ရွှေဝါရောင်တော်လှန်ရေး (၁၂ ) ပြည့်အခမ်းအနားကျင်းပပြုလုပ်

ရန်ကုန်- စက်တင်ဘာ၁၈-၂၀၁၉

ကိုးသက်စံ(VOM)

 

 

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး ( ၁၂) ပြည့် အခမ်းအနားကို ရန်ကုန်မြို့ ကြည့်မြင့်တိုင်မြို့နယ်ရှိ သာဓုကျောင်းတိုက်၊ ဆရာတော်ကြီးကျောင်းမှာပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။

 

 

အဲဒီအခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ပူးပေါင်းဝန်းရံဆောင်ရွက်ရေး ၊တစ်နိုင်ငံလုံးစစ်ပွဲတွေရပ်တန့်ပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့နဲ့ နိုင်ငံရေးအရ အားလုံးတန်းတူတွေ့ဆုံအဖြေရှာပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့နဲ့ ဘာသာတရားကို ခုတုံးလုပ်ပြီး နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချတာကို ကာကွယ်စောင့်ရှောက်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။

 

“၂၀၀၇ တုန်းက ကုန်ဈေးနှုန်းတွေကြီးမြင့်ပြီး စီးပွားရေးတွေကျပ်တည်းပြီး လူထုတွေက စားဝတ်နေရေး အကုန်လုံးအဖက်ဖက်က ချွတ်ခြုံကျပြီး စစ်အာဏာရှင်ဖိနှိပ်မှုက အမြင့်ဆုံးကာလကို ရောက်နေတဲ့အချိန် အဲဒီတော့ ဘုန်းဘုန်းတို့က ပြည်သူလူထုကို ဒီလိုအခြေအနေ ဒီလိုဘ၀မျိုးကနေ လွတ်မြောက်နိုင်ဖို့အတွက် ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ၂၀၀၇ေ၇ွှဝါရောင်တော်လှန်ရေးကို ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ် “လို့ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ဆရာတော်  ဦးစန္ဒာသီရိ  မိန့်ကြားခဲ့ပါတယ် ။

 

ကုန်ဈေးနှုန်းကြီးမြင့်မှုတွေနဲ့ လောင်စာဆီဈေးနှုန်း မြင့်တာမှုတွေကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ လူထုလှုပ်ရှားမှုကြီးတွေထဲက တစ်ခုဖြစ်တဲ့   ရွှေဝါရောင်တော်လှန်ရေး  ၁၂ နှစ်ပြည့် မြောက်ခဲ့ပြီလည်း ဖြစ်ပါတယ် ။

 

“ဒီနေ့ဆိုရင်ေ၇ွှဝါရောင်တော်လှန်ရေးဟာ ၁၂ပြည့်မြောက်ခဲ့ပြီ ၊အဲဒီလို ၁၂နှစ်ပြည့်မြောက်ခဲ့ပေမယ့် ဘုန်းဘုန်းတို့အဲဒီအချိန်က တောင်းဆိုခဲ့တဲ့အချက်တွေ ရှစ်လေးလုံးအရေးအခင်းက တောင်းဆိုချက်တွေက ဒီနေ့အချိန်အထိ တိုင်းပြည်မှာ ပြည်သူလူထုလိုလားတဲ့ ပြည်သူလူထု တောင်းဆိုထားတဲ့ အချက်တွေက ဒီနေ့ဘုန်းဘုန်းတို့ တိုင်းပြည်မှာ မရသေးဘူး၊ မရရှိသေးဘူးဆိုတဲ့အခြေအနေက ဘာကိုမီးမှောင်းထိုးလဲဆိုရင် ဒီနေ့အချိန်ထိ တိုင်းပြည်မှာစစ်အာဏာရှင် စနစ်က ကြီးဆိုးနေဆဲ၊လွှမ်းမိုးနေဆဲဆိုတာကို ဖော်ပြနေတာ ဖြစ်တဲ့အတွက် ဘုန်းဘုန်းတို့အပါအ၀င် ပြည်သူလူထုက တောင်းဆိုချက်တွေရရှိဖို့ ဆက်လက်တိုက်ပွဲဝင်မှ သာလျှင်  မိမိတို့ ပန်းတိုင်ကိုရောက်မှာဖြစ်တယ်လို့ “ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ဆရာတော်  ဦးစန္ဒာသီရိ   မိန့်ကြားခဲ့ပါတယ် ။

 

စက်တင်ဘာ၅ရက်နေ့ကကုန်ဈေးနှုန်းကျဆင်းရေးနဲ့ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ပခုက္ကူမှာသံဃာ၅၀၀ဝန်းကျင် မေတ္တာပို့ကြွချီတာမှာဦးဇင်းသုံးပါး ဓါတ်တိုင်မှာကြိုးတုပ်ရိုက်ရဲစခန်းအချုပ်မှာလူဝတ်လဲဖမ်းခဲ့ပါတယ်။ဒီကိစ္စကျူးလွန်သူတွေ တောင်းပန်ဖို့မတောင်းပန်ရင်နိုင်ငံတဝှမ်းမှာ သံဃာတော်တွေအနေနဲ့ အစိုးရအလှူတွေလက်မခံတဲ့ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်မယ်လို့သတ်မှတ်ရက်ဟာလည်းဒီနေ့ဖြစ်ပါတယ်။

 

#voiceofmyanmar #ရွှေဝါရောင်နှစ်ပတ်လည်

 

Related posts

Leave a Comment

VOM News

FREE
VIEW