တိုင်းပြည် သယံဇာတ ထုတ်မရောင်းလို့   အခွန်ကောက်နေရခြင်းသာဖြစ်

ခင်ဦး စက်တင်ဘာ ၁၇၊၂၀၁၉

မောင်တာရာ(VOM)

 

 

တိုင်းပြည့်ရဲ့ သယံဇာတတွေကို ထုတ်မရောင်းချင်တဲ့အတွက်  အခွန်တွေကောက်နေရခြင်းဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦးက ရွှေဘိုခရိုင်​၊ ခင်​ဦးမြို့၊ သိန်းကမ္ဘာ မင်္ဂလာခန်းမမှာ ဒီနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ နဲ့ လူထုတွေ့ဆုံပွဲ အခမ်းအနားမှာ ပြောသွားပါတယ်။

 

 

”တနိုင်ငံလုံး ပြန်လည်တည်ဆောက်နေရတဲ့ ကိစ္စတွေ လိုအပ်ချက်တွေက နေရာတကာမှာ ဖြစ်နေပါတယ်။အခွန်အခတွေ ခေါင်းကောက်တယ်ဆိုတာက တိုင်းပြည်ရဲ့ သယံဇာတတွေကို ထုတ်မရောင်းချင်လို့ပါ၊ ဒီသယံဇာတတွေဆိုတာ အမျိုးသားအမွေအနှစ်ဖြစ်တယ် ဒီအမွေအနှစ်တွေက ဘယ်အချိန်ထုတ်ထုတ်ရတယ်။ဒါတွေဟာ နောင်လာနောင်သားတွေရဲ့ ပိုင်ဆိုင်ခွင့်ပါ ။ဒါတွေကို မထုတ်ပဲနဲ့ တိုင်ပြည်ကို တည်ဆောက်ဖို့ အတွက် အခွန်အကောက်တွေကို ကောက်ခံခြင်းဖြစ်ပါတယ်။” လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦးက ပြောပါတယ်။

 

 

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ပြန်လည်တည်ဆောက်အခါမှာ လိုအပ်ချက်တွေ များစွာရှိနေတဲ့အတွက်  ထိုလိုအပ်ချက်တွေကို ဖြည့်ဆည်းရန် အတွက် နိုင်ငံတော်အစိုးရအနေနဲ့ အခွန်အခများကို ကောက်ရခြင်းဖြစ်ပြီး ထိုသို့ အခွန်ကောက်တယ်ဆိုသည်မှာလည်း အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း  ၎င်းကဆက်လက်ပြောပါတယ်။

 

#voiceofmyanmar #စစ်ကိုင်းတိုင်းအစိုးရ  #ခင်ဦး #တိုင်းပြည်ဘဏ္ဍာ

Related posts

VOM News

FREE
VIEW