နေပြည်တော်၊ စက်တင်ဘာ ၁၁- ၂၀၁၉ ကိုထွန်းနေပြည်တော် ဒီကနေ့ စက်တင်ဘာ ၁၁ ရက် မနက် ၁၀နာရီက နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ ဗစ်တိုးရီးယားရဲ့အမှု ခြောက်ကြိမ်မြောက်ရုံးချိန်းစစ်ဆေးခဲ့ပါတယ်။ ဒီနေ့ရုံးချိန်းမှာ အဓမ္မပြုကျင့်ခံရတဲ့ ၃နှစ်အရွယ် ကာယကံရှင် ကလေးငယ်ကို တရားသူကြီးက စစ်ဆေးမေးမြန်းခဲ့ပါတယ်။ နောက်ရုံးချိန်းကိုတော့ စက်တင်ဘာ ၂၄ ရက်နေ့ ချိန်းဆိုလိုက်တယ်လို့သိရပါတယ်။ ဒီကနေ့ တရားခွင် အခြေအနေတွေကို ဒက္ခိဏခရိုင်တရားရုံးကနေ သက်ဆိုင်သူတွေနဲ့ မေးမြန်းပြီး ကိုထွန်းက သတင်းပေးပို့ထားပါတယ်။ #voiceofmyanmar #ပျဉ်းမနား#သက်ငယ်မုဒိန်း#Wisdom Hill #ဒက္ခိဏခရိုင်တရားရုံး
Read MoreMonth: September 2019
ငပုတောမြို့နယ်မှာ တောရိုင်းဆင်တကောင် အသတ်ခံရ
ပုသိမ်၊ စက်တင်ဘာ ၁၁-၂၀၁၉ ကိုအောင် ( VOM) ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်တင်ချောင်းအုပ်စုထန်းတပင်ကျေးရွာအနောက်ဘက်မြစ်တစ်ရာ သစ်တောကြိုးဝိုင်းအတွင်းမှာ စက်တင်ဘာ၁၀ရက် မနေ့ကတောဆင်ရိုင်းတစ်ကောင်သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ စက်တင်ဘာလ၁၀ရက်နေ့မွန်းလွဲပိုင်းကမြစ်တစ်ရာသစ်တောကြိုးဝိုင်းအမှတ်၂၁၂ရှိထန်းတစ်ပင်ကျေးရွာအနောက်ဘက်၅မိုင်ခန့်အကွာမဒေါ့ချောင်းအတွင်းမှာသတ်ဖြတ်ပြီးအရေခွံခွာထားခံရသည့်အသက်၂၃နှစ်ခန့်ရှိတောဆင်ရိုင်းအမတစ်ကောင်ကိုဒေသခံတွေသတင်းပေးပို့လို့ တွေ့ရှိခဲ့တာလို့တင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်မြင့်ထွန်းကပြောပါတယ်။ “ဆင်ဆရာဝန်ရဲ့စစ်ဆေးချက်အရလွန်ခဲ့တဲ့၂ရက်လောက်ကအသတ်ခံရတာပါတရားခံမိဖို့ကတော့စုံစမ်းဆဲပါ”လို့သူကပြောပါတယ်။ သတ်ဖြတ်ခံရသည့်တောဆင်ရိုင်းမှာအမြင့်၇ပေအလျား၆ပေ၇လက်မ၊ နှာမောင်း၃ပေ၇လက်မ၊အမြီး၂ပေ၁လက်မ၊အရောင်အမဲ၊ဖြစ်ပြီးဝဲဘက်လည်ပင်းပြတ်ရှနေသည့်ဒဏ်ရာ၊ ယာနားရွက်ပြတ်၍အရေခွံများခွာထားခံရတယ်လို့သွားရောက်စစ်ဆေးတဲ့ အရေးပေါ် ကွန်ဂျီဆင်များအဖွဲ့ဆရာဝန်မှတ်တမ်းတွေအရသိရပါတယ်။ လက်ရှိမြန်မာနိုင်ငံအတွင်းသဘာဝသစ်တောနယ်မြေများတွင်တောင်ဆင်ရိုင်းခန့်မှန်းကောင်ရေ၁၅၀၀ခန့်နှင့်အစိုးရနှင့်ပုဂ္ဂလိကပိုင်မှတ်ပုံတင်ထားသည့်ဆင်ကောင်ရေ၆၀၀၀ခန့်ထိရြှိပီးဧရာဝတီတိုင်းဒေသကြီးမှာဆင်ကောင်ရေ၄၅၀ကျော်ရှိပြီး ငပုတောမြို့နယ်မှာ အများဆုံးကျက်စားတယ်လို့သိရပါတယ်။ #voiceofmyanmar #ဧရာဝတီတိုင်း #ငပုတော #တောရိုင်းဆင်သတ်ခံရ
Read Moreသတင်းမီဒီယာမှာ တပ်မတော်ကိုဝေဖန်တဲ့စကားတွေမိန့်ခဲ့လို့ မန္တလေးက မြ၀တီမင်းကြီးကျောင်းဆရာတော်ကိုစစ်တပ်ကအမှုဖွင့်
မန္တလေး၊ စက်တင်ဘာ ၁၁-၂၀၁၉ နေလင်း(VOM) မန္တလေး ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဦးအရိယာဝံသဘိဝံသ ဟာ တပ်မတော်ကို ဝေဖန်တဲ့စကားတွေ ရန်ကုန်ခေတ်သစ်မီဒီယာမှာ ဖြေကြားခဲ့လို့ဆိုပြီး မန္တလေးစစ်မြေပြင်အင်ဂျင်နီယာတပ်ကဒုဗိုလ်မှူးကြီးသော်တာဒွေးကနေ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှာ တရားစွဲဆိုထားပါတယ်။ မနေ့ စက်တင်ဘာ ၁၀ ရက်ညနေပိုင်းက ဆရာတော်ရဲ့ကျောင်းကို ပြည်ကြီးတံခွန်မြို့နယ်ရဲတပ်ဖွဲ့က လာရောက်စစ်ချက်ယူသွားတဲ့အကြောင်း ဆရာတော် ဦးအရိယာဝံသဘိဝံသ ကခုလိုမိန့်ပါတယ်။ “ ဇွန်လ ၁၇ ရက်တုန်းက တပ်မတော်အရာရှိကြီးတဦးကနေ မဘသနာမည်ပြောင်းတဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကိုသိန်း၃၀၀လှူတဲ့အပေါ် ခေတ်သစ်မီဒီကမေးလို့ ဘုန်းကြီးသဘောထားကိုဖြေလိုက်တယ် အဲဒါကို ဇွန်လ ၂၁ ရက်က သတင်းဌာနကတင်တယ် ဒီကိစ္စ ဘုန်းကြီးက စစ်တပ်ကို ဂုဏ်သရေညိုနွမ်းအောင် နစ်နာအောင်အကြံနဲ့ လုပ်တယ်ဆိုတဲ့ သဘောနဲ့ တရားစွဲတယ်လို့ ပြောတာပဲ ၊ ဒါတွေဘုန်းကြီးပြောသလားဆိုပြီး ရဲကလာမေးတယ်။ ဘုန်းကြီးပြောတယ်လို့ဖြေလိုက်တယ်၊ တဖက်က သူတို့နစ်နာအောင်လုပ်တယ်လို့ဆိုတာကတော့…
Read Moreမန္တလေးမှာ AA အဖွဲ့ဝင်လေးဦးလို့ ယူဆရတဲ့သူတွေဆီက ဖောက်ခွဲရေးပစ္စည်းတွေဖမ်းမိ
မန္တလေး စက်တင်ဘာ ၁၀-၂၀၁၉ ဖြူဖြူ (VOM) မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းရှိနေအိမ်တစ်ခုကနေ ဖာက်ခွဲရေးပစ္စည်းတွေနဲ့အတူ ဖမ်းမိထားတဲ့ AA အဖွဲ့ဝင်လို့ယူဆရသူလေးဦးကို အကြမ်းဖက်ဥပဒေတွေနဲ့ အမှုဖွင့်ထားတယ်လို့ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့က သိရပါတယ်။ ” လက်ရှိမှာ အမှုဖွင့်ထားတယ်။ အကြမ်းဖက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ဈ ) ၊ ၅၁ ( ဂ ) တို့နဲ့ အမှုဖွင့်ထားတာပါ။” လို့ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့ယာယီမြို့နယ်ရဲမှူး ဇော်ဝင်းနိုင်ကပြော ပါတယ်။ ဒီနေ့ စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းက လမ်း ၇၀၊ ဒဿနလမ်းရှိ နေအိမ်တစ်ခုကို သတင်းအရ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှာ AA ရခိုင့်တပ်မတော် အဖွဲ့ဝင်လို့ယူဆရသူ လေးဦးကို ဖမ်းဆီး ရမိခဲ့တယ်လို့ဆိုပါတယ်။…
Read Moreပန်းတောင်းမြို့နယ် သူရဲတန်းကျေးရွာမှာ ကမ်းပါးပြိုလို့ ကားလမ်းပြတ်တောက်
ပန်းတောင်း ။စက်တင်ဘာ၁၁-၂၀၁၉ ဂျန်ကိုးလ်(VOM) ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်ပန်းတောင်းမြို့နယ်က သူရဲတန်းကျေးရွာမှာ သူရဲတန်းချောင်းရေတိုက်စားပြီး ကမ်းပါးတွေပြိုကျနေတာကြောင့် ကျေးရွာ၅ရွာကိုဆက်သွယ်တဲ့လမ်းဟာ ၃ပေခန့်ဘဲကျန်တော့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အရင်နှစ်တွေပြိုကျစဉ်ကတိုင်းအစိုးရက ရေကာတာရိုက်ပေးခဲ့သော်လည်း ထပ်မံပြိုကျနေဆဲဖြစ်လို့ ကျေးရွာနေပြည်သူတွေကို ဆရာတော်များကဦးဆောင်ပြီး ကိုယ်ထူကိုယ်ထစနစ်နဲ့ သဲအိတ်တွေကာရံနေရပါတယ်။ ”သဲအိတ်တွေနဲ့အရေးပေါ်လုပ်ရတော့ငွေအား၊လုပ်အားအလှူတွေလိုအပ်နေတယ်”လို့သူရဲတန်းကျေးရွာသရက်တောကျောင်းတိုက်ကဆရာတော်ဦးပညာသာမိကမိန့်ပါတယ်။ ကမ်းပါးပြိုကျတာဟာ ကျေးရွာ၅ရွာရဲ့ဆက်သွယ်ရေးလမ်းကို ထိခိုက်နေတာကြောင့် အကူအညီများစွာလိုအပ်နေတယ်လို့လည်းသိရပါတယ်။ “ ကမ်းပါးပြိုကျမှုကြောင့်အခုလမ်းက၃ပေလောက်ဘဲကျန်နေပါတော့တယ်ကျောင်းသားတွေအရေးပေါ်မီးသတ်ကားတွေအရေးပေါ်လူနာတွေအတွက်အရမ်းခက်ခဲနေတယ်ကားကြီးတွေဝင်မရတော့တဲ့အတွက်ရွာကားတွေကလမ်းဆုံမှာရပ်ပြီး၊ဒီဘက်ကိုကယ်ရီနဲ့ကုန်တွေကိုတဆင့်ပြန်သယ်ရတော့၊ရွာထဲမှာဆန်၊ရေသန်ဘူးကအစအကုန်ဈေးတွေမြင့်ကုန်တယ်မီးဘေးအန္တရာယ်ကြုံရင်လဲမီးသတ်ကားဝင်လို့မရတော့တဲ့အခြေအနေဖြစ်နေတယ်”လို့သူရဲတန်းလူငယ်ပရဟိတအဖွဲ့ကမတိုးတိုးလွင်ကပြောပါတယ် သူရဲတန်းကျေးရွာဟာတိုက်နယ်ကျေးရွာကြီးဖြစ်ပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မြင့်အောင်ရဲ့ရွာလည်းဖြစ်ကာ ပန်းတောင်းမြို့နယ်အတွင်း ပုသိမ်မုံရွာလမ်းမကြီးဘေး သူရဲတန်းတံအနီးကနေတဆင့် အတွင်းကို ၁မိုင်ခန့်ဝင်ရောက်ရတာဖြစ်ပါတယ်။ #voiceofmyanamr #ပြည် #ပန်းတောင်း #ကမ်းပြို
Read MoreBPI ဆေးဝါးစက်ရုံးမှူးကိစ္စအများပြည်သူအကျိုးစီးပွားနဲ့ဆိုင်လို့ တရားရုံးမှာဘဲပြောမယ်
ရန်ကုန် ၊စက်တင်ဘာ ၁၀-၂၀၁၉ သူရိန် (VOM) စက်မှုဝန်ကြီးဌာန၊မြန်မာ့ဆေးဝါးလုပ်ငန်း၊ဆေးဝါးစက်ရုံ(အင်းစိန်)စက်ရုံမှူးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့အရေးယူထားမှုကအများပြည်သူအကျိုး စီးပွားနဲ့သက်ဆိုင်လို့တရားရုံးမှာဘဲပြောမယ်လို့အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲ( ရန်ကုန် ) မှတာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ “ ကျွန်တော်တို့တရားစွဲဖို့ဘဲရှိပါတယ်။ သတ်မှတ်ကာလပြည့်ရင်ပေါ့။ အခုကရမန်ယူထားတုန်းဘဲရှိသေးတယ်။ကော်မရှင်ရဲ့သဘောထားကြေညာချက်ကိုလည်းထုတ်ပြန်ထားပါတယ်။တရားရုံးရောက်ရင်တော့ပြည့်ပြည့်စုံစုံဖြေမှာပါ။ အခုကသတင်းထုတ်ပြန်တာဘဲရှိပါတယ်။အများပြည်သူအကျိုးစီးပွားဆိုတာကအဓိပ္ပါယ်အများကြီးကျယ်ဝန်းပါတယ်။ အဲဒါကိုတရားရုံးကျရင်ရှင်းပြမှာပါ။ အခုလောလောဆယ်တချို့ကိစ္စတွေကစက်ရုံဂုဏ်သိက္ခာတို့ဘာတို့ရှိတယ်။ ဒီအချိန်မှာဘာမှမပြောပေမယ့်တရားရုံးရောက်ရင်ပြောသင့်တာပြောမှာပါ။ ဒါစက်ရုံတစ်ခုလုံးနဲ့ဆိုင်ပါတယ်။ သတင်းထုတ်ပြန်ကတည်းကထိန်းထိန်းသိမ်းသိမ်းထုတ်ပြန်ပါတယ်။တရားရုံးမှာဘဲနားစွင့်ပါလို့ ” အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲ( ရန်ကုန် )က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဆေးဝါးစက်ရုံ(အင်းစိန်)၊စက်ရုံမှူးဒေါက်တာအောင်ဇော်ကဆေးဝါးထုပ်ပိုးပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက်ကော်စေ့၂၆တန်ကိုလုပ်ထုံးလုပ်နည်းနဲ့မညီဘဲဝယ်ယူခဲ့တာကြောင့်ဆိုပြီး နိုင်ငံတော်ရဲ့ငွေကြေးနဲ့ပစ္စည်းကိုထိခိုက်နစ်နာဆုံးရှုံးစေတယ်ဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၆အရပထမသတင်းပေးတိုင်ကြားပြီးတရားစွဲဆိုထားခဲ့တာပါ။ ဒါ့အပြင်အင်းစိန်BPI ဆေးဝါးစက်ရုံမှူးဒေါက်တာအောင်ဇော်ကိုမြောက်ပိုင်းခရိုင်တရားရုံးမှာစက်တင်ဘာလ၉ ရက်ကရုံးထုတ်စစ်ဆေးခဲ့ရာမှာBPI ဆေးဝါးစက်ရုံကဝန်ထမ်း၁၀၀ကျော်လာရောက်ဝန်းရံခဲ့ကြပါတယ်။ ဒါ့ပြင်စက်တင်ဘာ၉ရက်ကအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကဒေါက်တာအောင်ဇော်အပေါ်အရေးယူမှုနဲ့ပက်သက်ပြီး လူမှုကွန်ယက်စာမျက်နှာများတွင်အမြင်အမျိုးမျိုးဖြင့်သဘောထားမှတ်ချက်များရေးသားနေကြပြီး စက်ရုံမှူးနဲ့အရာထမ်း၊အမှုထမ်းတွေရဲ့ကြိုးစားအားထုတ်အောင်မြင်မှုတွေကိုအသိအမှတ်ပြုပါတယ်လို့ထုတ်ပြန်ထားပါတယ်။ #voiceofmyanmar #BPI #အဂတိ ဓာတ်ပုံ..နန်းမြမီမီဇော်
Read Moreအမေရိကန်နဲ့နျူကလီးယားဆွေးနွေးပွဲတွေပြန်စချင်တယ်လို့ မြောက်ကိုရီးယားဆို
ပြုံးယမ်း၊စက်တင်ဘာ-၁၀-၂၀၁၉ မျိုးဆက်(VOM) ဒီလနှောင်းပိုင်းမှာအမေရိကန်နဲ့အတူနျူကလီးယားဆွေးနွေးပွဲတွေပြန်စတင်ဖို့ဆန္ဒရှိတယ်လို့မြောက်ကိုရီးယားနိုင်ငံခြားရေးဒုတိယ၀န်ကြီးကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နှစ်ဘက်စလုံးကသဘောတူခဲ့ကြတဲ့အတိုင်းအားလုံးပါဝင်တဲ့ဆွေးနွေးပွဲတွေကိုပြန်လည်စတင်ဖို့ဆန္ဒရှိတယ်လို့နိုင်ငံခြားရေးဒုတိယ၀န်ကြီးချိုဆန်ဝေကပြောပါတယ်။ ဆွေးနွေးပွဲတွေပြန်စဖို့မျှော်လင့်ကြောင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးမိုက်ပွန်ပီယိုကထုတ်ဖော်ပြောဆိုပြီးနောက်မြောက်ကိုရီးယားဘက်ကဒီလိုတုံ့ပြန်လာတာဖြစ်ပါတယ်။ ဆွေးနွေးပွဲပြန်စဖို့ချိဆန်ဝေကထုတ်ဖော်ပြောဆိုပြီးနာရီအနည်းငယ်အကြာမှာဘဲတာတိုပစ်ဒုံးပျံနှစ်စင်းကိုမြောက်ကိုရီးယားကပစ်ခတ်ခဲ့ပါတယ်။ ဒါဟာမကြာသေးမီလတွေအတွင်းဒုံးပျံတွေဆက်တိုက်ပစ်ခတ်တာတွေထဲကနောက်ဆုံးလုပ်ဆောင်မှုတစ်ရပ်ဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ကပထမဆုံးအကြိမ်တွေ့ဆုံးမှုအပြီးကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေးအတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်တို့ကသဘောတူခဲ့ကြပါတယ်။ဒါပေမယ့်ဘယ်အချိန်မှာဘယ်လိုအောင်မြင်အောင်လုပ်ကြမလဲဆိုတဲ့အသေးစိတ်အချက်အလက်တွေမပါဝင်ခဲ့ပါဘူး။ ဖေဖော်ဝါရီလအတွင်းဟနွိုင်းမှာပြုလုပ်ခဲ့တဲ့ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲမှာတော့ဆွေးနွေးမှုမအောင်မြင်ဘဲသဘောတူညီချက်တစ်စုံတစ်ရာမရရှိခဲ့ပါဘူး။စက်တင်ဘာနှောင်းပိုင်းမှာပြုလုပ်မယ့်ဆွေးနွေးပွဲတွေမှာတော့ချဉ်းကပ်မှုပုံစံသစ်နဲ့လာဖို့အမေရိကန်ကိုမြောက်ကိုရီးယားနိုင်ငံခြားရေးဒုတိယ၀န်ကြီးကတိုက်တွန်းပြောဆိုထားပါတယ်။ Ref : BBC Photo : Reuters
Read Moreမုဒိမ်းကျင့်ခံရတဲ့ ၁၃နှစ်အရွယ် မိန်းကလေး ကလေးမီးဖွားပြီးတာတောင် အဓမ္မကျင့်သူကို ရဲကမဖမ်းနိုင်သေး
ကလေး၊ စက်တင်ဘာ၁၀-၂၀၁၉ နန်းကလျာ ( VOM) ကလေးမြို့နယ်အောင်မြင်သာကျေးရွာမှာနေထိုင်တဲ့အသက်(၁၃)နှစ်အရွယ်မ—ကိုအရင်နှစ်ကုန်ပိုင်းက တစ်ရွာတည်းနေထိုင်တဲ့အသက်(၇၀)ကျော်အရွယ်ဦးကျော်ငြိမ်းကမုဒိမ်းကျင့်ခဲ့တာကြောင့်ကိုယ်ဝန်ရရှိခဲ့ပါတယ်။ ကိုယ်ဝန်ရပြီးကိုယ်ဝန်၇လအရွယ်ရောက်မှအွန်လိုင်းပေါ်မှာပျံ့နှံ့ခဲ့တာကြောင့်မ— နဲ့ မိသားစုဟာ အောင်မြင်သာကျေးရွာကနေမကွေးတိုင်းစလင်းမြို့နယ်ကိုမိသားစုလိုက်ပြောင်းရွှေ့သွားကြပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးကလေးမြို့ကတရားမျှတမှုအတွက်အမျိုးသမီးများအဖွဲ့ကနေပြီးတော့ဇူလိုင်လ၂၉ရက်နေ့ကကလေးမြို့မရဲစခန်းမှာသွားရောက်အမှုဖွင့်ခဲ့တာကြောင့်ကလေးမြို့မရဲစခန်းကနေ(ပ)၁၅၆၉/၂၀၁၉၊ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၇၆နဲ့အမှုဖွင့်ခဲ့ပေမယ့် ဒီနေ့ထိ အဓ္မမကျင့်သူကို ဖမ်းမပေးနိုင်သေးပါဘူး။ တရားခံကိုရှာဖွေနေတဲ့အပေါ်ကလေးမြို့မရဲစခန်းကတာဝန်ရှိသူက”တရားခံကတိမ်းရှောင်နေတယ်။ ဖားအိုင်းရွာအထိလိုက်သွားပြီးပြီမရှိဘူး။ အောင်မြင်သာရွာမှာလည်းမနေဘူး။ လိုက်လံရှာဖွေနေတုန်းပဲ”လို့ပြောပါတယ်။ ကိုယ်ဝန်ရရှိခဲ့တဲ့ကလေးမဟာဆိုရင် ပြီးတဲ့လကယောင်္ကျားလေး မွေးဖွားခဲ့ပါတယ်။ အဲ့ဒီလိုအရွယ်မရောက်သေးပဲ ကလေးမွေးဖွားခဲ့တာကြောင့်ကလေးနဲ့မိခင်ကို မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကနေလစဉ်တစ်လကိုထောက်ပံ့ကြေးငွေကျပ်တစ်သောင်းငါးထောင်ထောက်ပံ့တဲ့အစီအစဉ်ကိုကလေးအသက်၅နှစ်ပြည့်အထိထောက်ပံ့မှာဖြစ်တယ်လို့သိရပါတယ်။ #voiceofmyanmar #သက်ငယ်မုဒိမ်း #ကလေး
Read Moreကမ္ဘာတစ်ဝန်းမှာ စက္ကန့်လေးဆယ်တိုင်း လူတစ်ဦးနှုန်း ကိုယ့်ကိုကိုယ်အဆုံးစီရင်
ဂျီနီဗာ၊စက်တင်ဘာ-၁၀-၂၀၁၉ မျိုးဆက်(VOM) ကမ္ဘာတစ်ဝန်းမှာစက္ကန့်လေးဆယ်တိုင်းလူတစ်ဦးနှုန်းကိုယ့်ကိုကိုယ်အဆုံးစီရင်နေကြပြီးနှစ်စဉ်နှစ်တိုင်းသတ်သေတဲ့နှုန်းဟာ စစ်ပွဲတွေမှာသေဆုံးတဲ့အရေအတွက်ထက်ပိုမိုများပြားလာတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က စက်တင်ဘာ၉ရက်မှာထုတ်ပြန်ပါတယ်။ ကြိုးဆွဲချခြင်း၊အဆိပ်သောက်ခြင်းနဲ့သေနတ်နဲ့ပစ်ခြင်းတွေဟာကိုယ့်ကိုကိုယ်အဆုံးစီရင်ရာမှာအသုံးများတဲ့နည်းလမ်းတွေဖြစ်တယ်လို့ ဒဗလျုအိပ်ခ်ျအိုကပြောဆိုပြီးစိတ်ဖိစီးမှုရှိနေသူတွေကိုကူညီဖို့နဲ့သတ်သေတဲ့ဖြစ်စဉ်တွေကိုလျှော့ချဖို့ကြိုတင်ကာကွယ်ရေးအစီစဉ်တွေချမှတ်ရေးအတွက်နိုင်ငံတကာအစိုးရကိုတိုက်တွန်းထားပါတယ်။ ကိုယ့်ကိုကိုယ်အဆုံးစီရင်နေကြတာဟာ ကမ္ဘာလုံးဆိုင်ရာပြသနာတစ်ရပ်ဖြစ်နေပြီးအသက်အရွယ်မရွေး၊ကျားမမရွေး၊ကမ္ဘ့ာကြီးရဲ့နေရာဒေသမရွေးဖြစ်ပွားနေသလိုသတ်သေတဲ့နှုန်းမှာပိုမိုများပြားလာတယ်လို့ဒဗလျူအိပ်ခ်ျအိုရဲ့ထုတ်ပြန်ချကမှာဖော်ပြထားပါတယ်။ အသက်၁၅နှစ်မှ၂၉နှစ်အတွင်လူငယ်များအကြားသတ်သေမှုနှုန်းဟာလမ်းပေါ်မတော်တဆမှုကြောင့်သေဆုံးသူအရေအတွက်ပြီးရင်ဒုတိယအများဆုံးဖြစ်နေပါတယ်။နှစ်စဉ်နှစ်တိုင်းပျမ်းမျှလူဦးရေရှစ်သိန်းနီးပါးဟာကိုယ့်ကိုကိုယ်အဆုံးစီရင်နေကြပြီးငှက်ဖျား၊ရင်သားကင်ဆာ၊စစ်ပွဲသို့မဟုတ်လူသတ်မှုကြောင့်သေဆုံးသူအရေအတွက်ထက်ပိုမိုများပြားနေပါတယ်။ မြန်မာ၊ဘင်္ဂလားဒေ့ရှ်၊တရုတ်၊ လီဆိုသိုနဲ့မော်ရော့ကိုနိုင်ငံတို့မှာတော့အမျိုးသမီးတွေကိုယ့်ကိုကိုယ်အဆုံးစီရင်မှုနှုန်းဟာအမျိုးသားတွေထက်ပိုမိုမြင့်မားနေတယ်လို့ဒလျူအိပ်ခ်ျအိုရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ Ref : CNA Photo : DH
Read Moreရန်ကုန်မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင်တင်နေစဉ်အတွင်း ကုန်တင်ရထားတွဲများ ရိုးမပတ်လမ်းမှသွားရန်စီစဉ်
ပြည်စက်တင်ဘာ ၁၀-၂၀၁၉ ဂျန်ကိုးလ်(VOM) ရန်ကုန်-မန္တလေးမီးရထားလမ်းကိုအဆင့်မြှင့်ရထားလမ်းအဖြစ်ပြုပြင်ရန်ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)အကူအညီနဲ့ယခုနှစ်အောက်တိုဘာလမှာ စတင်တော့မှာဖြစ်တယ်လို့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကသိရပါတယ်။ အရင်ကနှစ်လမ်းသွားစနစ်ကိုအခုအခါမှာတစ်လမ်းကိုပိတ်ကာတစ်လမ်းသွားစနစ်အဖြစ်ယာယီအသုံးပြုမှာဖြစ်ပြီး ကုန်တင်ရထားတွေအတွက် မိုင်၈၀ပိုမိုအသုံးပြုကာ ရိုးမပတ်လမ်းကနေ ပြေးဆွဲသွားမှာလို့ သိရပါတယ်။ “ရန်ကုန်-မန္တလေးလမ်းပိုင်းမှာရထားလမ်းပြင်တဲ့အခါမှာဒွေးလမ်းကိုဧကလမ်းစနစ်နဲ့တစ်ချို့ပြင်တဲ့နေရာတွေမှာဆောင်ရွက်ရမယ်ဆောက်ရွက်တဲ့အခါမှာတတ်နိုင်သမျှတော့ဂျပန်တွေနဲ့ညှိထားတယ်ဘာမှပြဿနာမရှိအောင်ရထားတွေလည်းထိခိုက်မှုမရှိအောင်ညှိထားတယ်ဒါကတစ်ခါတစ်ရံမှာအခက်အခဲတွေ့နိုင်တယ်အခက်အခဲတွေ့ရင်တစ်ချို့သောကုန်ရထားတွေကိုဒီဘက်ကနေပြီးတော့ရိုးမပတ်လမ်းကြီးဖြစ်တဲ့ရန်ကုန်ပြည်(ရွှေတံခါး)ဆတ်သွားပျဉ်းမနားမန္တလေးသွားလို့ရတယ်မိုင်၈၀တော့ပိုတာပေါ့အဲလိုနည်းနဲ့ကုန်ရထားတွေပို့နိုင်အောင်ကြိုးစားမယ်”လို့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်ကပြောပါတယ်။ ကုန်တင်ရထားတွဲများသွားမဲ့ပတ်လမ်းကိုလည်း စက်တင်ဘာလဆန်းပိုင်းက ပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့ကရထားစီးပြီးလိုက်လံစစ်ဆေးပြီးပြီဖြစ်ကာ ကြံ့ခိုင်မှု့နည်းတဲ့လမ်းပိုင်းနေရာတွေမှာလည်းပြုပြင်ဘို့လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ ၃၈၅မိုင်ရှိတဲ့ ရန်ကုန်မန္တလေးရထားလမ်းပိုင်းကို အပိုင်း၂ပိုင်းခွဲကာ(ရန်ကုန်တောင်ငူ)ကို အောက်တိုဘာမှာစတင်ပြီး အပိုင်း၂တောင်ငူမန္တလေးကို ၂၀၂၁တွင် ဆက်လက်အဆင့်မြှင့်တင်သွားမှာဖြစ်လို့ ခုလို ကုန်ပစ္စည်းတွေ မကြန့်ကြာစေရန် ဆောင်ရွက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ #voiceofmyanmar #ရန်ကုန်မန္တလေးရထားလမ်း
Read More