သာယာဝတီခရိုင်မှာ တပတ်အတွင်း သက်ငယ်မုဒိမ်း ၃ကြိမ်ဖြစ်

သာယာဝတီစက်​တင်​ဘာ၁၈-၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်းသာယာဝတီခရိုင်​ သာယာဝတီမြို့နယ်​လှည်းလမ်းကူး​ကျေးရွာအုပ်​စုလှည်​လမ်းကူး​ကျေးရွာမှာ အသက်​၁၂နှစ်​ရှိ၅တန်း​ကျောင်းသူကို တရွာတည်းနေ ဝိုင်ချစ်ဆိုသူက တခြား​ခေါ်​ဆောင်​ကာသားမယားပြုကျင့်​မှုဖြစ်​ပွားခဲ့တယ်​လို့သာယာဝတီမြို့မရဲစခန်းကသိရပါတယ်​။

 

 

မ—ဟာ တစ်​ရွာတည်း​နေဦး​အေးသိန်းရဲ့သား အသက်​၂၁နှစ်​ရှိ ကိုဝိုင်းချစ်​နဲ့ လိုက်​သွားသည်​ဆိုပြီး ကိုဝိုင်းချစ်​ရဲ့မိခင်​ဖြစ်​သူ​ဒေါ်​ဌေးဝင်းက မ—-ကိုပြန်​လည်​အပ်​နှံရာမှမ—ကဖခင်​ဖြစ်​သူကိုအခုလို​ပြောပါတယ်

 

`သမီးကိုရန်​ကုန်​မြို့​နေရာ​တော့မသိဘူးအဲ့ဒီကို​ခေါ်သွားပြီး​တော့သားမယားအဖြစ်​ပြုကျင့်​ခဲ့တယ်​လို့´မ—က​ပြောဆိုပါတယ်​။

 

အသက်​၁၂နှစ်​ရှိ ၅တန်း​ကျောင်းသူအား ခိုးယူ​ခေါ်​ဆောင်​ကာသားမယားပြုကျင့်​သူဝိုင်းချစ်​ကို ဥပ​ဒေအရအ​ရေးယူ​ပေးဖို့ ဖခင်​ဖြစ်​သူဦး—မှတရားလိုလုပ်​တိုင်​တန်းခဲ့ပါတယ်။  သားမယားပြုကျင့်သူ ဝိုင်းချစ်ကို    (ပ)၁၀၅၃/၂၀၁၉ ရာဇသတ်​ကြီးပုဒ်​မ-၃၆၃/၃၇၆တို့နဲ့အမှုဖွင့်​ထားရှိပြီးဖမ်းမိနိုင်ရေးဆောင်ရွက်နေတဲ့အကြောင်းသာယာဝတီမြို့မရဲစခန်းဒုရဲမှူးစိုးဝဏ္ဏက​ပြောပါတယ်​။

 

စက်​တင်​ဘာ၁၃ရက်​​နေ့ကလည်း သာယာဝတီခရိုင်​နတ္တလင်းမြို့နယ်​ လယ်​မအင်း​ကျေးရွာအုပ်​စု မန်းကျည်းပင်​​ကျေးရွာမှာအသက်​ ၇နှစ်​ရှိ ဒုတိယတန်း​ကျောင်းသူကို စာရင်းငှါးအလုပ်​သမားက တီတူးဖို့​ခေါ်သွားရာက သားမယားပြုကျင့်​ခဲ့ပြီး စက်​တင်​ဘာ၁၄ရက်​​နေ့မှာလည်း သာယာဝတီခရိုင်​ လက်​ပံတန်းမြို့နယ်​ သိုက်​ဝါး​ချောင်းအုပ်​စုရင်းတိုက်​​မြှောင်​​ကျေးရွာမှာ အသက်​၅နှစ်​ရှိ မိန်းခ​လေးအား မိဘတွေမရှိခိုက်​မှာ ဆိုင်​ကယ်​ဂို​ဒေါင်ထဲ​ခေါ်ပြီး သားမယားပြုကျင့်​မှု ဖြစ်​ပွားခဲ့​ကြောင်းရဲမှတ်​တမ်းအရသိရပါတယ်​။

 

 

#voiceofmyanmar #သာယာဝတီ  #သက်ငယ်မုဒိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW