ZERO ဘတ်ဂျက်လို့ခေါ်နေကြတဲ့တရုတ်ခရီးသွားတွေကြောင့်သာခရီးသွားဦးရေ မကျတာဖြစ်ပြီး  တိုင်းပြည်ဝင်ငွေရဖို့  ငွေပေးငွေယူစနစ်ကို သုံးသပ်နေ

ရန်ကုန်၊စက်တင်ဘာ၂၅-၂၀၁၉ သိဂီင်္(VOM)   ZERO ဘတ်ဂျက်လို့ခေါ်နေကြတဲ့တရုတ်ခရီးသွားတွေမြန်မာနိုင်ငံကိုဝင်ရောက်နေလို့သာ ခရီးသွားလျော့မကျသွားတာဖြစ်ပြီးသူတို့သုံးစွဲနေတဲ့ We Chat Pay လိုဟာတွေကို ကိုင်တွယ်ဖို့လုပ်မယ်လို့ ရန်ကုန်းအစိုးရအဖွဲ့က ပြောကြားလိုက်ပါတယ်။   မြန်မာနိုင်ငံတစ်ခုထဲတရုတ်ခရီးသွားကိုမျှော်နေရတာမဟုတ်ဘဲတခြားနိုင်ငံတွေလည်းတရုတ်ခရီးသွားကိုမျှော်နေရတာဖြစ်တယ်လို့ဆိုပါတယ်။zero ဘတ်ဂျက်ကိစ္စဟာမြန်မာနိုင်ငံသာမကအိမ်နီးချင်းနိုင်ငံတွေလည်းရင်ဆိုင်ကျော်လွှားခံ့ရကြောင်းနောက်ပြီးzero ဘတ်ဂျက်ဆိုတာနိုင်ငံတော်အနေနဲ့တစ်ကျပ်မှမရတာမျိုးမဟုတ်ဘဲရသင့်သလောက်ဥပမာဗီဇာကြေးတရုတ်ခရီးသွားတစ်ဦးကို၅၀ရနေကြောင်းနေ့စဉ်အသုံးစရိတ်အနေနဲ့us 60 ကိုနိုင်ငံတော်ရဲ့ကဏ္ဍအသီးသီးမှာဝင်ငွေအဖြစ်ရနေတာဖြစ်တယ်လို့  ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးကပြောပါတယ်။   “ZERO ဘတ်ဂျက်ဆိုတာတကျပ်မှမရတာမဟုတ်ဘူး။နိုင်ငံကရသင့်သလောက်ရနေတ်။ရသင့်သလောက်ရဖို့အခွင့်အရေးဆုံးရှုံးနေတာရှိတယ်။ဒါကြောင့်ရသင့်တာရဖို့  ကျမတို့နိုင်ငံမှာလည်းအဲ့ဒီအာလီpayနဲ့wechat payကိုband မလားဒါမှမဟုတ်ဖွင့်ထားပြီးရသင့်ရထိုက်တဲ့အခွန်ကိုဘလိုယူမလဲစဉ်းစားစရာဖြစ်လာတယ်။နီပေါမှာဆိုရင်လည်းpayment system တစ်ခုကိုband လိုက်တယ်သူတို့နိုင်ငံရဲ့ပေါ်လစီအရပေါ့။ဒီလိုပဲ်။ခုဗဟိုဘဏ်နဲ့တရုတ်ကpayment ကုမ္ပဏီ၂ခုpayment system တစ်ခုကိုညှိုနိုင်းနေတယ်။paymentစနစ်တခုကိုသာဗဟိုဘဏ်ကနေကိုင်တွယ်နိုင်မယ်ဆိုရင်သူတို့ဘယ်လောက်ဈေးကြီးတာပဲဝယ်ဝယ်ရသင့်တဲ့အခွန်အခကိုဒီpayment စနစ်ကနေတစ်ခါထဲနှုတ်ယူထားမှာဖြစ်တယ်။ညှိနှုင်းနေဆဲဖြစ်လို့ဘယ်လိုစနစ်မျိုးနဲ့သွားမလဲဆိုတာတော့မပြောနိုင်သေးပါဘူး”လို့ဒေါ်နော်ပန်းသဉ္ဇာမျိုးကပြောပါတယ်။     တရုတ်ခရီးသွားတွေကျောက်စိမ်းဝယ်တဲ့အခါတရုတ်နိုင်ငံရဲ့အွန်လိုင်းငွေပေးချေမှုစနစ်ဖြစ်တဲ့wechat pay နဲ့အာလီpayကိုသုံးတာကြောင့်နိုင်ငံတော်ကရသင့်ရထိုက်တဲ့အခွန်အခတွေမရရှိပါဘူး။ဒါကြောင့်အဲ့ဒီpaymentစနစ်ကိုလက်ရှိပြည်တွင်းမှာသုံးနေတဲ့ဗဟိုဘဏ်gate way ကနေဖြတ်ရတဲ့mpu ,visa စတဲ့ကဒ်စနစ်လိုဗဟိုဘဏ်ကိုင်တွယ်ထိန်းချုပ်မှုရောက်အောင်လုပ်ဆောင်နေတာဖြစ်ပါတယ်။   zero ဘတ်ဂျက်တရုတ်ခရီးသွားကိစ္စနဲ့ပတ်သက်ပြီးပြည်သူတွေအကြားခရီးသွားလုပ်ငန်းအသိုင်းဝိုင်းအကြားtourguide အကြားမှာဝေဖန်မှုတွေမြင့်တက်နေပါတယ်။ဒီလအတွင်းမှာပဲတရုတ်ခရီးသွားတချို့ကမန္တလေးကကျောက်စိမ်းဘုရားကကျောက်စိမ်းပြားတချို့ကိုခွာယူခဲ့တဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့တယ်။   ” နိုင်ငံရဲ့စီးပွားရေးကသိပ်မကောင်းဘူး။နိုင်ငံခြားဝင်ငွေကလိုတယ်။zeroဘတ်ဂျက်လို့ပြောရင်အစိုးရကလက်မခံဘူး။ ဗီဇာဖရီးမဟုတ်ဘူးတစ်ယောက်ဝင်လာရင်ဗီဇာကြေးရတယ်။ အဲ့ဒီအတွက်အစိုးရကအစည်းဝေးတွေမှာပြောရင်တစ်ယောက်ဝင်တာနဲ့ဒေါ်လာ၅၀ရတယ်ပြောတယ်။လိုအပ်တဲ့ဒေါ်လာရတယ်။အဲ့ဒီပိုက်ဆံကအစိုးရအတွက်အထောက်အပံ့ဖြစ်နေတယ်ဒီတော့ကျတော်တို့အကြီးအကျယ်ဆန့်ကျင်လို့မရဘူးဖြစ်နေတယ်။Tourism ကပိုက်ဆံရနေတယ်ဆ်ုတော့ကျတော်တို့လည်းမပြောသာဘူးဖြစ်နေတယ်။ဒီတော့ထိုက်သင့်တဲ့ပိုက်ဆံရတာဟုတ်ပြီဒါပေမယ့်ဆေးမြီးတိုနည်းလမ်းဖြစ်နေတယ်။၂နှစ်၃နှစ်လောက်ဒီဇီးရိုးဘတ်ဂျက်တွေဝင်သွားပြီးနောက်မလာတော့ရင်တိုင်းပြည်ကဘယ်လိုဖြစ်ကျန်ခဲ့မလဲ။မလာတော့ဘူးဆိုရင်တိုင်းပြည်ကအမှိုက်ပုံကြီးပဲကျန်ခဲ့မယ်။အဲ့အချိန်ကျမှအနောက်ကလည်းမလာအရှေ့ကလည်းမလာတရုတ်ကလည်းမလာဆိုရင်ဟိုတယ်ခရီးကဘယ်လိုဖြစ်သွားမလည်း”လို့မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်းဒုဥက္ကဋ္ဌဦးစိုးပိုင်ကပြောပါတယ်။   တရုတ်တွေဝင်ရောက်မှုများလာတာကြောင့်အနောက်နိုင်ငံသားတွေဝင်ရောက်မှုနည်းသွားတာဖြစ်ပြီးတရုတ်ခရီးသွားတွေကအုပ်စုလိုက်ဝင်ရောက်နေတာဟာ တိုင်းပြည်အတွက်ဆုတ်ယုတ်မှုရှိနေပါတယ်။ရရှိတဲ့ဒေါ်လာထက်ပြန်ပေးဆပ်ရတာတန်ရဲ့လားလို့မေးခွန်းထုတ်ပြောဆိုထားပါတယ်။   zero ဘတ်ဂျက်လို့ခေါ်ဆိုနေကြတဲ့တရုတ်ခရီးသွားတွေနဲ့ပတ်သက်ပြီးဝေဖန်မှုတွေမြင့်တက်လာတဲ့အပေါ် …

Read More

AH-6i တိုက်ခိုက်ရေးရဟတ်ယာဉ်တွေအမေရိကန်ကထိုင်းနိုင်ငံကိုရောင်းမယ်

ဝါရှင်တန်၊စက်တင်ဘာ-၂၅-၂၀၁၉ မျိုးဆက်(VOM)   အမေရိကန်ဟာထိုင်းနိုင်ငံကိုAH-6i တိုက်ခိုက်ရေး၊ထောက်လှမ်းရေးရဟတ်ယာဉ်ရှစ်စင်းနဲ့ဆက်စပ်လက်နက်တွေ၊ကိရိယာတွေခန့်မှန်းတန်ဖိုးဒေါ်လာသန်း၄၀၀ဖိုးရောင်းချဖို့အတွက်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကခွင့်ပြုလိုက်တယ်လို့ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရေးဌာနကထုတ်ပြန်ပါတယ်။     ထိုင်းနိုင်ငံရဲ့စစ်ဘက်ကိုပိုမိုခေတ်မှီအောင်ကြိုးစားအားထုတ်လုပ်ဆောင်မှုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ထိုင်းတော်ဝင်တပ်မတော်မှာလက်ရှိအသုံးပြုနေတဲ့AH-1F Cobra ရဟတ်ယာဉ်ခုနှစ်စင်းနေရာမှာဝယ်ယူမယ့်AH-6i ရဟတ်ယာဉ်တွေကိုအစားထိုးသွားမှာဖြစ်တယ်လို့စက်တင်ဘာ၂၄ရက်ကထုတ်ပြန်ချက်မှာဖော်ပြပါတယ်။   ဒီရောင်းချမှုဟာအင်ဒို-ပစိဖိတ်ဒေသမှာရှိတဲ့အမေရိကန်ရဲ့နေတိုးမဟာမိတ်မဟုတ်တဲ့အဓိကမိတ်ဆက်နိုင်ငံတွေရဲ့လုံခြုံရေးကိုတိုးတက်အောင်ကူညီခြင်းဖြင့်အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒနဲ့အမျိုးသားလုံခြုံရေးဦးတည်ချက်တွေကိုအထောက်အပံ့ပေးနိုင်မယ်လို့ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရေးဌာနကဆိုပါတယ်။   ရဟတ်ယာဉ်နဲ့လက်နက်တွေဝယ်ယူတာကြောင့်ထိုင်းတော်ဝင်တပ်မတော်ရဲ့နိုင်ငံကာကွယ်ရေးနဲ့ဒေသတွင်းခြိမ်းခြောက်မှုတွေကိုဟန့်တားနိုင်တဲ့စွမ်းရည်ပိုမိုအားကောင်းလာစေမယ်လို့ပြောပါတယ်။   ဒီရဟတ်ယာဉ်တွေဟာအထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေ၊သံချပ်ကာခြေလျင်တပ်ဖွဲ့တွေနဲ့နယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေကိုအနီးကပ်လေကြောင်းထောက်ပံ့မှုအတွက်တိုက်ခိုက်မှုနဲ့ထောက်လှမ်းမှုတွေလုပ်ဆောင်ပေးနိုင်တယ်လို့ဆိုပါတယ်။   ထိုင်းအစိုးရဟာအမေရိကန်ရဲ့AH-6i ရဟတ်ယာဉ်ရှစ်စင်းအပြင်10 M299 Longbow Hellfire Launchers ၊50 AGM-114R Hellfire missiles ၊10 M260 rocket launchers ၊200 Advanced Precision Kill Weapon System (APKWS) guided rockets တွေကိုလည်းဝယ်ယူဖို့တောင်းဆိုထားတယ်လို့ဆိုပါတယ်။   Ref : Defense Post Photo : Boeing   #voiceofmyanmar #အမေရိကန် #ထိုင်း #AH-6i

Read More

စက်လှေမီးလောင်မှုကြောင့် လူ ၅ ဦးဒဏ်ရာရ

စစ်တွ၊ စက်တင်ဘာ ၂၅-၂၀၁၉ ခိုင်လင်းစံ (VOM)     ရခိုင်ပြည်နယ်၊ စစ်တွေမြို့အရှေ့ဘက် ကုလားတန်မြစ်နဲ့ မြို့နယ်ချောင်းတို့ဆုံရာအနီးမှာ ရပ်နားထားတဲ့စက်တပ်လှေ မော်တော်တစ်စီးဟာ ဒီကနေ့မနက် ၂ နာရီကျော်လောက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့က သွားရောက်ငြိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။   အဲ့ဒီမီးလောင်မှုကြောင့် စက်လှေပေါ်မှာရှိနေတဲ့ စက်လှေပိုင်ရှင်အပါအဝင် လူငါးဦးတို့ဟာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး ဆေးကုသမှုတွေပြုလုပ်နေရတာဖြစ်ပါတယ်။     “စက်လှေက အဲ့ဒီမိဇံရပ်ကွက်မှာရှိတဲ့ မြို့လယ်ချောင်းနားမှာ ရပ်ထားတာဖြစ်ပါတယ်။ စက်လှေကို သူတို့စက်နှိုးတဲ့အချိန် မှာ ဆီထည့်ရာကနေ မီးလောင်ခဲ့တာဖြစ်တယ်။ ကျွန်တော်တို့စက်လှေမီးလောင်နေတယ်ဆိုတာကို သတင်းရလို့သွား ရောက်ငြိမ်းသတ်ခဲ့ရပါတယ်။”လို့ ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးစံရွှေထွန်းကပြောပါတယ်။   အဲ့ဒီစက်လှေဟာ ပေါက်တောမြို့နယ် သရက်ချောင်းကျေးရွာကဖြစ်ပြီး မီးလောင်မှုကြောင့် စက်လှေပိုင်ရှင် ဦးခင်မောင်ရွှေ မှာ တစ်ကိုယ်လုံးမီးလောင်ဒဏ်ရာတွေရရှိခဲ့တယ်လို့ဆိုပါတယ်။   “ကျွန်တော်တို့ကို သင်းပို့လို့ ကျွန်တော်တို့ မီးငြိမ်းသတ်ဖို့လိုက်သွားတဲ့အချိန်မှာ မီးကတော်တော်လောင်နေပြီ။ မနက် ၄…

Read More

အင်းလေလံအောင်ထားပေမယ့် ၃နှစ်ကျော်သည်ထိ လုပ်ကိုင်ခွင့်မရတဲ့ အင်းလုပ်ငန်းရှင်တွေ နစ်နာမှု

  မိုးညို ၊ စက်တင်ဘာလ ၂၅ ရက် ။ လမင်း (VOM)။   သာယာဝတီခရိုင် ၊ မိုးညိုမြို့နယ်မှာ အင်းလုပ်ကိုင်နေကြတဲ့ အင်းသားကြီးတွေက သိန်း ၁၀၀ ကျော် ၃ နှစ်ဆက်တိုက်လေလံဆွဲ လေလံအောင်ခဲ့တဲ့ ရှောင်ပင်ထုံးအင်းကို ယခုအချိန်ထိ အင်းလုပ်ကိုင်ခွင့်မရှိသလို ဆုံးရှုံးနစ်နာမှု့တွေဖြစ်ပေါ်နေတာတွေကြောင့် စက်တင်ဘာလ ၂၅ ရက်နေ့က အင်းဂရမ်ကိုင်ဦးသက်နိုင်ထွန်းအပါအဝင် အင်းလုပ်သားတွေက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြတာဖြစ်ပါတယ် ။   ” ကျွန်တော်တို့ကဒီအင်းကို ၂၀၁၇ ၊ ၂၀၁၈ တုန်းက သိန်းတစ်ရာကျော်အခွန်ဆောင်တယ် ၂၀၁၈ ၊ ၂၀၁၉ ကျလေးဆယ့်ငါးသိန်း ၂၀၁၉ ၊ ၂၀၂၀ ကျငါးဆယ့်ခြောက်သိန်းနဲ့ အင်းခွန်ဆောင်ပြီးလုပ်ခဲ့တာပါ ခုချိန်ထိငါးလုပ်ငန်းကိုကောင်းကောင်းမလုပ်ရသေးဘူး ဦးမျိုးသန့်ပါအဝင်ထိန်ကုန်းရွာသားတွေကမင်းမဲ့စရိုက်ဆန်ဆန် ငါးတွေကိုခိုးယူဖမ်းဆီးနေတာတွေ နှစ်စဉ်ကြုံတွေ့နေရလို့ သတင်းစာရှင်းလင်းပွဲလုပ်တာပါ ” လို့ လေလံအောင်အင်းဂရမ်ကိုင် ဦးသက်နိုင်ထွန်းကဟြေပါတယ် ။  …

Read More

တိုက်ပွဲတွေအတွင်းအရပ်သားတွေကိုပစ်မှတ်ထားမတိုက်ခိုက်ဖို့လွှတ်တော်မှာတိုက်တွန်း

စစ်တွေ၊စက်တင်ဘာ၂၅-၂၀၁၉   ခိုင်လင်းစံ(VOM)   ရခိုင်ပြည်နယ်အတွင်းတစ်နှစ်နီးပါးအကြာဖြစ်ပွားနေတဲ့မြန်မာ့တပ်မတော်နဲ့AA တို့အကြားတိုက်ပွဲတွေမှာအရပ်သားပြည်သူတွေထိခိုက်သေဆုံးနေကြရတာ၈၀ကျော်အထိရှိလာနေပြီဖြစ်ပါတယ်။   အဲ့ဒီလိုပစ်မှတ်ထားတိုက်ခိုက်မှုတွေကိုရှောင်ရှားကြဖို့ပြည်နယ်အစိုးရကလိုအပ်တဲ့အစီအမံတွေဆောင်ရွက်ပေးရေးအတွက်တိုက်တွန်းကြောင်းအဆိုကိုဘူးသီးတောင်မဲဆန္ဒနယ်မြေအမှတ်၂ကပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းအောင်သိန်းကတင်သွင်းခဲ့တာဖြစ်ပါတယ်။   “ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာပစ်ခတ်တိုက်ခိုက်နေကြတဲ့အဖွဲ့အစည်းများအနေနဲ့ပြည်သူတွေကိုပစ်မှတ်ထားတိုက်ခိုက်မှုမပြုလုပ်ကြစေရန်ပြည်နယ်အစိုးရအနေနဲ့လိုအပ်တဲ့အစီအမံတွေကိုဖြည့်စည်းပေးဖို့တိုက်တွန်းတဲ့အဆိုကိုတင်သွင်းတာဖြစ်ပါတယ်။”လို့လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းအောင်သိန်းကပြောပါတယ်။       ရခိုင်ဒေသခံပြည်သူတွေဟာလက်နက်ကိုင်အဖွဲ့အစည်းနဲ့သွယ်ဝိုက်ပြီးဆက်စပ်နေသူတွေဆိုပြီးသံသယဖြစ်ခံနေကြရသလိုတိုက်ပွဲဖြစ်စဉ်တွေမှာပြည်သူတွေဟာပစ်မှတ်ထားတိုက်ခိုက်ခံနေကြရတာဟာဓမ္မတာလိုဖြစ်နေတယ်လို့အဆိုမှာထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။   “အုပ်ချုပ်သူအစိုးရတစ်ရပ်အနေနဲ့အခွန်ထမ်းပြည်သူတွေနဲ့သူတို့ရဲ့အကျိုးစီးပွားတွေကိုအကာအကွယ်ပေးရမယ့်ဝတ္တရားနဲ့အညီဒီအဆိုကိုတင်သွင်းရခြင်းဖြစ်ပါတယ်။”လို့ဦးထွန်းအောင်သိန်းကအဆိုတင်သွင်းရာမှာထည့်သွင်းပြောကြားခဲ့ပါတယ်။   ရခိုင်ပြည်နယ်အတွင်းမှာအခုလိုမျိုးနှစ်ဖက်တိုက်ပွဲတွေအကြားတိုက်ပွဲနဲ့မသက်ဆိုင်ဘဲပစ်မှတ်ထားတိုက်ခိုက်ခံရမှုကြောင့်သေဆုံးသူအရေအတွက်ဟာ၈၀ကျော်ထိရှိလာနေပြီးထိခိုက်ဒဏ်ရာရရှိခဲ့သူအရေအတွက်ဟာ၁၃၀ကျော်အထိရှိလာနေပြီဖြစ်တယ်လို့အရပ်ဖက်အဖွဲ့အစည်းတွေရဲ့စာရင်းဇယားတွေအရသိရပါတယ်။   #voiceofmyanmar #အရပ်သားပစ်မှတ်ထားတိုက်ခိုက်  #ရခိုင်လွှတ်တော်  

Read More

စပါးတစ်​တင်းအ​ခြေခံ​ဈေးနှုန်း၇၀၀၀ကျပ်​သတ်​မှတ်​​ပေး​ဖို့သာယာဝတီမြို့မှာ​တောင်​သူ​တွေဆန္ဒ​ဖော်​ထုတ်

သာယာဝတီစက်​တင်​ဘာ၂၅ မိုးယံ(VOM)   စပါးတစ်​တင်းအ​ခြေခံ​ဈေးနှုန်း၇၀၀၀ကျပ်​သတ်​မှတ်​​ပေး​ဖို့်​အပါအဝင်​ ​တောင်းဆိုချက်​ ​လေးချက်​နဲ့​တောင်​သူအင်​အားတစ်​​ထောင်​ခန့်​ဟာ  ပဲခူးတိုင်းသာယာဝတီခရိုင်​သာယာဝတီမြို့နယ်​မှာဒီ​နေ့မနက်​၈နာရီကဆန္ဒ​ဖော်​ထုတ်​ခဲ့ကြပါတယ်​။   `​ဈေးကွက်​မူဝါဒကဟိုးအရင်​ကအစိုးရချင်းချိတ်​ဆက်​ပြီး​ရောင်းကြတယ်၊ ​အခုကြ​တော့ကြားထဲမှာကုန်​သည်​ကြီးများအသင်းMECတို့ဦးပိုင်​တို့ခံပြီး​ရောင်းရ​တော့ လယ်​သမား​တွေဘဝကတ​ဖြေး​ဖြေးဆုတ်​ယုတ်​လာပါတယ်။ ​ဒါ​ကြောင့်​​ဈေးကွက်​မူဝါဒများပြင်​ဆင်​ ​ပေး​စေချင်​ပါတယ်​လို့´ဆန္ဒပြပွဲဦး​ဆောင်​သူဦးဝင်းသိန်းက​ပြောပါတယ်​။   `ဒီ​နေ့လယ်​သမား​တွေဘဝကိုအများသိကြပါတယ်​သွင်းအားစု​တွေများပြီးစပါး​ဈေးကွက်​မတည်​ငြိမ်​ဘူးလယ်​သမား​တွေရဲ့ဘဝ​တွေကိုနိုင်​ငံ​တော်​အဆင့်​ဆင့်​ကိုသိ​စေချင်​တယ်​လယ်​သမား​တွေကအ​ဝေး​အော်​ဖြစ်​​နေတယ်​လယ်​သမား​တွေခံစား​နေရတာ​တွေကိုနိုင်​ငံ​တော်​အကြီးအကဲ​တွေမသိဘူးအဲဒါ​ကြောင့်​နိုင်​ငံ​တော်​အကြီးအကဲ​တွေသိ​စေချင်​လို့အခုလိုဆန္ဒ​ဖော်​ထုတ်​ရတာပါလို​´လယ်​သမားကြီးဦးဘဝင်းက​ပြောပါတယ်​။   ဆန္ဒပြသူတွေဟာ သာယာဝတီမြို့​ဘောလုံးကွင်းလမ်းကစတင်​စုရုံးပြီးရန်​ကုန်​-ပြည်​ကားလမ်းအတိုင်း သုံးဆယ်​မြို့​ဗေဒင်​ကုန်းရပ်​ကွက်​ဗေဒင်​ကုန်းဂိတ်​အထိအ​ခြေခံလယ်​သမားဘဝမြှင့်​တင်​​ပေး​ရေး။၄၆​ပေါင်​စပါးတစ်​တင်းအ​ခြေခံ​ဈေးနှုန်း၇၀၀၀ကျပ်​သတ်​မှတ်​​ပေး​ရေး၊ ဈေးကွက်​မူဝါဒများပြင်​ဆင်​​ပေး​ရေး၊  လယ်​ယာ​မြေဥပ​ဒေများပြင်​ဆင်​​ပေး​ရေး၊ စတဲ့အချက်​​လေးချက်​ကို​ကြွေး​ကြော်​ပြီးဆန္ဒ​ဖော်​ထုတ်​ခဲ့ကြပါတယ်​။   လက်​ရှိစပါး​ဈေးကတော့ စပါးတစ်​ရာ​ပေါင်​၅၂​ပေါင်​ကို၎သိန်း၎သိန်း၃​သောင်းရှိပါတယ်​။လော​လောဆယ်​စပါးက​ပေါ်ခါစမှာအခုလိုဆန္ဒပြရတာပါစပါး​ပေါ်ပြီးမှဆန္ဒပြရင်​သိပ်​မထိ​ရောက်​မှာစိုးလို့လို့ ဆန္ဒပြသူတွေက ဆိုကြပါတယ်။ စပါးအထွက်​က​တော့မိုးလေဝသကောင်းရင်တစ်​ဧကကို ၆၅တင်းထွက်​ခဲ့ပေမယ့် အခုနှစ်​မိုးစပါးမ​ကောင်းပါတဲ့ အတွက် တစ်​ဧကတင်း ၄၀ဝန်းကျင်​ဘဲထွက်​နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။   #voiceofmyanmar #သာယာဝတီ  #ပဲခူးတိုင်း #စပါးဈေးတိုးမြှင့်ပေးဖို့

Read More

ပါကစ္စတန်မှာအင်အားပြင်းငလျင်လှုပ်၊လူ၁၉ဦးသေဆုံးပြီး၃၀၀ကျော်ဒါဏ်ရာရ

အစ္စလမ္မာဘတ်၊စက်တင်ဘာ-၂၅-၂၀၁၉ မျိုးဆက်(VOM)   ပါကစ္စတန်နိုင်ငံအရှေ့ပိုင်းမှာပြင်းအား၅ဒသမ၈အဆင့်ရှိအင်အားပြင်းမြေငလျင်တစ်ခုစက်တင်ဘာ၂၄ရက်မှာလှုပ်ခတ်ခဲ့တာကြောင့်လူ၁၉ဦးထက်မနည်းသေဆုံးပြီး၃၀၀ကျော်ဒါဏ်ရာရရှိသွားတယ်လို့ဒေသဆိုင်ရာတာဝန်ရှိသူတွေကပြောပါတယ်။   ငလျင်ဟာပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသကမီယာပူမြို့အနီးဗဟိုပြုပြီးလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ငလျင်ကြောင့်အဲဒီဒေသကအဓိကလမ်းမကြီးတစ်ခုပေါ်မှာကြီးမားတဲ့အက်ကွဲကြောင်းကြီးဖြစ်ပေါ်နေပြီးလူနေအိမ်တွေလည်းပျက်စီးခဲ့တဲ့ဓါတ်ပုံတွေလူမှုကွန်ရက်မှာပျံ့နှံ့နေပါတယ်။   ပျက်စီးမှုအခြေအနေအလုံးစုံကိုလက်ရှိအချိန်ထိမသိရသေးပါဘူး။၂၀၀၅ခုနှစ်ကလည်းအဲဒီဒေသမှာအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တာကြောင်းလူထောင်ပေါင်းများစွာသေဆုံးခဲ့ရပါတယ်။   အခုလှုပ်ခတ်ခဲ့တဲ့ငလျင်ဟာအနက်ခြောက်မိုင်ကနေလှုပ်ခတ်ခဲ့တာဖြစ်ပြီးမီယာပူမြို့ဟာငလျင်ဒါဏ်ကိုအဓိကခံခဲ့ရတဲ့မြို့ဖြစ်တယ်လို့ပါကစ္စတန်မိုးလေ၀သဌာနအကြီးအကဲမိုဟာမက်ရိုက်ဇ်ကပြောပါတယ်။   ငလျင်ကြောင့်သေဆုံးသူတွေထဲမှာကလေးငယ်တွေလည်းပါဝင်နေပြီးအဲဒီဒေသကိုလေကြောင်းနဲ့ဆေးဝါးထောက်ပံ့ရေးအဖွဲ့တွေစေလွှတ်ထားတယ်လို့ပါကစ္စတန်စစ်ဘက်ကထုတ်ပြန်ထားပါတယ်။   Ref : BBC Photo :Hirunews

Read More

တိုက်ပွဲရပ်စဲရေးနဲ့အရပ်သားတွေသေဆုံးမှုအတွက်သရုပ်ပြခဲ့တဲ့လူငယ်တစ်ဦးပုဒ်မ၁၉နဲ့တရားစွဲခံရ

စစ်တွေ၊စက်တင်ဘာ၂၅-၂၀၁၉ ခိုင်လင်းစံ(VOM)   ရခိုင်ပြည်နယ်အတွင်းမှာမြန်မာ့တပ်မတော်နဲ့AA တို့အကြားတိုက်ပွဲတွေဖြစ်ပွားနေပြီးအရပ်သားတွေထိခိုက်သေဆုံးနေရတာကြောင့်တိုက်ပွဲတွေရပ်စဲဖို့နဲ့အရပ်သားတွေကိုဖမ်းဆီးနှိပ်စက်ခြင်းမလုပ်ဖို့အတွက်သရုပ်ပြခဲ့ကြတဲ့လူငယ်တွေထဲကဦးဆောင်သူကိုသန်းလှကိုငြိမ်းစုစီပုဒ်မ၁၉နဲ့တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။   အဲ့ဒီလှုပ်ရှားမှုကိုရခိုင်လူငယ်တစ်စုကစစ်တွေမြို့ဦးဥတ္တမပန်းခြံမှာဇူလိုင်လ၂ရက်နေ့ကပြုလုပ်ခဲ့ကြတာဖြစ်ပြီးလက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့အဖွဲ့အစည်းတွေအနေနဲ့ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ကိုတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။     “ကျွန်တော်တို့ကတိုက်ပွဲတွေရပ်စဲဖို့အတွကိုပဲတောင်းဆိုခဲ့တာပါ။စစ်ကြောင့်အရပ်သားတွေဖမ်းဆီးခံနေရတယ်။သေဆုံးနေကြရတယ်။ဒီအတွက်မတရားဖမ်းဆီးခြင်းတွေမလုပ်ဖို့သရုပ်ပြခဲ့တာဖြစ်ပါတယ်။ဒါကိုခွင့်ပြုချက်မရှိဘဲပြုလုပပ်တယ်ဆိုပြီးတော့ပုဒ်မ၁၉နဲ့တရားစွဲဆိုထားပါတယ်။”လို့ဒီကနေ့ပထမအကြိမ်ရုံးချိန်မှာကိုသန်းလှကပြောကြားခဲ့ပါတယ်။     ဒါ့အပြင်ကိုသန်းလှဟာပြီးခဲ့တဲ့နှစ်ကမြောက်ဦးမှာဖြစ်ပွားခဲ့တဲ့ဆန္ဒပြလူငယ်တွေကိုရဲတပ်ဖွဲ့ကသေနတ်ပစ်ခတ်ခဲ့တာကြောင့်၇ဦးသေပြီး၁၂ဦးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်မှာလည်းတာဝန်ရှိသူတွေကိုဖော်ထုတ်အရေးယူပေးဖို့နဲ့တရားဥပဒေစိုးမိုးရေးအတွက်ဆောင်ရွက်ပေးဖို့ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှာတောင်းဆိုခဲ့ဖူးပါတယ်။     အဲ့ဒီကိစ္စအပါအဝင်လွန်ခဲ့တဲ့နှစ်လကျော်ကပြုလုပ်ခဲ့တဲ့သရုပ်ပြကွက်တွေကိုပြသခဲ့တဲ့ကိစ္စနှစ်ခုစလုံးမှာခွင့်ပြုချက်မဲ့ပြုလုပ်တယ်ဆိုပြီးစစ်တွေမြို့နယ်ရဲတပ်ဖွဲ့ကငြိမ်းစုစီပုဒ်မ၁၉နဲ့တရားစွဲဆိုခဲ့တဲ့အတွက်အမှုနှစ်ခုကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။   “ပထမတစ်ခုကမြောက်ဦးမှာလူငယ်တွေကိုပစ်ခတ်ခဲ့တဲ့အတွက်တရားဥပဒေစိုးမိုးရေးအတွက်တောင်းဆိုခဲ့တာပါ။အဲ့ဒါကိုလည်းပုဒ်မ၁၉နဲ့ဖွင့်ထားတယ်။အခုကျွန်တော်ကအမှုနှစ်ခုကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့လူငယ်တွေတောင်းဆိုတဲ့စစ်ပွဲရပ်စဲပေးဖို့တောင်းဆိုတာကိုတရားစွဲတယ်ဆိုတော့သူတို့ကစစ်ပွဲတွေကိုမရစေချင်တဲ့သဘောရှိပါတယ်။”လို့ကိုသန်းလှကပြောကြားခဲ့ပါတယ်။   သူ့အနေနဲ့တရားဥပဒေစိုးမိုးရေး၊ဒီမိုကရေးစီတိုးတက်လာစေရေးတို့အတွက်ဆက်လက်ပြီးတော့တာင်းဆိုတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။   #voiceofmyanmar  #စစ်တွေ  #ပုဒ်မ၁၉

Read More
VOM News

FREE
VIEW