ကျောက်တော်မြို့နယ် ချောင်းတူရွာကအမျိုးသမီးတစ်ဦးမိုင်းထိဒဏ်ရာနဲ့စစ်တွေဆေးရုံသို့ရောက်

    ကျောက်တော်၊စက်တင်ဘာ၁၈-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာမှာအမျိုးသမီးတစ်ဦးမိုင်းထိဒဏ်ရာရရှိခဲ့ပြီးအခုညနေပိုင်းမှာစစ်တွေဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့ရပါတယ်။ အဲ့ဒီအမျိုးသမီးဟာဒီကနေ့နေ့လည်၁၂နာရီလောက်မှာ ကျေးရွာအနီးရှိတောင်တန်းတွေရဲ့တစ်ဖက်မှာရှိတဲ့ နွားတွေကိုသွားကြည့်ပြီး ပြန်လာတဲ့အချိန် တောင်တန်းပေါ်မှာမိုင်းနင်းမိခဲ့တာဖြစ်ပြီးတော့သူ့ရဲ့ခြေထောက်တစ်ဖက်ကို ဖြတ်ပစ်လိုက်ရတာဖြစ်ပါတယ်။ “ဖြစ်တာက နေ့လည်၁၂နာရီလောက်မှာဖြစ်တာပါ။ တောင်တစ်ဖက်ကရွာတွေကိုသွားပြီးတော့အကြွေးတောင်းတယ်။အဲ့ဒီမှာလွှတ်ထားတဲ့နွားတွေကိုလည်းကြည့်ရင်းနဲ့ပေါ့။အဲ့ဒီကပြန်အလာမှာ တောင်မှာမိုင်းနင်းမိတာလို့ပြောတယ်။”လို့ ဆေးရုံကိုလိုက်ပါပို့ဆောင်ပေးနေတဲ့အမျိုးသမီးတစ်ဦးကပြောပါတယ်။ အဲ့ဒီမိုင်းပေါက်ကွဲမှုကြောင့်သူ့ရဲ့ဘယ်ဘက်ခြေထောက်တစ်ဖက်ကို ဖြတ်လိုက်ရပြီးဘယ်ဘက်လက်နဲ့မျက်နှာတွေမှာလည်းထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ “ဒဏ်ရာက တော်တော်ပြင်းတာပေါ့နော်။ဘယ်ဘက်ခြေထောက်က တော်တော်လေးကိုဆိုဆိုးဝါးဝါးဖြစ်သွားတယ်။ယိုးတရုတ်ဆေးရုံကနေစစ်တွေဆေးရုံကိုပို့လိုက်တာပါ။ ခြေတစ်ဖက်တော့ဖြတ်လိုက်ရတာပေါ့။”လို့သူကဆက်လက်ပြောကြားပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာအခုလိုမျိုးမိုင်းပေါက်ကွဲမှုတွေနဲ့ ကျေးရွာသားတွေမကြာခဏရင်ဆိုင်နေကြရပြီးထိခိုက်သေဆုံးသူတွေလည်းတဖြေးဖြေးမြင့်မားလာနေတာဖြစ်ပါတယ်။   #voiceofmyanmar  #ကျောက်တော်  #မိုင်းထိ  

Read More

အရည်အသွေးညံ့ဖျင်းတဲ့ လျှပ်စစ်ပစ္စည်းတွေ စံချိန်စံညွှန်းစစ်ဆေးမှုများအပေါ် လွှတ်တော်ကိုယ်စားလှယ် မေးခွန်းထုတ်

နေပြည်တော်၊စက်တင်ဘာ ၁၈-၂၀၁၉ ဒီပ(နေပြည်တော်)   ပြည်တွင်းပြည်ပက ထုတ်လုပ်တင်သွင်း ရောင်းချနေတဲ့ လျှပ်စစ်ပစ္စည်းရဲ့ အရည်အသွေး ညံ့ဖျင်းမှုများကြောင့် သုံးစွဲသူများ ထိခိုက်နစ်နာနေမှုအပေါ် စံချိန်စံညွှန်းဆိုင်ရာများနဲ့ ပတ်သက်ပြီး မည်ကဲ့သို့ လုပ်ဆောင်နေကြောင်း ဒီကနေ့ ပြုလုပ်ခဲ့တဲ့ အမျိုးလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက မေးခွန်းထုတ်ခဲ့ပါတယ်။   “မြန်မာနိုင်ငံအတွင်းမှာ ထုတ်လုပ်တင်သွင်း ရောင်းချနေသော လျှပ်စစ်ပစ္စည်း ကိရိယာအများစုမှာ သတ်မှတ်စံချိန် စံညွှန်းများနဲ့ ကိုက်ညီမှုမရှိပဲ အရည်အသွေး ညံ့ဖျင်းကြတာများပါတယ် ထိုပစ္စည်းများ ၀ယ်ယူအသုံးပြုသူများအနေနဲ့ မီးလောင်မှုဖြစ်ခြင်း ဓာတ်လိုက်သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်နေတာကြောင့် သုံးစွဲသူများမှာ ထိခိုက်နစ်နာနေရပါတယ်”လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ပြောပါတယ်။   ဒါ့အပြင် ၂၀၁၄ခုနှစ် လျှပ်စစ်ဥပဒေ ပြဌာန်းချက်များအရ ပြည်တွင်းပြည်ပက ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသော လျှပ်စစ်ပစ္စည်း ကိရိယာများနဲ့ ပတ်သက်ပြီး အရည်အသွေးနဲ့ စံချိန်စံညွှန်းဆိုင်ရာ ကိစ္စရပ်တို့ကို…

Read More

နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ကိုင်ဆောင်သူ တရုတ်နိုင်ငံသား(၃)ဦး နေပြည်တော်မှာ ဖမ်းဆီးစစ်ဆေးနေ

နေပြည်တော် – စက်တင်ဘာ ၁၈-၂၀၁၉ ကိုထွန်း (VOM)     ၂၀၁၉ စက်တင်ဘာ ၁၆ရက်  ညနေက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ကျောက်မျက်ဝင်းအတွင်းမှာ  ၂၀၁၉ နှစ်လယ်ကျောက်မျက်ပြပွဲပြုလုပ်နေစဉ် လဝကမှူး ဦးညီညီလွင်ပါအဖွဲ့က ဝင်ခွင့်စိစစ်ရေး ကတ်ပြားကြိုတင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်တာမှာ သံသယဖြစ်စရာ တရုတ်နိုင်ငံသား ၃ ဦးကို တွေ့ရှိလို့ စစ်ဆေးခဲ့ပါတယ်။   အဲဒီ မသင်္ကာစရာနိုင်ငံသားစိစစ်ရေးကဒ်ပြားကိုင်ဆောင်ထားသူ (၃)ဦးကို ဇမ္ဗူသီရိ မြို့နယ် လဝကဦးစီးမှူးရုံးတွင် လဝကဦးစီမှူး ဦးသန်းထူးနှင့်အဖွဲ့မှ ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။   အဲလို  စစ်ဆေးတာမှာ  ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ မန်ဟောင်ကျေးရွာ နေသူများဖြစ်ကြတဲ့  မောင်ဖုန်ကျင်းရှိ(၂၉)နှစ်(ဘ) ဦးဖုန်ထန်း၊ တရုတ်/ဗုဒ္ဓဘာသာသည် ၁၃/နခန(နိုင်) ၁၅၉၃၈၂ အား လည်းကောင်း၊ မောင်ဖုန်ကျင်းဟိုင်(၂၅)နှစ်(ဘ)ဦးဖုန်ထန်း၊ တရုတ်/ဗုဒ္ဓဘာသာသည် ၁၃/နခန(နိုင်)၁၅၉၃၉၈ ၊ မောင်ကျန်းကျောင်းဟန် (၃၀)နှစ်(ဘ)ဦးကျန်းရှ သည်၁၃/နခန(နိုင်)၁၅၉၃၉၀…

Read More

ရိုဟင်ဂျာတွေ မြန်မာနိုင်ငံပြန်ပို့ရေး နယူးယောက်မှာ သုံးပွင့်ဆိုင်ဆွေးနွေးမယ်

နယူးယောက်၊ စက်တင်ဘာ-၁၈-၂၀၁၉ မျိုးဆက် (VOM)   ပိုနက်ရှိုင်းလာတဲ့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းမှုနဲ့အတူ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆွေးနွေးပွဲကို ယခုလအတွင်း နယူးယောက်မှာကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။     ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး စက်တင်ဘာ ၁၇ ရက်မှာပြုလုပ်တဲ့ ဘင်္ဂလားဒေ့ရှ်ပါလီမန်ကြီးကြပ်ရေးကော်မတီနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ရဲ့ ဆွေးနွေးပွဲတစ်ခုမှာ ထုတ်ဖော်ပြောဆိုခဲ့တာလို့ ကော်မတီအကြီးအကဲ မိုဟာမက် ဖာရွတ်ခန်းက အတည်ပြုပြောဆိုပါတယ်။     မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နဲ့ တရုတ်နိုင်ငံတို့ရဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ရိုဟင်ဂျာတွေနေရပ်ပြန်ရေး အဓိကဆွေးနွေးသွားမှာဖြစ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံ ကာလအတွင်းမှာ ဆွေးနွေးကြမှာလို့ သူက ပြောပါတယ်။   ရိုဟင်ဂျာတွေနေရပ်ပြန်ရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့်နှစ်ကတစ်ကြိမ် ယခုနှစ်တွင်တစ်ကြိမ် နှစ်နိုင်ငံအကြား အားထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ရိုဟင်ဂျာ အများစုကတော့ ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေးအခြေ အနေတွေကို စိုးရိမ်နေကြတယ်လို့ ဖာရွတ်ခန်းက ပြောပါတယ်။…

Read More

အကြမ်းဖက်မှုနဲ့ ဖမ်ဆီးစစ်ဆေးခံနေရသူတစ်ဦး သွေးအန်ပြီး ဆေးရုံတင်ထားရ

စစ်တွေ၊ စက်တင်ဘာ ၁၈-၂၀၁၉ ခိုင်လင်းစံ (VOM)     ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ညက မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာ လူမှုကူညီရေးအဖွဲ့ဝင်တချို့တို့ဟာ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအနီး သပေါ့စာတဲစုမှာ နေထိုင်သူတစ်ဦး ငှက်ဖျားရောဂါဖြစ်ပြီး သတိလစ်နေတဲ့ အတွက် မြောက်ဦးဆေးရုံကိုအရေးပေါ်ပို့ဆောင်ခဲ့စဉ် လမ်းမှာတပ်မတော်ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတာဖြစ်ပါတယ်။   သူတို့ဟာ တရားစွဲဆိုခံလိုက်ရပြီး ၆ လကျော်အကြာ အမှုရင်ဆိုင်နေရတဲ့ လူမှုကူညီရေးအဖွဲ့ဝင်တွေထဲက ကိုစည်သူအောင်ဆိုသူမှာ စစ်ကြောရေးအတွင်း ရိုက်နှက်ခံရမှုတွေကြောင့် ရရှိလာခဲ့တဲ့ အတွင်းဒဏ်ရာတွေကြောင့် သွေးအန်လာတဲ့အတွက် စက်တင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက စစ်တွေဆေးရုံကြီးကို ပို့ဆောင်ဆေးကုသနေရကြောင်း သတင်းရရှိပါတယ်။ “ကျွန်တော်သားလေးက စစ်ကြောရေးကာလမှာ ရိုက်နှက်ခံခဲ့ရတယ်။ ပြီးခဲ့တဲ့ လခွဲလောက်ကနေ သွေးအန်တယ်။ မနက် အိပ်ယာထတဲ့အချိန်ဆိုရင် ပါးစပ်တွေက သွေးတွေထွက်တယ်။ ဒါမျိုးဖြစ်လာတဲ့အတွက် ဆေးရုံမှာ ဆေးခန်းပြပါတယ်။ ဓါတ်မှန်ရိုက်တော့ ဆရာဝန်က ဆေးရုံတင်ရမယ်လို့ပြောလို့…

Read More

အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တချို့  ဌာနဆိုင်ရာရဲ့ မလေးမစားဆက်ဆံခံရတာတွေရှိနေ

သထုံ၊ စက်တင်ဘာ ၁၈ – ၂၀၁၉ မင်းရန်နိုင်(VOM)   အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တချို့ဟာ ဌာနဆိုင်ရာနဲ့ ဆက်ဆံရတဲ့အခါမှာ မလေးမစား ဆက်ဆံခံခဲ့ရတာကြုံနေရတယ်လို့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တချို့ကဆိုကြပါတယ်။   မွန်ပြည်နယ် သထုံမဲဆန္ဒနယ်(၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က   “မြို့နယ်ထွေအုပ်တွေနဲ့ ဆက်ဆံတဲ့နေရာမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေက တော်တော်လေးကို အခက်အခဲတွေနဲ့ ကြုံရပါတယ်။ အားလုံးကို ခြုံပြီးပြောတာပါ။ ကျွန်မတစ်ယောက်တည်း မဟုတ်ပါဘူး။ ကျန်တဲ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးတွေလည်း အများကြီးကြုံရပါတယ်”လို့ ပြောပါတယ်။   လွှတ်တော်ကိုယ်စားလှယ်စတင်တာဝန်ယူခဲ့ချိန်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေကို ခွဲခြား ဆက်ဆံခံခဲ့ရတယ်လို့ ဆိုပါတယ်။   “ကျွန်မ နောက်ထပ်ကြုံတွေ့ရတာကတော့ ရဲတွေဖြစ်ပါတယ်။ အဓိကတော့ နယ်ထိန်းအင်ချပ်တွေ၊ အမှုစစ်တွေ အများကြီးပဲ။ ဘယ်လောက်ပြောပြော၊ ပြောတဲ့သူ အမြုပ်ထွက်ပြီး သေရင်သေသွားမယ်၊ မလုပ်ဘူး လုပ်ချင်မှလုပ်တာ။ ကျွန်မတို့က သူတို့ကို ခိုင်းစေနေတာမဟုတ်ဘူး။ အမိန့်ပေးနေတာ မဟုတ်ဘူး။…

Read More

ရွှေဝါရောင်တော်လှန်ရေး (၁၂ ) ပြည့်အခမ်းအနားကျင်းပပြုလုပ်

ရန်ကုန်- စက်တင်ဘာ၁၈-၂၀၁၉ ကိုးသက်စံ(VOM)     နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး ( ၁၂) ပြည့် အခမ်းအနားကို ရန်ကုန်မြို့ ကြည့်မြင့်တိုင်မြို့နယ်ရှိ သာဓုကျောင်းတိုက်၊ ဆရာတော်ကြီးကျောင်းမှာပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။     အဲဒီအခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ပူးပေါင်းဝန်းရံဆောင်ရွက်ရေး ၊တစ်နိုင်ငံလုံးစစ်ပွဲတွေရပ်တန့်ပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့နဲ့ နိုင်ငံရေးအရ အားလုံးတန်းတူတွေ့ဆုံအဖြေရှာပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့နဲ့ ဘာသာတရားကို ခုတုံးလုပ်ပြီး နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချတာကို ကာကွယ်စောင့်ရှောက်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။   “၂၀၀၇ တုန်းက ကုန်ဈေးနှုန်းတွေကြီးမြင့်ပြီး စီးပွားရေးတွေကျပ်တည်းပြီး လူထုတွေက စားဝတ်နေရေး အကုန်လုံးအဖက်ဖက်က ချွတ်ခြုံကျပြီး စစ်အာဏာရှင်ဖိနှိပ်မှုက အမြင့်ဆုံးကာလကို ရောက်နေတဲ့အချိန် အဲဒီတော့ ဘုန်းဘုန်းတို့က ပြည်သူလူထုကို ဒီလိုအခြေအနေ ဒီလိုဘ၀မျိုးကနေ လွတ်မြောက်နိုင်ဖို့အတွက် ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ၂၀၀၇ေ၇ွှဝါရောင်တော်လှန်ရေးကို ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်…

Read More

ရိုဟင်ဂျာတွေကို ရဲတပ်ဖွဲ့ပစ်သတ်မှု စုံစမ်းစစ်ဆေးရန် ဘင်္ဂလားဒေ့ရှ်အား ကုလကျွမ်းကျင်သူတွေတိုက်တွန်း

ဒါကာ၊ စက်တင်ဘာ-၁၈-၂၀၁၉ မျိုးဆက် (VOM)   ဘင်္ဂလားဒေ့ရှ်အာဏာရပါတီမှ တာဝန်ရှိသူတစ်ဦးအသတ်ခံရပြီးနောက် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေသေဆုံးတဲ့အထိ ကိုင်တွယ်ခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူတွေက စိုးရိမ်ပူပန်မှုတွေမြင့်တက်နေပါတယ်။     အာဏာရ အ၀ါမီလိဂ်ပါတီက လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ အိုမာဖာရွတ်ကို သတ်တယ်ဆိုတဲ့ သံသယစာရင်းသွင်းပြီး ရဲတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုအတွင်း ရိုဟင်ဂျာအမျိုးသား ခြောက်ဦး သေဆုံးခဲ့တဲ့အပေါ် ဘက်မလိုက်တဲ့စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ဖို့ ကုလကျွမ်းကျင်သူတွေက ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်းနေပါတယ်။     ဂျီနီဗာမှာ တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ဖာရွတ်အသတ်ခံရတဲ့ ကိစ္စနဲ့ဆက်နွယ်တဲ့ ရိုဟင်ဂျာခြောက်ဦး သေဆုံးမှု အပေါ် စုံစမ်းစစ်ဆေးမှုပြုဖို့အတွက် လူ့အခွင့်အရေးဆိုင်ရာ အထူးခန့်အပ်ထားတဲ့ ကုလကျွမ်းကျင်သူ ခြောက်ဦးကထောက်ခံခဲ့ပါတယ်။     အဲဒီကိစ္စနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ ၊ ဘက်မလိုက်တဲ့ ၊ ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ်လုပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို ကုလလူ့အခွင့်အရေးကျွမ်းကျင်သူတွေက တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့နှစ်…

Read More

ဖခင်က ၁၇နှစ်အရွယ် သမီးအရင်းကို သားမယားပြုကျင့်

မိတ္ထီလာ ၊ စက်​တင်​ဘာ ၁၈-၂၀၁၉ သူရိန်(VOM)     မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့၊စက်မှုဇုံ(၄)လမ်းက ယက္ကန်းအလုပ်သမားတန်းလျားမှာ ဖခင်ဖြစ်သူ က သမီးအရင်းကို တစ်နေ့တည်း နာရီခြားပြီး သားမယား(၂)ကြိမ်ပြုကျင့်မှုဖြစ်ပွားခဲ့တယ်​လို့သိရပါတယ်​။   လွန်ခဲ့တဲ့ (၃)လခန့် (နေ့ရက်မမှတ်မိ) ည(၉)နာရီ အချိန်ခန့်မ_________(၁၇)နှစ်ဟာ ယက္ကန်းအလုပ်နားပြီး ဖခင်ဦး—–နဲ့အတူနေထိုင်တဲ့ ယက္ကန်းအလုပ်သမားတန်းလျားမှာ တစ်ဦးတည်းရှိနေစဉ် ဖခင်—-ရောက်ရှိလာပြီး မပြောမဆို ပါးစပ်ပိတ်ကာ အလိုမတူပဲသားမယား(၁)ကြိမ်ပြုကျင့်ခဲ့သလို​ နောက်​(၃)နာရီခန့် အကြာမှာ သားမယားအဖြစ်(၁)ကြိမ်ထပ်မံပြုကျင့်ခဲ့ပြီး ဘယ်သူကိုမှပြန်​မပြောဖို့​ ပြောပြီးထွက်​သွားတယ်​လို့သိရပါတယ်​။     စက်​မှုဇုန်​၄လမ်းကန်​သာ​ကျေးရွာအုပ်​စုအုပ်​ချုပ်​​ရေးမှူး ဦး​ကျော်​သက်​လင်းက “ က​လေးမ​လေးရဲ့ မိ​ထွေး​က သူ​ယောကျာင်္းနဲ့က​လေးမ​လေး​ နေထိုင်​တာကို​တွေ့လို့ လာတိုင်​ရာက​နေ စက်​တင်​ဘာ ၁၆ ရက်​က​ကောင်​မ​လေးကို စက်​မှုဇုံရဲကင်း​ခေါ်ပြီး ဖြစ်​စဉ်​အမှန်​ကို​ပြောပြခိုင်းမှ သူ့ဖခင်​ကသားမယား ပြုကျင့်​ တာ​ပြောပြတာ “ လို့​ပြောပါတယ်​။     ဒါ​ကြောင့်သမီးဖြစ်သူမ____________(၁၇)နှစ်က ၄င်းအားအလိုမတူပဲ…

Read More

စင်ကာပူရဲ့လေထုညစ်ညမ်းမှုကျန်းမာရေးထိခိုက်နိုင်တဲ့အဆင့်ထိရောက်ရှိနေ

စင်ကာပူ၊စက်တင်ဘာ-၁၈-၂၀၁၉ မျိုးဆက်(VOM)   စင်ကာပူနိုင်ငံတစ်ဝန်းမှာကျန်းမာရေးကိုထိခိုက်စေတဲ့မီးခိုးမြူတွေပျံ့နှံ့ဖြစ်ပေါ်နေပြီးစက်တင်ဘာ၁၈မှာတော့  လေထုညစ်ညမ်းမှုဟာပိုမိုဆိုးရွားလာနေပါတယ်။   နံနက်၁၁နာရီအထိ၂၄နာရီအတွင်းလေထုညစ်ညမ်းမှုအညွှန်းကိန်းဟာနိုင်ငံမြောက်ပိုင်းမှာ  ၁၀၉၊အရှေ့ပိုင်းမှာ၁၁၅၊တောင်ပိုင်းမှာ၁၂၄၊အနောက်ပိုင်းမှာ၁၁၄နဲ့အလယ်ပိုင်းမှာတော့  ၁၁၀အထိရှိနေပါတယ်။   အညွှန်းကိန်း၅၀အောက်ဟာကောင်းမွန်တဲ့လေထု၊၅၁မှ၁၀၀အကြားအသင့်အတင့်နဲ့၁၀၁မှ၂၀၀အကြားကတော့ကျန်းမာရေးကိုထိခိုက်စေတဲ့လေထုအဖြစ်အမျိုးသားသဘာဝပတ်ဝန်းကျင်အေဂျင်စီရဲ့သတ်မှတ်ချကတွေမှာဖော်ပြထားပါတယ်။   ဆူမားတြားကျွန်းကနေသိပ်သည်းတဲ့မီးခိုးတွေထပ်ပြီးပြန့်လွင့်လာခဲ့မယ်ဆိုရင်လေထုညစ်ညမ်းမှုအညွှန်းကိန်းဟာ  ကျန်းမာရေးထိခိုက်စေတဲ့  ညွှန်းကိန်းသတ်မှတ်ချက်ရဲ့အလယ်လောက်အထိရောက်ရှိနိုင်ဖွယ်ရှိတယို့သဘာပတ်ဝန်းကျင်အေဂျင်စီကစက်တင်ဘာ၁၇ရက်မွန်းလွဲပိုင်းမှာသတိပေးထားပါတယ်။   လက်ရှိလေထုညစ်ညမ်းမှုအခြေအနေများအရသက်ကြီးရွယ်အိုတွေ၊ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ကလေးသူငယ်တွေ၊နာတာရှည်အဆုတနဲ့  နှလုံးရောဂါသည်တွေအနေနဲ့နေအိမ်ပြင်ပမှာအချိန်ကြာကြာသွားလာနေထိုင်တာတွေကိုရှောင်ရှားကြဖို့သဘာပတ်ဝန်းကျင်အေဂျင်စီကသတိပေးထားပါတယ်။   Ref : CNA Photo :Mediacorp   #voiceofmyanmar  #စင်္ကာပူ #လေထုညစ်ညမ်း

Read More
VOM News

FREE
VIEW