အင်ဒိုနီးရှားမှာတောမီးအကြီးအကျယ်လောင်ကျွမ်း၊  မီးရှို့တဲ့သံသယနဲ့လူ၂၀၀နီးပါးဖမ်းဆီး

ဂျကာတာ၊စက်တင်ဘာ-၁၇-၂၀၁၉

မျိုးဆက်(VOM)

 

အင်ဒိုနီးရှားနိုင်ငံကျွန်းစုတွေမှာတောမီးအကြီးအကျယ်လောင်ကျွမ်းနေတာနဲ့ပတ်သက်ပြီးလူ၂၀၀နီးပါးကိုဖမ်းဆီးထားတယ်လို့  အင်ဒိုနီးရှားရဲတပ်ဖွဲ့ကစက်တင်ဘာ၁၆ရက်မှာပြောပါတယ်။

 

မီးခိုးငွေ့တွေကြောင့်လေထုညစ်ညမ်းမှုဖြစ်ပေါ်နေပြီးလေကြောင်းခရီးစဉ်တွေလည်းဖျက်သိမ်းထားရပါတယ်။မီးခိုးငွေ့တွေကြောင့်ကျန်းမာရေးထိခိုက်မှာကိုကိုစိုးရိမ်ပြီးစာသင်ကျောင်းထောင်ပေါင်းများစွာပိတ်ထားရတဲ့ဆူမားတြားနဲ့ဘော်နီယိုကျွန်းစုတွေရှိသစ်တောတွေကိုလောင်ကျွမ်းနေခဲ့တဲ့  တောမီးတွေကို  ငြိမ်းသတ်ရေးအတွက်အင်ဒိုနီးရှားအစိုးရဟာ  မီးသတ်တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာဖြန့်ကြက်ထားပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံမှာလယ်ယာမြေတွေရှင်းလင်းဖို့အတွက်တရားမ၀င်မီးရှို့ရာကနေလောင်ကျွမ်းလေ့ရှိတဲ့တောမီးကြောင့်အရှေ့တောင်အာရှနိုင်ငံတွေတစ်လျှောက်မီးခိုးတွေပျံ့လွင့်နေပြီးအိမ်နီးချင်းနိုင်ငံတွေနဲ့သံတမန်ရေးရာတင်းမာမှုတွေဖြစ်နေရပါတယ်။

 

နိုင်ငံအတွင်းထိန်းမနိုင်သိမ်းမရလောင်ကျွမ်းနေတဲ့  မီးလောင်ကျွမ်းမှုမှာလုပ်ဆောင်ခဲ့တယ်လို့သံသယရှိသူ၁၈၅ဦးကိုဖမ်းဆီးထားတယ်လို့အင်ဒိုနီးရှားအာဏာပိုင်တွေကစက်တင်ဘာ၁၆ရက်မှာပြောပါတယ်။

သစ်တောနဲ့မြေယာတွေကိုရည်ရွယ်ချက်ရှိရှိဒါမှမဟုတ်မတော်တဆမီးရှို့ခဲ့တယ်ဆိုတဲ့သက်သေအထောက်အထားရှိသူဘယ်သူကိုမဆိုအင်ဒိုနီးရှားရဲတပ်ဖွဲ့ကဥပဒေအတိုင်းအရေးယူသွားမှာဖြစ်တယ်လို့အမျိုးသားရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူဒေဒီပရာဆက်ယိုကဂျကာမှာသတင်းထောက်တွေကိုပြောပါတယ်။

 

Ref : CNA

Photo : AFP

 

#voiceofmyanmar #အင်ဒိုနီးရှားတောမီး

Related posts

Leave a Comment

VOM News

FREE
VIEW