အုတ်​ဖိုမြို့နယ်​မှာ ​လေးရက်​ကြာ​ပျောက်​ဆုံး​နေသူကိုဓားဒဏ်​ရာတွေနဲ့ သေဆုံးလျက်​​တွေ့

အုတ်​ဖိုစက်​တင်​ဘာ၁၇-၂၀၁၉

မိုးယံ(VOM)

 

ပဲခုးတိုင်းသာယာဝတီခရိုင်​ အုတ်​ဖိုမြို့နယ်​တောင်​ကုန်းအုပ်​စု​တောင်​ကုန်းရွာ​နေဆိုင်​ကယ်​ကယ်​ရီ​မောင်​သူတစ်​ဦး​လေးရက်​ကြာ​ပျောက်​ဆုံး​နေပြီးစက်တင်ဘာ ၁၇ ရက်ည​နေ၅နာရီဝန်းကျင်​​လောက်​ကမှ​ညောင်​ပင်​ကွင်းရွာရိုး​ချောင်းအတွင်းမှာဓားဒဏ်​ရာများနဲ့​သေဆုံး​လျက်​​တွေ့ရှိရတယ်​လို့အုတ်​ဖိုမြို့မရဲစခန်းကသိရပါတယ်​။

 

သေဆုံးသူကိုသန်း​ဇော်​(ခ)သန်း​ဇော်​မြင့်​ဟာဆိုင်​ကယ်​ကယ်​ရီ​မောင်းသူဖြစ်​ပြီးစက်​တင်​ဘာ၁၃ရက်​​နေ့လည်​ ၃နာရီခန့်​ကနေအိမ်​မှအုတ်​ဖိုသို့ထွက်​ခွာသွားရာကနေ ပြန်​လည်​​ရောက်​ရှိလာခြင်းမရှိဘဲ​ပျောက်​ဆုံး​နေလို့အုတ်​ဖိုမြို့မရဲစခန်းမှာစက်​တင်​ဘာ၁၅ရက်​​နေ့ကလူ​ပျောက်​တိုင်​တန်းခဲ့တယ်​လို့အတူ​နေအကိုဖြစ်​သူဦး​မောင်​စန်းက​ပြောပါတယ်​။

 

“ အဲဒီ​နေ့က​နေ့လည်​ ၃နာရီ​လောက်​အုတ်​ဖိုကိုကယ်​ရီစွဲမယ်​ဆိုပြီးထွက်​သွားတာည၈နာရီထိပြန်​မလာဘူးအဲဒါနဲ့ညီ​လေး​မောင်​​ငွေခဲနဲ့အတူလိုက်​ရှာကြတာလည်းမ​တွေ့လို့စက်​တင်​ဘာ၁၅ရက်​​နေ့ကအုတ်​ဖိုမြို့မရဲစခန်းမှာလူ​ပျောက်​တိုင်​ထားတာပါရဲတပ်​ဖွဲ့ဝင်​​တွေဆက်​ပြီးစုံစမ်း​တော့ဒီ​နေ့​တော့ရိုး​ချောင်းထဲမှာဓားဒဏ်​ရာ​တွေနဲ့​သေဆုံး​နေတာ​တွေ့တယ်​လို့”ဦး​မောင်​စန်း က​ပြောပါတယ်​။

 

သေဆုံးသူဟာဆိုင်​ကယ်​ကယ်​ရီလိုက်​ဖို့ထွက်​ခွာလာရာတစ်​​နေရာမှာစကားများရန်​ဖြစ်​ပြီးဓားနဲ့အထိုးခံရပြီး​ချောင်း​ရေထဲ​မျောပါခဲ့ခြင်းဖြစ်​နိုင်​တယ်​လို့အုတ်​ဖိုမြို့မရဲစခန်းကတာဝန်​ရှိသူတစ်​ဦးကသုံးသပ်​​ပြောဆိုပါတယ်​။

 

အဆိုပါမှုခင်းနဲ့ပတ်​သက်​ပြီး(ပ)၂၂၀/၁၉ရာဇသတ်​ကြီးပုဒ်​မ၃၀၂အရအမှုဖွင့်​ထားပြီးတရားခံမမိ​သေး​ကြောင်းအုတ်​ဖိုမြို့မရဲစန်းကသိရပါတယ်​။

 

#voiceofmyanmar  #အုတ်ဖို #လူသတ်မှု

 

Related posts

Leave a Comment

VOM News

FREE
VIEW