောဆယ်​ဘာမှ အစီအစဉ်​ မရှိ​သေးဘူးလို့​ပြောပါတယ်​။  …

Read More

တိုင်းနှင့်ပြည်နယ်၁၄ခုကနေ တရားမဝင်သစ်တန်ချိန် ၄၀၀၀၀နီးပါး ဖမ်းဆီးရမိ

ရန်ကုန်၊စက်တင်ဘာ၁၇-၂၀၁၉ သိဂီင်္(VOM)   နေပြည်တော်ကောင်စီနယ်မြေအပါအဝင်တိုင်းနှင့်ပြည်နယ်၁၄ခုကနေဒီနှစ်  ၇လအတွင်း တရားမ၀င်သစ်တန်ချိန်၄၀၀၀၀နီးပါးဖမ်းဆီးရမိခဲ့ရာဒီဖမ်းဆီးရမိမှုထဲမှာတရားမဝင်ကျွန်းတန်ချိန်က  ၂၀၀၀၀နီးပါးပါဝင်ခဲ့တယ်လို့သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကသိရပါတယ်။     “စာရင်းအတိကျကိုကျွန်တော်တို့သစ်တောဦးစီးဌာနကနေထုတ်ပြန်ထားပါတယ်။ သစ်အများဆုံးရှိတဲ့  ဧရိယာများတဲ့နေရာကပိုပြီးဖမ်းဆီးရမိတာများတယ်၊”လို့သစ်တောဦးစီးရုံးချုပ်၊ သဘာဝတောနှင့်စိုက်ခင်းဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဦးဖြိုးဇင်မော်နိုင်ကပြောပါတယ်။   ဒီနှစ်ဇန်န၀ါရီလကနေဇူလိုင်လအထိ  ခုနှစ်လတာကာလအတွင်းတစ်နိုင်ငံလုံးအတာအရတရားမ၀င်သစ်တန်ချိန်ဖမ်းဆိရမိမှုစာရင်းဖြစ်ပြီးတန်ချိန်အတိအကျက၃၆၉၆၈့၆၆၁၀ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။ဒီထဲမှာမှ  ကျွန်းတန်ချိန်က  ၁၇၂၅၅့ ၄၅၀၁သစ်မာက၆၂၅၆့ ၅၈၇၄ဖမ်းဆီးရမိခဲ့တာပါ။     တရားမဝင်ကျွန်းတန်ချိန်အများဆုံးကိုကယားပြည်နယ်ကနေဖမ်းဆီးရမိခဲ့တာဖြစ်ပြီးတန်ချိန်  ၉၈၃၅့ ၉၄၃၆ဖမ်းမိခဲ့ပါတယ်။ ဒုတိယဖမ်းဆီးရမိမှုအများဆုံးအနေနဲ့ပဲခူးတိုင်းကကျွန်းတန်ချိန်၂၉၆၁့ ၇၃၀၁တတိယဖမ်းဆီးရမိမှုအများဆုံးကတော့စစ်ကိုင်းတိုင်းကကျွန်း၂၅၆၆့ ၅၉၃၀ဖမ်းမိခဲ့ပါတယ်။   အဆိုပါတရားမ၀င်သစ်ဖမ်းဆီးရမိမှုနဲ့အတူတရားခံတွေအဖြစ်မြန်မာနိုင်ငံသားတရားခံ  ၂၈၄၀ဦး၊နိုင်ငံခြားသားတရားခံက၁၈ဦးကိုဖမ်းဆီးရမိခဲ့သလို  ယာဉ်နှင့်စက်ယန္တရားဖမ်းဆီးရမိမှုအနေနဲ့က၁၈၄၁ခုအပြင်ချိန်းဆောတွေကိုလည်းဖမ်းဆီးရမိခဲ့ပါတယ်။     တရားမဝင်ကျွန်းသစ်တွေနဲ့  ယာဉ်ယန္တရားအပါအဝင်  တရားခံတွေကိုနေပြည်တော်ကောင်စီနယ်မြေအပါအဝင်တိုင်းနဲ့ပြည်နယ်၁၄  ခုဖြစ်တဲ့ရှမ်းပြည်နယ်အရှေ့ပိုင်း၊ရှမ်းမြောက်၊ ရှမ်းတောင်၊ ရန်ကုန်၊ ရခိုင်၊ မွန်၊ မန္တလေး၊မကွေး၊ ပဲခူး၊ တနင်္သာရီ၊ စစ်ကိုင်း၊ ချင်း၊ ဧရာဝတီတိုင်း၊ ကယား၊ ကရင်၊ ကချင်ပြည်နယ်ကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။   မြန်မာနိုင်ငံမှာခုလိုတရားမ၀င်သစ်ရောင်းဝယ်သယ်ဆောင်နေတဲ့ကိစ္စတွေလုံးဝပပျောက်သွားဖို့ဆိုရင်သစ်တောဦးစီးဌာနနှင့်  သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေနဲ့ဒေသခံအဖွဲ့အစည်းတွေသာမက၊ဒေသခံတွေလည်းပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လိုအပ်နေကြောင်းဒီလိုလုပ်ဆောင်မှသာ  ထိထိရောက်ရောက်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။   #voiceofmyanmar  #တရားမဝင်သစ်တွေဖမ်းဆီးမှု   ဓါတ်ပုံ…

Read More

အင်ဒိုနီးရှားမှာတောမီးအကြီးအကျယ်လောင်ကျွမ်း၊  မီးရှို့တဲ့သံသယနဲ့လူ၂၀၀နီးပါးဖမ်းဆီး

ဂျကာတာ၊စက်တင်ဘာ-၁၇-၂၀၁၉ မျိုးဆက်(VOM)   အင်ဒိုနီးရှားနိုင်ငံကျွန်းစုတွေမှာတောမီးအကြီးအကျယ်လောင်ကျွမ်းနေတာနဲ့ပတ်သက်ပြီးလူ၂၀၀နီးပါးကိုဖမ်းဆီးထားတယ်လို့  အင်ဒိုနီးရှားရဲတပ်ဖွဲ့ကစက်တင်ဘာ၁၆ရက်မှာပြောပါတယ်။   မီးခိုးငွေ့တွေကြောင့်လေထုညစ်ညမ်းမှုဖြစ်ပေါ်နေပြီးလေကြောင်းခရီးစဉ်တွေလည်းဖျက်သိမ်းထားရပါတယ်။မီးခိုးငွေ့တွေကြောင့်ကျန်းမာရေးထိခိုက်မှာကိုကိုစိုးရိမ်ပြီးစာသင်ကျောင်းထောင်ပေါင်းများစွာပိတ်ထားရတဲ့ဆူမားတြားနဲ့ဘော်နီယိုကျွန်းစုတွေရှိသစ်တောတွေကိုလောင်ကျွမ်းနေခဲ့တဲ့  တောမီးတွေကို  ငြိမ်းသတ်ရေးအတွက်အင်ဒိုနီးရှားအစိုးရဟာ  မီးသတ်တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာဖြန့်ကြက်ထားပါတယ်။   အင်ဒိုနီးရှားနိုင်ငံမှာလယ်ယာမြေတွေရှင်းလင်းဖို့အတွက်တရားမ၀င်မီးရှို့ရာကနေလောင်ကျွမ်းလေ့ရှိတဲ့တောမီးကြောင့်အရှေ့တောင်အာရှနိုင်ငံတွေတစ်လျှောက်မီးခိုးတွေပျံ့လွင့်နေပြီးအိမ်နီးချင်းနိုင်ငံတွေနဲ့သံတမန်ရေးရာတင်းမာမှုတွေဖြစ်နေရပါတယ်။   နိုင်ငံအတွင်းထိန်းမနိုင်သိမ်းမရလောင်ကျွမ်းနေတဲ့  မီးလောင်ကျွမ်းမှုမှာလုပ်ဆောင်ခဲ့တယ်လို့သံသယရှိသူ၁၈၅ဦးကိုဖမ်းဆီးထားတယ်လို့အင်ဒိုနီးရှားအာဏာပိုင်တွေကစက်တင်ဘာ၁၆ရက်မှာပြောပါတယ်။ သစ်တောနဲ့မြေယာတွေကိုရည်ရွယ်ချက်ရှိရှိဒါမှမဟုတ်မတော်တဆမီးရှို့ခဲ့တယ်ဆိုတဲ့သက်သေအထောက်အထားရှိသူဘယ်သူကိုမဆိုအင်ဒိုနီးရှားရဲတပ်ဖွဲ့ကဥပဒေအတိုင်းအရေးယူသွားမှာဖြစ်တယ်လို့အမျိုးသားရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူဒေဒီပရာဆက်ယိုကဂျကာမှာသတင်းထောက်တွေကိုပြောပါတယ်။   Ref : CNA Photo : AFP   #voiceofmyanmar #အင်ဒိုနီးရှားတောမီး

Read More
VOM News

FREE
VIEW