စပါးတစ်​တင်းအ​ခြေခံ​ဈေးနှုန်း၇၀၀၀ကျပ်​သတ်​မှတ်​​ပေး​ဖို့သာယာဝတီမြို့မှာ​တောင်​သူ​တွေဆန္ဒ​ဖော်​ထုတ်

သာယာဝတီစက်​တင်​ဘာ၂၅

မိုးယံ(VOM)

 

စပါးတစ်​တင်းအ​ခြေခံ​ဈေးနှုန်း၇၀၀၀ကျပ်​သတ်​မှတ်​​ပေး​ဖို့်​အပါအဝင်​ ​တောင်းဆိုချက်​ ​လေးချက်​နဲ့​တောင်​သူအင်​အားတစ်​​ထောင်​ခန့်​ဟာ  ပဲခူးတိုင်းသာယာဝတီခရိုင်​သာယာဝတီမြို့နယ်​မှာဒီ​နေ့မနက်​၈နာရီကဆန္ဒ​ဖော်​ထုတ်​ခဲ့ကြပါတယ်​။

 

`​ဈေးကွက်​မူဝါဒကဟိုးအရင်​ကအစိုးရချင်းချိတ်​ဆက်​ပြီး​ရောင်းကြတယ်၊ ​အခုကြ​တော့ကြားထဲမှာကုန်​သည်​ကြီးများအသင်းMECတို့ဦးပိုင်​တို့ခံပြီး​ရောင်းရ​တော့ လယ်​သမား​တွေဘဝကတ​ဖြေး​ဖြေးဆုတ်​ယုတ်​လာပါတယ်။ ​ဒါ​ကြောင့်​​ဈေးကွက်​မူဝါဒများပြင်​ဆင်​ ​ပေး​စေချင်​ပါတယ်​လို့´ဆန္ဒပြပွဲဦး​ဆောင်​သူဦးဝင်းသိန်းက​ပြောပါတယ်​။

 

`ဒီ​နေ့လယ်​သမား​တွေဘဝကိုအများသိကြပါတယ်​သွင်းအားစု​တွေများပြီးစပါး​ဈေးကွက်​မတည်​ငြိမ်​ဘူးလယ်​သမား​တွေရဲ့ဘဝ​တွေကိုနိုင်​ငံ​တော်​အဆင့်​ဆင့်​ကိုသိ​စေချင်​တယ်​လယ်​သမား​တွေကအ​ဝေး​အော်​ဖြစ်​​နေတယ်​လယ်​သမား​တွေခံစား​နေရတာ​တွေကိုနိုင်​ငံ​တော်​အကြီးအကဲ​တွေမသိဘူးအဲဒါ​ကြောင့်​နိုင်​ငံ​တော်​အကြီးအကဲ​တွေသိ​စေချင်​လို့အခုလိုဆန္ဒ​ဖော်​ထုတ်​ရတာပါလို​´လယ်​သမားကြီးဦးဘဝင်းက​ပြောပါတယ်​။

 

ဆန္ဒပြသူတွေဟာ သာယာဝတီမြို့​ဘောလုံးကွင်းလမ်းကစတင်​စုရုံးပြီးရန်​ကုန်​-ပြည်​ကားလမ်းအတိုင်း သုံးဆယ်​မြို့​ဗေဒင်​ကုန်းရပ်​ကွက်​ဗေဒင်​ကုန်းဂိတ်​အထိအ​ခြေခံလယ်​သမားဘဝမြှင့်​တင်​​ပေး​ရေး။၄၆​ပေါင်​စပါးတစ်​တင်းအ​ခြေခံ​ဈေးနှုန်း၇၀၀၀ကျပ်​သတ်​မှတ်​​ပေး​ရေး၊ ဈေးကွက်​မူဝါဒများပြင်​ဆင်​​ပေး​ရေး၊  လယ်​ယာ​မြေဥပ​ဒေများပြင်​ဆင်​​ပေး​ရေး၊ စတဲ့အချက်​​လေးချက်​ကို​ကြွေး​ကြော်​ပြီးဆန္ဒ​ဖော်​ထုတ်​ခဲ့ကြပါတယ်​။

 

လက်​ရှိစပါး​ဈေးကတော့ စပါးတစ်​ရာ​ပေါင်​၅၂​ပေါင်​ကို၎သိန်း၎သိန်း၃​သောင်းရှိပါတယ်​။လော​လောဆယ်​စပါးက​ပေါ်ခါစမှာအခုလိုဆန္ဒပြရတာပါစပါး​ပေါ်ပြီးမှဆန္ဒပြရင်​သိပ်​မထိ​ရောက်​မှာစိုးလို့လို့ ဆန္ဒပြသူတွေက ဆိုကြပါတယ်။ စပါးအထွက်​က​တော့မိုးလေဝသကောင်းရင်တစ်​ဧကကို ၆၅တင်းထွက်​ခဲ့ပေမယ့် အခုနှစ်​မိုးစပါးမ​ကောင်းပါတဲ့ အတွက် တစ်​ဧကတင်း ၄၀ဝန်းကျင်​ဘဲထွက်​နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။

 

#voiceofmyanmar #သာယာဝတီ  #ပဲခူးတိုင်း #စပါးဈေးတိုးမြှင့်ပေးဖို့

Related posts

Leave a Comment

VOM News

FREE
VIEW