ပါကစ္စတန်မှ မြန်မာနိုင်ငံပို့လိုက်တဲ့ ဘိန်းမျိုးစေ့ ကွန်တိန်နာခြောက်လုံး ထိုင်းဆိပ်ကမ်းမှာဖမ်းဆီးခံရ

ခွျှန်ဘူရီ၊ အောက်တိုဘာ-၅-၂၀၁၉
မျိုးဆက် (VOM)

ပါကစ္စတန်ကနေ မြန်မာနိုင်ငံကိုပို့လိုက်တဲ့ ဘိန်းမျိုးစေ့ တန်ချိန် ၁၇၀ ကို ထိုင်းနိုင်ငံ ခွျှန်ဘူရီမှာရှိတဲ့ လမ်ချာဆိပ်ကမ်းမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ထိုင်းအကောက်ခွန်အရာရှိတွေ၊ မူးယစ်ဆေးဝါးနှိမ်နှင်းရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆိပ်ကမ်းအာဏာပိုင်တွေဟာ ဆိပ်ကမ်းက ကွန်တိန်နာခြောက်လုံးကို စစ်ဆေးမှုတွေလုပ်ရာမှာ မြန်မာနိုင်ငံကိုပို့မယ့် ဘိန်းမျိုးစေ့တွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဒီဘိန်းမျိုးစေ့တွေဟာ ထိုင်းနိုင်ငံမှာခွင့်ပြုချက်မရှိရင် ရောင်းဝယ်ဖောက်ကား လက်ဝယ်ထားရှိလို့မရတဲ့ မူးယစ်ဆေးဝါး အုပ်စု ၅ မှာ အကျုံးဝင်နေတာကြောင့် ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ ထိုင်းအကောက်ခွန်အကြီးအကဲ ကရီဆာဒါက ပြောပါတယ်။

ဘိန်းမျိုးစေ့တွေကို ကွန်တိန်နာခြောက်လုံးနဲ့ သယ်ဆောင်လာတာဖြစ်ပြီး အိပ်ပေါင်း ၇၆၉၉ အိပ်နဲ့ ထည့်ထားကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ရှစ်သိန်းနှစ်သောင်း (ထိုင်းဘတ်ငွေ ၂၅ သန်း) ဖိုးရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဘိန်းအထွက်နှုန်းဟာ ကြီးထွားမှုအပေါ်အခြေခံကာကွဲပြားခြားနားပြီး ပုံမှန်အားဖြင့် ဘိန်းစိုက်ခင်း ၂ ဧကခွဲမှာ ဘိန်းစိမ်း ၁၇ ဒသမ ၆ ပေါင်ကနေ ၃၃ ပေါင်အထိ အထွက်နှုန်းရှိပါတယ်။

Ref : Bangkok Post / CTN
Photo : Bangkok Post
#voiceofmyanmar#ပါကစ္စတန်မှမြန်မာနိုင်ငံပို့လိုက်တဲ့#ဘိန်းမျိုးစေကွန်တိန်နာခြောက်လုံးထိုင်းဆိပ်ကမ်းမှာဖမ်းဆီးခံရ#

Zawgyi Code

ပါကစၥတန္မွ ျမန္မာနုိင္ငံပို႔လိုက္တဲ႔ ဘိန္းမ်ိဳးေစ႔ ကြန္တိန္နာေျခာက္လံုး ထိုင္းဆိပ္ကမ္းမွာဖမ္းဆီးခံရ

ခႊ်န္ဘူရီ၊ ေအာက္တိုဘာ-၅-၂၀၁၉
မ်ိဳးဆက္ (VOM)

ပါကစၥတန္ကေန ျမန္မာနုိင္ငံကိုပို႔လိုက္တဲ႔ ဘိန္းမိ်ဳးေစ႔ တန္ခ်ိန္ ၁၇၀ ကို ထိုင္းနိုင္ငံ ခႊ်န္ဘူရီမွာရိွတဲ႔ လမ္ခ်ာဆိပ္ကမ္းမွာ ထိုင္းအာဏာပိုင္ေတြက ဖမ္းဆီးလိုက္ပါတယ္။ ထိုင္းအေကာက္ခြန္အရာရိွေတြ၊ မူးယစ္ေဆး၀ါးနွိမ္နွင္းေရးတပ္ဖြဲ႔၀င္ေတြနဲ႔ ဆိပ္ကမ္းအာဏာပိုင္ေတြဟာ ဆိပ္ကမ္းက ကြန္တိန္နာေျခာက္လံုးကို စစ္ေဆးမႈေတြလုပ္ရာမွာ ျမန္မာနုိင္ငံကိုပို႔မယ္႔ ဘိန္းမ်ိဳးေစ႔ေတြကို ဖမ္းဆီးရမိခဲ႔တာျဖစ္ပါတယ္။

ဒီဘိန္းမ်ိဳးေစ႔ေတြဟာ ထိုင္းနုိင္ငံမွာခြင္႔ျပဳခ်က္မရိွရင္ ေရာင္း၀ယ္ေဖာက္ကား လက္၀ယ္ထားရိွလို႔မရတဲ႔ မူးယစ္ေဆး၀ါး အုပ္စု ၅ မွာ အက်ံဳးဝင္ေနတာေၾကာင္႔ ဖမ္းဆီးလိုက္တာျဖစ္တယ္လို႔ ထိုင္းအေကာက္ခြန္အၾကီးအကဲ ကရီဆာဒါက ေျပာပါတယ္။

ဘိန္းမ်ိဳးေစ႔ေတြကို ကြန္တိန္နာေျခာက္လံုးနဲ႔ သယ္ေဆာင္လာတာျဖစ္ျပီး အိပ္ေပါင္း ၇၆၉၉ အိပ္နဲ႔ ထည္႔ထားကာ တန္ဖိုးအားျဖင္႔ အေမရိကန္ေဒၚလာ ရွစ္သိန္းနွစ္ေသာင္း (ထိုင္းဘတ္ေငြ ၂၅ သန္း) ဖိုးရိွတယ္လို႔ ထိုင္းအာဏာပိုင္ေတြက ထုတ္ျပန္ထားျပီး စံုစမ္းစစ္ေဆးမႈေတြလုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။ ဘိန္းအထြက္ႏႈန္းဟာ ၾကီးထြားမႈအေပၚအေျခခံကာကြဲျပားျခားနားျပီး ပံုမွန္အားျဖင္႔ ဘိန္းစိုက္ခင္း ၂ ဧကခြဲမွာ ဘိန္းစိမ္း ၁၇ ဒသမ ၆ ေပါင္ကေန ၃၃ ေပါင္အထိ အထြက္ႏႈန္းရိွပါတယ္။

Ref : Bangkok Post / CTN
Photo : Bangkok Post
#voiceofmyanmar#ပါကစၥတန္မွျမန္မာနုိင္ငံပို႔လိုက္တဲ႔#ဘိန္းမ်ိဳးေစကြန္တိန္နာေျခာက္လံုးထိုင္းဆိပ္ကမ္းမွာဖမ္းဆီးခံရ#

Related posts

Leave a Comment

VOM News

FREE
VIEW