ရိုဟင်ဂျာတွေကို ရဲတပ်ဖွဲ့ပစ်သတ်မှု စုံစမ်းစစ်ဆေးရန် ဘင်္ဂလားဒေ့ရှ်အား ကုလကျွမ်းကျင်သူတွေတိုက်တွန်း

ဒါကာ၊ စက်တင်ဘာ-၁၈-၂၀၁၉

မျိုးဆက် (VOM)

 

ဘင်္ဂလားဒေ့ရှ်အာဏာရပါတီမှ တာဝန်ရှိသူတစ်ဦးအသတ်ခံရပြီးနောက် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေသေဆုံးတဲ့အထိ ကိုင်တွယ်ခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူတွေက စိုးရိမ်ပူပန်မှုတွေမြင့်တက်နေပါတယ်။

 

 

အာဏာရ အ၀ါမီလိဂ်ပါတီက လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ အိုမာဖာရွတ်ကို သတ်တယ်ဆိုတဲ့ သံသယစာရင်းသွင်းပြီး ရဲတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုအတွင်း ရိုဟင်ဂျာအမျိုးသား ခြောက်ဦး သေဆုံးခဲ့တဲ့အပေါ် ဘက်မလိုက်တဲ့စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ဖို့ ကုလကျွမ်းကျင်သူတွေက ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်းနေပါတယ်။

 

 

ဂျီနီဗာမှာ တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ဖာရွတ်အသတ်ခံရတဲ့ ကိစ္စနဲ့ဆက်နွယ်တဲ့ ရိုဟင်ဂျာခြောက်ဦး သေဆုံးမှု အပေါ် စုံစမ်းစစ်ဆေးမှုပြုဖို့အတွက် လူ့အခွင့်အရေးဆိုင်ရာ အထူးခန့်အပ်ထားတဲ့ ကုလကျွမ်းကျင်သူ ခြောက်ဦးကထောက်ခံခဲ့ပါတယ်။

 

 

အဲဒီကိစ္စနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ ၊ ဘက်မလိုက်တဲ့ ၊ ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ်လုပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို ကုလလူ့အခွင့်အရေးကျွမ်းကျင်သူတွေက တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ ၄၀ ထက်မနည်းသေဆုံးခဲ့ပါတယ်။

 

 

အနည်းဆုံး ၃၃ ဦးဟာ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတာဖြစ်ပြီး ကျန်ခုနှစ်ဦးကတော့ရိုဟင်ဂျာအုပ်စုတွေအကြား ပစ်ခတ်မှုတွေမှာ သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့စစ်ဆေးရေးမှူး အာလီအာရှက်က ပြောပါတယ်။

 

 

ဒီလိုပစ်ခတ်မှုတွေအများကြီးဖြစ်ခဲ့ပြီး ရိုဟင်ဂျာတွေအပေါ် ရဲတပ်ဖွဲ့က ဥပဒေမဲ့သတ်ဖြတ်တာတွေအတွက် သေဆုံးသူတွေဟာ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ဆောင်နေတဲ့ သံသယရှိသူတွေလို့ ရဲတပ်ဖွဲ့က ခေါင်းစဉ်တပ်လုပ်ဆောင်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပြောဆိုပါတယ်။

 

 

Ref : CNA

Photo : AFP

 

#vocieofmyanmar #ဘင်္ဂလားဒေရှ် #ရိုဟင်ဂျာ

Related posts

Leave a Comment

VOM News

FREE
VIEW